Sunday, December 29, 2013

အ.ထ.က (၁) ကင်းထောက်လူငယ်များ Camping ပြုလုပ်

Leave a Comment








အ.ထ.က (၁) ကင်းထောက်လူငယ်များ၏ Camping ကို 30.12.2013 နံနက် ၆ နာရီ ၃၀ တွင် ပြည်မြို့ အ.ထ.က (၁) ကျောင်းမှစတင်ထွက်ခွာပြီး ဧရာဝတီမြစ်ကမ်း မိချောင်းရဲအဆင်း သောင်ပြင်တွင်ပြုလုပ်ခဲ့ကြပါသည်။
အဆိုပါ camping တွင် ကျောင်းသားစုစုပေါင်း (၁၀၀) နှင့် ဆရာ/ဆရာမများပါဝင်ခဲ့ပြီး အဖွဲ့လိုက် ကင်းတဲများထိုးခြင်း၊ ရေကန်တူးခြင်း၊ အလံလွှင့်ထူခြင်းများဖြင့် စုပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြပါသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးမရင်ခင်ကတည်းက ကင်းထောက်အဖွဲ့များရှိခဲ့ပြီး 1964 ခုနှစ် တော်လှန်ရေးကောင်စီလက်ထက်တွင် ဖျက်သိမ်းခဲ့ကြပါသည်။ ကင်းထောက်အဖွဲ့ဆိုသည်မှာ နိုင်ငံတကာနှင့် ချိတ်ဆက်နေတဲ့အဖွဲ့အမျိုးအစားဖြစ်ပြီး ကလေးငယ်များကိုလည်း ကမ္ဘာနှင့် အဆက်အသွယ်မပျက်အောင် လူမျိုးဘာသာမရွှေးပါဝင်နိုင်တဲ့ အဖွဲ့ဖြစ်ပါသည်။

ပွဲကျင်းပရခြင်းတွင် ကိုယ့်အားကိုယ်ကိုးတတ်လာစေခြင်း၊ ကင်းထောက်ကျင့်ဝတ် (၁၀) ပါးနှင့်အညီကျင့်ကြံအားထုတ်စေလိုခြင်း စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Facebook Like Page