Tuesday, September 10, 2013

တို့ခေတ်၊တို့မြို့မှ-နိုင်ငံရေးသမားများ...ကိုဟင်္သာ(ပြည်)

Leave a Comment

တို့ခေတ်၊တို့မြို့မှ-နိုင်ငံရေးသမားများ
*****************************
ပြည်ခရိုင်တွင်းမှ-ငြိမ်းချမ်းစွာစုဝေးခွင့်-စီတန်းလှည့်လည်ခွင့်ကိုအကြိမ်၊ကြိမ်ချိုးဖေါက်ကြသောကြောင့်-လူ(၄၂)ဥိးတို့ဟာ-တည်ဆဲဥပဒေတို့ရဲ့-အရေးယူခံရခြင်းကြောင့်-အသွင်ကူးပြောင်းရေးခေတ်-ဒီဘက်ခေတ်-နိုင်ငံရေးသမားများဖြစ်လာခဲ့ကြပါသည်။တချု့ကအရေးယူအမိန့်ချပြီး၊တချို့ကတော့-အမှုရင်ဆိုင်နေရဆဲ ပဲဖြစ်ပါသည်။
ထို(၄၂)နှစ်ယောက်ထဲတွင်-ပဲခူးသတင်းစဉ်(ဂျာနယ်မှ)သီတင်ထောက်(၂)ဦး-(ONLINE)မှသီတင်းထောက်တဦးတို့ပါဝင်ခဲ့လေသည်။နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်က-စတုထ္ထမဏ္ဍိုင်လို့သတ်မှတ်ထားတဲ့-တိုင်ပြည်တည်ဆောက်ရေးအခန်းဂဏ္ဍမှာ-အရေးပါတဲ့-မီဒီယာတောင်-တရားမ၀င်စီတန်းလှည့်လည်စုဝေးခွင့်ကိုကျုးလွန်သည် ဟုအမိန့်ချမှတ်ခြင်းခံရပါသည်။ပြည်မြို့နယ်-တွင်ဆန္ဒပြခွင့်(၁၃)ကြိမ်တင်ပြခဲ့ကြပြီးခွင့်မတင်ပဲ((၆)ကြိမ်-စုစုပေါင်း(၁၉)ကြိမ်ပြုလုပ်ခဲ့ကြပြီး-စုစုပေါင်း(၄၅)ယောက်ခန့်-အမှု ဖွင့်အရေးယူခံခဲ့ရပြီးအချို့မှာ-အမှုရင်ဆိုင်ဆဲ-အချို့မှာဒဏ်ငွေ(၁၀၀၀၀)ကျပ်နှင့်အပြစ်ပေးစီရင်ခံရ၊အချို့မှာအခုထိရုံးမတင်ရသေး၊တယောက်မှာထောင်(၃)လချမှတ်ခံရပြီး ပြည်ထောင်တွင်းဝင်ရှိ၊ပြီး-ထူးခြားသည်မှာ-ရဲကထိုပုဒ်မ(၁၈)နှင့်မြို့နယ်တ၇ားရုံးသို့ပို့လိုက်သော-ဘယ်သူမဆို-လွတ်ရိုးထုံးစံမရှိခဲ့သေးပေ၊
ထိုဖြစ်စဉ်များ၏အထိကအကြောင်းမှာ-ဆန္ဒပြခွင့်ကို-ခွင့်မပြုသောကြောင့်အခုလို-ရာဇ၀တ်သားတွေများပြားလာနေခဲ့ရခြင်းဖြစ်ပါသည်။ “အခြေခံဥပဒေက” ကခွင့်ပြုထားသည့်-စီတန်းလှည့်လည်ခွင့်ကို-”ဥပဒေအမှတ်(၁၅)ငြိမ်းချမ်းစွာစုဝေးခွင့်၊စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ-နှင့်အဟံ့အတားပြုထားသဇြင့်၊ဒေသဆိုင်ရာအာဏာ ပိုင်၊ကသူတို့လိုအပ်သလို-စီရင်ခွင့်ကိုအပြည့်အ၀-ရထားခဲ့ကြလေသည်
