Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts
Thursday, February 23, 2017
ပစ္စတိုတစ်လက် ၊ကျည်တစ်တောင့် ၊ ဆန်တစ်ပြည် သရ၀ဏ်(ပြည်)
Leave a Comment
ပစ္စတိုတစ်လက် ၊ကျည်တစ်တောင့် ၊ ဆန်တစ်ပြည်
သရ၀ဏ်(ပြည်)
လူသတ်မှုတစ်ခုတွင် တရားခံ၏ဖော်ပြချက်အရ အခင်းဖြစ်ပွားရာတွင်အသုံးပြုခဲ့သော ပစ္စတိုသေနတ်နှင့်ငါးလုံးပြူးသေနတ်များကို ထိုင်းနိုင်ငံမယ်ဆိုင်ဘက်ကမ်းမှသွားရောက်ဝယ်ယူခဲ့ကြောင်းသိရသည် ။ သေနတ်တစ်လက်အတွက်ကျပ် ၂၅ သိန်းခန့် ပေးရကြောင်းသိရသည် ။ ကျည်ဆန်အတွက်လဲငွေပေးခဲ့ရဦးမည် ။ ကျည်တစ်တောင့်လျှင်အောက်ထစ် မြန်မာငွေ တစ်ထောင်ကျပ်လောက်တော့ပေးရမည် ။ မှောင်ခိုဈေးမို့ ဈေးကြီးပေးရခြင်းဖြစ်မည် ။ သို့ မဟုတ် သေနတ်ရလာသောနေရာကိုမပြောချင်သဖြင့် မှောင်ခိုဈေးကွက်ကိုလွှဲချခြင်းလည်းဖြစ်နိုင်သည် ။အော်သေနတ်တစ်လက်ဟာ သိန်းအစိတ် (၂၅ သိန်း)တန်ပါလားဟုကျွန်တော်တွေးနေမိသည် ။ အစိုးရက တရားဝင်လက်နက်စက်ရုံဖြင့်ထုတ်လုပ်သောသေနတ်တစ်လက်သည်ဘယ်လောက် ကျသင့်မှာပါလိမ့် ။ မှောင်ခိုဈေးကွက် ထက်တော့သက်သာမည်ဖြစ်သည် ။ ကျည်ဆန်တွေ ၊အမြောက်တွေ ၊ လောင်ချာတွေ ၊ မြေမြုပ်မိုင်းတွေ ၊ တိုက်လေယာဉ်တွေ ။ ဒါတွေအတွက်ငွေကတော့အတော်ကုန်မည့်သဘောရှိသည် ။ ဘယ်ရွေ့ ဘယ်မျှကုန်သည်ဟူ၍တော့ ကျွန်တော်တို့လည်း ဘတ်ဂျက်အသေးစိတ်မကြည့်ရသဖြင့် သိနိုင်ခြင်းမရှိ ။ ၀န်ကြီးဌာနများ၏ အသုံးစာရိတ်နှင့်ပြည်ပကြွေးမြီအသေးစိတ်ကိုသိလိုလျှင်သက်ဆိုင်ရာဝန်ကြီးဌာနကိုသာတိုက်ရိုက်မေးပါရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးက လွှတ်တော်မှာလာဖြေသွားသည် ။ စစ်ပွဲတွေကြောင့် ငွေတွေဘယ်လောက်ကုန်နေပြီလဲဟူသောမေးခွန်းမျိုးကား လွှတ်တော်တွင်မေးရဲကြမည်မထင် ။ မေးခဲ့လျှင်လည်း လွှတ်တော်ဥက္ကဌကြီးက ခွင့်ပြုမည်မထင် ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကရော လက်နက်တွေ ဘယ်ကရသလဲဆိုတာစိတ်ဝင်စားဖို့ ကောင်းသည် ။ သူတို့လဲ မှောင်ခိုဈေးကွက်ကပဲဝယ်သလား ။ ဒါမှမဟုတ် လက်နက်နှင့် ကျွန်းသစ်လဲတာလား ၊ လက်နက်နှင့် ကျောက်စိမ်းတုံးတွေလဲသလား ၊ လက်နက်နှင့်မူးယစ်ဆေးဝါးတွေလဲသလား ။ သေနတ်တစ်လက်ကို သိန်းအစိတ်နဲ့ပဲဝယ်ရတာလား ။ သူ့ထက်ပို၍ဈေးကြီးသလား ။တပ်သားတစ်ယောက်ကို သိန်းအစိတ်သုံးဆယ်ခန့်တန်သောလက်နက်တပ်ဆင်ထားလျှင် တပ်သားတစ်ထောင်ရှိသောအဖွဲ့ တွင်လက်နက်အတွက်ချည်း သိန်း နှစ်သောင်းခွဲရှိပေလိမ့်မည် ။လူတစ်ယောက်ကိုသိန်းအစိတ် ။ လူတွေသိန်းနှင့်ချီလာလျင် သိန်းတွေသိန်းချီကုန်ကျပေလိမ့်မည် ။ မြေမြှုပ်မိုင်းတို့  ၊ RPG ဗုံးသီးတို့  ၊လောင်ချာတို့  ၊ လက်ပစ်ဗုံးတို့  ၊ လက်နက်ကြီး တို့ ပါထည့်တွက်လျှင် ကုန်ကျငွေကနှစ်ဘက်စလုံးကြောက်ခမန်းလိလိဖြစ်သည် ။ လူနှစ်ဆယ်စီပါသောအဖွဲ့ တစ်ဖွဲ့ နာရီဝက်ခန့်ပစ်ခတ်တိုက်ခိုက်ကြသောကုန်ကျစားရိတ်သည် စာသင်ကျောင်းကောင်းကောင်းတစ်ကျောင်းဆောက်လို့ရသည် ။ တိုက်ပွဲကြီးတစ်ပွဲ၏ကုန်ကျစားရိတ်သည် ဆေးရုံကောင်းကောင်း တစ်ခုဆောက်လို့ရသည် ။ ကျည်ဆန်တစ်တောင့်သည်ဒုက္ခသည်စခန်းမှ စစ်ဘေးရှောင်မိသားစုတွေအတွက် ဆန်တစ်ပြည်ရနိုင်သည် ။မြန်မာနိုင်ငံတွင် တနေ့တစ်နေ့ ထမင်းနပ်မှန်အောင် မနည်းကိုရှာဖွေစားသောက်နေရသောသူများစွာရှိသည် ။မနက်စာစားပြီးလျှင်ညစာဘယ်တော့စားရမည်ဆိုတာမရေရာသော ဘ၀တွေများစွာရှိသည် ။
ဥရောပတွင်နေထိုင်ပြီး မြန်မာဧည့်သည်များကို ဧည့်လမ်းညွှန်လိုက်ပြနေသော သူငယ်ချင်းတစ်ယောက်ကပြောဖူးသည် ။ မြန်မာပြည်မှဥရောပသို့ လူတစ်ယောက်လျှင် ဒေါ်လာ ငါးထောင် ၊ ခြောက်ထောင် ၊တစ်သောင်းအထိ အကုန်ခံကာ လာလည်ကြသော ဒိတ်ဒိတ်ကျဲခရိုနီသူဌေးများအကြောင်းဖြစ်သည် ။ ထိုသူများသည် နာမည်ကြီးသူဌေးကြီးတွေဖြစ်သော်လည်း ခရီးစဉ်အတွင်းအချိန်လေးစားခြင်းမရှိ ၊ ကားထဲမှာအမှိုက်တွေဖွချင်လည်းဖွသွားသည်တဲ့ ။ နိုင်ငံခြားထုံးစံ ဘောက်ဆူး ( Tip ) ပေးဖို့ကျတော့လည်း မသိချင်ယောင်ဆောင်နေကြသည်တဲ့ ။ ဘယ်သူ့ ကိုမှမသထာတဲ့  ။ သူတို့အတွက်ကျ သိန်း အစိတ် ၊ သိန်းသုံးဆယ်တန်သော လက်ကိုင်အိတ်များကိုပင် ဆယ်လုံးခန့် ပက်ကနဲဝယ်ကြပါသတဲ့ ။ အပေါ်ယံအသုံးအဆောင်ရုပ်ဝတ္တုတွေအပေါ်မှာ အင်မတန်တပ်မက်ကြလေသတဲ့ ။သူတို့ခရီးဆောင်အိပ်ကိုသယ်ဖို့ပင် ဥရောပသို့ လူတစ်ယောက်သပ်သပ် ခေါ်လာပါသတဲ့။ အော်ဗဟုသုတရပြန်သည် ။ သစ်တွေခုတ်ကာချမ်းသာလာသောသူဌေးတစ်ယောက်၊ကျောက်တွေတူးကာချမ်းသာလာသည့်သူဌေးတစ်ယောက်သည် သိန်းအစိတ်တန် လက်ကိုင်အိပ်ကိုလည်း ဆယ်လုံးမက၀ယ်ချင်ဝယ်ပေမည် ။ဝယ်နိုင်သည့်ပိုက်ဆံရှိပေတာကိုး။ အိတ်တစ်လုံးသိန်းအစိတ် ၊ သေနတ်တစ်လက်သိန်းအစိတ် ၊ ဆန်တစ်ပြည်ကိုတော့ ငွေတစ်ထောင်သာရှိသည် ။ထိုတစ်ထောင်တန်ဆန်တစ်ပြည်ကို ၀၀လင်လင် လိုသလောက်မစားနိုင်သောသူတွေ မြန်မာပြည်မှာ ဒုနဲ့ဒေးရှိနေသည် ။ သစ်ပင်တွေဗုံးကနဲဗုံးကနဲလဲကျသွား၊ သေနတ်ကျည်ဆန်တွေ တဒိုင်းဒိုင်းပစ်ကြသည်ကို ဆန်မရှိသောဆန်အိုးဟောင်းလောင်းအား၊ ပါးစပ်ဟောင်းလောင်း ဗိုက်ဟောင်းလောင်းဖြင့်ကြည့်နေရသော ကလေးများ ၊ ကလေးမိခင်များ၊သက်ကြီးရွယ်အိုများကိုသနားဖို့ကောင်းသည် ။ လက်ကိုင်အိတ်တစ်လုံးလောက်လျော့ဝယ်ပြီး ကလေးတွေစားဖို့ဆန်တွေပေးကြပါလား ၊ သေနတ်တစ်လက်လောက်လျှော့လိုက်ပြီး အဟာရရှိမယ့်အစားအစာလေးတွေဝေငှလိုက်ပါလား ။ ကျည်ဆန်တစ်တောင့်စီလျှော့ပစ်ကြပြီး ဆန်တစ်ပြည်စီဝေပေးလိုက်ကြပါလား ။ လက်ကိုင်အိတ်နဲ့သေနတ်မရှိတော့ရောလောကကြီးက လှပနေတာပဲမဟုတ်လား ။ လူသတ်လက်နက်တွေနေရာမှာ စားစရာဆန်တွေ ဆီတွေ၊ကျောင်းစာအုပ်တွေ ၊ ကစားစရာတွေ ၊ဆေးဝါးတွေ၊ ပျော်ရွှင်ချမ်းမြေ့ခြင်းတွေရောက်ပါစေသော်(၀်) ။
သရ၀ဏ်(ပြည်)
Read More...
Tuesday, December 6, 2016
အတုတွေနဲ့  ကမ္ဘာ သရ၀ဏ်(ပြည်)
Leave a Comment
အတုတွေနဲ့  ကမ္ဘာ
သရ၀ဏ်(ပြည်)
ဟိုတယ်စားသောက်ခန်းတစ်ခုတွင် စားပွဲပေါ်၍ ထိုးထားသော ပန်းအိုးထဲမှပန်းမှာအလွန်လှပသဖြင့် ကိုင်ကြည့်သောအခါ နှင်းဆီပန်းအတုဖြစ်နေသည် ။ အတုမှာ အစစ်နှင့်မခြားပေ ။အစစ်ထက်ပင် လှပနေသယောင်ရှိသည် ။ သို့ သော် နမ်းကြည့်သောအခါ သူ့ မှာရနံ့ မရှိ ။ ပန်းတစ်ပွင့်၏အသက်ဝိညာဉ်ဓာတ်မှာ မွှေးရနံ့ ဖြစ်သည် ။ အတုနှင့်အစစ်မှာခွဲခြားရခက်သည် ။အချို့သော ပန်းများမှာ အရောင်ရော အရွက်ရော ပန်းပွင့်ပါ အစစ်နှင့် ခွဲမရအောင်တူလှသော နိုင်ငံခြားဖြစ်ပလပ်စတစ်ပန်းများလဲ မကြာခနတွေ့ ရသည် ။ ဟိုတယ်ဝန်ထမ်းကောင်မလေးအား “ နင်တို့ မြို့ မှာ ပန်းတွေပေါသားပဲ ၊ဘာလို့ပန်းအစစ်မသုံးတာလဲ “ဟုမေးကြည့်ရာ ပန်းအစစ်က နေ့ တိုင်းလဲရတော့အလုပ်ရှုပ်လို့  ပိုက်ဆံလည်းကုန်တယ် ။ပလပ်စတစ်ပန်းကတော့ တစ်ခါဝယ်ထားရင် လွှင့်မပစ်မချင်းအကြာကြီးခံလို့ပါဟုဆို၏ ။ သို့ သော် သူမသိသည်မှာ အတုသည်ဘယ်လောက်ပဲလှလှ အစစ်လိုမဟုတ် ။ ဘယ်အခါပဲကြည့်ကြည့် ဒီပုံပဲဖြစ်နေတတ်သည် ။ အစစ်ကတော့ လန်းချင်လန်းနေမည် ။ နောက်နေ့ သွားကြည့်လျှင် နွမ်းချင်နွမ်းနေမည် ။အစစ်မှာက ပြောင်းလဲခြင်းတရားကိုတွေ့ ရသည် ။ Nothing is permanent ဆိုသော တရားသဘောကိုပြဆိုသည် ။ သို့ သော်ကျွန်တော်တို့လို အတွေးခေါင်သော စာရေးဆရာတွေသာ ဒါမျိုးကိုတောင့်တသည် ။လက်ရှိလောကကြီးကတော့ အတုတွေနှင့်အသားကျနေသည် ။
နိုဝင်လာလ ၂၉ ရက်နေ့ က သတင်းတစ်ခုထဲတွင်ဖတ်ရသည် ။ သုဝဏ္က (က)ရပ်ကွက် အဆင့်မြင့်အိမ်ရာ၌ အရက်အတုပြုလုပ်သူ ဖမ်းဆီး အရေးယူခံရသည့်သတင်း ။ အဆင့်မြင့်အိမ်ရာမှာနေနိုင်သူဆိုတော့ ဆင်းရဲားထဲကမဟုတ်နိုင် ။ အတုလုပ်နေသော အရက်တွေကလည်း နိုင်ငံခြားဖြစ် (တကယ်တော့ သူဝဏ္ကဖြစ် ) အရက်တွေဆိုတော့ ထိုလုပ်ငန်းနှင့်ကြီးပွားနေဟန်ရှိသည် ။ ကျွန်တော်ငယ်စဉ်ကဖတ်ဖူးသော
သူခိုးဖမ်းပါ
လမ်းကြားမှာလား
ပန်ကာအောက်တွင်ထိုင်နေသည်
ဆိုသော သုံးကြောင်းကဗျာလေးကိုအမှတ်ရမိသည် ။ ရာဇ၀တ်မကင်းသော အလုပ်များကိုလုပ်သူအတော်များများသည် လမ်းဘေးကလေကချေများမဟုတ်ပဲ လူကုံထံလောကထဲမှပင်ဖြစ်နေတတ်သည် ။ အရက်အတုကမြန်မာနိုင်ငံမှာအတော်ရေပန်းစားသည် ။ အထူးသဖြင့် ဈေးကြီးပေး၍၀ယ်သောက်ရသော နိုင်ငံခြားအရက်တော်တော်များများမှာ မြန်မာနိုင်ငံ၌ အတုများဖြစ်နေတာ စားသုံးသူများနစ်နာလှသည် ။ အချို့အရက်များမှာ တုပ၍မရအောင် အဖုံးကို ဂေါ်လီနှင့်ပိတ်ထားသည် ဟုသိရသော်လည်း ထိုပုလင်းထဲသို့  ဂစ်တာကြိုး ထိုးထည့်ကာ ဂစ်တာကြိုးတစ်လျှောက် အရက်ကိုတဖြည်းဖြည်းစီးဆင်းစေပြီး ပုလင်းထဲသို့ အရက်အတုရအောင်ဖြည့်ကြောင်းသိရတော့အံ့သြမိသည် ။ အန္တရာယ်မကင်းသောအရက်တုများကိုအစစ်ထင်၍သောက်သောအခါ ငွေလည်းကုန် ၊ကျန်းမာရေးလည်းထိခိုက်ကြတော့သည် ။နိုဝင်ဘာ ၂၉ ရက်နေ့တွင်ပင် တိုက်တိုက်ဆိုင်ဆိုင် နောက်သတင်းတစ်ပုဒ်ကိုဖတ်ရသည် ။ ရွှေပြည်သာတွင် ကွမ်းစားဆေးအတုများသိမ်းဆည်းရမိ ဟူသောသတင်းဖြစ်သည် ။ ကွမ်းစားဆေးအတုများအား ဘူးခွံများအတွင်းသို့ ထည့်သွင်းပြီး အဖုံးပိတ်စက်ဖြင့်အဖုံးပိတ်စဉ် ရျွေပြည်သာမြို့နယ် (၁)ရပ်ကွက် ၊ကနောင်(၅)လမ်း ဂိုထောင်တွင် မီးလောင်မှုစတင်ဖြစ်ပွားခဲ့ရခြင်းဖြစ်သည် ။ ထိုကွမ်းစားဆေးအတုလုပ်သောနေရာမှ HALCHAL တံဆိပ်ပါ တံဆိပ်ပါ အဖုံးခွံတစ်အိပ်လျှင် ၂၅၀ ပါ ၅၅ အိတ် ၊ PARIJAT (Queen)တံဆိပ်ဘူးခွံတစ်အိတ်လျှင် ၂၅၀ ဘူးပါ နှစ်အိတ် ၊ HALCHAL တံဆိပ်ပါကတ်ထူးစက္ကူ မီးလောင်ရေစိုလျက် ငါးအိတ် ၊ မီးလောင်ထားသောဘူးခွံများ ၊ နိုင်ငံခြားကွမ်းစားဆေးဟုယူဆရသောစက္ကူဖာ ခြောက်ဖာ တို့ ကိုတွေ့ ရှိသိမ်းဆည်းရမိခဲ့သည်ဆို၏ ။ မြန်မာတစ်နိုင်ငံလုံးတွင် ကွမ်းစားသည့်လူ သန်းနှင့်ချီပြီးရှိရာ မှန်မှန်ကန်ကန်မဟုတ်သော ကွမ်းယာပစ္စည်းများကို နေ့စဉ်စားသုံးမိသူတို့အတွက် ကျန်းမာရေးရှုထောင့်မှ အလွန်အန္တရာယ်ကြီးပေသည် ။
အတုတကာအတုထဲတွင် ဆေးဝါးအတုပြုလုပ်ခြင်းသည် အဆိုးရွားဆုံးလုပ်ရပ်ြဖြစ်သည်။ ပြည်မြို့တွင် ဆေးဝါးအတုပြုလုပ်သော မိသားစုတစ်စုကို တွေ့ ခဲ့ဖူးသည် ။ သူတို့သည် ဆေးဝါးအတုများကိုပြုလုပ်ဖြန့်ချိရောင်းချခြင်းဖြင့် အချိန်တိုအတွင်းချမ်းသာကြွယ်ဝလာသည် ။ ဘယ်သူသေသေငတေမာပြီးရောစိတ်ဓာတ်ဖြင့် ဆေးအတုလုပ်ကြခြင်းမှာ အလွန်အကုသိုလ်များသောအလုပ်ဖြစ်သည် ။ ဆေးဆိုသည်မှာ လူနာများက မျှော်လင့်ချက်ကြီးမားစွာနှင့် ရောဂါပျောက်ပါစေရေးအတွက် ပင်ပန်းတကြီးရှာဖွေထားသောအသပြာငွေကြေးဖြင့် ၀ယ်ယူသုံးစွဲကြရခြင်းဖြစ်သည် ။ သို့ သော် သူတို့ဝယ်ယူသုံးစွဲလိုက်သော ပစ္စည်းများမှာ ဘာမှအာနိသင်မရှိသော ဆေးဝါးအတုများဖြစ်နေမှန်းမသိကြပါ ။ထိုသို့ သိကြလျှင်လုပ်ရက်လေခြင်းဟုရင်ကွဲပက်လက်ဖြစ်ကြမှာသေချာသည် ။သို့ သော်မကြာမီ ၀ဋ်လည်သည့်အချိန်သို့ ရောက်လာ၏ ။ဆေးအတုလုပ်ကြသောလင်မယားတွင် ယောက်ျားသည် ကင်ဆာရောလိုသေဘေးနှင့်နီးစပ်သောရောဂါကြီးတစ်ခုဖြစ်ပွားလာ၏ ။ မကြာခနဆေးရုံတက်ရသည် ။ သောက်ဆေး ထိုးဆေးများ ထိုးရသောက်ရသည် ။ သို့ သော် မသက်သာ တဖြည်းဖြည်းနှင့် သူ၏နောက်ဆုံးအချိန်သို့ ရောက်လာသည် ။ ကိုယ်ကိုယ်တိုင်လူမမာဘ၀သို့ရောက်နေပြီး ဆေးဝါးများနှင့် အသက်ကိုလုရသည့်အခိုက်အတန့်တွင်မှ သူတို့လုပ်ခဲ့သော အမှားများကို သိမြင်လာပုံရသည် ။ မကြာမီ ဆေးအတုလုပ်သူ ကွယ်လွန်သည် ။သူကွယ်လွန်သောနေ့ မှစကာ ဇနီးဖြစ်သူက ဆေးဝါးအတုလုပ်သည့်လုပ်ငန်းကို ရပ်တန့်ပစ်လိုက်သည် ။ သံဝေဂရဖွယ်ဖြစ်ပါ၏ ။
အရက် ၊ ကွမ်းယာပစ္စည်း ၊ ဆေးဝါး မှသည် အရာရာတွင် အတုများ ခေတ်စားနေသည် ။ တလောကဂျာနယ်တစောင်တွင်ပါလာသည်မှာ ဆီလီကွန်ဖြင့် ပြုလုပ်ထားသော ဂျပန်ပြည်ဖြစ် မိန်းမအရုပ် (လူအတု )များ ခေတ်စားနေသည့်သတင်းဖြစ်သည် ။ လူအစစ် မိန်းကလေးနှင့်မခြား လှပချောမွေ့ သော လူအရွယ်အရုပ်ကလေးများ မှာ မယားလိုချင်သော်လည်း အကြောင်းကြောင်းကြောင့် အစစ်နှင့်အတူမနနိုင်သူ ပူရိသတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ပြီး ဈေးနှုန်းမှာ ကြောက်ခမန်းလိလိဖြစ်သည် ။ အရုပ်တစ်ရုပ်၏တန်ဖိုးမှာ မြန်မာငွေ ကျပ်သိန်းသုံးဆယ်ကျော်ခန့် ရှိပါသတဲ့ ။ အပေါ်ယံ အလှအပများသာမက မိန်းမအတွင်းအင်္ဂါများပါမကျန် အစစ်နှင့် အနီးစပ်ဆုံးတူညီအောင် အရုပ်တွင် ထည့်သွင်းပေးထားသည် ။ အချို့ကဝေဖန်သည်မှာ ဆင်းရဲသော မိန်းကလေးအချို့သည် ငွေသောင်းဂဏန်း ၊သိန်းဂဏန်းလောက်နှင့်ဘ၀ပျက်ရသည့်အဖြစ်များလည်းရှိရာ အရုပ်မှာ လူအစစ်ထက်တန်ဖိုးများစွာ မြင့်နေသည် ။ အချို့မိန်းကလေးများကို ဤအရုပ်တန်ဖိုး လောက်ဆိုလျှင် နှစ်ခါပြန်တင်တောင်းပြီးလက်ထပ်၍ရသည်ဟုပင် ရေးကြပြောကြဝေဖန်ကြပါသည် ။ ပြောလိုရင်းကား အတုများတွင်ကျယ်နေမှုပင်တည်း ။
နိုင်ငံရေးမှာရော အတုရှိသလားဟု လေ့လာဆန်းစစ်မိသည် ။ အချို့ လွှတ်တော်ကိုယ်စားလှယ်များသည် ရွေးကောက်ပွဲမတိုင်ခင်က မိမိမဲဆန္ဒနယ်သို့ ချောင်းပေါက်မတတ်လာ ။ ကတိတွေအမျိုးမျိုးပေး ။ ပြည်သူ့ ကိုယ်စားလှယ်အစစ်ဖြစ်စေရပါမည်ဟူသောကြွေးကြော်သံဖြင့် ရွေကောက်ပွဲဝင်ကြသည် ။ ထိုအထဲတွင် ရွေးကောက်ပွဲနိုင်ပြီးသောအခါ အချိုးပြောင်းသူတွေလည်း ရှိသည် ။ ကတိဖျက်သူတွေ ၊ မိမိမဲဆန္ဒနယ်ကိုအရေးမလုပ်တော့သူတွေလည်းတွေ့ ရသည် ။ ထိုသူများသည် နိုင်ငံရေးသမားအတုဖြစ်သည်ဟုဆိုရမည် ။ နိုင်ငံရေးသမားအစစ်မှာ ပြည်သူလူထုဆန္ဒကို ဘယ်တော့မှ ဥပက္ခောမပြုပေ ။ အတုအမျိုးမျိုး၌ ဒီမိုကရေစီအတုလည်းရှိနေနိုင်သည် ။ ကျွန်တော်တို့ ရနေသော ဒီမိုကရေစီမှာ အတုလား ၊အစစ်လားဆိုတာ ကျွန်တော် ဒီနေ့ အထိ မခွဲခြားနိုင် ။မခွဲခြားတတ်ပေ ။ လူထုဆန္ဒမဲဖြင့်တက်လာသောအစိုးရတစ်ရပ်ပေါ်ထွန်းလာသဖြင့် ဒီမိုကရေစီစစ်ပြီဟုထင်မိသည့်အခါလည်းရှိသည် ။ လွှတ်တော်ထဲတွင် ရွေးကောက်ခံမဟုတ်သောပုဂ္ဂိုလ် ၂၅ ရာခိုင်နှုန်းပါနေသဖြင့် ဒီမိုကရေစီအတုဟုထင်မိသည်လည်းရှိသည် ။ ၀န်ကြီးအဖွဲ့ တွင် ပြည်ထဲရေး ၊ ကာကွယ်ရေး ၊ နယ်စပ်ရေးရာ ၀န်ကြီးသုံးပါး အပေါ်မှ ကျလာတာမြင်ရသဖြင့် ဒီမိုကရေစီဟုတ်ရဲ့လားဟုထင်မိသည် ။ လွတ်လပ်စွာပြောဆိုခွင့်တွေ အရင်ကထက်ပိုရလာသဖြင့် ဒီမိုကရေစီခေတ်ရောက်ပြီဟုထင်မိသည်လည်းရှိသည် ။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားတို့ အခွင့်အရေးအခန်း၍ နိုင်ငံသားတိုင်းသည် ဥပဒေကိုမဆန့်ကျင်လျှင်ကိုယ်ယုံကြည်တာကို လွတ်လပ်စွာ ရေးသား ၊ ထုတ်ဝေ ၊ဖြန့် ချိ ၊ပြောဆိုခွင့် ရှိသည်ဟု လွတ်လပ်ခွင့်ကိုပေးထားသဖြင့် ဒီမိုကရေစီဟု ထင်မိသည်လည်းရှိ၏ ။ တချိန်တည်းမှာပင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် လက်ထိပ်ခတ်အဖမ်းခံထောင်ကျခဲ့သူ၊လောလောဆယ်အဖမ်းခံနေရသူ ၊ နောင်အဖမ်းခံရလတ္တံ့ သော ပုဂ္ဂိုလ်များကိုမြင်သောအခါ ငါတို့ဟာ ဒီမိုကရေစီဟုတ်မှဟုတ်ရဲ့လားဟုလည်းထင်မိပါသည် ။ ဘာပဲဖြစ်ဖြစ် မြန်မာပြည်သည် ပန်းအတု ၊အရက်အတု ၊ကွမ်းစားဆေးအတု ၊နာရီအတု ၊ ဆလင်းဘက်အတု ၊မိတ်ကပ်အတု ၊ ဆေးဝါးအတုတို့ဖြင့် အသားကျနေသောနိုင်ငံဖြစ်ရာ ဒီမိုကရေစီအတုဖြစ်တော့လည်း သိပ်အံ့သြစရာတော့ရှိမည်မထင်ပါကြောင်း။
သရ၀ဏ်(ပြည်)
သူရိယအလင်းဂျာနယ်
၅.၁၂.၂၀၁၆
Read More...
