
ဒီမိုကရေစီနဲ့မထိုက်တန်သောစိတ်ဓာတ်များ
သရ၀ဏ်(ပြည်)
အခုတလော ကြားရကြားရ နားဝမှာ မချမ်းသာတဲ့အဖြစ်တွေများပါတယ် ။ ကိုယ့်နိုင်ငံသားတွေရဲ့ တွေးခေါ်နိုင်စွမ်းဟာဒီလောက်တောင်နိမ့်ကျနေပြီလားလို့လည်း ရင်နာနာနဲ့တွေးမိပါတယ် ။ တကယ်တော့ကျွန်တော်တို့ဟာ ဒီမိုကရေစီနိုင်ငံထူထောင်ဖို့  အရှေ့ကို တစ်လှမ်းပြီးတစ်လှမ်း သွားကြဖို့ ကြံရွယ်နေကြတာပါ ။ဒါပေမယ့်ဒီလိုအဖြစ်မျိုးတွေ တွေ့ ရပြန်တော့ မြန်မာအချို့ ဟာ ၁၆ ရာစု ၁၇ ရာစုကအတွေးအခေါ်အဆင့်လောက်ပဲရှိနေတုန်းဆိုတာ...