ပထမဆုံး-ဒီဘက်ခေတ်-ပြည်မြို့ရဲ့ဆန္ဒပြပွဲကိုဖေါ်ပြရမည်ဆိုရင်-တနိုင်ငံလုံးလျှပ်စစ်မီးပြတ်တောက်မှုပြသနာပဲဖြစ်ပါသည်-ထိုစဉ်က-ပြည်မြို့မှနေပြီး တနိုင်ငံလုံးလျှပ်စစ်မီးရရှိရေးအတွက်(၅)လပိုင်းတွင်(၂၃/၂၄/၂၅)ရ့က်-(၃)ရက် ဆက်တိုက်-ဆန္ဒပြခဲ့ကြရာ-(၂၄)ရက်-နေ့တွင်-မြို့လည်မြင်းစီးကျောက်ရုပ်ရှေ့မလှမ်းမကမ်းတွင် ထောင်အချုပ်ကားကြီးရပ်ပြီး-လုံထိမ်း၊ရဲ၊မြို့နယ်အုပ်ချုပ်ရေးမှုးအဖွဲ့တို့စုပေါင်းပြီး-လူစုခွဲခိုင်းပြီးနောက်-၀ိုင်ဝန်းရိုက်နှက်ပြီးလူ(၆)ယောက်ကို-အချုပ်ကားပေါ်သို့ဆွဲတင်လိုက်ပြီး-ပြည်ထောင်အတွင်းသို့-ချက်ချင်းပို့ခဲ့ပါသည်။သို့ပေမဲ့-သီတင်းမီဒီယာများ၏-ဆောင်ရွက်ချက်ကြောင့်- -မြန်မာတပြည်လုံး၊တကမ္ဘာလုံးသို့-ထိုအကြမ်းဖက်ရိုက်နှက်-သည့်-အာဏာပိုင်အဖွဲ့အစည်း၏လုပ်ရပ်ဟာ- အချိန်ပိုင်းအတွင်းမှာ-ပျံနှံသွားခဲ့ပါတော့သည်။တရားဥပဒေစိုးမိုးရေးနှင်တည်ငြိမ်အေးချမ်းရေးကော်မတီမှ-ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီးတို့တော့သိမဲ့ပုံမပေါ်ဘူး။-ထိုစဉ်တုံးက-စီတန်းလှည့်လည်ခွင့်ဥပဒေတော့ရှိနေခဲ့ပေမဲ့-နည်းဥပဒေ-ပေါ်ထွက်လာခြင်းမရှိခဲ့သေးပေ-နည်းဥပဒေက(၇)လပိုင်း(၅)- ရက်နေ့ကြမှပေါ်ထွက်လာခဲ့ပါသည်။သဘောကတော့-နည်ဥပဒေက-ထိုကိစ္စဖြစ်ပြီး(၂)ကျော်ကြာပြီးမှ-ထွက်လာခဲ့ခြင်းဖြစ်ပါသည်-ဒါပေမဲ့ထိုကိစ္စကို(၁၀)လကျော်ကြာပြီးမှ- အမှုဖွင့်အရေးယူခဲ့ပြီး-(၂၃.၈.၂၀၁၃)ရက်နေ့ကြမှ-မြို့နယ်တ၇ားရုံးက-ဒဏ်ငွေ(၁၀၀၀၀)စီနှင့်အမိန့်ချစီရင်လိုက်သည်။ ဖွဲ့စည်ပုံအခြေခံဥပဒေ-အခန်း(၁)အပိုဒ်(၄၃)-အရ- “မည်သည့်ပြစ်မှုဆိုင်ရာဥပဒေမျှနောက်ကြောင်းပြန်အာဏာသက်ရောက်စေရန်ပြဋ္ဌာန်းခွင့်မရှိစေရ”-ဆိုပေမဲ့-အရင်တုးံက- “ပုဒ်မ(၅)ည”-ဆိုရင်တော့သေပြီဆရာပဲ။
ပြည်ခရိုင်အတွင်းကဆန္ဒပြပွဲများစာရင်း
စဉ် ခွင့်မတင် ခွင့်တင် ခွင့်မရ အဖမ်းခံရသူအရေအတွက် ပုဒ်မ/မှတ်ချက်
၁ ၂၄.၅.၂၀၁၂-တနိုင်ငံလုံးလျှပ်စစ်မီးရရေးဆန္ဒပြ မတင် ----- ခွင့်မရ (၆)ယောက် ပုဒ်မ(၁၈)/အမိန့်ချပြီး
၂ ၁၉.၇.၂၀၁၂-အာဇာနည်နေ့ပန်းခွေချ မတင် ခွင့်မရ
၃ ၂၄.၇.၂၀၁၂-သဲကုန်း-လယ်သမားဆန္ဒပြ တင် ခွင့်မရ (၅)ယောက်ဖမ်း တရားမစွဲသေး
၎ ၂၉.၉.၂၀၁၂-သာသနာ့ဒီပါရုံကိစ္စ-ဆန္ဒပြ တင် ခွင့်မရ ဆန္ဒမပြဖြစ်