Friday, October 28, 2016
ဒီမိုကရေစီနဲ့မထိုက်တန်သောစိတ်ဓာတ်များ
Leave a Comment
ဒီမိုကရေစီနဲ့မထိုက်တန်သောစိတ်ဓာတ်များ
သရ၀ဏ်(ပြည်)
အခုတလော ကြားရကြားရ နားဝမှာ မချမ်းသာတဲ့အဖြစ်တွေများပါတယ် ။  ကိုယ့်နိုင်ငံသားတွေရဲ့ တွေးခေါ်နိုင်စွမ်းဟာဒီလောက်တောင်နိမ့်ကျနေပြီလားလို့လည်း ရင်နာနာနဲ့တွေးမိပါတယ် ။ တကယ်တော့ကျွန်တော်တို့ဟာ ဒီမိုကရေစီနိုင်ငံထူထောင်ဖို့  အရှေ့ကို တစ်လှမ်းပြီးတစ်လှမ်း သွားကြဖို့ ကြံရွယ်နေကြတာပါ ။ဒါပေမယ့်ဒီလိုအဖြစ်မျိုးတွေ တွေ့ ရပြန်တော့ မြန်မာအချို့ ဟာ ၁၆ ရာစု ၁၇ ရာစုကအတွေးအခေါ်အဆင့်လောက်ပဲရှိနေတုန်းဆိုတာ အံ့သြခမန်းသိလိုက်ရပါတော့တယ် ။သူများနိုင်ငံတွေက လကမ္ဘာပေါ်လူရောက်ရုံမက အင်္ဂါဂြိုဟ်ပေါ်ကိုတောင်သွားဖို့ အားထုတ်နေကြပြီ ။ ကျွန်တော်တို့ တွေဘာလုပ်နေကြသလဲ ။   အားလုံးသိကြတဲ့အတိုင်း ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် တွံတေးဝကျေးရွာမှာ သုံးနှစ်အရွယ်ကလေးတစ်ယောက် ၊ လေးနှစ်အရွယ်ကလေးတစ်ယောက် ၊ ရှစ်လအရွယ်ကလေးတစ်ယောက် ကို ပယောဂဆရာက သူရဲဝင်ပူးနေတယ်ဆိုပြီး ရိုက်နှက်ရာက သေဆုံးကုန်ကြတဲ့သတင်း ၊ မသင်းသင်းစိုးဆိုတဲ့ကလေးမလေး ကိုတော့ ခြေထောက်နဲ့ကန် ၊ တက်နင်း ၊ လက်သီးနဲ့ထိုး ၊ ပုဆိန်နဲ့ထုခဲ့လို့  ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာအတွင်းလူနာအဖြစ်ကုသထားရတဲ့သတင်းပါ ။ အဲဒိဖြစ်စဉ်မှာကျွန်တော်အံ့သြတာက ပယောဂဆရာကိုမဟုတ်ပါဘူး ။ လောကမှာ ကိုယ့်ကိုယ်ကို တော်တယ်တတ်တယ် ဆရာတစ်ဆူပါရဂူလို့ဘ၀င်မြင့်ရူးရူးနေတဲ့သူတွေ ဒုနဲ့ဒေးရှိနေနိုင်ပါတယ် ။ ဒေါက်တာရမ်းကုတွေ ၊ ဘိုးတော်အတုတွေ ၊ ဆရာဝန်အတုတွေ ၊ ရမ်းကုတွေ ၊ ပျောက်စေဆရာယောင်တွေ ဒီလောကမှာ အများကြီးရှိတတ်တာပဲ ။ သူတို့ကတော့ကိုယ့်သားသမီးအသက်မဟုတ်လို့ တွေ့ သမျှလူကို ပယောဂ၀င်တယ်ဆိုပြီးလက်တည့်စမ်းမှာပါပဲ ။ ကျွန်တော်အံ့သြတာက သေသွားတဲ့ ကလေးသုံးယောက်နဲ့  သေလုမျောပါးဖြစ်သွားတဲ့ ကလေးမလေး ရဲ့မိဘတွေကိုပါပဲ ။ ပယောဂဆရာဟာ ကလေးတွေကို နိုင့်ထက်စီးနင်းနှိပ်စက်နေချိန်မှာ ကလေးလေးယောက်ရဲ့ အဖေလေးယောက် ၊ အမေလေးယောက် လူရှစ်ယောက်တိတိအနားမှာထိုင်ကြည့်နေတာပါ ။ သူတို့ ဟာ လူစိတ်မရှိကြတော့ဘူးလား ၊ မိခင်စိတ် ၊ဖခင်စိတ်မရှိကြတော့ဘူးလား ။ ကိုယ့်သားသမီး လူမမယ်အရွယ်လေးကို ယောက်ကျားရင့်မကြီးက ဒီလိုရက်ရက်ရက်စက်စက်ပြုမူနေတာကို မတားမြစ်ပဲ ကြည့်နေခဲ့ကြတာကို အအံ့သြဆုံးပါပဲ ။ ကလေးတွေဟာ ရုတ်တရက်တချိန်ထဲ တစ်ပြိုင်နက်ကွယ်လွန်ခဲ့တာမဟုတ်ပါဘူး ။ တစ်ယောက်ပြီးတစ်ယောက်သွေးအေးအေးနဲ့  ဂျာမန်ဂက်စတာပိုတွေက ဂျူးတွေကို သတ်သလို သတ်ခဲ့တာပါ ။
ကံဆိုးရှာတဲ့ပထမကလေး မောင်နေလလင်း ဟာ ပယောဂဆရာ ထွန်းနိုင်လက်ချက်နဲ့ အောက်တိုဘာလ ၁၈ ရက် ည ၁၂ နာရီခန့်မှာ အသက်ထွက်သွားပါတယ် ။အလောင်းကိုတွံတေးတူးမြောင်းထဲကိုပယောဂဆရာကလှေနဲ့သွားရောက်စွန့်ပစ်ခဲ့ပါတယ် ။ မိဘတွေဟာ ဒီလောက်ဆိုသိသင့်ပါပြီ ။ဆက်မလုပ်ဖို့တားမြစ်ရမှာပါ။ ဒါပေမယ့်ပယောဂဆရာကိုဆက်လုပ်ခွင့်ပေးထားခဲ့တယ် ။ နောက်တစ်နေ့ အောက်တိုဘာလ ၁၉ ရက်နေ့မှာ မလှနှင်းရွှေ (၂ နှစ် ) ၊ မသင်းသင်းစိုး (၄ နှစ် ) ၊ မယမင်း ( ၈ လ) တို့ မှာလဲ သရဲတစ္ဆေ၀င်ပူးနေတယ်ဆိုပြီး ထပ်မံနှိပ်စက်ခဲ့ပါတယ် ။ အဲဒိနေ့  ည ၁၀ နာရီမှာ မလှနှင်းရွှေ နဲ့ မယမင်းတို့ထပ်မံ သေးဆုံးပါတယ် ။ နောက်တနေ့မနက် မှာ အိမ်ဘေးမှာ မြေမြှုပ်လိုက်ပါတယ် ။ မိဘတွေဟာ ဒီအချိန်အထိအသိတရားမရသေးပါဘူး ။ ဘေးအိမ်ကအမြင်မတော်တဲ့လူတစ်ယောက်က သက်ဆိုင်ရာကိုသွားသတင်းပို့ တော့မှ ဟိုးလေးတကျော်ဖြစ်ပြီး တွံတေးမြိ့ရဲစခန်းက ပြစ်မှုဆိုင်ရာဥပဒေပုးမ ၃၀၂ /၃၂၅/ ၂၀၁ နဲ့ ပယောဂဆရာကို ဖမ်းဆီးအရေးယူခဲ့တာပါ ။ ပြောရရင် မိဘတွေအပါအ၀င်ဘေးကရပ်ကြည့်နေတဲ့သူတွေအားလုံးကို လူသတ်မှုမှာ အားပေးအားမြှောက်ကူညီမှုနဲ့ ဖမ်းဆီးအရေးယူရမှာပါ ။ တကယ်တော့ အခင်းဖြစ်ခဲ့တဲ့ တွံတေးဝကျေးရွာဆိုတာ ရန်ကုန်နဲ့သိပ်အဝေးကြီးတောင်မဟုတ်ပါဘူး ။တွံတေးတူးမြောင်းနဘေးမှာရှိပြီး သူတို့ရွာကနေလှမ်းကြည့်လိုက်ရင် ရွှေတိဂုံစေတီတော်မြတ်ကြီးကိုတောင် ခပ်ဝေးဝေးမှာလှမ်းမြင်နေရတဲ့နေရာပါ ။ လူသူအရောက်အပေါက်နည်းတဲ့ ချင်းတောင်တန်း ၊ကယားပြည်နယ် လိုနေရာမျိုးလည်းမဟုတ်ပါဘူး ။ သုံးနာရီလောက်ကားစီးလိုက်ရင် ရန်ကုန်ကိုရောက်နိုင်တဲ့နေရာမျိုးပါ ။ အဲဒိလိုနေရာမှာဒီလိုကိစ္စမျိုးတွေဖြစ်နေတော့ အံ့သြရပါတယ် ။ အဓိကလက်သည်တရားခံအစစ်ဟာ ပညာမတတ်ကြခြင်း ၊ ဗဟုသုတမရှိခြင်း ၊ ဆင်းရဲနွမ်းပါးခြင်း ၊ နဲ့စာမဖတ်ကြခြင်းတို့ပဲဖြစ်ပါတယ် ။
။လူမမာကိုပယောဂဆိုပြီးနှိပ်စက်ပြတဲ့ပြကွက်တွေဟာမြန်မာဗီဒီယိုတွေ ၊ရုပ်ရှင်တွေထဲမှာ ဇာတ်နာပြီးကြည့်ကောင်းပေမယ့်အပြင်မှာမရှိသင့်တော့ပါဘူး ။  အကျဉ်းချုပ်ကတော့ ဆင်းရဲခြင်း ဗဟုသုတနည်းခြင်းတို့ပါပဲ ။ တိုင်းပြည်ကို တကယ်ဒုက္ခပေးနေတာလဲအဲဒိအချက်နှစ်ချက်ပါပဲ ။ လူတွေဟာ ဆင်းရဲကြတယ် ။ဆင်ရဲတော့ပညာကောင်းကောင်းမသင်နိုင်ဘူး ၊ ပညာမတတ်တော့ ဗဟုသုတနည်းတယ် ။ အယုံလွယ်တယ် ။အမြင်မကျယ်ဘူး ။ အမှားအမှန်ကိုမခွဲခြားတတ်ဘူး ။ အယူသီးတယ် ။အရာရာကိုကြောက်တတ်တယ် ။ အတွေးအခေါ်နိမ့်တယ် ။ဒါတွေဟာ ဆက်စပ်နေတာပါ ။သပ်သပ်စီမဟုတ်ပါဘူး ။မြန်မာနိုင်ငံဖြစ်နေတဲ့ပြသနာဟာ ဒီနှစ်ခုပါပဲ ။ ဆင်းရဲမွဲတေခြင်းဟာ တိုင်းပြည်ရဲ့အဓိကအန္တရာယ်ပါ ။ တိုင်းပြည်မှတကယ်လိုနေတာ အပေါ်ထပ်အဆောက်အဦတွေမဟုတ်ဘူး ။ မစားရ၀ခမန်းစီမံကိန်းကြီးတွေမဟုတ်ဘူး ။ခရိုနီတွေနဲ့ညီညွတ်ရေးမဟုတ်ဘူး ။ ကော်ဇောတွေဖိတ်ဖိတ်တောက်နေတဲ့ အဲကွန်းခန်းထဲက ဟိုတယ် တွေမှာမကြာခနလုပ်လေ့ရှိတဲ့ Work Shop တွေ ဆီမီနာတွေ ၊ အစည်းအဝေးတွေမဟုတ်ဘူး ။ တကယ်လိုနေတာ ဆင်းရဲမွဲတေမှုကို ကယ်တင်ဖို့  နဲ့ မြန်မာတွေ လူတိုင်းလူတိုင်းမသင်မနေရ အနည်းဆုံး အလယ်တန်းပညာပြီးဆုံးအောင်တတ်ဖို့ ပါပဲ ။ ပိုပြီးပြောရရင် လူတွေစာဖတ်ဖို့ ကိုလဲအစိုးရဟာ စီမံကိန်းတွေချပြီး အပြင်းအထန် ကြိုးစားသင့်ပါတယ် ။ မြို့ကြီးတွေမှာ ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေး (ပြန်/ဆက် ) စာကြည့်တိုက်တွေဖွင့်ပြီး စာဖတ်သူနတ္ထိအနေအထားနဲ့ လူတွေကိုငုတ်တုတ်ထိုင်စောင့်တဲ့စနစ်အစား ကျောင်းတွေအားလုံးမှာကျောင်းစာကြည့်တိုက် (စစ်အစိုးရခေတ်ကလို အမည်ခံမဟုတ် ) တွေတွင်တွင်ကျယ်ကျယ်ဖွင့်ပြီး မူလတန်းအရွယ်ထဲက ကျောင်းသားကျောင်းသူတွေရဲ့အသိအမြင်ကိုမြှင့်တင်ပေးသင့်ပါတယ် အလုပ်မဖြစ်တဲ့ ပြန်/ဆက် စာကြည့်တိုက်စနစ်ကိုလဲ ပြန်ကြားရေးဝန်ကြီးဌာနက ပြန်ပြီးဆန်းစစ်ကာသူ့ထက်ကောင်းတဲ့စနစ် တခုဖော်ဆောင်သင့်ပါတယ် ။ လူတွေဟာ ဆင်းရဲလို့ကျောင်းမနေ ၊ ကျောင်းမနေလို့ စာ မတတ် ၊စာမတတ်လို့စာမဘတ် ၊စာမဘတ်လို့ဗဟုသုတနည်းဆိုတဲ့ သံသရာဆိုးကိုရပ်တန့် ပြစ်ဖို့လိုပါတယ် ။ ရန်ကုန်မြို့မှာ စာပေဗိမာန်စာအုပ်အရောင်းဆိုင်အောင်မြင်သလို အဲဒိလိုစနစ်မျိုး စာပေဗိမာန်စာအုပ်အရောင်းဆိုင်စနစ်မျိုးကို တိုင်းနဲ့ပြည်နယ် မြို့ကြီးတွေအားလုံးမှာ ဖွင့်လှစ်ရောင်ချသင့်ပါတယ် ။
     နောက်ထပ် ကမောက်ကမကိစ္စတခုကတော့ အသုဘချရင်း၊တောင်ရွာ မြောက်ရွာ စကားများရန်ဖြစ် အငြင်းပွားကြတဲ့ကိစ္စပါပဲ ။ အဲဒါကလည်း ရန်ကုန်မြို့နဲ့ သိပ်မဝေးတဲ့အရပ်မှာဖြစ်ခဲ့တာမို့ ထူးဆန်းပေ၏လို့ပြောရမလိုပါပဲ ။ မြန်မာနိုင်ငံရဲ့စီပွားရေးမြို့တော်ကြီးနဲ့သိပ်မဝေးတဲ့နေရာမှာဖြစ်ခဲ့တာမို့  ပြည်နယ်တွေ ၊ တောင်တန်းဒေသတွေ ဝေးလံခေါင်းဖျားဒေသတွေမှာဆို ဒိထက်ဆိုးမယ်လို့ ထင်ပါတယ် ။ရန်ကုန်တိုင်းဒေသကြီး ၊ကော့မှူးမြို့နယ် ၊ ကျိုက်ထော်ကျေးရွာမှာဖြစ်ပွားခဲ့တာပါ ။ အဲဒိရွာဟာ တစ်ရွာတည်းပေမယ့် ရွာအလယ်မှာပေ ၅၀ လောက်ကျယ်တဲ့ ချောင်းလေးတစ်ခုခြားပြီး နေတဲ့အတွက် တောင်ရွာနဲ့ မြောက်ရွာရယ်လို့ နှစ်ရွာကွဲနေပါတယ် ။ မြောက်ရွာမှာအိမ်ခြေ ၉၆၀ခန့်  လူဦးရေ ၄၂၀၀ ကျော် ၊ တောင်ရွာကတော့ အိမ်ခြေ ၅၈၀ ခန့် နဲ့ လူဦးရေ ၂၄၆၀ လောက်ရှိတယ်လို့ ဆိုပါတယ် ။ အုပ်ချုပ်ရေးကအစသီးခြားစီဖြစ်ပေမယ့်  သုသာန်ကတော့ တခုတည်းပဲရှိပါတယ် ။ ရွာနဲ့ ၅ ဖာလုံလောက်ဝေးတဲ့ တိုးမြစ်ကမ်း နဘေးမှာ သုသာန်ရှိပါတယ် ။ မြောက်ရွာမှာနာရေးဖြစ်ရင်တောင်ရွာ ကိုဖြတ်သန်းသွားမှ သုသန်ကိုရောက်ပါတယ် ။ အရင်ကတော့ နာရေးဖြစ်ရင် မြောက်ရွာ ကအလောင်းကို ရေကြောင်းကပဲသယ်ပြီး သုသာန်ကိုပို့ ကြပါတယ် ။ အခုတော့ နှစ်ရွာကြားက ချောင်းကလေးမှာ တံတားဆောက်ပြီးသွားလို့ လမ်းကောင်းသွားပြီးကားတောင်မောင်းလို့ရသွားတာကြောင့် နှစ်ရွာဟာ တဆက်တည်းဖြစ်သွားပါပြီ ။ အဲဒိအချိန်မှာ ၁၉.၁၀.၂၀၁၆ ( တိုက်တိုက်ဆိုင်ဆိုင် အဲဒိနေ့ ဟာ တွံတေးဝကျေးရွာမှာ ပယောဂဆရာလက်ချက်နဲ့ ကလေးတွေသေတဲ့နေ့ပါ ) ကျိုက်ထော် (မြောက်ရွာ )မှာ ဒေါ်ကျင်စိန် (၇၇)နှစ်ဟာ လူကြီးရောဂါနဲ့ကွယ်လွန်ပါတယ် ။အိမ်မှာသုံးရက်ထားအပြီး ၂၁ ရက်နေ့ မှာနာရေးချပါတယ်။မြောက်ရွာဟာ လမ်းတွေကောင်းသွားတဲ့အပြင် ရွာမှာလဲ ရွှေကျိုက်ထော်နာရေးကူညီမှုအသင်းလဲရှိနေပြီမို့ တံတားဖြတ်ပြီး နိဗ္ဖာန်ယာဉ်နဲ့ အသုဘပို့ ချင်ပါတယ် ။ ဒါမေယ့် တောင်ရွာက နာရေးကားအဖြတ်မခံလို့  အငှားကားနဲ့  သယ်ဆောင်လာကြရာမှာ ရွာနှစ်ရွာကြားတံတားပေါ်အရောက် တောင်ရွာကလူထုက သူတို့ ရွာထဲအ၀င်မခံပဲတားကြပါတယ် ။ တံတားတဖက်က တောင်ရွာနယ်မိမိတ်ထဲဝင်လာကာစမှာပဲ လူအုပ်နဲ့တားမြစ်တာကြောင့် အခေါင်းကိုကားပေါ်ကအချ တောင်ရွာကလူထုကတားမြစ် ၊ တောင်ရွာနဲ့မြောက်ရွာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လမ်းပေါ်ကိုအခေါင်းလွတ်ကျသွားပါတယ် ။ တောင်ရွာကလူတွေက အသုဘအလောင်းကိုရွာဖြတ်မသယ်ကောင်းဘူး ဆိုတဲ့အယူအဆရှိသလို ၊ မြောက်ရွာကလည်း အလောင်းကျတဲ့နေရာကမရွှေ့ကောင်းဘူးဆိုတဲ့အယူအဆရှိတာကြောင့် ၂၁ ရက်နေ့  တစ်နေ့လုံး ဒေါ်ကျင်စိန်အခေါင်းကြီးဟာ လမ်းပေါ်မှာ ပဲကန့်လန့်ဖြတ်ကြီးယူမယ့်သူမရှိလို့ မိုးတွေရွာတာကြောင့်ထီးကြီးတလက်မိုးထားရပါတယ် ။
သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းတွေက ညှိနှိုင်းပေးပေမယ့်မပြေလည်ခဲ့ပါဘူး ။ ၂၂ ရက်နေ့မှာတော့နယ်လုံဝန်ကြီးညှိနှိုင်းပေးချက်အရ ဒေါ်ကျင်စိန်ရုပ်အလောင်းကို မြောက်ရွာဧရိယာထဲနောက်ကြောင်းပြန်သယ်လာပြီး ရေကြောင်းကပို့ ဆောင်ပေးလိုက်ပါတယ် ။ အလောင်းကိုရေကြောင်းကပို့ ဆောင်ပြီး အသုဘပို့ ပရိတ်သတ်က တောင်ရွာကိုကုန်းကြောင်းကဖြတ်သွားဖို့ လုပ်ကြတော့ မလိုလားအပ်တဲ့ ပြသနာတွေထပ်ဖြစ်မှာစိုးလို့ တာဝန်ရှိသူတွေက လူအုပ်ကို မလိုက်ခဲ့ဖို့ ပြောတာကြောင့် အသုဘဟာ မိသားစုနဲ့ပဲ တိတ်တိတ်ဆိတ်ဆိတ်သဂြိုဟ်လိုက်ရပါတယ် ။ နယ် /လုံဝန်ကြီးအမိန့် အရ နိုဝင်ဘာ ၁ ရက်နေ့အထိ သေဆုံးသူတွေကို မြောက်ရွာကရေကြောင်းကနေပို့ ဆောင်ရမှာဖြစ်ပြီး အဲဒိကာလနောက်ပိုင်းမှာတော့ နာရေးဖြစ်ရင် တောင်ရွာကိုဖြတ်သန်းပြီးပို့ ဆောင်ခွင့်ပြုရမယ်လို့ ဆုံးဖြတ်လိုက်တယ်လို့သိရပါတယ် ။
               ဒီကိစ္စကိုကြည့်ရင် မြန်မာလူမျိုးတွေမှာအရိုးစွဲနေတဲ့ (ဘုရားဟောမဟုတ်တဲ့ ) အယူဝါဒတွေကိုတွေ့ရမှာဖြစ်ပါတယ် ။ အသုဘဖြစ်ရင် ရွာထဲကိုမသွင်းကောင်း ၊ ရွာထဲမဖြတ်သန်းကောင်း ၊ နောက်ပြန်မပို့ ကောင်း ၊အဆန်မသယ်ကောင်း ၊ အလောင်းကျတဲ့နေရာကနေမရွှေ့ ကောင်း ၊လမ်းထဲရွာထဲ ရပ်ကွက်ထဲ အိမ်ရှေ့မှာ နာရေးယာဉ်မရပ်ကောင်း ၊ ရွာနာတယ် ၊ ရပ်ကွက်နာတယ်ဆိုတဲ့အယူအဆတွေဟာ အခုအချိန်အထိအချို့နေရာတွေမှာ အရိုးစွဲ နေကြဆဲ ၊အယူသီးကြဆဲဖြစ်ပါတယ် ။ အရင်တုန်းကလို ကိုယ့်တရွာထဲအများနဲ့ကင်းပြီးတောထဲမှာရွာတည်ထားရင်တော့ ဒီဓလေ့တွေဟာ ကျင့်သုံးရ လိုက်နာရ လွယ်ကူပါတယ် ။ဒါပေမယ့် ၂၁ ရာစုမှာ ကမ္ဘာကြီးဟာရွာကြီးတစ်ရွာဖြစ်သွားပြီ ၊ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကိုရောက်ပြီ ၊ မြို့ ပြဟာ ကျယ်ပြန့်လာပြီဆိုတဲ့အချိန်မှာ ဘုရားဟောမထားတဲ့ ဓလေ့ထုံးစံအချို့ ကို ပြင်ဖို့ လိုပါပြီ ။ ရန်ကုန်မှာ တမြို့လုံးက အလောင်းတွေကို မြောက်ဥက္ကလာ ကိုဖြတ်ပြီး ရေဝေးသုသာန်ကိုသယ်လာနေကြတာပါ ။အသုဘကားတွေဟာ မြောက်ဥက္ကလာ (-) ရပ်ကွက်ကနေဖြတ်ပြီး ရေဝေးသုသာန်ကိုလာကြရတာပါ ။ မြောက်ဥက္ကလာမြို့သူမြို့ သားတွေဟာ ဘာမှမပြောသလို ကိုယ့်အိမ်ရှေ့ကဖြတ်ပြီး နာရေးကားတွေ သွားနေတာကို (- )ရပ်ကွက်သူရပ်ကွက်သားတွေကလဲဘာမှမကန့်ကွက်ကြပါ ။ဘာ့ကြောင့်လဲဆိုတော့ သဘောထားကြီးကြီးထားနိုင်လို့  ၊အမြင်ကျယ်လာကြလို့ ဖြစ်ပါတယ် ။ တကယ်တော့ လူသေတာအဆန်းမဟုတ်ပါဘူး ။ လူတွေအားလုံးသေမျိုးတွေချည်းပါပဲ ။လူသေရင် အလောင်းကို သင်္ချိုင်းကိုပို့ ကြရတာချည်းပါပဲ ။ သက်မဲ့အလောင်းတလောင်းဖြတ်သန်းသွားလို့ လဲတကယ်တော့ ရပ်ရွာမှာ ဘာမှ အထူးတလည်ဘေးဒုက္ခကျစရာမရှိပါဘူး ။