၅ ၂၁.၁၁.၂၀၁၂-မီတာထိမ်သိမ်းခဆန္ဒပြ(တကိုယ်တော်) တင် ခွင့်မရ (၁)ယောက်ဖမ်း ပုဒ်မ(၁၈)အမိန့်ချပြီး
၆ ၅.၁၂.၂၀၁၂-လက်ပန်းတောင်းတောင်ကိစ္စဆန္ဒပြ(တကိုယ်တော်) တင် ခွင့်မရ (၁)ယောက်ဖမ်း ပုဒ်မ(၁၈)အမိန့်ချပြီး
၇ ၁၂.၁၂.၂၀၁၂-လက်ပန်းတောင်တောင်ကိစ္စဆန္ဒပြ ခွင့်မရ
၈ ၂၈.၂.၂၀၁၃-လျှပ်စစ်မီး-ဆန္ဒပြ မတင် ခွင့်မရ (၅)ယောက်ဖမ်း ပုဒ်မ(၁၈)အမိန့်ချပြီး
၉ ၁.၃.၂၀၁၃ လျှပ်စစ်မီး-ဆန္ဒပြ(တကိုယ်တော်) မတင် ခွင့်မရ (၁)ယောက်ဖမ်း ပုဒ်မ(၁၈)ထောင်(၃)လချ
၁၀ ၇.၃.၂၀၁၃-NLD -ပါတီကိစ္စဆန္ဒပြ တင် ခွင့်မရ (၅)ယောက်ဖမ်း ပုဒ်မ(၁၈)အမိန့်ချပြီး
၁၁ အခွန်တံဆိပ်ခေါင်း-ဆန္ဒပြ(တကိုယ်တော်) တင် ခွင့်မရ (၃)ယောက်ဖမ်း ပုဒ်မ(၁၈)အမိန့်ချပြီး
၁၂ ၁၇.၅.၂၀၁၃-ဧရာဝတီကိစ္စဆန္ဒပြ တင် ခွင့်မရ (၆)ယောက်ဖမ်း ပုဒ်မ(၁၈)-အမှုရင်ဆိုင်ဆဲ
၁၃ ၆.၆.၂၀၁၃-ရ.၀.တ-ဥက္ကဋ္ဌဖြုပ်ချဆန္ဒပြ တင် ခွင့်မရ
၁၄ ၁၉.၇.၂၀၁၃-အာဇာနည်နေ့-ပန်းခွေချ မတင် ခွင့်မရ (၁)ယောက်ဖမ်း ပုဒ်မ(၁၈၈)အမှုရင်ဆိုင်ဆဲ
၁၅ ၂၇.၈.၂၀၁၃-ပေါင်းတည်-လွှတ်တော်အမတ်-ဆန္ဒပြ တင် ခွင့်မရ (၃)ယောက်ဖမ်း ပုဒ်မ(၁၈)-အမှုဖွင့်ထားဆဲ
၁၆ ၁၆.၇.၂၀၁၃-ရွှေတောင်လယ်သမားဆန္ဒပြ တင် ခွင့်ပြု
၁၇ ၂.၅.၂၀၁၃-မြရွာ-လယ်သမားဆန္ဒပြ တင် ခွင့်ပြု
၁၈ ၂၉.၈.၂၀၁၃-ပုဒ်မ(၁၈)ဖျက်သိမ်းရေးဆန္ဒပြ မတင် ခွင့်မရ (၅)ယောက်ဖမ်း ပုဒ်မ(၁၈)-အမှုဖွင့်ထားဆဲ
၁၉ ၈.၈.၂၀၁၃-(၈၈)အရေးတော်ပုံ မတင် ခွင့်မရ (၃)ယောက်ဖမ်း ပုဒ်မ(၁၈)-အမှုဖွင့်ထားဆဲ
၂၀ ၈.၈.၂၀၁၃-(၈၈)ရေးတော်ပုံ မတင် ခွင့်မရ တရားမစွဲသေး
၂၁ ၂၉.၅.၂၀၁၃မြရွာထွန်တုံးတိုက်ပွဲ- မတင် ----- ခွင့်မရ (၆)ယောက် ပုဒ်မ(၁၈)/အမိန့်ချပြီး
၂၂ ၂.၂.၂၀၁၂-(ပန်းတောင်း)လယ်သမားညီလာခံ တင် ခွင့်မရ (၂)ယောက်ဖမ်း အမှုရင်ဆိုင်ဆဲ
၂၃ ၁၃.၃.၂၀၁၂-ဖုန်းမော်နှစ်ပတ်လည်နေ့ မတင် ခွင့်မရ တရားမစွဲသေး
စုစုပေါင်း(၁၂)ကြိမ်-ဆန္ဒပြ ခွင့်တင်ခဲ့ကြပြီး-(၂)ကြိမ်သာခွင်ပြုခဲ့ပြီ့း- (၅၃)ဦး-ပုဒ်မ(၁၈/၁၈၈)တို့ဖြင့်အရေးယူခြင်းခံထားရပါသည်။

“တကိုယ်တော်ဆန္ဒပြသူများ(၁)”
ကိုဝင်းလှိုင်(BA)မြန်မာစာ-ဆိုက္ကားဆရာ“အများသူငှာအကျိုးငှာ-တနိုင်ငံလုံးလျှပ်စစ်မီးရရှိရေးအတွက်(၂၈.၂.၂၀၁၃)နေ့တွင်-ပြည်မြို့-မှနေပြီးလျှပ်စစ်မီးဆန္ဒပြမှုတခု ပြုလုပ်ခဲ့ကြပါသည်။ နောက်တနေ့တွင် ကိုဝင်းလှိုင်က တစ်ကိုယ်တော် ဖယောင်းတိုင်ကိုင်ပြီးဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ထိုကိစ္စအတွက် ပထမနေ့ဆန္ဒထုတ်ဖော်ပွဲအတွက် ပုဒ်မ(၁၈)တစ်ခု နောက်တနေ့တစ်ကိုယ်တော် ဆန္ဒပြမှု့အတွက် ပုဒ်မ(၁၈)တစ်ခု-ထူးခြားသည်မှာ ထိုတစ်ကိုယ်တော်အတွက်ကို ငွေဒဏ်မပါဘဲ ထောင်သုံးလကို မြို့နယ်တရားရုံးမှ အမိန့်ချခဲ့ပါသည်။
“တကိုယ်တော်ဆန္ဒပြသူများ(၂)”
နောက်တစ်ခုက တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေး တစ်ကိုယ်တော် အခွန်တံဆိပ်ခေါင်း ဈေးကြီးမှု့အတွက် ဆန္ဒပြခြင်းဖြစ်ပါတယ်။ ထိုအမှု့အတွက်ကျတော့ ဦးမြင့်အေးကို ဆိုင်ကယ် နှင့် လိုက်ပို့သည်ဟု သတင်းထောက်တစ်ယောက်ကို စွပ်စွဲပြီး အမှု့တွဲလိုက်ပြီးနောက် ရဲနှင့်သတင်းထောက်များ ဓါတ်ပုံမှတ်တမ်းရိုက်ရန် ဗီနိုင်းစကို ကူညီ ကိုင်ပေးသောသူတစ်ဦးကိုလည်း အမှု့တွဲလိုက်ပြီး တစ်ကိုယ်တော်ကို (၃)ယောက်အဖြစ် အမှု့ဆင်နိုင်လိုက်တယ်။
“ငြိမ်းချမ်းစွာစုဝေးခြင်း၊စီတန်းလှည့်လည်ခြင်း၊” ဥပဒေအရ အခန်း(၁)အပိုဒ်(ဂ)ပါ ဤဥပဒေအရ သတ်မှတ်ခွင့်ပြုသည့် အများပြည်သူဆိုင်ရာနေရာတွင် မိမိသဘောထား ဆန္ဒကို ဖော်ပြရန်အလို့ငှာ တစ်ဦးထပ်ပိုသူများက သတ်မှတ်သည့် စည်းကမ်းများ နှင့်အညီ လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စနစ်တကျလှည့်လည်ခြင်းကိုဆိုသည်။
တစ်ကိုယ်တော်ကို- ဦးမြင့်အေးပါ (၃)ဦးဖြစ်သွားအောင် စံနစ်တကျစီစဉ်လိုက်နိုင်သောကြောင့် ထိုဥပဒေအရ အကျုံးဝင်သွားပြီး အမှု့တည်ဆောက်နိုင်ခဲ့ပါသည်။ ထိုအမှု့ကိုလည်း မြို့နယ်တရားရုံးမှာဘဲ စီရင်လိုက်ပြီး မီဒီယာသတင်းထောက် ၊ အခြားတစ်ယောက်တို့မှ သတင်းယူရန်သွားရောက်ခဲ့ခြင်း နှင့် ရဲအကူအညီတောင်းခြင်းတို့ ကြောင့်ဟုထုချေခဲ့ပါသော်လည်း ပုဒ်မ(၁၈)အရ အပြစ်ပေး တရားစီရင်ခြင်းကိုခံလိုက်ရပါသည်
“တကိုယ်တော်ဆန္ဒပြသူများ(၃)”