ကမ္ဘာပေါ်မှာနေ့စဉ် လေယာဉ်တွေနဲ့အလောင်းတွေသယ်နေကြတာပါ ။ မြန်မာနိုင်ငံကိုဖြတ်ပြီး မြောက်များစွာသောလေယာဉ်တွေဟာ အလောင်းတွေကိုသယ်ဆောင်လို့ ဖြတ်ကျော်ပျံသန်းနေကြတာပါ ။ ဆေးရုံတွေကနေ ၊  အနယ်နယ်အရပ်ရပ်ကို မော်တော်ကားတွေနဲ့ ကွယ်လွန်သူကိုသယ်ဆောင်ပြီး မောင်းနှင်နေကြတာပါပဲ ။အလောင်းကျရာနေရာကနေ မရွေ့ ရဘူးဆိုတာလည်းအဓိပါယ်မရှိပါဘူး ။စစ်မြေပြင်မှာကျဆုံးလေသမျှ စစ်သည်တွေကို ဘယ်တပ်မတော်ကပဲဖြစ်ဖြစ် သေတဲ့နေရာမှာ ပဲထားခဲ့ရိုးမရှိပါ ။ မရရအောင်အလောင်းကိုနောက်တန်းမိသားစုရှိရာပြန်သယ်ကြပါတယ် ။အာဖဂန်နစ္စတန်မှာသေတဲ့အမေ၇ိကန်စစ်သားတွေကိုလည်း မိခင်အမေရိကန်ပြည်ထောင်စုကိုပြန်သယ်ကြပါတယ် ။ ပြင်သစ်ကလည်း ပြင်သစ်ကိုပြန်သယ်ကြတာပါ ။ ဒါ့ကြောင့်ဒီအဖြစ်အပျက်မှာ တောင်ရွာရော ၊မြောက်ရွာကလူတွေရော မြန်မာတပြည်လုံးကလူတွေ အမြင်ကျယ်သင့်ပြီလို့ထင်ပါတယ် ။ ခုနကပြောခဲ့သလို ကမ္ဘာပေါ်မှာအချို့နိုင်ငံတွေက ဆက်သွယ်ရေးဂြိုဟ်တုတွေလွှတ် ၊ နျူကလီးယားနည်းပညာတွေ တီထွင် ၊ ကမ္ဘာပျက်ရင်အခြေချဖို့ အခြားဂြိုဟ်တွေ စကြာဝဋ္ဌာထဲမှာရှာနေတဲ့အချိန်မှာ ကျွန်တော်တို့တွေက တောင်ရွာမြောက်ရွာရန်ဖြစ်တုန်း ၊ စလောင်းဖုံးနှစ်ချပ်တီးရင်ကျားကိုက်မယ်လုပ်တုန်း ၊အသုဘကိုရွာထဲဖြတ်မသွားရလုပ်တုန်း ၊ ပယောဂဆရာလက်ကို ကိုယ့်သားသမီးအသက်အပ်တုန်းလုပ်နေတာတွေဟာ သိပ်ရှက်ဖို့ ကောင်းပါတယ် ။ ဒါတွေဟာ အသိပညာဗဟုသုတ နည်းပါးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေပါ ။ဒီလိုတွေမဖြစ်ဖို့ နိုင်ငံသားအားလုံးမှာတာဝန်ရှိပါတယ်။  သာသနာပြု ဓမ္မကထိကဆရာတော်များဟာ လဲ ကျေးလက်တောရွာများက မြန်မာလူမျိုးတွေအသိအမြင်ပွင့်လင်းလာဖို့  တောနယ်ဘက်တွေမှာ အယူမသီးကြဖို့ တရားတွေ များများဟောကြားပေးစေချင်ပါတယ် ။
   ဒီမိုကရေစီစနစ်ဟာ ကမ္ဘာမှာအခုအချိန်အထိ အကောင်းဆုံးစနစ်တခုပါ ။ ဒါပေမယ့် ဒီစနစ်အောင်မြင်ဖို့ ခက်ပါတယ် ။ ဒီမိုကရေစီစနစ်ဟာ အာဏာရှင်စနစ်လို အုပ်ချုပ်သူတွေ တာဝန်ချည်းပဲလို့ အရာရာလွှဲချထားလို့ မရပါဘူး ။ပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှုကအရေးကြီးပါတယ် ။ပြည်သူလူရဲ့ တယောက်ချင်းအရည်အသွေးကအဓိကကျပါတယ် ။ပြည်သူလူထုရဲ့တာဝန်ယူတတ်မှု ကအရေးကြီးပါတယ် ။ အရာရာကို ခေါင်းဆောင်တယောက်ထဲ လွှဲချလို့ မရပါဘူး ။ကိုယ်တိုင်လဲပါဝင်ဆောင်ရွက်ရပါမယ် ။ဒီမိုကရေစီလိုချင်တယ်ပြောပြီး အမှိုက်တွေကို တွေ့ကရာနေရာမှာလုံးထွေးပြီးလွှင့်မပစ်ကြဖို့ လိုပါတယ် ။ ဒီမိုကရေစီလိုချင်တယ်ပြောပြီး ကွမ်းတံတွေးတွေ တွေ့ ကရာနေရာမှာမထွေးဖို့ လိုပါတယ် ။ဒီမိုကရေစီလိုချင်တယ်ပြောပြီး အများအတွက်မစဉ်းစားပဲ တကိုယ်ကောင်းမဆန်ကြဖို့ လိုပါတယ် ။ တန်းစီတတ်တဲ့အလေ့အထ ၊ သူတပါးကိုငဲ့ညှာတဲ့အပြုအမူ ၊ နိုင်ငံသားတယောက်ချင်း အရည်အသွေးတိုးတက်အောင် အမြဲမပြတ်လေ့လာဆည်းပူးနေချင်တဲ့စိတ်ဓာတ် ၊တာဝန်ယူမှုတာဝန်ခံမှု ၊မတရားအခွင့်အရေးယူရမှာရှက်တဲ့အကျင့်တွေ အားလုံးမှာရှိနေမှ ဒီမိုကရေစီဝါဒ ခိုင်မြဲမှာပါ ။
 မြန်မာနိုင်ငံဟာ ၁၉၅၈ မှာဒီမိုကရေစီ ခေတ္တသေဆုံးသွားတယ် ။ အာဏာရှင်စနစ် ၂ နှစ်လောက်ခေါင်းထောင်ထလာတယ် ။ နောက်တော့ အားလုံးဝိုင်းဝန်းကြိုးစားလို့ ၁၉၆၀ မှာ ဒီမိုကရေစီ ပြန်ပြီးအသက်ဝင်လာတယ် ။ ဒါပေမယ့် ၁၉၆၂ မှာ ဒီမိုကရေစီသေဆုံးရပြန်တယ် ။အခုအချိန်အထိပါပဲ။ အခုတော့ ဒီမိုကရေစီဟာ တစ်ပိုင်းတစ်စထွက်ပေါ်လာပါပြီ ။ ရေရှည်မှာ ဒိထက်မက ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့  ၊အာဏာရှင်စနစ်အပြီးတိုင်ကျဆုံးသွားပြီး နိုင်ငံကောင်းစားဖို့  နိုင်ငံသားတစ်ယောက်ချင်းရဲ့အကူအညီလိုတယ် ။ နိုင်ငံသားတွေဟာ ပညာဥာဏ်ရည်မြင့်နေဖို့ လိုတယ် ။ နိုင်ငံသားတွေဟာ ဆင်းရဲတွင်းကလွတ်ဖို့လိုတယ် ။ နိုင်ငံသားတွေ စာတတ်ကြဖို့  ၊စာဖတ်ကြဖို့လိုတယ် ။ရှေးရိုးစွဲအယူအဆတွေ ဖျောက်ဖို့ လိုတယ် ။ဝါးလုံးခေါင်းထဲလသာမနေဖို့လိုတယ် ။
   ကိုယ့်သားသမီးလူမမယ်အရွယ်လေးကို ပယောဂဆရာလက်ထဲအပ်ပြီးသေအောင်လုပ်တာထိုင်ကြည့်ကြတဲ့စိတ်ဓာတ်မျိုး ၊လူသေလို့ဝမ်းနည်းကြေကွဲနေတဲ့မိသားစုကို ကိုယ်ချင်းစာတရားမထားနိုင်ပဲ မိမိရပ်ရွာထဲကဖြတ်မသွားဖို့မောင်းထုတ်တဲ့စိတ်ဓာတ်မျိုး ၊ ကိုယ့်စက်လှေမှာ လူများများပါဖို့ ပိုက်ဆံများများပါဖို့ကလွဲပြီး ခရီးသည်တွေအသက်ကို လုံးဝထည်းမတွက်တဲ့စိတ်ဓာတ်မျိုး ၊ရာထူးတစ်ခုကို တာဝန်လို့ သဘောမထားပဲ လုပ်ပိုင်ခွင့်လို့ ယူဆပြီး မတရားမှုကိုမတားဆီးပဲ မိမိကိုယ်ကျိုးပဲကြည့်တဲ့တာဝန်ရှိသူအချို့ရဲ့လုပ်ရပ်မျိုး ၊ ဒီမိုကရေစီဆိုတာ ငါနဲ့ငါ့မိသားစုချမ်းသာရေးလို့ နားလည်တဲ့ အောက်တန်းစားစိတ်ဓာတ်မျိုး၊ ဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့ စီးပွားရေးဝိသမလောဘသားစိတ်မျိုး တွေဟာ ဒီမိုကရေစီကိုခြိမ်းခြောက်နေတဲ့ အညံ့စားစိတ်ဓာတ်တွေပဲ ။တိုင်းပြည်တပြည်မှာအဲဒိလိုအညံ့ စားစိတ်ဓာတ်ပိုင်ရှင်တွေများနေမယ်ဆိုရင် ဘယ်တော့မှအထက်တန်းကိုမရောက်နိုင်ဘူး ။ အာဆီယံမှာ ဘိတ် ၊ ကမ္ဘာမှာ ဓားမနောက်ပိတ်ခွေးဘ၀မှာပဲ ကျင်လည်နေရလိမ့်မယ် ။ ဒါတွေအားလုံးကို အစိုးရကလည်း အချိန်မဆိုင်းပဲကိုင်တွယ်ဖြေရှင်းရမယ် ။လူတွေကလည်း ပြောင်းလဲကြရတော့မယ် ။
ကျွန်တော်တို့ ညံ့ရင် ရထားတဲ့ဒီမိုကရေစီလေးတောင်ပြန်ဆုံးရှုံးသွားနိုင်တယ် ။ ဒီမိုကရေစီနဲ့မတန်တဲ့ အညံ့ စားစိတ်ဓာတ်တွေကို ဒီနေ့ ကစပြီး ဖယ်ရှားကြရမှာဖြစ်တယ် ။ ခေတ်ဟောင်းကအတွေးအခေါ်အယူအဆတွေကိုဖယ်ရှားပြီး ၂၁ ရာစုနဲ့ကိုက်ညီတဲ့အတွေးအခေါ်အလုပ်အကိုင်တွေနဲ့ မြန်မာကို ကမ္ဘာကသိအောင်လုပ်ကြရတော့မှာဖြစ်ပါတယ် ။ ဒီမိုကရေစီနိုင်ငံဆိုတာနိုင်ငံသားတဦးချင်းရဲ့အရည်အသွေးပေါ်မှာအခြေခံပြီး တည်ဆောက်ရတာဖြစ်လို့ နိုင်ငံသားတယောက်ချင်းအရည်အသွေးမြင့်ရင် ဒီမိုကရေစီမြန်မြန်ရမယ် ။တဦးချင်းအရည်အသွေးနိမ့်ကျရင်ဒီမိုကရေစီနိုင်ငံထူထောင်ဖို့ ကြန့် ကြာမှာဖြစ်ပါကြောင်း။
သရ၀ဏ်(ပြည်)
စောင့်ကြည့်ဂျာနယ်
၂၈.၁၀.၂၀၁၆
Read More...
Saturday, October 22, 2016
ဘယ်သူ သူရဲကောင်းအစစ်လဲ
Leave a Comment
ဘယ်သူ သူရဲကောင်းအစစ်လဲ
သရ၀ဏ်(ပြည်)
မကြာသေးမီရက်ပိုင်းက မောင်တောတိုက်ခိုက်မှုနှင့်ပါတ်သက်၍ဖေ.စ်ဘွတ်တွင်တက်လာသောနောက်ဆက်တွဲ အကြောင်းအရာတခုမှာစိတ်ဝင်စားဖို့ ကောင်းသည် ။ ၂၀၀၆ အောက်တိုဘာလ ၉ ရက် နေ့ နံနက်လင်းအားကြီးအချိန်က မောင်တောခရိုင်ငါးခူရစခန်းကို ဘင်္ဂလီအကြမ်းဖက်သမားများက ၀င်ရောက်စီနင်းတိုက်ခိုက်ရာ စခန်းမကျဆုံးရအောင် ရွပ်ရွပ်ချွန်ချွန်တညလုံးပြန်လည်ခုခံတိုက်ခိုက်ခဲ့သော ဒုရဲအုပ်အောင်ဆန်းထူး က ရေးသားထားခြင်းဖြစ်ရာ အသက်စွန့်တိုက်ခိုက်ခဲ့ရသော်လည်း ရာထူးတိုးပေးသော စာရင်းထွက်လာသောအခါ သူ့ နာမည်ပါမလာပဲ အခြား သူများရာထူးတိုးခံရကြောင်းကို ကာကယံရှင်က ဤသို့ ရေးသားထားလေ၏ ။
“ ပြည်ထဲရေးဝန်ကြီးနှင့် ရဲချုပ်သိစေရန်
၁၆.၁၀.၁၆
ကျွန်တော်(လ-၂၂၃၈၉၆)  ဒုရဲအုပ်အောင်ဆန်းထူးသည် (၉.၁၀.၁၆) နံနက် ၃ နာရီ ၅၀ မိနစ်တွင် မောင်းတောခရိုင် ငါးခူရနယ်မြေတွင်ဖြစ်ပွားသော RSO အကြမ်းဖက်သမားများ၏ ၀င်ရောက်အကြမ်းဖက်မှုတွင် ရှေ့ တန်းစစ်ကြောင်းစစ်ကြောင်း ရုံးဦးစီး ဒုရဲအုပ် အောင်ဆန်းထူးနှင့် တကက -ခင်မောင်အေး တို့မှ RSO အကြမ်းဖက်သမားများ အား အသေခံပြီးဗဟိုကင်းအား တစ်ညလုံးကာကွယ်ခုခံခဲ့၍ RSO အကြမ်းဖက်သမားများ ပြန်လည်ဆုတ်ခွာသွားပြီး RSO အကြမ်းဖက်သမား ၇ ယောက်ကိုအသေရခဲ့ပါသည် ။
ယခုအခါ ရာထူးတိုးပေးသောအခါ တစ်ညလုံးပျောက်နေပြီး နယ်မြေအေးချမ်းမှပြန်လာသော  အရာရှိနှစ်ယောက်ကို ရာထူးတိုးပေးထားပြီး အမှန်တကယ်အသေခံပြီး ဗဟိုကင်းအား ကာကွယ်ခုခံခဲ့သူ ဒုရဲအုပ် အောင်ဆန်းထူးမှာ ကြေးနန်းစာတွင် အမည်တစ်လုံးမျှမပါသည်ကိုသိရှိရ၍ ပြည်ထဲရေးဝန်ကြီး သိစေရန်တင်ပြအပ်ပါသည် ။
အခင်းဖြစ်သော တညလုံးတွင်ရှိသော လ၀က မှဝန်ထမ်းများလည်း တွေ့ မြင်သိရှိကြပါသည်။
နယ်မြေနဲ့ ဗဟိုကင်းကို စွန့် ခွာသူများကိုရာထူးပေးမယ်ဆိုရင် ကျွန်တော်တို့ လည်း ဆက်လက်လုပ်ချင်စိတ်မရှိတော့ပါ။
ယခုလည်း RSO အကြမ်းဖက်သမားများ၏အနီးဆုံး နေရာတွင်နေရ၍ ရင်မအေးသေးပါ။ ရာထူးတိုးပေးသောအခါ အမှန်ကန်လုပ်ဆောင်သူများမပါရှိ၍ ယခု၎င်းတပ်ဖွဲ့ ဝင်များ စိတ်ဓာတ်ကျနေကြပါသည်။ ဖြစ်စဉ်အမှန်သိရအောင်စိစစ်ပေးဖို့ တောင်းဆိုအပ်ပါတယ် “ ဟူ၍ဖြစ်သည် ။ဤရေးသားချက်ကိုထောက်ခံသည့်အနေဖြင့် လ.၀.က ၀န်ထမ်း (၈) ဦး၏အမည် ၊ကိုယ်ပိုင်အမှတ် ၊အဆင့်ရာထူး ၊လက်မှတ် များဖြင့် ဒုရဲအုပ်အောင်ဆန်းထူး၏ ထွက်ဆိုချက်မှန်ကန်ကြောင်းထောက်ခံရေးသားထားသော လက်ရေးစာတစ်စောင်ကိုလည်းဖော်ပြထားပါသည် ။ ကာကယံရှင်၏ရဲဝတ်စုံအပြည့်ဖြင့်ရိုက်ထားသောဓာတ်ပုံများလည်းပါပါသည် ။ ထို့ အပြင် ဖြစ်စဉ်ထွက်ဆိုချက်ဟူသော လက်မှတ်ရေးထိုးထားသည့်စာတစ်စောင်လည်းပါဝင်သေးရာ ထိုစာတွင် ဖြစ်စဉ်ကိုဤသို့အသေးစိတ်ဖော်ပြထားပါသည်  ။
“ ဖြစ်စဉ်ထွက်ဆိုချက်
   ကျွန်တော်သည် ၉.၁၀၂၀၁၆ ရက်နေ့  နံနက် (၀၃:၃၀ ) ခန့် တွင် သေနတ်သံများ လူများ အော်ဟစ်နေသံများကြားရ၍ အခန်းအပြင်ထွက်ကြည့်ရာမွတ်ဆလင်ကုလားများမှသေနတ်များဖောက်ပြီး ငါးခူရနယ်မြေရုံးဝန်းအတွင်းသို့ အကြမ်းဖက်ရန်ဝင်ရောက်လာ၍ကျွန်တော်သည်စစ်ကြောင်းရုံးရှိ လူမျာအားနှိုးပြီး ကုလားများအရှေ့မလှမ်းမကမ်း ဗဟိုကင်းတွင်ထားရှိသောလက်နက်များတိုက်သို့  အမြန်ပြေးပြီးလက်နက်တိုက်အားသော့ဖွင့်၍ လက်နက်/ခဲယမ်းများအမြန်ထုတ်ပေး၍  ကာကွယ်ခုခံခဲ့ပါသည်။၎င်းအချိန် မွတ်ဆလင်ကုလားများမှာ ဗဟိုကင်းမလှမ်းမကမ်းတွင်ရောက်ရှိနေကြပါသည်။ ၎င်းနောက် ဗဟိုကင်းရှိတပ်ဖွဲ့ဝင်များအား လက်နက်/ခဲယမ်းများပေး၍ လိုက်လံပစ်ထုတ်ရာနောက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပါသည်။ စခန်းမှူးနေသောအခန်းကိုလည်း မွတ်ဆလင်ကုလားများဝင်ရောက်ဖျက်ဆီးပြီး စခန်းမှူးအားကုလားများခေါ်သွားကြသည်ဟု ညပိုင်းတွင်မတွေ့ ရှိ၍နယ်မြေရဲစခန်း တပ်ကြပ်ကြီးခင်မောင်အေးနှင့်အတူ ကျွန်တော်မှ ဗဟိုကင်းအားဦးစီးပြီး မိုးလင်းသည်အထိ ဗဟိုကင်းနှင့် နယ်မြေရုံးအားကာကွယ်ခုခံခဲ့ပါသည်။ မိုးလင်းကာစတွင်စခန်းမှူးသည် ဓားဒဏ်ရာများဖြင့် ကုလားများလက်မှလွတ်မြောက်လာခဲ့ပါသည် ။ထို့ နောက်နယ်မြေရုံးအတွင်း အိမ်ထောင်သည်မိန်းမများအား ဗဟိုကင်းသို့ ခေါ်ဆောင်ကာထိန်းသိမ်းခဲ့ပါသည် ။ဒုရဲအုပ်သိန်းကျော်ထိုက်နှင့် ရဲဒုတပ်ကြပ်ဇော်နိုင်ထွန်းတို့မှာဂိတ်ရှေ့ဝနေအိမ်အခန်းတွင် ကုလားများ၏လက်ချက် ဓားဒဏ်ရာများဖြင့်အသက်ပေးခဲ့ရပါသည် ။ ကျွန်တော်လည်းလက်နက်တိုက်သော့အားအမြန်ယူပြီး ကုလားများအရှေ့မှ ဗဟိုကင်းသို့ မရောက်ခဲ့လျှင်နယ်မြေတစ်ခုလုံး ကုလားများအုပ်စီးသွားမည်ဖြစ်ပါသည်။ ကုလားများအရှေ့မှဖြတ်ပြေးပြီး ဗဟိုကင်း၌ လက်နက်/ခဲယမ်းများဖြင့် တပ်ကြပ်ကြီးခင်မောင်အေးနှင့်အတူ ဗဟိုကင်းရှိတပ်ဖွဲ့ ဝင်များအား ဦးစီးပြီး အချိန်မီဗဟိုကင်းမှ ကာကွယ်ပြန်လည်ပစ်ခတ်၍ ကုလားများဆုတ်ခွာသွားကြပါသည်။ ညပိုင်းတွင်အခင်းဖြစ်ချိန်မှစ၍ကျွန်တော်ကိုယ်တိုင် နယ်မြေရုံး ဗဟိုကင်းအား ဦးစီးလုပ်ဆောင်ကာကွယ်ခဲ့ပါသည်။ ကုလား ၇ ယောက် အသေရခဲ့ပါသည်။ကျွန်တော်သာအချိန်မီလက်နက်တိုက်ကိုဖွင့်ခဲ့၍ငါးခူရနယ်မြေအား ကုလားများ၏အကြမ်းဖက်မှုရန်ကို ကာကွယ်နိုင်ခဲ့ပါသည်။
ထွက်ဆိုချက်မှန်ကန်ပါသည် ။
(လက်မှတ်)
ဒုရဲအုပ် အောင်ဆန်းထူး “
ဟူသောထွက်ဆိုချက်ကိုရေးသားထားပါသည် ။နောက်ဆက်တွဲကြားသိရသည်မှာ ဤဖြစ်စဉ်သည်မှန်ကန်သဖြင့် ဒုရဲအုပ်အောင်ဆန်းထူးအား ၁၆.၁၀.၂၀၁၆ နေ့ တွင် ၀န်ကြီးအမိန့် ဖြင့် ရဲအုပ်ရာထူးသို့ တိုးမြှင့်ပေးလိုက်ပြီဖြစ်ကြောင်းသိရပေ၏ ။
            ဤအဖြစ်အပျက်များကိုကြားရသိရသောအခါ ၁၉၉၂ ခုနှစ်ကပေါ်ပေါက်ခဲ့သော  ဟောလီးဝုဒ်မှရုပ်ရှင်တကားကိုအမှတ်ရမိပါသည် ။ရုပ်ရှင်ကားအမည်က(Hero)  ဟီးရိုးဖြစ်ပါသည်။ ဒါရိုက်တာ Stephen Frears ရိုက်ကူးပြီး ဒပ်စတင်ဟော့မန်း ( Dustin Hoffman )၊ဂီနာဒေးဗစ်( Geena Davis) ၊ အန်ဒီဂါစီယာ ( Andy Garcia) တို့ပါဝင်သရုပ်ဆောင်ထားကြပါသည် ။ ဇာတ်လမ်းမှာ ဘာနေး ဆိုသူသည် ခါးပိုက်နှိုက်တယောက်ဖြစ်သည် ။ တညတွင် သူနေထိုင်ရာနေရာအနီးသို့ လေယာဉ်တစီးပျက်ကျပါသည် ။ သူသည် လေယာဉ်ပျက်ထဲမှ ခရီးသည်များ၏ ပိုက်ဆံအိပ်ကိုခါးပိုက်နှိုက်ရန်ရည်ရွယ်ချက်ဖြင့် လေယာဉ်ပျက်အတွင်းသို့ ဝင်သွားသော်လည်း စိတ်ကောင်းဝင်ကာ ဒဏ်ရာရနေသောခရီးသည်များအားတယောက်ပြီးတယောက်ကယ်ထုတ်ပေးပါသည် ။ ထိုအချိန်တွင်သူ့ မျက်နှာမှာ ရွံများပေးရေညစ်ပါတ်နေသဖြင့် ရုပ်ကိုသိပ်မှတ်မိဖို့မလွယ်ပါ ။လေယာဉ်အပျက်ထဲတွင် သူ့ ဖိနပ်တဖက်ကျွတ်ကျကျန်ခဲ့ပါသည် ။ ကျန်ဖိနပ်တဖက်ကိုပဲ ယူလာခဲ့ပြီးအိမ်ပြန်လာပါသည် ။ လမ်းတွင် အိမ်ခြေယာခြေမရှိသောဗီယက်နမ်စစ်ပြန်ကြီး ဂျွန်ဘပ်ဘာ နှင့် တွေ့သဖြင့် လေယာဉ်ပျက်မှလူများကိုကယ်ဆယ်ခဲ့ပုံကိုပြောပြပြီး သူ၏ဖိနပ်တဖက်အား စစ်ပြန်ကြီး ဘပ်ဘာကိုပေးခဲ့ပါသည် ။ ထိုအချိန်တွင် ပျက်ကျလေယာဉ် ဖလိုက်နံပါတ် ၁၀၄ မှခရီးသည်များကိုကူညီကယ်တင်ခဲ့သည် သူရဲကောင်းကြီးကို လူတွေကအသည်းအသန်လိုက်ရှာနေကြပါသည် ။ရုပ်သံလွှင့်ကုမ္မဏီတခုက ထိုသူရဲကောင်းကို ဒေါ်လာတသန်း ဆုချီးမြှင့်မည်ဟုကြေငြာလိုက်ပါသည် ။ ထိုငွေကို သူရဲကောင်းအစစ်ဖြစ်သော ဘာနေးမထုတ်ယူနိုင်ခဲ့ပါ ။အဘယ့်ကြောင့်ဆိုသော် လေယာဉ်ပျက်ထဲမှရခဲ့သော အကြွေးဝယ်ခရက်ဒစ်ကတ်ပြားများတရားမ၀င်အသုံးပြုမှုဖြင့် အဖမ်းခံရပြီး အချုပ်ခန်းထဲရောက်နေသောကြောင့်ဖြစ်သည် ။ ထိုအချိန်တွင်စစ်ပြန်ကြီးဘပ်ဘာ က သူ့ လက်ထဲတွင်ရှိနေသော ကျန်ရှိနေသည့်ဖိနပ်တဖက်ကိုပြကာ လူစွမ်းကောင်းကြီးလုပ်သွားပါသည် ။ ဘာနေးက ဘပ်ဘာမှာ လူစွမ်းကောင်းအတုဖြစ်ကြောင်း တွေ့ သမျှလူကိုလိုက်ရှင်းပြသည် ။သို့ သော်လူတွေက သူ့ စကားကိုမယုံပါ ။ အားလုံးက သူ့ ထက် ဘပ်ဘာကိုသာ လူစွမ်းကောင်းအဖြစ်ယုံကြည်ကြသည် ။