ကိုဝင်းလှိုင်ပဲဖြစ်ပါသည်-မီတာထိမ်းသ်မ်းခ(၁၀၀၀)့ကျပ်နှင့်ရက်လွန်ဒဏ်ကြေး-(၂၀၀၀)ကျပ်တို့ကောက်ယူခြင်းအပေါ်(၂၁.၁၀.၂၀၁၂)ရက်နေ့က-လူအင်အား(၁၀၀၀)နှင့်-ဆန္ဒပြမည်ဟု-ခွင့်ပြုမိန့်တင်ခဲ့ပါသည်။ခွင့်မပြုခဲ့သဖြင့်-သူတယောက်ထဲ-တကိုယ်တော်-ဆန္ဒပြခဲ့ပါသည်၊ထိုအမှုအတွက် ပြည်မြို့နယ်တရားရုံးကပဲပုဒ်မ (၁၈)နှင့်-တရားစွဲဆို-ပြီး-ဒဏ်ငွေ(၁၀၀၀၀)ကျပ်အမိန့်ချလိုက်ပါသည်။နောက်တခုက“လက်ပန်းတောင်းကြေးနီစီမံကိန်း “ ဖျက်သိမ်းရေးအတွက်-(၅.၁၂.၂၀၁၂)ရက်နေ့လူ အင်အား(၂၀၀)နှင့်ခွင့်ပြုမိန့်လျှောက်ထားခဲ့သော်လဲ-ခွင့်ပြုမိန့်မရရှိသည့်အတွက်-ကိုဝင်းလှိုင်-တဦးထဲလမ်းလျှော်ဆန္ဒထုပ်ဖေါ်ခဲ့သဖြင့်-အမှတ်(၁)ရဲစခန်းမှုးကြီးက တရားလို ပြုလုပ်ပြီး-တရားစွဲဆိုခဲ့ရာ-ပြည်မြို့နယ်တရားသူကြီးက-ပုဒ်မ(၁၈)နှင့်ဒဏ်ငွေ(၁၀၀၀၀)အမိန့်ချလိုက်ပါသည်။
“ မလွတ်တန်းစီရင်အမိန့်ချနိုင်သူ ”
ထိုသို့တရားရုံးတော်သို့ရောက်ရှိလာသော-ပုဒ်မ(၁၈)တိုင်းဟာဒီနေ့အထိတော့-တစ်ယောက်မှလွတ်မြောက်လာခြင်းမရှိတာဟာလဲ-ထူးခြားမှုတခုအနေနှင့်ရှိနေပါ သည်၊ရဲတပ်ဖွဲ့က-တရားလိုပြုလုပ်တိုင်ကြားရုံးတင်လိုက်သောပုဒ်မ(၁၈)တွေဟာ-ဘယ်အခြေအနေထိကို-ဥပဒေဘောင်ထဲဝင်နေပါသလဲ ဆိုတဲ့ကိစ္စကတော့-ဥပဒေပ ညာရှင် တွေ-အဖြေပေးနိုင်မဲ့ကိစ္စဖြစ်ပါသည်။ဥပဒေကိုသေချာနားမလည်သော-သာမန်အရပ်သားတဦးအနေနှင့်-အခြေခံဥပဒေပါကိုကျော်လွန်ထားသည်ဟုယူဆမိသောအချက်ကတော့- “ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ-(၂၀၁၁)ခုနှစ်၊ပြည်ထောင်စုလွှတ်တော်-ဥပဒေအမှတ်(၁၅) ” “ငြိမ်းချမ်းစွာစုဝေးခွင့်နှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်၇ာဥပဒေ” ပါ အခန်း(၁)(ခ)နှင့်(ဂ)တို့ကိပြင်ဆင်ပေးရန် လိုအပ်ပါ သည် လို့ထင်ပါသည် ။ထို ဥပဒေမှာ-၁(ဂ)ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုသည်မှာဤဥပဒေအရသတ်မှတ်ခွင့်ပြု့သည့်အများပြည်သူဆိုင်ရာနေရာတွင်မိမိသဘောထားဆန္ဒကိုဖေါ်ပြရန်အလို့ ငှာတစ်ဦးထပ်ပိုသူများကသတ်မှတ်သည့်စည်းကမ်းများနှင့်အညီလက်နှက်မပါဘဲငြိမ်းချမ်းစွာစနစ်တကျလှည့်လည်ခြင်းကိုဆိုသည်။
ထိုဥပဒေတွင်တစ်ယောက်ထဲအတွက်ကို-ဖေါ်ပြထားခြင်းမရှိပါ-ထိုဥပဒေခေါင်းစဉ်မှာကိုက-“စုဝေးခွင့်၊စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ” လို့ဆိုထားပြန်တော့ တယောက်ထဲကို “စုနေသည်၊စီတန်းနေသည်ဟု ”စွပ်ဆွဲ၊တရားစွဲ၊စီရင်လိုက်ရင်-ရီစရာကြီးတခုဖြစ်နေပြီး-မြန်မာစာကိုနားမလည်သော-တရားသူကြီးတယောက်(သို့)ဘယ်သူမှ မလွတ်စေရဆိုတာမျိုးဖြစ်နေပါလိမ့်မည်။
တကယ်လို့များတရားဥပဒေရဲ့လိုအပ်ချက်များတစုံတရာရှိနေခဲ့ပြီလို့-ဖြစ်ခဲ့ရင်လဲ-တရားသူကြီးကမိမိ၏ကိုယ်ပိုင်အတွေးအခေါ်နှင့်ဆုံးဖြတ်ခွင့်မရှိ-အားလုံး၏အထက် တွင်ဥပဒေရှိသည်-ဥပဒေရဲ့လိုအပ်ချက်ရှိတယ်ဆိုရင်-ယ္ခုခေတ်မှာတော့-“နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဆုံးဖြတ်ချက်”ဆိုတာရှိပြီး-ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ်(၃၂၃) တွင်-တရားရုံးတရုံးသည်အမှုတခုကိုစစ်ဆေးစီရင်ရာတွင်ဥပဒေတရပ်၇ပ်ပါပြဋ္ဌာန်းချက်သည်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဆန့်ကျင်မှုရှိ-မရှိ ညီညွတ်မှုရှိ-မရှိ-အငြင်းပွားမှုပေါ်ပေါက်ပါကထိုအငြင်းပွားမှုနှင့်စပ်လျဉ်း၍နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကလဲတစ်စုံတရာဆုံးဖြတ်ချက်ချမှတ် ထားခြင်းမရှိ သေးလျှင်အဆိုပါတရားရုံးသည်အမှုစစ်ဆေးစီရင်ခြင်းကိုရပ်ဆိုင်းထားပြီးမိမိ၏ထင်မြင်ချက်ကိုသတ်မှတ်ထားသည့်နည်းလမ်းများနှင့်အညီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့တင်ပြ၍အဆုံးအဖြတ်ရယူရမည်။ထိုအငြင်းပွားမှုနှင့်စပ်လျည်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံ ရုံး၏ဆုံးဖြတ်ချက်သည်အမှုအားလုံးနှင့်သက်ဆိုင်စေရမည်။ ဟူ၍၄င်း-
အပိုဒ်(၃၂၄)တွင်-နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ဆုံးဖြတ်ချက်သည်အပြီးအပြတ်အတည်ဖြစ်သည်။---ဟူ၍၄င်း-ဖေါ်ပြထားသောကြောင့်-
တစ်ကိုယ်တော်ဆန္ဒပြမှုများကို-ဖွဲ့စည်းပုံအခြေံဥပဒေဆိုင်ရာခုံရုံး၏ဆုံးဇြတ်ချက်ကို-ရယူသင့်သည်ဟုထင်မိပါသည်။သို့မဟုတ်ပါက-ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးရဲ့ရဲ့အထက်မှာ-တရားသူကြီးရောက်သွားသလိုမျိုးဖြစ်နေပေလိမ့်မည်၊
အခြေခံဥပဒေကိုဘယ်သူတွေကအသုံးချနေတာလဲ ?