     လေယာဉ်ပျက်ကျရာတွင်အသက်ရှင်ကျန်ခဲ့သောခရီးသည်တဦးဖြစ်သည့် ရုပ်သံသတင်းထောက်မလေးကလည်း ဘပ်ဘာကို သူရဲကောင်းအစစ်ထင်နေကာ ကျေးဇူးဆပ်သည့်အနေဖြင့် ဘပ်ဘာကိုနာမည်ကြီးလာအောင်သတင်းတွေထုတ်လွှင့်ပေးသည် ။ အိမ်ယာမဲ့ စစ်ပြန်ကြီးကို လူတလုံးသူတလုံးဖြစ်လာအောင်လုပ်ပေးသည် ။စစ်ပြန်ကြီးဘပ်ဘာ ကလည်း သူ့ ကိုယ်သူ လူကြီးလူကောင်းစတိုင်ဖြင့် ဆုကြေးငွေရသောပိုက်ဆံအချို့ ကို အိမ်ခြေယာခြေမဲ့ ကလေးများ ၊ ဆေးကုစားရိတ်လိုနေသောကလေးများကိုထောက်ပံ့ပေးခြင်းပြုကာ သူ့ ကိုယ်သူနာမည်ကြီးလာအောင်လုပ်သည် ။ သူတော်ကောင်းယောင်ဆောင်သည် ။ ကောင်မလေးက လူလိမ်ဘပ်ဘာကို ချစ်ကြိုက်မိမလိုပင်ဖြစ်လာသည် ။ ထိုအချိန်တွင် လူစွမ်းကောင်းအစစ်ဖြစ်သော ဘာနေးမှာ သူ့ ဇနီးဟောင်းနှင့် အခြေအနေဆိုးသထက်ဆိုးနေသည် ။သူ့ သားနှင်လည်းတွေ့ ခွင့်မရ ။သားဖြစ်သူကလည်း လူစွမ်းကောင်းအတု ဘပ်ဘာ၏ပရိသတ်ဖြစ်နေသည် ။ထိုအချိန်တွင် စုံထောက်တယောက်က သတင်းထောက်ကောင်မလေးအားပြောပြသည်မှာ ဘာနေးဆိုသော လူကိုရဲစခန်းတွင်ဖမ်းဆီးစစ်ဆေးစဉ်က သတင်းထောက်ကောင်မလေး၏ ခရက်ဒစ်ကတ်ကို ဘာနေးထံတွင်တွေ့ ရကြောင်းဖြစ်သည် ။ ထိုအခါကောင်မလေးက သူ့ ခရက်ဒစ်ကတ်ဘယ်လိုလုပ် ဘာနေး ထံတွင်ရှိနေသလဲ သိချင်သဖြင့် ဘာနေး၏အိမ်ကို တိတ်တိတ်ကလေး စုံထောက်နှင့်အတူဝင်ကြည့်ကြသည် ။ ထိုအခါလေယာဉ်ပျက်မကျမီတည က နယူးယောက်မြို့တွင် သူဆုရခဲ့သော ငွေဖြင့်ပြုလုပ်ထားသည့် မိုက်ကရိုဖုန်းတံဆိပ်ကလေးကို သွားတွေ့ သည် ။ ကောင်မလေးက မည်သို့ကောက်ချက်ချသနည်းဟူမူ လူစွမ်းကောင်းဘပ်ဘာသည် လေယာဉ်ထဲတွင် သူသတိလစ်မတတ်ဖြစ်နေချိန်တွင် သူ့ပိုက်ဆံအိတ်ကို ယူထားခဲ့မည် ။ထို့ နောက် ပိုက်ဆံအိတ်ကို ဘာနေးဆိုသူအားရောင်းချခဲ့မည် ။ ဘာနေးက ယခုအခါ လူစွမ်းကောင်းဖြစ်နေသူ ဘပ်ဘာကို ဤ ပစ္စည်းများပြ၍အကြပ်ကိုင်ခြိမ်းခြောက်ငွေညှစ်နေသည်ဟု ယူဆသည် ။
ထိုအချိန်တွင် လူစွမ်းကောင်းကြီး ဘပ်ဘာသည် အလွန်မြင့်မားလှသောတိုက်ခေါင်မိုးပေါ်မှ ခုန်ချ၍ကိုယ့်ကိုယ်ကိုသတ်သေရန်ကြံစည်နေကြောင်း ရုပ်မြင်သံကြားသတင်းတွင်ပါလာသသည် ။ထိုနေရာသို့ သူတို့ သွားကြသည် ။ ဘာနေး၏ ဇနီးနှင့် သားလည်းထိုနေရာသို့ ရောက်လာကြသည် ။ ဘာနေးက သေကြာင်းကြံမည့် ဘပ်ဘာကို သွားရောက်ဖြောင်းဖျသည် ။ ဘာနေးကို ဘပ်ဘာကသူဇစ်မြစ်ကိုမဖော်ရန်တောင်းပန်သည် ။ဆုရတဲ့အထဲကငွေအနည်းငယ်လည်း လူမသိအောင်ပေးပါ့မယ်ဟုကမ်းလှမ်းသည်။ ထိုအချိန်တွင်ဘာနေးသည်မတော်တဆ ခြေချော်ကျသွားရာ ဘပ်ဘာကလက်ကိုဆွဲထားပြီးဆွဲတင်ပေးသောကြောင့်အများအမြင်တွင် (နောက်တကြိမ် )ဟီးရိုးဖြစ်သွားပြန်သည် ။ ဘာနေး၏မျက်နှာလည်းဖုံတွေနှင့်ညစ်ပတ်သွားရာထိုအခါမှ လေယာဉ်ပျက်ကျသောညက သူ့ကိုကယ်တင်ခဲ့သောသူ၏မျက်နှာကို သတင်းထောက်မလေးကပြန်လည်မှတ်မိသွားတော့သည် ။ ဟီးရိုးအစစ်မှာဘာနေးဖြစ်ကြောင်းကောင်မလေးသိသွားသည် ။ဘာနေးကို သူ့ ကိုကယ်ခဲ့တာရှင်မဟုတ်လားဟု တိုးတိုးတိတ်တိတ်မေးသည် ။ဘာနေးက မဟုတ်ပါ ၊ ဘပ်ဘာသည်သာ လူစွမ်းကောင်းပါဟုဖြေသည် ။ သို့သော်ကောင်မလေးကလက်မခခံ ။ပြန်ကာနီးတွင် သူ့ အသက်ကိုကယ်ခဲ့တဲ့အတွင်ကျေးဇူးတင်ပါတယ်ဟုထပ်ပြောသည် ။ဒီတခါတော့ဘာနေးက ရပါတယ် ကိစ္စမရှိပါဘူးဟုပြန်ပြောသည် (လူစွမ်းကောင်းကသူပါဆိုတာကို ၀န်ခံသည် ) ။ သတင်းထောက်မလေးကအကြံပေးသည်မှာ ဘယ်သူတွေယုံယုံမယုံယုံ သားဖြစ်သူကိုတော့အမှန်အတိုင်းပြောဖို့  ဖြစ်သည် ။ အများအမြင်မှာတော့ စစ်ပြန်ကြီးဘပ်ဘာကို သူရဲကောင်းဟုဆက်မြင်ချင်လဲမြင်ပါစေဟုဆုံးဖြတ်ကြသည် ။ သားကို တိရိစ္ဆာန်ရုံသို့ ခေါ်သွားပြီးအဖြစ်မှန်ကိုအစအဆုံးပြောပြသည် ။ဇာတ်လမ်းပြောအပြီးတွင် မိန်းမကြီးတယောက်က သူ့ သမီးခြင်္သေ့လှောင်အိမ်ထဲ သို့ ပြုတ်ကျသွားကြောင်းအလန့် တကြားထအော်သည် ။ ဘာနေး၏သားက သူ့ အဖေအား သွားကယ်ပါဟုတောင်းပန်သည် ။ဘာနေးက သက်ပြင်းချသည် ။ သူ့ ဖိနပ်နှစ်ဖက်ကိုချွတ်သည် ။ ပြီးတော့ခြင်္သေ့လှောင်အိမ်ရှိရာသို့ ထွက်သွားသည် ။ ထွက်မသွားခင်သားကိုစကားတစ်ခွန်းတော့မှာခဲ့သည် ။
“ငါ့ဖိနပ်တွေသေသေချာချာကြည့်ထားဦသားရေ “
လောကကြီးတွင် တကယ်လုပ်ရသူကတယောက် ။အချောင်နာမည်ကြီးတာကတခြားဖြစ်လေ့ရှိသည်ကို မီးမောင်းထိုးပြထားသောရုပ်ရှင်ဖြစ်သည် ။ ဤလိုအဖြစ်မျိုးတွေလောကမှာ မကြာခနဖြစ်တတ်သည်ထင်သည် ။
       ကမ္ဘာကျော်တိုက်တန်းနစ်သင်္ဘောကြီး နစ်မြုပ်ခဲ့သည့်ညကလည်း သဘောင်္ပေါ်တွင်တဦးတည်ေးသာဂျပန်ခရီးသည်ဖြစ်သည့်   မာဆာဘူမီ ဟိုဆိုနို (Masabumi Hosono ) ဆိုသူလည်းပါလာ၏ ။ ထိုအကြောင်းကိုဆရာမောင်စိန်ဝင်း(ပုတီးကုန်း)လည်းဟောပြောပွဲများတွင်ဟောပြောဖူး၏ ။ အတိုချုပ်ပြောရလျှင် ဟိုဆိုနိုသည် တိုက်တန်းနစ်သဘောင်္မြုပ်ချိန်တွင် တတိယတန်းခရီးသည်ဖြစ်သည် ။ ၁၉၁၂ ခုနှစ် ဧပြီလ ၁၄ ရက်အလွန် ၁၅ ရက်နေ့အကူးညကြီးဖြစ်သည် ။သူသည် အိပ်ယာမှည၀တ်အင်္ကျီနှင့်ထပြေးလာသည် ။ လူတွေကသဘောင်္ပေါ်တွင်အော်ဟစ်ပြေးလွှားနေစဉ် အမျိုးသမီးနှင့်ကလေးများကိုဦးစားပေး၍ အသက်ကယ်လှေပေါ်သို့ တင်ဆောင်နေသည် ။အသက်ကယ်လှေ၁၀စီးခန့်တင်ပြီးသွားပြီဖြစ်သည်။ ထိုစဉ်အသက်ကယ်လှေတစင်းမှ “နှစ်ယောက်စာနေရာရဦးမယ် “ဟုအော်သံကြားသည် ။ လူတစ်ယောက်က လှေထဲသို့ ခုန်ချလိုက်သည် ။ ထိုအချိန်တွင်သူလဲအမျိုးသမီးများကိုတွန်းဖယ်ကာ အသက်ကယ်လှေထဲသို့ ခုန်ချလိုက်သည် ။ ညကလည်းမှောင် ၊ အသက်ကယ်လှေအကြီးအကဲဖြစ်သူလည်း သူ့ ကိုသေသေချာချာကြည့်မနေသဖြင့် သူယောက်ကျားလား မိန်းမလားဆိုတာ ဘယ်သူမှသတိမထားမိချေ ။ သူတို့ နှင့် ပေ ၂၀၀ အကွာတွင်တော့ နစ်မြုပ်စတိုက်တန်းနစ်သဘောင်္ကြီးပေါ်မှ ကလေးများ၊မိန်းမများ ၊ ယောင်္ကျားများ၏ အော်သံဟစ်သံ ငိုယိုသံ များကို ကမ္ဘာပျက်သလို ငရဲပွက်သလိုကြားနေရသည် ။တိုတိုပြောရလျှင် အိုဆိုနိုတို့အဖွဲ့ ၎င်းနေ့ မနက်(၈) နာရီတွင် RMS Carpathia ဆိုသောသဘောင်္မှ ကယ်ဆယ်ခြင်းခံရသည် ။ အမေရိကသို့ ရောက်သည် ။ထိုမှတဖန် သူဂျပန်သို့ ဘေးကင်းစွာပြန်ရောက်ခဲ့သည် ။ ဂျပန် သတင်းနှင့်စာနယ်ဇင်းဆရာများက ဖိုးကံကောင်းဂျပန်လေးဟုအမည်တပ်ကာ သူ့အကြောင်းရေးသားကြသည် ။သူကလည်းသူ့ အတွေ့ အကြုံများကို (မိန်းမယောင်ဆောင်ကာ အသက်ကယ်လှေထဲခုန်ချသည့်အကြောင်းမှလွဲ၍) ဆောင်းပါးများရေးသည် ။သတင်းစာများစွာကအင်တာဗျူးများလုပ်သည် ။ ထိုအချိန်တွင် သူသည် ဂျပန်တွင် လူစွမ်းကောင်း ကြီးဖြစ်နေတော့သည် ။
 သို့ သော် အမေရိကန်ပြည်ထောင်စုတွင်တော့ စာရေးဆရာ Archibald Gracie ရေးသောဝတ္တုတပုဒ်ကြောင့် အိုဆိုနို ကို လူတွေက ရွံရှာလာကြကာ အသက်ကယ်လှေပေါ်ခိုးလိုက်လာသည့်လူ ဟု စွပ်စွဲခေါ်ဝေါ်လာကြသည် ။အသက်ကယ် လှေ၏ဦးစီးခေါင်းဆောင်ဖြစ်သူ Edward Buley ကလည်း အမေရိကန်ပြည်ထောင်စု ဆီးနိတ်လွှတ်တော် စုံစမ်းရေးသို့ ပြောကြားရာတွင် ဟိုဆိုနိုနှင့်အခြားတယောက်သည် အသက်ကယ်လှေပေါ်သို့ မိန်းမယောင်ဆောင်၍တက်ခဲ့ဖွယ်ရှိကြောင်း ထွက်ဆိုခဲ့သည် ။ထိုထွက်ဆိုချက်ကြောင့် တိုက်တန်းနစ်သဘောင်္နစ်မြုပ်ရာတွင်အသက်ဆုံးခဲ့သော အမျိုးသမီး နှင့်ကလေးများ ကိုယ်စားသူတို့ကို တကမ္ဘာလုံးကရွံမုန်းကြသည် ။ ထိုသတင်းဂျပန်သို့ ရောက်လာသောအခါ အိုဆိုနိုမှာများစွာအရှက်ရပြန်သည် ။ ဆာမူရိုင်းတွေကလည်း ယောက်ျားကောင်းမပီသသောလုပ်ရပ်အဖြစ်အပြစ်တင်ကြသည် ။ အချို့ ကကိုယ့်ကိုယ်ကိုသတ်သေဖို့တောင်ဆိးုကြသည် ။ ဂျပန်နိုင်ငံကိုအရှက်ရစေသူဟုခေါ်ဝေါ်သမုတ်ကြသည်။  တချိန်က လူစွမ်းကောင်းကြီဖြစ်ခဲ့သူ ဟိုဆိုနိုမှာ အသက် ၆၈ နှစ်အရွယ်ကွယ်လွန်ချိန် ၁၉၃၉ အထိဂျပန်တွင်မည်သူ့ ကိုမျှထိုအကြောင်းမပြောပဲ မျက်နှာငယ်စွာနေရသည် ။
         Hero ရုပ်ရှင်နှင့် ဟိုဆိုနို ဇာတ်လမ်းနှစ်ပုဒ်တွင် လူစွမ်းကောင်းတွေပါဝင်နေသည် ။သို့ သော် လူစွမ်းကောင်းတကယ်မဟုတ်သူ စစ်ပြန်ကြီးဘပ်ဘာက သူများဆီမှရသောဖိနပ်တဖက် ၊နားစွန်နားဖျားကြားခဲ့သောဇာတ်လမ်းတပုဒ်ဖြင့် တကယ့် အသက်စွန့် ကူညီသူကိုဘေးဖယ်ကာ လူစွမ်းကောင်းဟီးရိုးကြီးဝင်လုပ်နေသည် ။ မိန်းမတွေနှင့် ကလေးတွေကိုဘေးသို့ တွန်းဖယ်ကာ အသက်ကယ်လှေထဲသို့ တကိုယ်ကောင်းစိတ်ဖြင့် ခုန်ချခဲ့သော ဟိုဆိုနိုမှာလည်း သူ့ ဇာတ်လမ်းအမှန်ကိုလူတွေမသိခင်အချိန်အထိ တကယ်စွန့် လွှတ်စွန့် စားပြီးသင်္ဘောပေါ်မှလွတ်မြောက်လာသလိုလို ဖြင့် သူရဲကောင်းကြီးလုပ်ခဲ့သည် ။ မသိသူတွေကြားတွင် လူစွမ်းကောင်းကြီးဖြစ်ခဲ့သည် ။ မည်သို့ ပင်ရှိစေ ဟိုဆိုနိုရော စစ်ပြန်ကြီးဘပ်ဘာရော ကိုယ့်လိပ်ပြာကိုတော့ ကိုယ်လိမ်၍ရမည်မဟုတ်ပေ ။ဟိုဆိုနို၏လုပ်ရပ်ကြောင့် သူ၏ သားသမီး မြေးမြစ်လက်ထက်သို့ တိုင်အောင် အရှက်ရစရာတွေဖြစ်ခဲ့ရလေသည် ။
      ယခုလည်း မောင်တောနယ်မြေ ငါးခူရရဲစခန်းကိုင်္ဂလီအကြမ်းဖက်သမားများတိုက်ခိုက်ခံရသောညကအဖြစ်အပျက်များနှင့်ပါတ်သက်၍ ဇာတ်လမ်းလေးတပုဒ်ပေါ်ထွက်ခဲ့ပြီဖြစ်သည် ။ ထိုအဖြစ်အပျက်တွင် အချို့ ကအထက်လူကြီးများ၏ အသိအမှတ်ပြု ရာထူးတိုးခြင်းများကိုခံရပြီဖြစ်သည် ။နာမည်ကောင်းလက်မှတ်များ ၊ ဘွဲ့ တံဆိပ်များ ပင်ချီးမြင့်ခံရကောင်း ခံရတော့မည်ဖြစ်သည် ။ အချို့ သူများမှာမူကား ဟီးရိုးရုပ်ရှင်ထဲမှ ဘာနေးလို ကိုယ်ကျိုးစွန့် ဆောင်ရွက်ခဲ့ပါလျက်လူတွေ၏အသိအမှတ်ပြုမှုကိုမရတာလည်းကြုံရနိုင်ပေမည် ။ ဒုရဲအုပ်အောင်ဆန်းထူးလို တိုင်းပြည်အတွက်ကိုယ်ကျိုးစွန့် ခဲ့သော လူစွမ်းကောင်းတယောက်ကို အချိန်အနည်းငယ်နောက်ကျသော်လည်းနောက်ဆုံးတွင်နိုင်ငံတော်က အသိအမှတ်ပြု ရာထူးတိုးပေးလိုက်သဖြင့်ဝမ်းသာပါသည် ။
သူ့ လိုအနစ်နာခံခဲ့ပြီး အသိအမှတ်ပြုမခံရသူများလည်းနယ်ပယ်အသီးသီးတွင်ရှိနိုင်ပါသည် ။ ဤလောက၌ ကောင်းတာလုပ်လျှင်ကောင်းတာဖြစ်သည် ဟူသော ဗုဒ္စဘုရားရှင်၏တရားတော်များမှန်ကန်ကြောင်းသက်သေပြဖို့ ကောင်းတာလုပ်သောလူများကောင်းကျိုးခံစားရဖို့ ဝိုင်းဝန်းကူညီရေးသည် လူသားအားလုံး၏တာဝန်သာဖြစ်ပါကြောင်း။
သရ၀ဏ်(ပြည်)
စောင့်ကြည့်ဂျာနယ်
၂၁.၁၀.၂၀၁၆
Read More...
Sunday, October 9, 2016
ပရဟိတအကျိုးအမှန်သယ်ပိုး စင်စစ်ဧကန် မြတ်နိဗာန် ပြည့်သဲမောင်(ပြည်)09-4236 71883
Leave a Comment
ပရဟိတအကျိုးအမှန်သယ်ပိုး စင်စစ်ဧကန် မြတ်နိဗာန်
ကျွန်တော်တို့ပြည်မြို့တွင် ပရဟိတအဖွဲ့တွေ၊ လူမှုရေး
စောင့်ရှောက်မှု အဖွဲ့တွေ၊ နာရေးကူညီမှု အသင်းတွေ၊
စေတနာရှင်ပြည်သူတွေ ပရဟိတလုပ်ငန်းများကို ကိုယ်
ကျိုးမဖက် ဆောင်ရွက်နေကြတာကို ပြည်သူများအသိပင်
ဖြစ်ပါတယ်။ဒီလိုပရဟိတဆောင် ရွက်နေတဲ့သူတွေကို အ
ချို့သောသူများက တိုက်ခိုက်ခြင်းကိုလည်း ပရဟိတ ဆောင်
ရွက်သူတချို့ ခံနေရသည်မှာစိတ်မကောင်းဖွယ်ရာ ကြားသိမြင်
တွေ့နေရပါတယ်။
ဒါပေမဲ့လည်း ဘယ်လိုအတိုက်အခိုက်တွေဘဲရှိရှိ ရင်ထဲတွင်ရှိ
သော ပရဟိတစိတ်ထားကို ရှေ့တန်းတင်၍ ပရဟိတ လုပ်ငန်း
တွေ ဆက်လက်လုပ်ဆောင်နေကာ ယခုဆိုလျှင် ပြည်မြို့၊ နဂါး
လိန်လမ်းတွင် ပရဟိတပါရမီ လူမှုကူညီကယ်ဆယ်ရေးအသင်း
တစ်သင်း ထပ်မံပေါ်ပေါက်လာခဲ့ပြန်ပါတယ်။ အဆိုပါ လူမှုကူညီ
ကယ်ဆယ်ရေးအသင်းသည် ပြည်မြို့နယ်အတွင်း နှင့် ပြည်မြို့အ
နီးတ၀ိုက်ရှိ မြို့များတွင် သဘာဝဘေးအန္တရာယ်၊ ယာဉ်မတော်တ
ဆမှုအပြင် အခြားကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်သွား
မည်ဖြစ်ကြောင်း ပရဟိတပါရမီလူမှုကူညီကယ်ဆယ်ရေးအသင်း
တာဝန်ရှိသူထံမှ သိရသည်။
“ကျွန်တော်တို့ဒီအသင်းကို ရည်ရွယ်ချက်ကြီးစွာဖြင့် ဖွဲ့စည်းထား
တာပါ။ အသင်းထဲမှာဆိုရင် ရပ်ကွက်ပေါင်းစုံက လူငယ်တွေပါတ
ယ်။ အဓိကသဘာဝဘေးအန္တရာယ်နှင့်ယာဉ်မတော်တဆမှု ဖြစ်ပွား
တဲ့နေရာတွေကို အချိန်နှင့်တပြေးညီသွားရောက်ကာကူညီကယ်ဆ
ယ်မှုလုပ်ငန်းတွေ လုပ်ဆောင်ရန်ဖြစ်ပါတယ်။ လက်ရှိအသင်းက စ
တင်ဖွဲ့စည်းတာ မကြာသေးတဲ့အတွက် လိုအပ်ချက်တွေရှိတယ်။
လူနာတင်ယာဉ်ထွက်ဖို့အတွက် အသင်းသားတွေကပဲ ဆီဖိုးအတွ
က် အလှူငွေထည့်ပြီး အရေးပေါ်ကိစ္စပေါ်လာရင် ကားထွက်နိုင်ေ
အာင် ဆောင်ရွက်နေရတယ်လို့”ပရဟိတပါရမီ လူမှုကူညီ ကယ်ဆ
ယ်ရေးအသင်းမှ ဒုဥက္ကဋ္ဌ ကိုအောင်ထွန်း မှ ပြောသည်။
ဒီအသင်းက လူနာကိုကယ်ဆယ်တဲ့နေရာမှာလည်း သက်တောင့်
သက်သာနှင့် စနစ်တကျ အန္တရာယ်ကင်းရှင်းစွာ ဆေးကုသမှုခံယူ
မည့် နေရာရောက်အောင်အထူးဂရုစိုက် ဆောင်ရွက်နေတာကိုလဲ
စာရေးသူသတင်းယူသည့်အခါ မျက်မြင်ကိုယ်တွေ့ပါဘဲ။လူနာတ
င်ကား အသုံးပြုရာတွင်လည်း စနစ်တကျဖြစ်စေရန် လူနာအခြေအ
နေပေါ်မူတည်၍  ဥသြသံကို သတ်မှတ်ထားတဲ့အတိုင်း ဆောင်ရွက်
ပြီး ယာဉ်မောင်းရာတွင် ယာဉ်အန္တရာယ်မဖြစ်စေရေး အထူးကြပ်မတ်
ဆောင်ရွက်ထားတယ်ဆိုတာကိုလည်း ၄င်းအသင်းမှသိရှိခဲ့ရသည်။
“လူနာတွေကို သယ်ဆောင်ရာမှာ ရရှိထားသည့် ဒဏ်ရာနှင့်လိုက်၍
လူနာအသက်သာဆုံး ဖြစ်အောင် စနစ်တကျသယ်ဆောင်ရန် အသင်း
သား တွေကိုလည်း သင်တန်းပို့ချထားပြီးဖြစ်ပါတယ်။ ယာဉ်မတော်တ
ဆဖြစ်တဲ့ နေရာရောက်ရင်လည်း လူနာ၏ အသက်ကိုသာ အဓိကထား
ပြီး ယာဉ်ထိန်းတပ်ဖွဲ့ ရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ လူနာ
သယ်ဆောင်ခြင်းလုပ်ငန်းကို အမြန်ဆုံး ဆောင်ရွက်ခဲ့ပါတယ်။အသင်း
သားတွေကိုလည်း လူနာသယ်ဆောင်ခြင်းလူနာပြုစုခြင်း၊ယာဉ် အန္တရာ
ယ် ကင်းဝေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရက်တိုသင်တန်း
များ ပို့ချကာ ဆောင်ရွက်နေပါတယ်”လို့ သတင်းနှင့်ပြန်ကြားရေးတာဝန်
ခံ ကိုရာပြည့် ကပြောသည်။
ဒီအသင်းက ပြည်မြို့အတွက် တစ်ဖက်တစ်လမ်းကနေ ပြည်သူတွေရဲ့
အသက်တစ်ချောင်း လွယ် လွယ်လေးမဆုံးရှုံးရအောင် ကူညီကယ်ဆ
ယ် နေတဲ့အသင်းတစ်သင်းဆိုလဲ မမှားပါဘူး။ဒါ့ကြောင့်ပြည်သူတွေကို
ကူညီနေတဲ့အသင်းအတွက် တစ်ထောင့်တစ်နေရာကနေ ပြည်သူတွေ
က ပံ့ပိုးမှု့တွေပြုလုပ်ပေးမယ်ဆိုရင် အသင်းသားတွေ ဝမ်းသာပိတီဖြစ်
ရသလို ဒီထက်မက ပြည်သူတွေအသက်ကိုကယ်တင်နိုင်မှာ ဖြစ်ပါတ
ယ်လို့ အပြုသဘောဆောင်ကုသိုလ်ယူရင် ကျွန်တော်တတ်သလောက်
လေးနဲ့ ရေးသားဖော်ပြအပ်ပါသည်။
ပြည့်သဲမောင်(ပြည်)09-4236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
Read More...