(၅)လပိုင်း(၂၂/၂၃/၂၅)ရက်နေ့-များမှာမြန်မာတနိုင်ငံလုံးလျှပ်စစ်မီးပြသနာကြောင့်-ပြည်မြို့မှနိုင်ငံရေးတက်ကြွလှုပ်ရှားသူများက-ဦးဆောင်ပြီး-တနိုင်ငံလုံး လျှပ်စစ်မီးရရှိရေးအတွက်-ဆန္ဒပြခွင့်တင်ခဲ့ကြရာ-ခွင်မပြုသောကြောင့်--ဆန္ဒပြသခဲ့ကြပါသည်-ထိုစဉ်တုံးက “စီတန်းလှည့်လည်မှုနည်းဥပဒေ ”မထွက်သေးပေ-ထိုဆန္ဒပြသနေသောလူ(၂၀၀)ခန့်ကို-မြို့လည်ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်နားတွင်-သီတင်း-မီဒီယာများရှေ့တွင်ပင်-ရဲ၊လုံထိမ်းများနှင့်-ရိုက်နှက်ခါ-အနားတွင်အသင့်ရပ်ထားသော ထောင်အချုပ်ကားကြီးထဲသို့ -ဆွဲတင်ပြီးလူစုခွဲပြစ်လိုက်ပါသည်၊ထိုနောက်“ပြည်ထောင် ”သို့ချက်ချင်းပို့လိုက်ပါသည်-ထိုအဖမ်းခံ/အရိုက်ခံရသူထဲတွင်အမျိုးသမီးငယ်တယောက်အပါအ၀င်စုစုပေါင်း(၆)ယောက်ကို-လတ်တလော-ဘယ်တရားရုံး/ဘယ်ရဲစခန်း-ကိုမှမပို့ပဲ-ထောင်ထဲသို့ဘယ်တရား ရုံး “ ရီမန်” မှမယူခဲ့ပေ။နေ့လည်(၄)နာရီလောက်ကြမှ-ထိုသူ(၆)ယောက်ကို-လွှတ်တော်အမတ်(၅)ယောက်လာပြီးလတ်မှတ်ထိုးလွှတ်ပေးခဲ့ပါသည်။-ဥပဒေနားမလည်သူတယောက်အနေနှင့်တော့-သူတို့(၆)ယောက်ကို-ဘယ်ဥပဒေနဲ့ထောင်ထဲထည့်ပြီး-ဘယ်ဥပဒေ(အမိန့်)နဲ့လတ်မှတ်ထိုးပြန်လွှတ်ပေးရတာလဲဆိုတာတော့ ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက်(ဘယ်သူကမှရှင်းမပြတဲ့အတွက်)-နားမလည်ပါဘူး။ထိုအဖြစ်အပျက်ဖြစ်တာက(၅)လပိုင်းထဲမှာဖြစ်ပြီး(၇)လပိုင်းကြတော့ စီတန်းလှည့်လည်ခွင့်နည်းဥပဒေထွက်လာခဲ့ပါတယ်။-ဒါပေမဲ့သူတို့ကိုတရားရုံးတွင်တရားစွဲဆိုခြင်းမပြုတော့-အော်-ဒါကလဲအခြေခံဥပဒေပါကြောင့်လိုပဲထင်မိပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း(၁)အပိုဒ်(၄၃)မှာလဲ-မည်သည့်ပြစ်မှုဆိုင်ရာဥပဒေမျှနောက်ကြောင်းပြန်အာဏာသက်ရောက်စေရန်ပြဋ္ဌာန်းခွင့်မရှိစေရ လို့လဲ-ပြောထားတာကိုး-
ဒါပေမဲ့ (၁၀)လကျော်ကြာတော့-ထိုပြစ်မှုအတွက်ထို(၆)ယောက်ကို ပုဒ်မ(၁၈)ဖြင့်တရားစွဲဆိုလိုက်ပြီး(၂၃.၈.၂၀၁၃) ရက်နေ့မှာဒဏ်ငွေ(၁၀၀၀၀)စီနှင့် မြို့နယ်တရားရုံးမှထောင်ချလိုက်ပါတော့သည်။
“တိုင်းပြည်အတွက်ဘယ်သူကအလုပ်လုပ်နေတာလဲ”