Tuesday, September 13, 2016
ဝပြည်နယ်ပေးရမတဲ့လား သရ၀ဏ်(ပြည်)
Leave a Comment
ဝပြည်နယ်ပေးရမတဲ့လား
သရ၀ဏ်(ပြည်)
ကျင်းပပြုလုပ်ခဲ့ပြီးတဲ့ ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးညီလာခံကြီးမှာ အမှတ်ထင်ထင်ဖြစ်ရတာတွေကတော့အများကြီးပါပဲ ။ပထမဆုံးအဖြစ်ကတော့ ငြိမ်းချမ်းရေးညီလာခံကိုတက်ရောက်လာတဲ့ ၀အထူးဒေသ (၂) ရဲ့ကိုယ်စားလှယ်အဖွဲ့ ဟာ သူတို့ ကို လေ့လာသူအဆင့်ပဲရှိတဲ့ဝင်ခွင့်ကတ်ပြားတွေပေးထားလို့ ခွဲခြားဆက်ဆံခံရတယ်ဆိုပြီး ညီလာခံကနေ ထွက်ခွာသွားတဲ့ဖြစ်ရပ်ဖြစ်ပါတယ် ။ ၀လက်နက်ကိုင်အဖွဲ့  ( UWSA ) အဖွဲ့ ညီလာခံကနေ ဒုတိယနေ့မှာထွက်ခွာသွားရခြင်းဟာ မောင်းထောင်ကလဲမောင်းထောင် ၊တောင်ငူကလဲတောင်ငူဆိုတဲ့စကားပုံလို နှစ်ဖက်စလုံးကချိတ်ချိတ်ခြင်းချိတ်မိလေသလားလို့တောင်ထင်မိပါတယ် ။ အရင်ဆုံး ၀လက်နက်ကိုင်အဖွဲ့ ရဲ့ကိုယ်စားလှယ်ဆိုသူတွေကိုကြည့်ရအောင် ။သူတို့ ပြန်သွားတာဟာ အရင်ထဲက ငိုချင်ရက်လက်တို့ ဆိုသလိုများဖြစ်နေသလားလို့ ထင်မြင်မိပါတယ် ။ ငိုချင်လို့အကြောင်းရှာနေတဲ့ကလေးတစ်ယောက်ကို လက်နဲ့ သွားထိမိ တို့ မိတော့ ငိုဖို့ အကွက်ရသွားပြီး လူးလှိမ့်ငိုတော့သလိုဖြစ်နေပါတယ် ။ အစတည်းက ငိုချင်စိတ်မရှိတဲ့ကလေးဟာ လက်နဲ့ တို့ ရုံမဟုတ်ဘူး ၊ လက်နဲ့  ပုတ်လိုက်ရင်တောင် ငိုမိမှာမဟုတ်ပါဘူး ။ ၀အထူးဒေသ(၂) ကကိုယ်စားလှယ်တွေ ( UWSA ရဲ့ ကိုယ်စားလှယ်တွေ ) ဟာလဲဒီသဘောပဲဖြစ်နေမယ်ထင်ပါတယ် ။ သူတို့ ဟာ တိုင်းရင်းသားတွေအပစ်အခတ်ရပ်စဲရေး စာချုပ်မှာလက်မှတ်ထိုးတော့လည်း သူတို့ မပါပါဘူး ။ သူတို့ နဲ့အပစ်ရပ်ပြီးသားမို့ ပါစရာမလိုပါဘူးတဲ့ ။ အခြားဆွေးနွေးပွဲတွေမှာလည်းတက်ချင်သလိုလို ၊မတက်ချင်သလိုလို တွေမကြာခနဟန်ရေးပြပါတယ် ။ အခုပွဲကိုတောင် တရုတ်ဘက်က မီးစိမ်းပြတာရော ၊လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကဖိတ်လွန်းလို့  လာမတက်ရင်ငြိမ်းချမ်းရေးမလိုလားသူလို့  တံဆိပ်ကပ်ခံရမှာစိုးတာရယ်ကြောင့် မလာချင့်လာချင်နဲ့ လာခဲ့ရပုံပါပဲ ။ လာတော့လည်း ကိုယ်စားလှယ်ဆိုသူတွေပဲလာပြီးထိပ်တန်းခေါင်းဆောင်တွေလာမတက်ခဲ့ပါဘူး ။ တကယ်တန်းပြောရရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေ ၊တိုင်းရင်းသားနိုင်ငံရေးပါတီတွေက ဖက်ဒရယ်အခွင့်အရေးတွေ ၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ အခုမှစပြီးတောင်းနေရတာ ၊ဆွေးနွေးနေရတာပါ ။ ၀အဖွဲ့ ကတော့ အခြားတိုင်းရင်းသားတွေတောင်းနေတဲ့ အခွင့်အရေးတွေထက် အဆပေါင်းများစွာရထားပြီးပါပြီ ။ မြန်မာနိုင်ငံမှာဘယ်တိုင်းရင်းသားမှမရတဲ့အခွင့်အရေးတွေပါ ။ ဖက်ဒရယ်ထက်တောင်ပိုနေပါပြီ ။ကိုယ်ပိုင်နိုင်ငံတော်လိုကိုဖြစ်နေပါပြီ ။ ဘာကြောင့်လဲဆိုတော့ ဖက်ဒရယ် စနစ်မှာ ပြည်ထောင်စုအစိုးရ (ဗဟိုအစိုးရ) ရဲ့စောင့်ကြည့် ထိမ်းညှိမှုတွေ ရှိပါသေးတယ် ။ ဥပမာ ကာကွယ်ရေး ၊ ရဲတပ်ဖွဲ့  ၊ ရွေးကောက်ပွဲ စတာတွေပါပဲ ။
 အခု ၀အထူးဒေသကရထားတဲ့အခွင့်အရေးတွေကတော့ မြန်မာနိုင်ငံနယ်နိမိတ်ထဲမှာနေနေတယ်ဆိုတာ စာရွက်ပေါ်မှာပဲရှိတော့တာပါ ။ သုံးတော့တရုတ်ငွေကြေး ၊ ပြောတော့ တရုတ်စကား ၊ ရဲတပ်ဖွဲ့ တောင် ကိုယ်ပိုင်ရဲတပ်ဖွဲ့  ၊ ကိုယ်ပိုင်စစ်တပ်နဲ့  ၊ မိုင်းလားဆိုရင် ဘယ်ရွေးကောက်ပွဲ ကော်မရှင်မှလည်း ရွေးကောက်ပွဲမလုပ်နိုင်ခဲ့ဘူး ။ဥပဒေပြုရေး ၊ အုပ်ချုပ်ရေး ၊တရားစီရင်ရေးမှာ မြန်မာနိုင်ငံရဲ့အာဏာဟာဘယ်နေရာမာမှ ၀အထူးဒေသ(၂)အပေါ်မှာမရှိပါဘူး ။ မြန်ာနိုင်ငံမှာလောင်းကစားလုပ်ငန်း (ကာဆီနို) ကို ဗြောင်တရားဝင်လုပ်နေတဲ့နေရာ ဖြစ်ပါတယ် ။ဥပဒေအရတားမြစ်ထားတဲ့တောရိုင်းတိရိစ္ဆာန်တွေကိုတရားဝင်ရောင်းဝယ်ဖောက်ကားနေတဲ့အရပ်ဖြစ်ပါတယ် ။ မြန်မာနိုင်ငံတော်ရဲ့ ဥပဒေမထိုးဖောက်မ၀င်ရောက်နိုင်တဲ့အရပ်ဒေသဖြစ်ပါတယ် ။ ဗိုလ်ချုပ်ခင်ညွန့်တို့လက်ထက်က အပစ်အခတ်ရပ်စဲရင်ပြီးရောလုပ်ချင်တာလုပ်ကြဆိုတဲ့ပုံစံနဲ့ အပေးအယူတွေလုပ်ခဲ့ကြတဲ့ရလာဒ်ပါပဲ ။   နိုင်ငံတော်ရဲ့ဥပဒေကို တိုက်ရိုက်သွေဖီနေတဲ့ဒေသဖြစ်ပါတယ် ။ အဲဒိလိုနေရာမျိုး ၊အဲဒိလိုဒေသမျိုးဟာ အခုမှ ကိုယ့်ပြည်နယ်မှာ ၀န်ကြီးချုပ်ကို ကိုယ်ပိုင်ခန့် ခွင့်ရှိဖို့ လောက၊ တိုင်းရင်းသားဘာသာစကား၊စာပေယဉ်ကျေးမှုလေးတွေအသိအမှတ်ပြုဖို့ တောင်းဆိုနေရတဲ့ အဆင့်ကို စိတ်ဝင်စားပါ့မလား ။ ဥပမာအားဖြင့် ငွေကုဋေနဲ့ချီပြီးရှိတဲ့သူက ငွေ တစ်သိန်းလောက်၊ တစ်သောင်းလောက်တောင်းကြတဲ့ပွဲမှာ ၀င်ပါချင်ပါ့မလား ။ အကယ်၍များအားလုံးတစ်သိန်းစီပိုင်ဆိုင်ကြစေဆိုပြီးညီတူညမျှ အမိန့် ချခဲ့ရင် ပိုရထားတဲ့ဟာတွေတောင် ပြန်အပ်ရဦးမယ့်အဖြစ်မျိုးမဟုတ်လား ။ ဒီတော့ ဒီပွဲဟာ သူတို့ အတွက်ဘာမှ ဆွဲဆောင်မှုမရှိပေဘူးပေါ့ ။ အဲဒိလိုကြီးဗြောင်ပြောရမှာလည်းမဖြစ်တော့ တက်သာတက်လာရ ၊ ဒီပွဲ ကနေမြန်မြန်ပြန်ရဖို့အကွက်ကိုချောင်းနေပုံပါပဲ ။ ဒါ့ကြောင့် ညီလာခံစီစဉ်သူတွေက မှားယွင်းပြီး( ဒါက စီစဉ်သူတွေအပြော) လေ့လာသူအဆင့်ကတ်ပြားတွေထုတ်ပေးတယ် ဆိုတာနဲ့  ဘာမှ စောဒကတက်ညှိနှိင်းမနေတော့ပဲ  ရေငတ်တုန်းရေတွင်းထဲပြုတ်ကျသလို အမြန်ဆုံး ၀နယ်မြေဆီ ပြန်ဒိုးလာခဲ့တာဖြစ်ပါတယ် ။ တကယ်သာ အဲဒိကိုယ်စားလှယ်တွေဟာ ငြိမ်းချမ်းရေးဆွေးနွေးချင်စိတ်ရှိရင် သူတို့ ဟာ ဆွေးနွေးဖို့လာတာဖြစ်ကြောင်း ၊လေ့လာသူတွေမဟုတ်ကြောင်း ။ ဆွေးနွေးသူအဆင့်ဆိုရင်ဆက်လက်တက်ရောက်မယ် ၊ဒီလိုလေ့လာသူအဆင့်သတ်မှတ်မယ်ဆိုရင် ဆက်လက်ပါဝင်ဆွေးနွေးနိုင်မှာ မဟုတ်တဲ့အကြောင်းတရားဝင်ကန့် ကွက်လွှာတစ်စောင်ကို ၂၁ရာစုပင်လုံညီလာခံကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဌကိုလိပ်မူပြီး Complaint လုပ်ရပါမယ် ။ သတ်မှတ်ကာလ ( ၂၄ နာရီလောက်ပဲဖြစ်ဖြစ် ) တခုဟိုတယ်မှာပဲဖြစ်ဖြစ် စောင့်ကြည့်သင့်ပါတယ် ။ ဘာမှအကြောင်းမပြန်ပါမှ ညီလာခံကနေထွက်ခွာပြီး မိမိဒေသကိုပြန်သင့်ပါတယ် ။ ဘာမပြောညာမပြောနဲ့ စိတ်ကောက်သလို ထွက်ခွာသွားတာ မရင့်ကျက်ရာကျပါတယ် ။
     ညီလာခံကျင်းပရေးလုပ်ငန်းကော်မတီဘက်ကအကြောင်းပြတဲ့ နည်းပညာအခက်အခဲ ( Technical Problem ) ဆိုတာတွေကလည်း သိပ်ယုတ္တိမရှိပါဘူး ။ ၀အဖွဲ့ ကအများနဲ့မတည်းပဲ သူတို့ဘာသာ ဟိုတယ်မှာတည်းလို့ အဆက်အသွယ်မရဘူးတဲ့ ။ ဒါကလည်း မဖြစသင့်ပါဘူး ။သူတို့ ဟာအပျော်လာတာမဟုတ်ဘူး ။ကလေးတွေလို ဂေါ်လီရိုက်ဖို့ လာတာမဟုတ်ဘူး ။ စထွက်လာကတည်းကနေ ၊ နေပြည်တော်ကိုရောက်လာတဲ့အထိ သတင်းတောက်လျှောက်ရနေရမယ် ။ အရင်တုန်းက နိုင်ငံရေးသမားတွေ ၊တက်ကြွလှုပ်၇ှားသူတွေ ၊ ကျောင်းသားတွေကိုလိုက်ဖမ်းတုန်းကတောင် ချောင်ကြိုချောင်ကြားမှာပုန်းနေတာကအစသိတဲ့ သူတွေ စီစဉ်နေတာပဲ ။ ဒါကို ဘယ်မှတည်းမှန်းမသိပါဘူးဆိုတာကတော့ မဖြစ်သင့်ပါဘူး ။ နောက်ပြီးတော့ ဟိုလူနဲ့ အဆက်အသွယ်မရလို့  ၊ဒီလူတွေနဲ့ မဆက်သွယ်မိလို့  လေ့လာသူအဆင့်ကတ်ပြားတွေကို ယာယီထုတ်ပေးရပါတယ်ဆိုတာလဲ အရုပ်ဆိုးလွန်းပါတယ် ။ ဒိထက်မကလူတွေအများကြီးလာခဲ့တဲ့ အရှေ့တောင်အာရှအားကစားပွဲ ( SEA Games ) ပွဲကြီးတောင်ကျင်းပလာခဲ့သေးတာပဲ ။ Liaison Officers တွေ သုံးပြီး နိုင်ငံပေါင်းစုံကအားကစားအဖွဲ့ချုပ်ပေါင်းများစွာကိုဧည့်ခံကြိုဆိုနေရာချပေးခဲ့သေးတာပဲ ။အခုမှမလုပ်တတ်သလိုလိုလုပ်ကြတာကတော့ လွန်လွန်းပါတယ် ။ တကယ်မလုပ်တတ်လို့ မှားတယ်ဆိုရင်တော့ အဲဒိကိစ္စတာဝန်ရှိသူတွေကို တာဝန်ကနေအမြန်ဆုံးဖယ်ရှားလိုက်တာကောင်းပါတယ် ။
   အဲဒိတော့ ၀အထူးဒေသကကိုယ်စားလှယ်ဆိုသူတွေတော့ စိတ်ကောက်ပြီးပြန်သွားပါပြီ ။ ညီလာခံမှာပြောစမှတ်ဖြစ်စေတဲ့ နောက်ထပ်ကိစ္စတစ်ခုကတော့ ပြည်နယ်တောင်းဆိုခဲ့ကြတာဖြစ်ပါတယ် ။ ၀အမျိုးသားစည်းလုံးညီညွတ်ရေးပါတီမှတွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးညီနပ်ဆိုသူက ၀ပြည်နယ်သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ် ။ သူတို့ တောင်းတဲ့ပြည်နယ် နယ်နိမိတ်ဟာ အခုလက်ရှိ ၀အထူးဒေသတင်မကပဲ ကျိုင်းတုံဒေသမှမြို့နယ် ၁၀ မြို့ နယ်ကိုပါ ၀ပြည်နယ်ထဲထည့်ဖွဲ့ စည်းဖို့ တောင်းဆိုခဲ့ပါတယ် ။ ဒူးလောက်တင်မှရင်လောက်ကျ ဆိုတာလို အခုလက်ရှိ ၀ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကို ပြည်နယ်အဖြစ်သတ်မှတ်နိုင်ဖို့  ဈေးဆစ်ရင်း လိုချင်တာကျန်အောင် ပိုပိုသာသာ ထည့်တောင်းနေသလားတောင်မှတ်ရပါတယ် ။ဝအဖွဲ့ဟာအခြားတိုင်းရင်းသားတွေထက်ခြေလှမ်းပေါင်းများစွာသာပြီး သူတို့ အတွက်အကျိုးရှိမယ့်အခွင့်အရေးမှန်သမျှကိုတစ်ခုပြီးတစ်ခုရှေ့ တိုးပြီးတောင်းနေတဲ့သဘောရှိပါတယ်။ တခြားတိုင်းရင်းသားတွေအနေနဲ့ ကကြီးလောက်တောင်မရသေးတဲ့အချိန်မှာ သူတို့က အ အထိတောင်းနေတဲ့သဘောပါပဲ ။ ပြည်နယ်တစ်ခုသတ်မှတ်ခြင်းဆိုတာ လွယ်လွယ်ပြော လွယ်လွယ်လုပ်၍ရသောကိစ္စမဟုတ်ပါ။ပြည်ထောင်စုလွှတ်တော်ကသာ သတ်မှတ်ခွင့်ရှိသောကိစ္စဖြစ်ပါတယ် ။ ထိုပြည်နယ်မှာနေသည့်သူများဟာ ပြည်ထောင်စုကြီးအပေါ်မှာဘယ်လောက်သစ္စာရှိတယ် ။ ဘယ်လောက်ပေးဆပ်ခဲ့တယ် ၊ နိုင်ငံရေး လူမျိုးရေး ပထီအနေအထား သမိုင်းကြောင်း ၊ယှဉ်တွဲနေထိုင်ရမည့်အခြားတိုင်းရင်းသားတွေရဲ့ သဘောဆနဘယ်လိုရှိတယ်ဆိုတာတွေအရေးကြီးပါတယ် ။ အဲဒါတွေသိမှ သင့်တော်တယ် ၊မသင့်တော် ဘူးဆိုတာကိုလည်းထည့်သွင်းစဉ်းစားရမှာဖြစ်တယ် ။
လူမျိုးတစ်မျိုးကထတောင်းတိုင်း ပြည်နယ်တစ်ခုကောက်သတ်မှတ်ရင် မြန်မာနိုင်ငံဟာ ပြည်နယ် ၁၃၅ ခုရှိတဲ့ ကမ္ဘာ့အံ့ဖွယ်နိုင်ငံတစ်ခုဖြစ်လာနိုင်ပါတယ် ။ တကယ်တော့ ပြည်နယ်သာတ၇ားဝင်မသတ်မှတ်ခံရသေးတာ ၊ ၊နိုင်ငံခြားမှာဝသံရုံးတွေမဖွင့်တာရယ် ၊ ၀ကိုယ်ပိုင်ငွေစက္ကူမရိုက်နှိပ်တာကလွဲလို့ ၀အဖွဲ့ ရထားတဲ့ နိုင်ငံရေးအဆင့်ဟာ ပြည်နယ်အဆင့်ထက်တောင်ကျော်လို့  ၀နိုင်ငံတော်အဆင့်တောင်ရောက်ကာနီးနေပြီဖြစ်ပါတယ် ။
သရ၀ဏ်(ပြည်)
သူရိယနေ၀န်းဂျာနယ်
၁၀.၉.၂၀၁၆
Read More...