ဆန္ဒပြပွဲတွေကိုအခြေခံဥပဒေအရ-လွတ်လပ်စွာခွင့်ပြုထားခဲ့သော်လဲ-နည်းဥပဒေတွေနဲ့တဖန်-ချုပ်ကိုင်ထားလိုက်တဲ့အတွက်၎င်း။ထိုနည်းဥပဒေတွေကို-ရဲအရေးပိုင် နဲ့အထွေထွေအုပ်ချုပ်ရေးဥိးစီးဋ္ဌာနတို့က-အရေးပိုင်နေတာကြောင့်-အခြေခံဥပဒေပါ “လွတ်လပ်စွာ”ဆိုတဲ့စကားရပ်ကိုပျက်စီးသွားခဲ့ပါတော့သည်။
ထိုဆန္ဒပြခွင့်တွေကိုသကိဆိုင်ရာ-မြို့နယ်ရဲတပ်ဖွဲ့မှုးတွေရဲ့ထံမှာလိပ်မူပြီးတောင်းခံရတယ်-ဒါပေမဲ့-ထို ရဲ မြို့နယ်မှုးကခွင့်ပြုပေးခွင့်မရှိဘူး၊ထိုစာကို“မြို့နယ်အုပ်ချုပ်ရေး မှုးထံသို့တင်ပြပြီးသူထံမှအမိန့်အတိုင်းအကြောင်းပြန်ပေးရတယ်၊ဒါပေမဲ့ဖမ်းစီးအရေးယူတော့-ရဲကပဲဖမ်းပြီး-တရားလိုလုပ်ပြီးအမှုဖွင့်တရားစွဲဆိုရတယ်၊ဒါပေမဲ့ဒေသအာဏာပိုင် ကအထွေထွေအုပ်ချုပ်ရေးဋ္ဌာနကဖြစ်နေတယ်၊မြို့နယ်အုပ်ချုပ်ရေးမှုး-ခရိုင်အုပ်ချုပ်ရေးမှုးတွေဖြစ်ပြီး-ပြည်သူတွေရွေးချယ်ထားတဲ့ပြည်သူ့ကိုယ်စားလှယ်တွေမဟုတ်တော့ ပြည်သူတွေထဲကပြည်သူမဟုတ်ဘူးဖြစ်နေတယ်-အာဏာပိုင်စစ်စစ်တွေဖြစ်နေတာကိုတွေ့ရတယ်၊အမိန့်အာဏာကိုအဆင့်ဆင့်စီးဆင်နေရတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအပိုဒ်(၃၅၄)နိုင်ငံသားတိုင်းသည်၊နိုင်ငံတော်လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးရပ်ရွာအေးချမ်းသာယာရေး၊သို့မဟုတ်၊ပြည်သူတို့၏ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့်မဆန့်ကျင်လျှင်အောက်ပါအခွင့်အရေးများကိုလွတ်လပ်စွာသုံးစွဲဆောင်ရွက်ခွင့်ရှိသည်။
(က)မိမိ၏ယုံကြည်ချက်၊ထင်မြင်ယူဆချက်များကိုလွတ်လပ်စွာထုပ်ဖေါ်ပြောဆိုခွင့်၊ရေးသားခွင့်
(ခ)လက်နှက်မပါပဲငြိမ်းချမ်းစွာစုဝေးခွင့်၊စီတန်းလှည့်လည်ခွင့်--ဟုဖေါ်ပြထားခဲ့သော်လဲ-ရပ်ရွာအေးချမ်းသာယာရေး၊တိုင်းပြည်နှင့်နိုင်ငံသားတို့၏အကျိုးအ တွက်-(ဥပမာ)ဧရာဝတီမြစ်ကြီးအတွက်၊မြို့ရွာတွေ-လျှပ်စစ်မီးလင်းစေဖို့၊လည်ယာမြေတွေပြန်ရဖို့--ဆိုတဲ့ကိစ္စတွေအတွက်ခွင့်မပြုနိုင်ဆိုတဲ့-စောတကတွေကိုပြန်လည်သုံးသတ်ကြည့်ဖို့တော့လိုအပ်ပါတယ်၊တိုင်းပြည်၊နိုင်ငံသားတွေရဲ့အကျိုးကိုလုပ်ပေးနေကြပါတယ်ဆိုတဲ့လူတန်းစားနှစ်ရပ်(အုပ်ချုပ်သူနှင့်၊လှုပ်ရှား တက်ကြွသူ)သူတို့ကြားက-ဘယ်သူကတိုင်းပြည်အတွက်လုပ်နေတာလဲ၊ကိုဟင်္သာ(ပြည်) မှ ပြည်သတင်းသို့ပေးပို့ထားပါသည်။

0 comments:

Post a Comment

Facebook Like Page