Sunday, September 11, 2016
မြန်မာတွေ တွေးတတ်ပြီလား
Leave a Comment
မြန်မာတွေ တွေးတတ်ပြီလား
သရ၀ဏ်(ပြည်)
၂၀ ရာစု၏ထူးချွန်သောတွေးခေါ်ပညာရှင် ဖရန်စစ်ဖူကူယားမားဆိုသူက နာမည်ကျော်စာအုပ်တစ်အုပ်ရေးခဲ့ရာ သူ စာအုပ်ကို Can Asians Think ? ( အာရှသားတွေ တွေးတတ်ပြီလား ) ဟု အမည်ပေးခဲ့သည် ။ထို့ ကြောင့်ကျွန်တော်ကလည်းသူ့ ကိုအားကျကာ ကျွန်တော့်ဆောင်းပါး၏အမည်ကို မြန်မာတွေတွေးတတ်ပြီလားဟုအမည်ပေးလိုက်ရခြင်းဖြစ်ပေသည် ။ ဤကမ္ဘာလောကကြီး၌ မဆီလျော်သောမေးခွန်းဟူ၍မရှိ ၊ မဆီလျော်သောအဖြေသာရှိသည် ( There are no stupid questions but there are only stupid answers )ဟူသောဆိုရိုးတစ်ခုလည်းရှိ၏ ။ထိုစကားပုံအရ မမေးအပ်သောမေးခွန်း ၊ အူကြောင်ကြောင်နိုင်သောမေးခွန်းဆိုတာ မရှိ ။ သိချင်သမျှမေးကြရမည်ဖြစ်ပြီး မရေရာသောအဖြေ ၊ အူကြောင်ကြောင်နိုင်သောအဖြေ ( Stupid answers )ဆိုသည်သာရှိသည် ဟု ဆိုထားပေသည် ။ ထိုစကား၏လိုရင်းမှာ ဟုတ်ပါ့ဟုတ်ပါ့မလားဟု မပြောရဲမမေးရဲမရှိအောင် လူတို့ ၏ (အထူးသဖြင့်လူငယ်များ၏)  သိလိုစိတ်ကို အားပေးတိုက်တွန်းသော စကားဖြစ်ပါသည် ။ လူငယ်တွေသိချင်တာရှိပါက မေးရဲမြန်းရဲ ၊စကားပြောရဲအောင် လမ်းဖွင့်ပေးသောစကားဖြစ်ပါသည် ။ ပညာသင်ခြင်း၏ရည်ရွယ်ချက်မှာ မသိသေးသည်ကိုသိလာပြီး အကျိုးအကြောင်း အဆိုးအကောင်းကို မိမိစဉ်းစားဆင်ခြင်ဥာဏ်ဖြင့်ဆုံးဖြတ်နိုင်စေသောအရည်အသွေးရှိလာစေရန်ဖြစ်သည် ။ ထိုအချက်မှာပညာသင်ကြားရေး၏အဓိကအချက်ဖြစ်သင့်ပါသည် ။
                မြန်မာကျောင်းသား ကျောင်းသူများနိုင်ငံတကာ တွင်သွားရောက်ပညာသင်ကြားကြသောအခါ နိုင်ငံတကာမှ ဆရာများက မှတ်ချက်ပြုကြသည်မှာ မြန်မာများသည် ဥာဏ်ရည်ဥာဏ်သွေးမနိမ့်ကျသော်လည်း မေးခွန်းမေးခိုင်းသောအခါ မည်သူကမျှမေးမြန်းတတ်ခြင်းမရှိပဲ တုံဏိဘာဝေ နုတ်ပိတ်နေကြသောထူးဆန်းသည့်အလေ့ရှိကြောင်း ဖြစ်သည် ။ စာတော်သော်လည်း မေးခွန်းမမေးဝံ့  ၊ မမေးတတ်ကြခြင်းသည် မြန်မာတို့၏အဓိကအားနည်းချက်ကြီးတွေလိုဖြစ်နေပါသည် ။ထိုသို့ ဖြစ်ရသည်မှာ ကျွန်တော်တို့ ၏ စဉ်းစားတွေးခေါ်ဥာဏ်ကိုအားမပေးသော ပညာရေးစနစ်ကြောင့်ဖြစ်သည် ။ စာသင်ခန်းထဲဝယ် မည်သည့်လတွင် မည်သည့်သင်ခန်းစာကို ပြီးအောင်သင်ရမည်ဟူသော ပညာရေးဌာနမှ ညွှန်ကြားချက်အရ ဆရာ ဆရာမများသည် စာသင်ခန်းထဲတွင် ကျောင်းသားများစဉ်းစားဥာဏ်ရင့်သန်စေသော အပြန်အလှန်မေးခွန်းမေးမြန်းဖြေကြားခြင်းစနစ်ထက် ဒါရေးဒါကျက် ၊ ဒါကျက်ဒါဖြေ အာဂုံဆောင်မှအာဂလူစနစ်ကို အဓိထားသင်ကြားခဲ့ကြရာ ကျောင်းသားများမှာကလေးဘ၀ကပင် အမြဲတမ်းနားထောင်သမားများဖြစ်ခဲ့ကြပြီး မိမိကဦးဆောင်စကားပြောခြင်း (မေးခွန်းမေးမြန်းခြင်း)အလေ့အကျင့်ကိုမရှိခဲ့ကြတော့ပေ ။ထိုအခါ တစ်ခါတရံကျမှ အရေးအရာပေါ်လာပြီး စကားပြောကြရသောအခါ အိုးတို့ အန်းတန်းနှင့်ကမမောက်ကမဖြစ်ကြရတော့သည် ။ ဘာမဟုတ်သော ကိစ္စလေးတစ်ခုကိုပင် မမေးရဲသဖြင့် ရင်ထဲတွင်နှစ်နှင့်ချီ၍ ရှိနေသောရယ်ရွှင်ဖွယ်မေးခွန်းများကိုပင် ကျွန်တော်ကြုံရဖူးပါသည် ။
              ၁၉၈၈ အရေးအခင်းကြီးဖြစ်ပွားနေစဉ်က ဖြစ်သည် ။ နေ့စဉ်ရက်ဆက် ဒီမိုကရေစီတောင်းဆိုဆန္ဒပြပွဲများလမ်းပေါ်တွင်ဖြစ်ပွားနေ၏ ။ ကျွန်တော်တို့ လမ်းထဲမှ ကုလားလေးအာမက်ကလည်း ဆန္ဒပြသူလူစုထဲတွင်တက်ကြွစွာနေ့ စဉ်ပါဝင်ဆန္ဒပြသည် ။ တနေ့ တွင်အာမက်သည်ကျွန်တော့်ကိုတစုံတစ်ခုမေးချင်သဖြင့်ကွက်ကြည့်ကွက်ကြည့်လုပ်နေသည် ။ ထို့ နောက်ကျွန်တော်ထင်သည့်အတိုင်း အာမက်က ကျွန်တော့်ကို
“ အစ်ကို့ ကို ကျွန်တော် နိုင်ငံရေးနဲ့ ပါတ်သက်လို့  တစ်ခုမရှင်းတာမေးချင်တယ်အစ်ကို “ဟုပြောလာသည် ။ ထိုစဉ်က ကျွန်တော်သည်ရန်ကုန်တက္ကသိုလ်တွင် ပထမနှစ် နိုင်ငံတကာဆက်ဆံရေးပညာအဓိကကျောင်းသားအဖြစ် သုံးလခန့် တက်ရောက်ဖူးထားတာကလွဲ၍ ဘာနိုင်ငံရေးသဘောတရားကိုမှ ရေရေရာရာကျကျနနလေ့လာထားသူမဟုတ်သဖြင့် အာမက်ကနိုင်ငံရေးအနည်းငယ်မရှင်းတာမေးချင်သည်ဆိုသဖြင့်ခေါင်းနပန်းကြီးသွားလေသည် ။ အာမက်သည် ဒန်အိုးဒန်ခွက်တွေ ဗလာစာအုပ်အဟောင်းတွေ စက္ကူတွေအရောင်းအ၀ယ်လုပ်သောကုလားလေးဖြစ်သည် ။ ဘာတွေမေးမှာပါလိမ့် ၊သူမေးသောနိုင်ငံရေးသဘောတရားများကိုမဖြေနိုင်လျှင်တော့ငါသောက်ရှက်ကွဲပြီဟုကိုယ့်ဘာသာဇောချွေးပြန်လာလေသည် ။သို့ သော်လာမည့်ဘေးပြေးတွေ့ ဆိုသလို ဟန်ကိုယ့်ဖို့  ဆိုသလို အရဲစွန့် ကာ
“ဟုတ်ကဲ့ မေးလေဗျာ  ကျွန်တော်သိသလောက်တော့ အတတ်နိုင်ဆုံးကြိုးစားဖြေပါ့မယ် “ အာမခံလိုက်မိသည် ။ သူမေးသောမေးခွန်းကိုကြားရပြီးနောက်ကျွန်တော်သည် စိတ်လက်ပေါ့ပါးသွားရုံမက ရယ်ချင်သောကြောင့် မျက်နှာသည်စပ်ဖြဲဖြဲပင်ဖြစ်သွားလေ၏ ။ သူ့ မေးခွန်းကိုကြည့်ပါဦး
“  ဒီလိုပါအစ်ကို အခုမကြာခနကြားကြားနေရတဲ့ ကျောင်းသားသမဂ္ဂဆိုတဲ့စကားနဲ့  ကုလသမဂ္ဂ ဆိုတဲ့စကားက အတူတူပဲလား ခင်ဗျ ။ အဲဒိနှစ်ခုကဘာကွာသလဲ “
ထိုနေ့ ကကျွန်တော်သည် ကျောင်းသားသမဂ္ဂ နှင့် ကုလသမဂ္ဂ၏ခြားနားပုံ ကိုတတ်သလောက်မှတ်သလောက် အာမက်အားနာရီဝက်ခန့် လက်ချာရိုက်လိုက်၏ ။ အာမက်သဘောပေါက်သလား မပေါက်သလားတော့မသိပေ ။
“ ဒီလိုဗျ   သိချင်နေတာတော့ နှစ်ပေါင်းအတော်ကြာနေပါပြီ အခုမှပဲမေးဖြစ်တာ ။ ကျွန်တော်သိချင်တာက လူတွေပြောပြောနေကြတဲ့ အထဲမှာ ကော်ဖီဆိုတာလဲပါတယ် ။ တချို့ ကလည်း ကဖေး ဆိုပြီးပြောနေတာလဲ ရှိတယ် ။အဲဒိတော့ ကော်ဖီနဲ့ ကဖေး ကဘာကွာသလဲဗျ “
ညတ်ချွာဖျား ဟုသာ၊ ကာတွန်း သိန်းလွင်၏ ရုပ်ပြစာအုပ်ထဲကငထက်ဖျားဇာတ်ကောင်လိုသာအော်လိုက်ချင်တော့သည် ။ ထို့ နောက်ကျွန်တော်သည် ကိုဘမောင်အလွယ်ဆုံးနားလည်သွားစေရန်
“  ပါးစပ်ထဲကိုထည့်တာက ကော်ဖီ ဗျာ ၊ အဲဒိကော်ဖီသောက်ဖို့  ထိုင်နေရတဲ့နေရာက ကဖေး ဗျာ “
ဟုရှင်းပြလိုက်တော့သည် ။ ကိုဘမောင်က ၀မ်းသာအားရပေါင်ကိုလက်ဖြင့်ပုတ်ကာ
“ရှင်းပြီဗျာ ရှင်းလိုက်တာ ရှင်းလိုက်တာ ၊ နေဦးနောက်တစ်မျိုးမေးဦးမယ် ။ ဆရာညီတို့  ဂိုဒ်တွေကျွန်တော့်ကားပေါ်မှာ အင်္ဂလိပ်လိုပြောကြတဲ့အထဲမှာ ဟိုစာလုံးဟာ ခနခနပါတယ် ။ ဂိုဒ်တိုင်းလိုလို ပြောလေ့ရှိတယ် ။ အဲဒိစာလုံးအဓိပါယ်လေးမေးချင်လို့ပါဗျ “
“ဘာစာလုံးလဲဗျ “
“ ဟိုဟာဗျာ   အလောတော် ဆိုတဲ့ စာလုံး “
“ ဘာ “
“ အလောတော်  အလောတော်နဲ့  ကိုညီတို့  E ဂိုဒ်တွေ ခနခနပြောသံကြားဖူးပါတယ် အဲဒါဘာလဲဗျ “
ကျွန်တော်လဲ ဦးနှောက်ချောက်သွား၏ ။ အင်္ဂလိပ်ဘာသာစကားတွင် အလောတော် ဆိုသောစကားမှာ ဘယ်ကဘယ်လိုကပ်သီးကပ်သပ်ပါနေသနည်း ။ ဟုတ်ကောဟုတ်ရဲ့ လားဟုကျွန်တော်ဘက်ပေါင်းစုံကစဉ်းစားသည် ။ အလောတော် ၊အလောတော် …..ဘာကိုပြောတာပါလိမ့် ။ နောက်မှရုတ်တရက်ဥာဏ်ပွင့်သွားကာ ကျွန်တော်အားရပါးရရယ်ချလိုက်သည် ။
“ ဟားဟားဟား    အလောတော်မဟုတ်ပါဘူးဗျာ   A lot of  ဖြစ်ပါလိမ်.မယ် ။ ဟီးဟီး အလော့ရော့ဖ် ဆိုတာ အများကြီးကိုပြောတာဗျ ။ ဥပမာ A lot of rain တို့  A lot of money တို့  A lot of time တို့  ပြောတာပေါ့ဗျာ ။ အဓိပါယ်ကတော့ မိုးရေတွေအများကြီး ၊ ပိုက်ဆံတွေအများကြီး ၊ အချိန်တွေအများကြီးစသည်ဖြင့် ပေါ့ ။ ထိုအခါမှ ကိုဘမောင်အတော်ကြေနပ်သွားသည် ။ ဆယ်နှစ်ခန့် မရှင်းလင်းသောစာလုံးနှစ်လုံးကို ကျွန်တော်နှင့်တွေ့ မှ တနံနက်ခင်းနှင့်သိရလေခြင်းဟုလည်းပြောသေး၏။
        ထိုနေ့ မှစကာကျွန်တော်သည် သိခြင်း နှင့်မသိခြင်းဆိုသည်ကိုသေသေချာချာစဉ်းစားမိ၏ ။ သိသူအတွက်ရယ်စရာ အဖြစ်အပျက်တစ်ခုဖြစ်သော်လည်း မသိသူအတွက်တော့အတော်ကိုကြီးမားသော ပုစ္ဆာကြီးတစ်ခုဖြစ်နေစမြဲဖြစ်သည် ။ အဓိကကျသည်က သိခြင်းမသိခြင်းမဟုတ် ။ မိမိမသိသည်ကိုသိခြင်း ။ သိနိုင်လောက်သည့်သူကိုမေးခြင်း ။ မေးရကောင်းမှန်းသိသည့်အတွေးအခေါ်ရှိခြင်းတို့ ဖြစ်သည် ။ သိခြင်းသည်ပညာဖြစ်ပြီး ပညာဟူသည့်သိခြင်းရှိမှသာ တွေးတတ်ခေါ်တတ်စဉ်းစားတတ်လာမည်ဖြစ်သည် ။အပြန်အလှန်အားဖြင့် စဉ်းစားတွေးခေါ်ခြင်းရမှသာပညာဟူသည့်အသိကိုရလာမည်ဖြစ်သည် ။ပညာနှင့်အတွေးအခေါ်သည် ဆက်စပ်နေသောအရာဖြစ်သည် ။ပညာမရှိလျှင်တွေးခေါ်မှုမရှိ ။တွေးခေါ်မှုမရှိလျှင်ပညာရှိမည်မဟုတ်။ ကျွန်တော်တို့ လူမျိုးသည် စဉ်းစားတွေးခေါ်တတ်သောအလေ့အထအလွန်နည်းသောလူမျိုးဖြစ်ပြီး မိရိုးဖလာအများသူငါပြောသည်ကိုသာယုံကြည်လက်ခံတတ်သောအလေ့အထရှိပါသည် ။ ထို့ ကြောင့် စလောင်းဖုံးနှစ်ချပ်တီးလျှင်ကျားကိုက်တတ်သည်ဆိုလျှင်လည်း ယုံလိုက်ကြသည် ( အမှန်က မြေစလောင်းဖုံးနှစ်ချပ်တီးလျှင် ကွဲမှာစိုးသောကြောင့်ရှေးလူကြီးတွေကကျားကိုက်တတ်သည်ဟုပြောသွားသည်ဆိုတာကိုမစဉ်းစားကြ) ။ ညဘက်လေချွန်လျှင်လာဘ်တိတ်တတ်သည်ဆိုလဲလက်ခံလိုက်ကြသည် ( တောအရပ်များတွင်ညဘက်လေချွန်ပါက မြွေဆိုးများ အိမ်ဝင်းထဲဝင်လာမှာစိုးသောကြောင့်ဖြစ်ပုံရသည် ) ။ ကိုရင်ဝတ်(သင်္ကန်းဆီး) ပြီးပါက အရပ်မြင့်ကာထွားလာတတ်သည်ဟုယုံကြသေးသည် (အမှန်မှာ ကိုရင်ဝတ်သောအရွယ်မှာ ထွားကျိုင်းတတ်သောအရွယ်ဖြစ်သဖြင့် တိုက်ဆိုင်ခြင်းဖြစ်သည် ) ။ ထိုသို့ မိရိုးဖလာယုံကြည်မှုများဖြင့်အစွဲအလမ်းကြီးကြသည် ။ ထို့ ကြောင့် ပယောဂဆိုလျှင်လဲ ယုံကြည်လိုက်ကြသည် ။ ဘိုးတော်ဆိုလျှင်လဲ အလွယ်တကူလက်ခံကြသည် ။ နဂါးဆိုလျှင်လည်း ပူးလိုက်ကြသည် ။ဓမ္မစေတီခေါင်းလောင်းကြီးချင်းတွင်းမြစ်ထဲပေါ်လာမည်ဆိုလဲ ယုံသူတွေရှိသည် ။ ပုဏ္ကကတိုက်သည်ဆိုလျှင်လဲယုံလိုက်ကြသည် ။ အနော်ရထာမင်းကြီးဝင်စားသည်ဆိုလဲ လက်ခံကြသည် ။ ကျန်စစ်သား ၀င်စားသည့် သူဆိုလျှင်လဲ ယုံကြည်ကြသည် ။ မနူဟာဘုရင်ကြီးဝင်စားသည်ဆိုလျှင်လဲ ကိုးကွယ်ကြသည် ။ အခြားတစ်ဘက်တွင် လကမ္ဘာ သို့ လူရောက်ခဲ့သည်ဆိုခြင်းကိုယခုထက်တိုင်မယုံကြည်သောသူများရှိနေသေးသည် ။ ကမ္ဘာလုံးသည်ဆိုခြင်းကို လက်မခံပဲ ပြားသည်ဟုငြင်းနေသူများရှိသေးသည် ။
 အစိုးရသည် တိုင်းသူပြည်သားများအပေါ်ဘာလုပ်လုပ် တရားသည် ၊လုပ်ခွင့်ရှိသည် ။ အစိုးရမင်းသည် ရေမြေ့သနင်းဖြစ်သဖြင့် အရာရာကိုပိုင်သည်ဟုယူဆလက်ခံကြသူတွေပင်ရှိ၏ ။ စစ်အစိုးရလက်ထက်က နိုင်ငံတော်အကြီးအကဲဆိုသူကို ဘုရင်ဟုထင်နေသူများပင်ရှိသည် ။ သူ၏သားသမီးများကို သားတော်သမီးတော်ဟုထင်နေကြသူများလည်းရှိသည် ။ ကိုယ့် ကိုယ်ကိုယ်ထိုသို့ ထင်နေကြသူများလည်းရှိကောင်းရှိမည် ။ အရာရာသည် အတွေးအခေါ်ချို့ တဲ့ရာမှဖြစ်ပေါ်လာကြခြင်းဖြစ်သည် ။ အတွေးအခေါ်ချို့ တဲ့ခြင်းကား ပညာနည်းသောကြောင့်ဖြစ်ပေ၏ ။ ပညာဆိုသည်မှာ ကျောင်းတွေ ဘွဲ့ တွေ ၊ ဆာတီဖီကိတ်တွေကိုခေါ်ခြင်းမဟုတ် ။ အကြောင်းဟုတ်သည်မဟုတ်သည်ကို စုံစမ်းသိရှိလိုသောဥာဏ်နှင့်ထိုးထွင်းသိမှုကိုသာပညာဟုသတ်မှတ်ရမည်ဖြစ်သည် ။ပညာကိုမေးမြန်းစုံစမ်းခြင်း အပြင် အကြားအမြင်များခြင်း ၊လေ့လာသင်ယူခြင်းနှင့်စာဖတ်ခြင်းများဆီကရနိုင်ပေသည် ။ များများသိချင်က များများ စဉ်းစားတွေးခေါ်ကြရန်ဖြစ်သည် ။ ပညာမရှိသောအခါ မစဉ်းစားတတ်တော့ ။မစဉ်းစားတတ်သောအခါ အသိဥာဏ်အမှောင်ကြီးကျပြီဖြစ်သည် ။
သရ၀ဏ်(ပြည်)  
Eternal Light မဂ္ဂဇင်း
၂၀၁၆ စက်တင်ဘာ
Read More...
Wednesday, August 31, 2016
ဒေါ်အောင်ဆန်းစုကြည်ကိုယုံသည် ၊ ကိုဖီအာနန်ကိုယုံသည် သရ၀ဏ်(ပြည်)
Leave a Comment
ဒေါ်အောင်ဆန်းစုကြည်ကိုယုံသည် ၊ ကိုဖီအာနန်ကိုယုံသည်
သရ၀ဏ်(ပြည်)
ကိစ္စတစ်ခု ၊ပြသနာတစ်ခုပေါ်ပေါက်လာသောအခါ ဖြေရှင်နည်းများစွာရှိသည် ။ ကလေးတစ်ယောက်သည် ကလေးတစ်ယာက်၏အမြင်နှင့်ဖြေရှင်းပေမည် ။ ရပ်ကွက်အဆင့်သည်ရပ်ကွက်အမြင်နှင့်ဖြေရှင်းမည် ။ မြို့၌နေသူသည်မြို့အမြင် ၊ တော၌နေသူသည်တောအမြင် ၊ခရိုနီအမြင်သည်ခရိုနီအမြင် ၊ စစ်ဗိုလ်ချုပ်အမြင်သည်စစ်ဗိုလ်ချုပ်အမြင်၊ မျက်ကန်းမျိုးချစ်အမြင်သည်မျက်ကန်းမျိုးချစ်အမြင်၊ နိုင်ငံတကာ၌ ၀င်ဆန့် သူသည် နိုင်ငံတကာအမြင် စသည်ဖြင့် ဖြေရှင်းနည်းအမျိုးမျိုးကွဲပြားကြပေမည် ။ ကြည့်ရုသောရှုထောင့်ကိုလိုက်၍ ဖြေရှင်းနည်းများကွဲပြားရခြင်းဖြစ်ပေသည် ။လူ့အခွင့်အရေးရုထောင့်ချည်းမှအမြဲကြည့်လို့မရသလို ၊လူမျိုးစွဲ အတ္တစွဲများဖြင့်ချည်းလည်းကြည့်၍မှန်မည်မဟုတ်ချေ ။ အသင့်တော်ဆုံးရှုထောင့်မှကြည့်ရမည် ။
ရခိုင်အရေးသည် အစိုးရအဆက်ဆက်အတွက် ဘေးကြပ်နံကြပ်အရေးကိစ္စဖြစ်သည် ။ ဖြေရှင်းရအတော်ခက်သောကိစ္စဖြစ်သည် ။ ရခိုင်အရေးကိစ္စဟုဆိုလျှင် ဒေသခံဌာနေ ဗုဒ္စဘာသာရခိုင်တိုင်းရင်းသားများရှိမည် ။ ကမန်ဟုခေါ်သောအစ္စလာမ်ဘာသာဝင် တိုင်းရင်းသားများရှိမည် ။ ဘင်္ဂလီများရှိမည် ။ ကမန်သည်ပြသနာမဟုတ် ။သို့ သော် ဘင်္ဂလီများသည်ပြသနာဖြစ်လာနေသည် ။ လူဦးရေအလွန်ထူထပ်သော မြန်မာ့အိမ်နီးချင်းဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ဆင်းရဲမွဲတေမှု၊ အလုပ်အကိုင်ရှားပါးမှုတို့ ကြောင့် မြန်မာ့မြေအတွင်းသို့ နယ်စပ်ကိုဖြတ်ကျော်လျက် တစိမ့်စိမ့်ဝင်ရောက်နေသည်မှာ နှစ်ပေါင်း များစွာကြာမြင့်ခဲ့ပေပြီ ။ ထိုဘင်္ဂလီများသည် မြန်မာနိုင်ငံအတွင်းသို့ ဝင်လာပြီးသောအခါ လူ့ သဘာဝအရ ရောက်ရှိနေသောနေရာသည်အဆင်ပြေသဖြင့် ပြန်မထွက်ချင်တော့ ။ ထိုနေရာတွင် အပိုင်နေရရန်အကြံထုတ်လာကြသည်။ ထိုအခါ ခိုးဝင်ဘင်္ဂလီများသည် သူတို့ ကိုယ်သူတို့ မြန်မာနိုင်ငံတွင်ဘိုးစဉ်ဘောင်ဆက်နေထိုင်လာခဲ့သော လူမျိုးတစ်မျိုးအဖြစ်ဖန်တီးပုံဖော်လိုက်ကြတော့သည် ။ သူတို့ ကိုယ်သူတို့  ရိုဟင်ဂျာ လူမျိုးဟုဘင်္ဂလီတို့ ကအမည်တတ်သည် ။ ရိုဟင်ဂျာဆိုသောလူမျိုးသည် မြန်မာတိုင်းရင်းသားလူမျိုးမဟုတ်ပဲဘင်္ဂလီတို့ အကြံအဖန်လုပ်ထားသောလူမျိုး ဖြစ်မှန်း မြန်မာတမျိုးသားလုံးသိကြသည် ။ ပြည်တွင်းမှာတော့လိမ်၍မရ ။ ဒါပေသည့် ဒါကအဓိကမကျ ။ ဘင်္ဂလီများသည် ၀ါဒဖြန့်ချီရေးတွင် အလွန်လျှင်မြန်သည် ။ ယခင်အစိုးရအဆက်ဆက် နှေးနှေးကွေးကွေးနှင့်ရခိုင်အရေးကိုတုန့် ပြန်နေသည့်အခိုက်တွင် ဘင်္ဂလီများ၏ မုသာဝါဒက ကမ္ဘာကိုလွှမ်းခြုံမိသွားသည် ။ ကမ္ဘာတွင်ရိုဟင်ဂျာဆိုသောလူမျိုးတစ်မျိုးကို အားလုံးသိသွားအောင်လုပ်နိုင်ခဲ့သည် ။ ဘယ်ကလာလို့ ဘယ်ကိုသွားသည်ဖြစ်စေ ပင်လယ်ထဲတွင် ပေါလောမျောပါနေသော ကုလားဟူသမျှ ရိုဟင်ဂျာဖြစ်အောင် တဖွဲ့ တနွဲ့ နှင့် ဇာတ်နာအောင်လုပ်နိုင်စွမ်းရှိလာကြသည် ။ ဘင်္ဂလီတို့ ၏၀ါဒဖြန့်လက်တံကရှည်လာသည် ။ဘင်္ဂလီသက်သက်သည် ထိုသို့ ထိထိရောက်ရောက် ငွေကုန်ကြေးကျခံကာ ကမ္ဘာသို့ ပေါက်အောင်ဝါဒဖြန့် ချိမှု ကိုမလုပ်နိုင် ။ ဘင်္ဂလီများသည် အစ္စလာမ်ဘာသာဝင်များဖြစ်သဖြင့် ကမ္ဘာ့အစ္စလာမ်နိုင်ငံများ ၊ OIC လိုအဖွဲ့ အစည်းမျိုး၏ ဘာသာတူချင်း အလုံးအရင်းနှင့်ငွေပုံပေး၍ ပံ့ပိုးကူညီမှုမလွဲမသွေရှိနိုင်သည် ။ ကမ္ဘာ့မီဒီယာများသို့  လက်တံရှည်ရှည်နှင့်ထိုးဖောက်ဝင်ရောက်သည် ။ ဘာအလုပ်မှမယ်မယ်ရရမရှိသော်လည်း ။လန်ဒန် ၊ပဲရစ် ၊ ၀ါရှင်တန် ၊ မြူးနစ် ၊ ကိုပင်ဟေဂင် ၊နယူးယောက်၊ ဘန်ကောက်စသောမြို့ ကြီးများတွင် ရိုဟင်ဂျာအရေးဆွေးနွေးပွဲမှန်သမျှ ၊သတင်းစာရှင်းလင်းပွဲမှန်သမျှ ။ဝါဒဖြန့်ချိပွဲမှန်သမျှ ။ ဆန္ဒပြပွဲမှန်သမျှ သံတမန်များအဆင့်အတန်းမျိုးနှင့် သံသမန်လောကနှင့် မီဒီယာလောကသို့ ဝင်ထွက်သွားလာ စားသောက် ပွဲတက်နေသော ရိုဟင်ဂျာလော်ဘီ (ဘင်္ဂလီ) များတကမ္ဘာလုံးတွင်ခြေချင်းလိမ်နေသည် ။ ထိုလူတွေ၏လစာနှင့်အသုံးစားရိတ်များ ၊ ပံ့ပိုးငွေများဘယ်ကရသနည်း ဘယ်သူမှမသိ ။ သေချာသည်ကား ပံ့ပိုးပေးနေသည့်အဖွဲ့ ရှိနေသလို ၊ ပံ့ပိုးမှုကိုလက်ခံကာတွင်ကျယ်နေသော ရိုဟင်ဂျာလော်ဘီများလည်း ကမ္ဘာမှာ ပျံ့ နှံ့ နေသည် ။ မျိုးချစ်စိတ်ဖြင့်တိုက်နေသော ရခိုင်တိုင်းရင်းသားများနှင့် မြန်မာနိုင်ငံသားများ၏အသံသည် ကမ္ဘာတွင် လော်ကယ်ရထားလို ချိနဲ့နဲ့နှင့် မနည်းခရီးနှင်နေရချိန်တွင် ဘင်္ဂလီလော်ဘီတို့ ၏အသံသည် ကာတာလေကြောင်းလိုင်းလို ၊ အမ်းမရိတ်လေကြောင်းလိုင်းလို အလွန်လျှင်မြန်စွာ ကမ္ဘာအနှံ့ ခရီးဆန့်နေသည် ။ အဆက်သွယ် မီဒီယာကွန်ယက်တွေကောင်းနေသည် ။ငွေကြေးအထောက်အပံ့တွေကောင်းနေသည် ။ထိုအခါ ကုလသမဂ္ဂမှာလည်း ရိုဟင်ဂျာ ၊ အီးယူမှာလည်းရိုဟင်ဂျာ ၊ OIC မှာလည်းရိုဟင်ဂျာ ၊လူ့ အခွင့်အရေးကော်မရှင်မှာလည်းရိုဟင်ဂျာ ၊ အာဆီယံမှာပင် ရိုဟင်ဂျာ ဆိုတာတွေဖြစ်နေလေသည် ။
ဒီအချိန်တွင်ကျွန်တော်တို့ ပြည်တွင်းဝယ်ဘာတွေလုပ်နေသနည်း ။ဦးဝီရသူသည် ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယန်ဟီးလီးကို လူပုံအလည်တွင်ကလော်တုတ်လိုက်၏ ။ ကုသမဂ္ဂအလိုမရှိကြောင်းရခိုင်တွင်ဆန္ဒပြကြ၏ ။ မြန်မာနိုင်ငံတွင်ရိုဟင်ဂျာမရှိကြောင်းဆန္ဒပြကြ၏ ။ ရခိုင်ပြည်နယ်မှ အစ္စလာမ်ဘာသာဝင်များဟု ဘင်္ဂလီများကိုခေါ်ခြင်းအားဆန့်ကျင်ကန့်ကွက်ဆန္ဒပြကြ၏ ။ ၁၉၈၂ နိုင်ငံသားဥပဒေနှင့်အညီ စစ်ဆေးရန် ဘင်္ဂလီများကို ခေါ်ယူစစ်ဆေးခြင်းကို ဆန့်ကျင်ကန့်ကွက်ကြ၏ ။ စစ်ဆေးခံမည့်သူများကို သက်သေခံလက်မှတ် ထုတ်ပေးခြင်းကို ဘင်္ဂလီများအားနိုင်ငံသားပြုခွင့်ကတ်များထုတ်ပေးနေပါပြီဟု အစိုးရကိုဆန္ဒပြကြ၏ ။ ဘင်္ဂလီအရေး ၊ရခိုင်အရေးသည် ပြည်တွင်းရေးသက်သက်သာဖြစ်သည်ဟုပြောကြ၏ ။ ထိုသို့ ပြောနေအော်နေသည့်တချိန်တည်းမှာပင် ဘင်္ဂလီတို့ ၏အသံမှာ ကမ္ဘာ့မီဒီယာကိုအုပ်စီးမိကာတွင်ကျယ်နေပြီဖြစ်သည် ။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ရခိုင်အရေးသည် ပြည်တွင်းရေးဖြစ်သည်ဟုအော်နေရုံနှင့် တန်ပြန်တိုက်စစ်မဆင်နိုင်တော့တာသေချာသည် ။ ထိုအချိန်တွင်နိုင်ငံတော်၏အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ရခိုင်အရေးနှင့်ပါတ်သက်၍လေ့လာဆန်းစစ်ရေးကော်မရှင်တစ်ရပ်ဖွဲ့ စည်းကြောင်းထုတ်ပြန်ကြေငြာလိုက်တော့ဝေဖန်သံတွေသောသောညံကြပြန်သည် ။ အဓိကထောက်ပြကြသည်က ကော်မရှင်တွင် နိုင်ငံခြားသားဖြစ်သော ကိုဖီအာနန်ဆိုသည့်လူကြီးက ဦးဆောင်နေလို့ တဲ့  ။ပြည်တွင်းရေးပြသနာကိုနိုင်ငံတကာပြသနာဖြစ်လာအောင် လုပ်သလိုဖြစ်နေလို့ တဲ့ စသည်ဖြင့် ဆိုကြပြန်၏ ။ အထူးအားဖြင့် NLD ကိုအမြဲကန့်လန့်တိုက်နေသော ပါတီတစ်ခုကစအော်သည် ။ထို့ နောက် ရွေးကောက်ပွဲတွင်အခြေမလှခဲ့သောပါတီနှစ်ခုကလည်း အကွက်ပေါ်ပြီဆိုပြီး NLD နှင့်ဒေါ်အောင်ဆန်းစုကြည်ကိုကြုံတုန်းဝင်တွယ်ကြသည် ။ သူတို့ ပြောသမျှအကျဉ်းချုပ်လိုက်လျှင် နိုင်ငံခြားသားပါဝင်လာမှုနှင့် နိုင်ငံတကာပြသနာဖြစ်အောင်လုပ်နေမှုဟူသော စွပ်စွဲချက်နှစ်ချက်ကိုတွေ့ ရမည်ဖြစ်သည် ။ ထိုနှစ်ချက်လုံးသည် အမြင်တိမ်တိမ်ဖြင့်ကြည့်၍ စွပ်စွဲနေခြင်းဖြစ်ကြောင်းပြောလိုသည် ။
နိုင်ငံခြားသားပါဝင်နေမှုဆိုရာ၌ ဤအရေးကိစ္စသည် မြန်မာပြည်ကွက်ကွက်မှာတင်ဖြစ်နေသောကိစ္စမဟုတ် ။ မြန်မာ့နယ်နိမိတ်ပြင်ပတွင်ပါ ဘင်္ဂလီများဖမ်းမိတိုင်း ရိုဟင်ဂျာဟု ၀ိုင်းဝန်းသမုတ်နေကြသောပြသနာရှိသည် ။ ဒုက္ခသည်စခန်းများတွင် မြန်မာနိုင်ငံမှမဟုတ်ပါပဲ ဟုတ်သယောင်လိမ်လည်ပြောကြားသဖြင့် နိုင်ငံတကာကအထင်မှားအမြင်မှာဖြစ်နေကြသောကိစ္စများစွာရှိသည် ။ နိုင်ငံတကာအဖွဲ့ အစည်းများနားသို့ ပေါက်အောင်ပြောရ၊ဆိုရ၊ဆောင်ရွက်ရတော့မည်ဖြစ်သည် ။ပွင့်ပွင့်လင်းလင်းပြောရလျှင် မြန်မာနိုင်ငံတွင် နိုင်ငံတကာသို့ လည်းပေါက်ပေါက်ရောက်ရောက်၇ှိကာ နိုင်ငံတကာမှလည်းလေးစားလက်ခံသောပုဂ္ဂိုလ်ဘယ်နှစ်ယောက်ရှိသနည်း ။ ဒေါ်အောင်ဆန်းစုကြည်မှတပါးတယောက်မှမရှိဆိုတာ ရိုးရိုးသားသားပြောရတော့မည် ။ ဒါဆို ဒီကော်မရှင်ကိုဒေါ်အောင်ဆန်းစုကြည်ဦးဆောင်လိုက်ပါလားဟုမေးလာပါက ဒေါ်အောင်ဆန်းစုကြည်ကော်မရှင်ဥက္ကဌ လုပ်လိုက်လျှင်ဘင်္ဂလီလော်ဘီတွေက မျှတမှုမရှိ ၊ ဒေါ်အောင်စုကြည်သည် ဗုဒ္စဘာသာဝင်ဖြစ်သဖြင့် ရခိုင်တွေဘက်လိုက်လိမ့်မည်ဟုထအော်လာနိုင်သည် ။ထို့ ကြောင့်ကမ္ဘာကလေးစားလက်ခံသောလူတစ်ဦးအဖြစ်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ၊ငြိမ်းချမ်းရေးနိုဗဲလ်ဆုရှင် ၊ ကိုဖီအာနန်ဖောင်ဒေးရှင်းတည်ထောင်သူ မစ္စတာ ကိုဖီအာနန်ကို စုံစမ်းရေးကော်မရှင်ဥက္ကအဖြစ် ရခိုင်အရေးလေ့လာခိုင်းခြင်း ၊ အချက်အလက်များအကြံပေးတင်ပြခိုင်းခြင်းသည်တစ်ချက်ခုတ်နှစ်ချက်ပြတ်ဆိုသလို ဘင်္ဂလီတွေကိုရော တကမ္ဘာလုံးကိုရော မဟုတ်တန်းတရားတွေဆက်လက်မစွပ်စွဲနိုင်အောင်ကြိုကာလိုက်ခြင်းဖြစ်သည် ။ကိုဖီအာနန်လိုပုဂ္ဂိုလ်မျိုးကို ဤအရှုပ်တော်ပုံတွင်ကိုယ့်ထမင်းကိုယ်စား လာလုပ်ပေးအောင်ပြောနိုင်တာပဲလွန်လှပြီဖြစ်သည် ။ ကိုဖီအာနန်သည်ဘက်လိုက်မည့်သူမဟုတ် ။ပြီးတော့သူသည် အစ္စလာမ်ဘာသာဝင်မဟုတ် ။ပရိုတက်စတင့် ခရစ်ယာန်တစ်ယောက်ဖြစ်သည် ။ကိုဖီအာနန်၏အခန်းကသည်အကြံပေးခြင်းသာပြုနိုင်ကြောင်း ကျန်သည့်ကိစ္စများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ၊ ၁၉၈၂ နိုင်ငံသားဥပဒေနှင့်အညီဆုံးဖြတ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးမှပြောကြားခဲ့ပြီးလည်းဖြစ်သည် ။ကိုဖီအာနန်တစ်ယောက်တည်းမဟုတ်ပဲ မြန်မာနိုင်င့အကြောင်းကျွမ်းကျင်သူ မြန်မာနိုင်ငံသားများလဲထိုကော်မရှင်ထဲမှာပါပါသည် ။ ဆိုလိုသည်မှာ စုံစမ်းရေးကော်မရှင်သည်အကြံပေးရုံသာပေးနိုင်ပြီးဆုံးဖြတ်ချက်ကိုအစိုးရနှင့်လွှတ်တော်ကချမှတ်မည်ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကမ္ဘာ့အမြင်နှင့်လုပ်ဆောင်နေခြင်းကို ရပ်ကွက်အမြင်လောက်ဖြင့်ကြည့်ပြီးမဆုံးဖြတ်ကြပါနှင့်ဟုပြောချင်ပါသည် ။ ။ခိုးဝင်ဘင်္ဂလီကိုကျွန်တော်တို့လည်းမနှစ်မြို့ ၊ ရိုဟင်ဂျာဆိုတာလည်းနာမည်ပင်မကြားချင် ။သို့ သော်ဒီအတိုင်းထိုင်ဆဲနေရုံနှင့်ပြသနာကပြေလည်မည်မဟုတ် ။ ပေါက်ပေါက်ရောက်ရောက်ရှိသူတစ်ယောက်ကိုခေါ်ပြီး ကမ္ဘာကိုသက်သေပြရမည် ။
ဒုတိယစွပ်စွဲချက်ဖြစ်သော ရခိုင်အရေး၊ဘင်္ဂလီကိစ္စသည်ပြည်တွင်းရေးပြသနာသာဖြစ်၍ ကိုဖီအာနန်ပါဝင်လာလျှင် ကမ္ဘာ့ပြသနာလိုလိုဖြစ်သွားမှာစိုးသည်ဆိုခြင်းမှာလည်းမဟုတ်မမှန်ချေ ။ နေမကောင်းလျှင် ဆေးရုံဆေးခန်းသို့ သွားပြရမည် ။ ကိုယ့်အိမ်မှာပဲကြိတ်ခံနေလိုက်မည် ။ဤကိစ္စသည်ဆေးခန်းနှင့်ဆိုင်သောပြသနာမဟုတ်ဟုကြိတ်ကုနေလျှင် ရောဂါမှာ လုံးပါးပါးပြီး အခြေအနေဆိုးကာသေကာနီးမှဆေးရုံပို့ ကာအသက်မမီသလိုဖြစ်လိမ့်မည် ။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ဘင်္ဂလီကိစ္စ ( ကမ္ဘာကအခေါ်ရိုဟင်ဂျာကိစ္စ) သည် ကျွန်တော်တို့ လက်ခံသည်ဖြစ်စေ ၊ငြင်းဆန်သည်ဖြစ်စေ မြန်မာ့နယ်နိမိတ်ကိုကျော်လွန်၍ ကမ္ဘာကပြောနေဆိုနေ ၊ အစည်းအဝေးတွေလုပ်နေ ၊ ဆုံးဖြတ်ချက်တွေချနေရသော ကိစ္စတစ်ခုဖြစ်နေတာသေချာပါသည် ။ဒေါ်အောင်ဆန်းစုကြည်လုပ်၍ ကမ္ဘာ့ပြသနာဖြစ်သွားခြင်းမဟုတ် ၊ ကမ္ဘာ့ပြသနာဖြစ်လာနေသဖြင့် ဒေါ်အောင်ဆန်းစုကြည်က၀င်ရှင်းပေးနေခြင်းဖြစ်ကြောင်း နားလည်စေချင်ပါသည် ။ ကျွန်တော်တို့ ကတော့ ရခိုင်အရေးအတွက်ကော်မရှင်ဖွဲ့ပေးသော ဒေါ်အောင်ဆန်းစုကြည်နှင့် ကော်မရှင်ဥက္ကဌအဖြစ်ဆောင်ရွက်မည့် ဂါနာနိုင်ငံသားUN ခေါင်းဆောင်ဟောင်း မစ္စတာကိုဖီအာနန်ကို အပြည့်အ၀ယုံကြည်မှုရှိပါသည်။
သရ၀ဏ်(ပြည်)
Read More...
Tuesday, August 23, 2016
ပြည်သူတွေစည်းကမ်းရှိအောင် အခြားနည်းတွေမလုပ်တတ်တော့ ဘူးလား ပြည်သူတွေဆီက ပိုက်ဆံတောင်းဒဏ်ရိုက်မှလား……….ပြည့်သဲမောင်(ပြည်)09-4236 71883
Leave a Comment
ပြည်သူတွေစည်းကမ်းရှိအောင် အခြားနည်းတွေမလုပ်တတ်တော့
ဘူးလား ပြည်သူတွေဆီက ပိုက်ဆံတောင်းဒဏ်ရိုက်မှလား……….
ပြည့်သဲမောင်(ပြည်)09-4236 71883
“တွီ….တွီတွီ…..တွီတွီ…”ဆိုတဲ့ခရာမှုတ်သံတွေလမ်းမပေါ်ရဲ
စခန်းရှေ့တွင်စူးစူးဝါးဝါးထွက်လာပြီး ဆိုင်ကယ်တစ်စီးအား
တားပြီး ဆိုင်ကယ်သော့ဖြုတ်သူကဖြုတ်နောက်ကပြေးလိုက်
သူကလိုက်၊ဆိုင်ကယ်လိုက်ကိုင်သူကကိုင်နဲ့ လမ်းမပေါ်မှာရှုပ်
ရှက်ခတ်နေတဲ့မြင်ကွင်းလေးငေးမောကြည့်နေချိန်။
“သွားပြီ မိသားပြီ”ဆိုတဲ့အသံကလဲနားထဲကို လေပူမှုတ်ထည့်
လိုက်သလို တိုးဝင်လာတယ်။ဘာဖြစ်တာလဲ ဘာလို့လဲဆိုတဲ့
စကားကိုမေးဖို့ သတိမရဘဲ ဖမ်းခံလိုက်ရတဲ့ဆိုင်ကယ်သမား
နောက်ကို ဝိညာဉ်အညှို့ခံရသူတစ်ယောက်လို ကောက်ကော
က်ပါအောင်လိုက်ကြည့်မိတယ်။“ဘာဖြစ်လို့လဲလို့ ”ဆိုင်ကယ်
မောင်းလာတဲ့သူကမေးတော့ “ဆိုင်ကယ်စီးဦးထုပ်မပါလို့” ပါ
တဲ့ ။ အော် ဒါဆိုရင်ကျွန်တော်က ဘယ်လိုလုပ်ရမလဲသူက
ထပ်မေးပြန်တယ်။ဒီမှာ အမှုဖွင့်မှာပါ ကိုယ်ရေးအချက်အလ
က်ဖြည့်ပြီး တရားရုံးမှာဒဏ်ငွေဆောင်ရမှာပါဆိုတော့ ဆိုင်
ကယ်သမားက အခု လားတဲ့လေ။“မဟုတ်ပါဘူး ဒီနေ့ကေ
သာကြာနေ့ဆိုတော့ ဆိုင်ကယ်ကယ်ကို စခန်းမှာထားခဲ့ပြီး
တနင်္လာနေ့တရားရုံးဖွင့်ရက်မှ တရားသူကြီးရှေ့မှာအမိန့်ခံ
ယူပြီးမှဒဏ်ငွေဆောင်ရမှာပါလို့ အသားဖြူဖြူ ပါးနီရဲရဲလေး
ပါးမို့မို့ရဲမေလေးကပြန်ဖြေလိုက်တော့ ဆိုင်ကယ်သမားခ
ဗျာ “ဟာသွားပါပြီ….”ဆိုတဲ့အာမေဋိတ်အသံလေးထွက်လာ
တယ်။ဘာလို့လဲဆိုတော့သူက ပြည်မြို့ကမဟုတ်ဘူးတဲ့လေ။
သဲကုန်းဘက်ကတဲ့ ဆေးရုံတက်နေတဲ့မိခင်က ဆန်ပြုတ်သော
က်ချင်လို့ လာဝယ်တာတဲ့လေ………။ကိုယ်ရေးအချက်အလက်
မေးနေတဲ့ မျက်လုံးဝိုင်းလေးက ပိုလို့ပြူးကျယ်သွားရပြီပေါ့ ….
အထက်ကပေးတဲ့ တာဝန်ကတစ်ဖက်မို့သာ ရင်ထဲမှာတော့မချင့်
မရဲပေါ့…..ရုံးဖွင့်ရက် တနင်္လာနေ့ အမှုပေါင်းစုံနဲ့အမှုလာရင်ဆိုင်
တဲ့သူတွေနဲ့ ဆိုင်ကယ်ဖမ်းခံရသူတွေနဲ့ရှုပ်ရှက်ခတ်နေတဲ့ ပြည်မြို့
တရားရုံးကြီးကို ရောင်လည်လည်နဲ့ရောက်သွားခဲ့တယ်။ဒါပေမဲ့စာ
ရေးသူခေါင်းမှာဆောင်းထားတဲ့ ဆိုင်ကယ်စီးဦးထုပ်ကြီးကိုတော့
လုံးဝ(လုံးဝ)မချွတ်ဘူး။ဒီအချိန်မှာ လာချွတ်တဲ့သူရှိရင်လဲရန်သူဘဲ
လေ..။
ဒီလိုနဲ့လက်ဖက်ရည်ဆိုင်ဝင်ထိုင်လိုက်တော့ကုန်ကြမ်းကရပြီပေါ့။
“သူငယ်ချင်း မင်းလဲဆိုင်ကယ် အဖမ်းခံရတာလား”တဲ့လေ။ပါးစပ်
ကဖွင့် မပြောဖြစ်ဘဲ ဆိုင်ကယ်ဦးထုပ်ကြီးသာ လက်နဲ့ခေါက်ပြလို
က်တော့ သူကထပ်ပြောသေးတယ်။“အမယ်မင်းကလဲ ဆိုင်ကယ်
စီးဦးထုပ်ဆောင်းထားပြီး ဆိုင်ကယ်ဘက်မှန် ဆိုင်ကယ်နံပါတ်ပြား
မပါရင်ဖမ်းခံရမှာဘဲတဲ့လေ။သူငယ်ချင်းကိုဘာမှ ဆက်မပြောဘဲ
သူထိုင်နေတဲ့ဝိုင်းမှာ ဝင်ထိုင်လိုက်တယ်။ကော်ဖီသောက်ရင်း ဟို
ကြည့်ဒီကြည့်လုပ်နေရင်း အဲဒီမှာ ဘေးဝိုင်းကိုလာထိုင်တဲ့ဆိုင်ကယ်
ဖမ်းခံရတဲ့ ပြည်သူထဲက ပြည်သူက“ဒါသက်သက်မဲ့ စည်းပွားရှာနေ
တာပါကွာ”ဆိုတဲ့အသံက စာရေးသူကျွန်တော့အတွက်တော့ စိတ်ဝင်
စားစရာ ကိစ္စဖြစ်ပြီလေ….နဲနဲတော့ကြမ်းတယ် ဒါပေမဲ့လဲကောင်းတဲ့
အတွက် ဆက်ပြီးနားထောင်နေလိုက်တယ်။“ဒီလို ပိုက်ဆံတောင်းတာ
များကွာ ဖမ်းတဲ့နေရာမှာ တစ်ခါထဲဒဏ်ငွေဆောင်ခိုင်းရင်လဲရတာအ
ခုတော့ ဆိုင်ကယ်ကလဲချက်ချင်းမရ သွားရလာရတာကလဲ ခက်သေး
တယ်။ဟိုမှာတောင်းလဲတောင်းတာဘဲ ဒီမှာတောင်းလဲတောင်းတာပါ
ဘဲကွာ ဘာတွေများပိုထူးသွားလို့လဲ စည်းကမ်း ရှိဖို့အတွက် ပိုက်ဆံေ
တာင်းတာလား ဒဏ်ငွေဆောင်ရတာလားတစ်ခြားပြည်သူတွေကိုစည်း
ကမ်းရှိအောင်လုပ်တဲ့နည်းတွေ မလုပ်တတ်တော့ဘူးလား ပြည်သူတွေ
ဆီကပိုက်ဆံတောင်းမှလား”တဲ့ ဒါလဲမှန်ပါတာဘဲ ပြည်သူတွေအမှန်တ
ကယ် စည်းကမ်းမရှိတာကို ပြုပြင်စေချင်ရင် ပိုက်ဆံတောင်းပြီးတရားရုံး
ခေါ်ရမှ မဟုတ်ပါဘူး။ ယာဉ်စီးကမ်း လမ်းစည်းကမ်းမလိုက်နာလို့ ဖမ်း
မိတဲ့ပြည်သူတွေကို ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ပတ်သက်ပြီးေ
လးဆယ့်ငါးမိနစ်ဖြစ်ဖြစ် နာရီဝက်ဖြစ်ဖြစ် ပလော်ဂျက်တာနဲ့ထိုးပြပြီး 
အသိပညာပေး အခြားမြို့တွေလိုဆိုင်ကယ်စီးဦးထုပ်ဝယ်လာပြီးမှ ဆိုင်
ကယ်ပြန်ပေးတဲ့ ပညာပေးလေးတွေကို ဥပမာယူပြီး ပြုလုပ်သင့်ပါတယ်။
အခုတော့ ဆိုင်ကယ်ထိမ်းသိမ်းရတဲ့ ရဲစခန်းလဲအလုပ်ရှုပ်သလို ပြည်သူ
တွေလဲအမြင်မမှားတော့ဘူးပေါ့တဲ့လေ.......
အခုလိုဖမ်းမိလို့ ရတဲ့ပိုက်ဆံတွေကို ဘယ်လိုနေရာမျိုးမှာသုံးမလဲ ဘယ်
လိုနေရာမျိုးမှာသုံးနေပြီလဲပြည်မြို့မှာမီးပွိုင့်လေးခုရှိတယ်။ရွှေဆံတော်
ဘုရားကြီးအနီးမှာတစ်ခု၊ကိုသောင်းဈေးအနီးမှာတစ်ခုသံလမ်းဂိတ်နား
မှာတစ်ခု၊ကားကြီးဝန်းနားမှာတစ်ခုရှိတာမှာ ရွှေဆံတော်ဘုရားအနီးက 
မီးပွိုင့်တစ်ခုဘဲကောင်းတယ်။ကျန်တဲ့ သုံးခုကပျက်နေတာ အတော်ကြာ
ခဲ့ပြီ။ဒါတွေကိုရောအခုဖမ်းလို့ရတဲ့ပိုက်ဆံတွေနဲ့ဘာလို့မပြင်တာလဲ၊ပြည်
သူတွေ စည်းကမ်းရှိဖို့ဖမ်းနေတာတော့ ကောင်းပါတယ်။ဒါပေမဲ့ပြည်သူ
တွေ ဒုက္ခရောက်အောင်လုပ်နေတာတော့ လုံးဝ(လုံးဝ)မဖြစ်သင့်ပါ…။
ပြည့်သဲမောင်(ပြည်)09 4236 71883
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
Read More...
Thursday, June 23, 2016
ဗိုလ်ချုပ်အောင်ဆန်းဒုတိယအကြိမ်လုပ်ကြံခံရခြင်း သရ၀ဏ်(ပြည်)
Leave a Comment
ဗိုလ်ချုပ်အောင်ဆန်းဒုတိယအကြိမ်လုပ်ကြံခံရခြင်း
သရ၀ဏ်(ပြည်)
၁၉၄၇ ဇူလိုင်လ ၁၉ ရက် စနေနေ. မနက် ၁၀ နာရီ ၃၇ မိနစ်မှာလုပ်ကြံခံခဲ.ရပြီး ၆၉ နှစ်ကြာတဲ.အခါ ၂၀၁၆ ခုထဲမှာဗိုလ်ချုပ်အောင်ဆန်းကိုလုပ်ကြံမယ်.သူတွေမြန်မာနိုင်ငံမှာထပ်ပေါ်လာပါတယ် ။ ပထမအကြိမ်လုပ်ကြံသူက ဂဠုန်ဦးစောနဲ.အပေါင်းပါများဖြစ်ပြီး ဒုတိအကြိမ်လုပ်ကြံသူများကတော. စစ်အာဏာရှင်အလိုကျအွန်လိုင်းပေါ်က ၀ါဒဖြန်.သမားတွေဖြစ်ပါတယ် ။မြန်မာပြည်ငြိမ်းချမ်းရေးရမှာကိုမလိုလားတဲ. လူတစုရှိနေပါတယ် ။ အထူးသဖြင်. ဒေါ်အောင်ဆန်းစုကြည်ကြောင်.ငြိမ်းချမ်းရေးရသွားတယ်ဆိုတာကိုမလိုလား မရှုဆိတ်သူတစုမြန်မာနိုင်ငံမှာရှိနေပါတယ် ။ ဒုတိယပင်လုံညီလာခံကျင်းပမယ်ဆိုတဲ. အစီအမံတွေ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ. NLD အစိုးရထံကထွက်လာပြီးတဲ. တချိန်တည်းလိုလိုမှာပဲ ပင်လုံစာချုပ်ကိုဝေဖန်တိုက်ခိုက်ပြီး ဂဠုန်ဦးစောကိုဇာတ်လိုက်တင် ပြီး ဗိုလ်ချုပ်အောင်ဆန်းကိုဦးစောသတ်လိုက်တာပဲမှန်သလိုလို သမိုင်းကိုရုပ်ဖျက်လိမ်ညာထားတဲ.ဆောင်းပါးလိုလို ၊ ၀တ္တုလိုလိုဟာတွေ အွန်လိုင်းမှာပေါ်ထွက်လာကြတာပါပဲ ။ ဒါတွေဟာအရေးလုပ်လောက်စရာမဟုတ်လို. တုန်.ပြန်မရေးသားဘူးလို. ယူဆခဲ.ပေမယ်. ၊ သမိုင်းကို သေသေချာချာကျကျနနမသိခဲ.တဲ. လူတွေနဲ. လူငယ်တွေ အတွေးအမြင်မှားသွားမှာစိုးလို. ပြန်လည်ရေးသားရခြင်းဖြစ်ပါတယ် ။ ဆန်စင်ရာ ကျဉ်ပွေ.ကျဆိုသလို သူတို.ထင်ရာမြင်ရာလျှောက်ပြောထားသမျှကိုတော. အားလုံး လိုက်မပြောချင်တော.ပါဘူး ။ အဓိကကျတာတွေကိုပဲပြောချင်ပါတယ် ။ စစ်ဝါဒီတွေရဲ. ၀ါဒဖြန်.အရေးအသားထဲမှာအဓိက ပြောထားတာက ဦးစောဟာတိုင်းပြည်အတွက်ဘယ်လောက်တောင်လှုပ်ရှားခဲ.သူဖြစ်ကြောင်း ၊ ဗိုလ်ချုပ်ထက်ဆယ်.ငါးနှစ် အသက်ကြီးတာကြောင်.ဗိုလ်ချုပ်ထက်ပိုတော်သူဖြစ်ကြောင်း ၊ မျိုးချစ်ပုဂ္ဂိုလ်တဦးဖြစ်ကြောင်း ၊ ပင်လုံစာချုပ်မှာကတိခံထားရတဲ.အတွက် ခွဲထွက်ခွင်.ပေးဖို.ငြင်းမရတဲ. ဗိုလ်ချုပ်ကိုအချုပ်အခြာအာဏာခိုင်မြဲရေးအတွက် ဦးစောက အနစ်နာခံပြီး လုပ်ကြံလိုက်ရတာဖြစ်ကြောင်း ၊ဦးစောဟာကြိုးပေးခံရတာတောင်တည်ငြိမ်သူဖြစ်ကြောင်း စသဖြင်. စာဖတ်အားနဲတဲသူတွေ ၊ သိပ်ပြီးနက်နက်နဲနဲမစဉ်းစားတတ်သူတွေ ၊ အဖွဲ.တဖွဲ.ရဲ.၀ါးမှိုင်းမိနေသူတွေ ဟုတ်လေနိုးနိုးထင်လာစေတဲ. ၀ါဒဖြန်.မှိုင်းတိုက်စာမျိုးကို Social Network မှာ ဗိုလ်ချုပ်အောင်ဆန်းဆန်.ကျင်ရေး ၊ ဒေါ်အောင်ဆန်းစုကြည်ဆန်.ကျင်ရေးသမားတွေကရေးသားဖြန်.ချိလာတာပါ ။ သမိုင်းဆိုတာလိမ်လို.မရပါဘူး ။ ဘယ်လိုပဲပုံဖျက်လာပေမယ်. ကျီးကကျီး ၊ ဗျိုင်းကဗျိုင်း ဘယ်အချိန်ကြည်.ကြည်.ကွဲပြားပါတယ် ။
ကျွန်တော်ဟာ ဒီစာတွေရေးရမှာ ဂဠုန်ဦးစောမိသားစုကိုအားနာပါတယ် ။ ကွယ်လွန်သွားတဲ.လူတယောက်ရဲ.အားနည်းချက်တွေကိုလဲ ပြန်ဖော်ထုတ်ပြီး အပြစ်တင်နေချင်စိတ်မရှိပါ။ ကျန်ရစ်သူမိသားစုကို စိတ်ဒဏ်ရာတွေမပေးချင်ပါ ။ဒါပေမယ်. အမှန်တရားကိုမျက်ကွယ်ပြုပြီး မဟုတ်ကဟုတ်ကတွေရေးနေ ၊ ပြောနေတဲ.သူတွေရှိတော.လဲ အားလုံးရှင်းအောင်ရေးခွင်.ပြုပါ ။ ပထမအချက် ဦးစော ဟာလူတော်တယောက်ဆိုတာကို လက်ခံပါတယ် ။ တော်လို.လဲ ဘွဲ.ရပညာတတ်နိုင်ငံရေးသမားတွေအလည်မှာ ဦးစောလို ဘွဲ.မရတဲ. ရှေ.နေတယောက်ဟာ၁၉၄၀ ကနေ ၁၉၄၂ အထိ မြန်မာနိုင်ငံရဲ.နန်းရင်းဝန် (၀န်ကြီးချုပ်)ရာထူးကိုရတဲ.အထိတွင်ကျယ်နိုင်ခဲ.တာပါ ။ဦးစောဟာမျိုးချစ်ပုဂ္ဂိုလ်တဦးလို.ပြောတာကတော.သေသေချာချာနားမလည်ပဲ ဦးစောဟာ ဂဠုန်ဆရာစံရဲ. အမှုကို(ရှေ.နေထရိန်နင်ရဖို. ) ရှေ.နေလိုက်ပေးဖူးတာနဲ. သူ.ဘာသာ ဂဠုန်ဦးစောဆိုပြီး ဂဠုန်ဘွဲ.ကောက်ခံလိုက်တာပါ ။ ဆရာစံတောင်သူလယ်သမားအရေးတော်ပုံမှာ ဦးစောဟာ ပါခဲ.တာမဟုတ်ပါဘူး ။ ဦးစောဘ၀တလျောက်သူ.ကိုယ်သူနာမည်ကြီးအောင်ပဲအမြဲလုပ်ခဲ.တာပါ ။ဒီအတွက်ဆရာစံကိုအသုံးချခဲ.သလို သူရိယသတင်းစာရဲ. ရှယ်ယာတွေကိုဝယ်ပြီး သူ.ကိုယ်သူ လူသိများအောင် သတင်းစာကတဆင်.လုပ်ခဲ.သူပါ ။ ဘာမှမျိုးချစ်ပုဂ္ဂိုလ်မဟုတ်ပါဘူး ။လူတွေကိုစည်းရုံးရလွယ်အောင် တောင်သူလယ်သမားကိုအခြေခံသလိုလိုနဲ.ဂဠုန်ပါတီကိုထောင်ခဲ.တာပါ ။ဗိုလ်ချုပ်အောင်ဆန်းထက် ၁၅ နှစ်ကြီးလို.ပိုတော်တယ်ဆိုတာကတော. အသက်ကြီတိုင်းသာတော်စတမ်းဆို ဘာကြောင်. ဗိုလ်ချုပ်အောင်ဆန်းကို မြန်မာ.နိုင်ငံရေးအဖွဲ.အသီးသီးကခေါင်းဆောင်တင်နေမလဲ ၊ ဘိုးဘွားရိပ်သာက တွေ.ရာလူတယောက်ခေါ်ပြီးခေါင်းဆောင်တင်လိုက်မှာပေါ.ဗျာ ။ နိုင်ငံရေးမှာဦးစောလုပ်ခဲ.တာအချို.တော.ရှိတယ်။ ။ဦးစောဟာ ဂျပန်ကိုလဲကိုယ်.စားရိတ်နဲ.ကိုယ် ၂၉.၅.၁၉၃၅ မှာလေ.လာရေးသွားခဲ.တယ် ။ ပြီးတော.ဒုတိယကမ္ဘာစစ်စကာစအချိန်မှာ အင်္ဂလန်ကိုသွားပြီး စစ်ကြီးပြီးတဲ.အခါ မြန်မာနိုင်ငံကို ဒိုမီနီယံအဆင်. အုပ်ချုပ်ရေးပေးဖို.သွားတောင်းတာပါ (အဲဒိအချိန်မှာသခင်အောင်ဆန်းတို.က လုံဝလွတ်လပ်ရေးကိုရည်မှန်းနေပါပြီ ) ။ အင်္ဂလန်ဝန်ကြီးချုပ်ချာချီကလဲဦးစောတောင်းတာကိုလက်မခံခဲ.ပါဘူး။ တချိန်တည်းမှာ ဦးစောဟာ ဂျပန်နဲ.ဆက်ပြီး အနာဂါတ်မြန်မာနိုင်ငံရေးမှာ သူခေါင်းဆောင်ရာထူးရဖို.ကြိုးစားခဲ.ပါတယ် ။ဦးစော ဂျပန်နဲ.ဆက်သွယ်တာကို အင်္ဂလိပ်ကသိပြီး ယူဂန်ဒါနိုင်ငံမှာဦးစောကို အင်္ဂလိပ်က ၄ နှစ်လောက်အကျယ်ချုပ်ချထားပါတယ် ။
ဒီဆောင်းပါးမှာအများကြီးအသေးစိတ်ဇာတ်ကြောင်းလှန်မနေတော.ပါဘူး ။ ဦးစောဟာ လူတော်တယောက်ဖြစ်ပေမယ်. မျိုးချစ်ပုဂ္ဂိုလ်ကြီး ၊ မြန်မာနိုင်ငံကိုကိုယ်ကျိုးစွန်.ကယ်တင်ခဲ.သူတဦးမဟုတ်ပါဘူး ။ ဗိုလ်ချုပ်အောင်ဆန်းကိုလုပ်ကြံခဲ.တာလည်း ပင်လုံစာချုပ်ကြောင်.မြန်မာနိုင်ငံကြီးပြိုကွဲမှာစိုးလို.ဆိုတာကလည်း ညောင်ဦးကမ်းပါးပျိုတာနဲ. စမ္ဖာနဂိုက နွားမပေါင်ကျိုးဆိုသလိုဖြစ်နေပါတယ် ။ ဘာမှမဆိုင်ပါဘူး ။
ဗိုလ်ချုပ်အောင်ဆန်းသေသွားလဲ ပင်လုံစာချုပ်ကပျက်သွားတာမဟုတ်ပါဘူး ။ ပင်လုံစာချုပ်ကိုတားချင်တယ်ဆိုရင် စာချုပ်မချုပ်ခင်က ဦးစောက ဗိုလ်ချုပ်ကိုလုပ်ကြံခဲ.ရမှာဖြစ်ပါတယ် ။ ပင်လုံစာချုပ်ချုပ်ပြီးမှ လုပ်ကြံတာက ဦးစောရဲ.ယုတ်မာမှုသက်သက်ပါ ။ အောင်ဆန်းကြောင်. မြန်မာနိုင်ငံကြီးလွတ်လပ်ရေးရတော.မှာကိုမြင်ပြီးသွေးရူးသွေးတန်းထကြံတာပါ ။ ဂဠုန်ဦးစောဗိုလ်ချုပ်အောင်ဆန်းကိုသတ်ခဲ.တာ စစ်အာဏာရှင်လော်ဘီအချို.ပြောသလို ကိုယ်ကျိုးစွန်.အနစ်နာခံမှုကြီးလိုလိုဘာလိုလိုလဲလုံးဝမဟုတ်ပါဘူး။ တကယ်တော. ဂဠုန်ဦးစောဟာ ဗိုလ်ချုပ်အောင်ဆန်းကိုအကြောင်းသုံးခုနဲ.မုန်းတီးခဲ.တာပါ ။အဲဒိအကြောင်းတွေကတော.
(၁) မနာလိုဝန်တိုမှု
သူနန်းရင်းဝန်ဖြစ်ခဲ.တုန်းက ( ၁၉၄၀ -၄၂ ) ဗိုလ်ချုပ်အောင်ဆန်းဟာ နာမည်သိပ်မကြီးသေးတဲ.သခင်နိုင်ငံရေးသမားပေါက်စဘ၀ပဲရှိနေခဲ.တာပါ ။သူ.အမြင်မှာချာတိတ်တယောက်ပါ။ အောင်ဆန်းဆိုတဲ.လူငယ်တယောက်အပေါ်မှာ ဦးစောမြင်တဲ.အမြင်ဟာ အောင်ဆန်းဟာဘာမှသိပ်ပြီးအရေးပါအရာရောက်သူမဟုတ်တဲ. တို.ဗမာအစည်းအရုံးကသခင်နိုင်ငံရေးသမားလေးတယောက်လောက်ပဲလို.မြင်ခဲ.တွေ.ခဲ. ၊ ထိတွေ.ခဲ.ဘူးတာပါ ။ဒေါက်တာဘမော်ဥက္ကဌ သခင်အောင်ဆန်းအတွင်းရေးမှူးလုပ်ပြီး ဗမာ.လွတ်လပ်ရေးအတွက် ဗမာ.ထွက်ရပ်ဂိုဏ်းဖွဲ.တော.လည်းဦးစောဟာပါခဲ.တာမဟုတ်ပါဘူး ။ ဦးပုအစိုးရကိုဖြုတ်ချပြီး ဦးစောတက်လာခဲ.တယ် ။ သူပြုတ်သွားတော.ဆာပေါ်ထွန်းအစိုးရတက်လာခဲ.တယ် ။ ဒါ.ကြောင်.ဦးစောအမြင်မှာအောင်ဆန်းဆိုတာအရေးပါတဲ.နေရာမှာတခါမှမရှိခဲ.ဖူးဘူး ။ဒီနေရာမှာကြားဖြတ်ပြောစရာရှိလာတာက ဦးစောဟာ ကောင်းခန်းကိုလွတ်သွားခဲ.တယ်လို.ပြောရမယ် ။ ရုပ်ရှင်ကြည်.တဲ.နေရာမှာ အစနဲ.အဆုံးကိုပဲမီပြီး ကြားထဲက ဇာတ်တက်ပိုင်း ၊ဇာတ်ထွတ်ပိုင်းကိုမကြည်.လိုက်ရလို.ရှိရင် ဇာတ်လမ်းကိုအပြည်.အ၀နားမလည်နိုင်သလိုပဲ ဦးစောဟာ ဗိုလ်ချုပ်အောင်ဆန်းတို.လွတ်လပ်ရေးအတွက် ပြည်ပအကူအညီရှာဖို. တရုတ်ကိုထွက်သွားတာ၊ ဂျပန်မှာ အပင်ပန်းအဆင်းရဲခံပြီး စစ်ပညာသင်ကြားတာ ၊ ၁၉၄၁ ဒီဇင်ဘာ ၂၆ ထိုင်းနိုင်ငံ ဘန်ကောက်မြို.မှာ ဗမားလွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)ဖွဲ.စည်းတာ ၊ ရဲဘော်သုံးကျိပ်ဖွဲ.တာ ။ ဘီအိုင်အေစစ်ကြောင်းတွေနဲ. မြန်မာနိုင်ငံတွင်းကိုပြန်လာတာ ၊ အင်္ဂလိပ်ကိုတော်လှန်တာ ၊ ဂျပန်ခေတ်( ၁၉၄၂ ဇူလိုင် ၂၇ မှာ မြန်မာ.တပ်မတော်ခေါင်းဆောင်(စစ်သေနာပတိအဖြစ်)ခန်.အပ်ခံရတာ ။ဗိုလ်ချုပ်အောင်ဆန်းဦးစီးပြီး ဖက်ဆစ်ဂျပန်တော်လှန်ရေးဆင်နွှဲခဲ.တာ စတဲ. သမိုင်းဝင်ဖြစ်ရပ်တော်တော်များများကို ဦးစောဟာ မသိခဲ.တော.ပါဘူး ။ သူဟာ ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာ.နိုင်ငံရေးအထွတ်အထိပ်ရောက်နေချိန်မှာ ယူဂန်ဒါနိုင်ငံမှာ အကျဉ်းကျနေခဲ.တာပါ ။ ဆိုလိုတာက သခင်အောင်ဆန်း ဟီးရိုးဖြစ်သွားတာကိုသူမသိလိုက်ပါဘူး ။ သူကတော.အောင်ဆန်းကို အရင်ကလိုပဲ ဇီးရိုး (ဖိုးသုည)လို.ပဲအမြဲထင်နေသူပါ ။ အင်္ဂလိပ်အစိုးရကလဲ ဖဆပလကို နေရာမပေးချင်တော. ဒေါက်တာဘမော်တို.၊ ဆာပေါ်ထွန်းတို. ၊ ဦးစောတို.ကိုမြန်မာပြည်ပြန်ခေါ်ပြီးအစိုးရအဖွဲ.ထဲထည်ခဲ.ပေမယ်.ပြည်သူလူထုက သူတို.လူဟောင်းကြီးတွေကိုတယောက်ကိုမှလက်မခံတော.ပါဘူး ။အားလုံးဟာ ဗိုလ်ချုပ်အောင်ဆန်းမှဗိုလ်ချုပ်အောင်ဆန်းဖြစ်နေကြပါပြီ ။ မြန်မာနိုင်ငံကဦးစောထွက်သွားတုန်းက သခင်အောင်ဆန်းဟာ သေးသေးလေးပေမယ်. သူပြန်လာတဲ.အခါအောင်ဆန်းဟာ သူဘယ်လိုမှမယှဉ်နိုင်တဲ.ဧရာမပုဂ္ဂိုလ်ကြီဖြစ်နေပါပြီ ။ဒါ.ကြောင်. ဦးစောဟာ သခင်အောင်ဆန်းကိုမုန်းတီးပါတယ် ။ ကိုယ်.ထက်သာမနာလိုတဲ. က္ကုသာ မစ္ဆရိယစိတ်ပါပဲ ။
(၂) ပုဂ္ဂိုလ်ရေးရန်ငြိုး
ဦးစောဟာတဖက်သတ်ဗိုလ်ချုပ်အောင်ဆန်းအပေါ်မှာအထင်လွဲမုန်းတီးနေတဲ.အချက်တခုရှိပါတယ် ။ ပြောခဲ.တဲ.အတိုင်း ယူဂန်ဒါမှာဦးစောအကျယ်ချုပ်ကျနေရာက ၁၉၄၆ ခုမှာဦးစောမြန်မာပြည်ပြန်ရောက်လာတယ် ။ရောက်လာတာနဲ. ဂဠုန်တပ်တွေဘာတွေဖွဲ.တယ် ။ စည်းရုံးရေးတွေလုပ်တယ် ။ ၁၉၄၆ စက်တင်ဘာ ၂၁ ရက်မှာတော. ဦးစောဟာ ဘုရင်ခံ ဆာဟူးဘတ်ရန်.စ်နဲ.တွေ.ဆုံပြီး ဘုရင်ခံအိမ်တော်ကအပြန် မြေနီကုန်းလမ်းဆုံအလွန် (ယခုအထက ၂ စမ်းချောင်းရှေ.)နေရာအရောက်မှာ နောက်ကလိုက်လာတဲ.ဂျစ်ကားတစီးပေါ်ကလူသုံးယောက်က သေနတ်နဲ.ပစ်တာခံရတယ် ။ အဲဒိဂျစ်ကားပေါ်ကလူတွေဟာ အစိမ်းရောင်စစ်ယူနီဖောင်းဝတ်ထားတယ် ။ သေနတ်ကျည်ဆန်ဟာဦးစောကိုမမှန်ပေမယ်.ကားမှန်ကိုထိမှန်ပြီးလွင်.လာတဲ. မှန်စတစကြောင်.ဦးစောဘယ်ဘက်မျက်လုံးထိခိုက်ဒဏ်ရာရသွားတယ် ။ အဲဒိကိစ္စဟာ စာရေးဆရာရန်ကုန်ဘဆွေက သူ.သဘောနဲ.သူလုပ်ခဲ.ကြောင်းနောက်မှပေါ်လာပေမယ်. ဦးစောကတော. အောင်ဆန်းခိုင်းလို.လုပ်တယ်လို.သူ.ဘာသာကြိတ်ပြီးရန်ငြိုးဖွဲ.လိုက်တယ် ။ ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းအပေါ်သတ်ရလောက်တဲ.အထိဖြစ်စေတဲ. ဒုတိယအချက်ပဲ ။
(၃) အာဏာရူးခြင်း
ဒီအချက်ဟာ ဦးစောဗိုလ်ချုပ်အောင်ဆန်းကို သတ်ဖြတ်လုပ်ကြံခဲ.တဲ.အထဲမှာ အဓိကအကျဆုံးအကြောင်းဖြစ်ပါတယ် ။ ဖဆပလအဖွဲ.ကြီးမှာ ဗိုလ်ချုပ်အောင်ဆန်းကခေါင်းဆောင်ပါ ။ လန်ဒန်ကို ဗြိတိသျှအစိုးရနဲ.တွေ.ဆုံဆွေးနွေးရအောင်သွားတော.လဲ ဗိုလ်ချုပ်အောင်ဆန်းကအဖွဲ.ခေါင်းဆောင် ၊ ဦးစောကနောက်လိုက်အဖြစ်ရိုးရိုးအဖွဲ.၀င်ပါ ။ ဒါတောင် ဘုရင်ခံကအတင်းတွန်းတွန်းထိုးထိုးထည်.လိုက်လို. ဦးစောတို. ဗိုလ်ချုပ်အောင်ဆန်းနဲ.လန်ဒန်လိုက်ခွင်.ရတာပါ ။ ဗိုလ်ချုပ်အောင်ဆန်းဟာလူငယ်ပေမယ်.လေးစားလောက်ဖွယ်အရည်အချင်းကြောင်. အောင်ဆန်း-အက်တလီစာချုပ်ကို အောင်အောင်မြင်မြင်ချုပ်ဆိုနိုင်တော.မယ်ဆိုတာသိတော. ဦးစောဟာ နာလိုခံခက်ဖြစ်ပြီး စာချုပ်မချုပ်ဖြစ်အောင်ဖျက်ပါတော.တယ် ။ အောင်ဆန်း-အက်တလီစာချုပ်လက်မှတ်ထိုးကာနီးအချိန်ကျမှဗိုလ်ချုပ်အောင်ဆန်းနဲ. အတူလိုက်လာခဲ.တဲ.မြန်မာကိုယ်စားလှယ်အဖွဲ.ထဲက ဂဠုန်ဦးစော ရယ် ၊သခင်ဗစိန်ရယ် လက်မခံနိုင်ကြောင်းထပြီးကန်.ကွက်ခဲ.ကြတယ် ။ ဒါပေမယ်. ၁၉၄၇ ဇန်န၀ါရီ ၂၇ ရက်နေ.မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ဗြိတိသျှနန်းရင်းဝန် မစ္စတာအက်တလီနဲ. အောင်ဆန်းအက်တလီစာချုပ်ကိုအောင်အောင်မြင်မြင်လက်မှတ်ရေးထိုးချုပ်ဆိုနိုင်ခဲ.တယ် ။ အဲဒိအချိန်ကစလို. ဦးစောဟာ အောင်ဆန်းရှိနေသရွေ. သူဟာခေါင်းဆောင်တယောက်မဖြစ်နိုင်တော.ဘူးဆိုတာသေသေချာချာသိသွားခဲ.တယ် ။ ဦးစောအတွက်ရွေးစရာ (၂) လမ်းပဲ ရှိတယ် ။ အဲဒါကတော. အောင်ဆန်းနောက်လိုက်အဖြစ်နဲ. ၀န်ကြီးရာထူးတနေရာ ရအောင်တောင်းပြီးနေဖို.ရယ် ၊ အောင်ဆန်းကိုသတ်ပြီး ရာဇပလ္လင်ပေါ်မှာတက်ထိုင်ဖို.ရယ်ပဲဖြစ်တယ် ။ သခင်အောင်ဆန်းမရှိတော.ရင် ဘုရင်ခံ က သူ.ကိုခေါ်ပြီး နန်းရင်းဝန် (၀န်ကြီးချုပ် )ရာထူးပေးလိမ်.မယ်လို. ဂဠုန်ဦးစောဟာတထစ်ချမှတ်ယူခဲ.တယ် ။ ဒါ.ကြောင်. အချက် (၁) (၂) နဲ. (၃) တို.ပေါင်းပြီး ဗိုလ်ချုပ်အောင်ဆန်းကို ရက်ရက်စက်စက်လုပ်ကြံခဲ.တာဖြစ်တယ် ။ ဒီလုပ်ကြံမှုဟာ ဂဠုန်စော ရဲ.ကိုယ်ကျိုးစီးပွားနဲ.အတ္တမာနကြောင်.ပဲဖြစ်တယ် ။ ပင်လုံစာချုပ်နဲ.လည်း မဆိုင် ၊ မြန်မာနိုင်ငံကိုကယ်တင်တာနဲ.လည်းမဆိုင်ရေးချမဆိုင်ပါဘူး ။
ဒါကဦးစောဘာ.ကြောင်. ဗိုလ်ချုပ်အောင်ဆန်းကိုသတ်သလဲဆိုတာနဲ.ပါတ်သက်ပြီးရေးပြတာပါ ။ ၀ါဒဖြန်.သူတွေပြောသလို ဂဠုန်ဦးစောဟာမျိုးချစ်ပုဂ္ဂိုလ်ကြီးမို. ကြိုးပေးခံရတာတောင်တည်ငြိမ်သူဖြစ်ကြောင်းဆိုတဲ. သမိုင်းတုသမိုင်းယောင်ကလည်းမုသာဝါဒအပြည်.ပါပဲ ။ ဦးစောတည်ငြိမ်သလားမတည်ငြိမ်သလားသိနိုင်တဲ.အထင်ရှားဆုံးသက်သေကတော. ဦးစောဟာ ဗိုလ်ချုပ်တို.ကိုလုပ်ကြံမှုနဲ.စပြီးအဖမ်းခံရတဲ. ၁၉၄ရ ဇူလိုင်၁၉ ရက်တုန်းက ကိုယ်အလေးချိန် ၁၄၈ ပေါင်ရှိပြီး ကြိုးပေးအသတ်ခံရမယ်.၁၉၄၈ မေလ (၇) ရက်နေ.မှာ ကိုယ်အလေးချိန်၁၂၆ ပေါင်သာရှိတော.တာကသက်သေပါပဲ ။ မတည်မငြိမ်စိတ်ဆင်းရဲ ကိုယ်ဆင်းရဲလွန်းလို. ဆယ်လအတွင်းမှာ အလေးချိန် ၂၂ ပေါင်လျော.ကျပိန်ချုံးသွားတာပါ ။မျိုးချစ်သူရဲကောင်းကြီးအဖြစ်ရင်ကိုကော.ခေါင်းကိုမော.ပြီး သေမင်းကိုရင်ဆိုင်သွားခြင်းမဟုတ်ပါဘူး ။
ဦးစောဟာထောင်ကလွတ်ဖို.နည်းမျိုးစုံနဲ.ကြိုးစားခဲ.ပါတယ် ။ နိုင်ငံခြားသံရုံးကိုအကူအညီတောင်းတယ် ၊ ထောင်ပိုင်ကိုလာဘ်ထိုးတယ် ၊ ကိုယ်.ကိုယ် အဆိပ်သောက်သတ်သေဖို.ကြံတယ် ။ နောက်ဆုံးကြိုးစင်ပေါ်တက်ကာနီးအထိ Any message from London ( လန်ဒန်ကအကြောင်းကြားစာတခုခုများမလာဘူးလား) လို.ပြောသွားခဲ.သူပါ ။ သူမကွယ်လွန်မီထောင်တွင်းက ထောင်အရာရှိတဦးနဲ.ဘာသာရေးအကြောင်းစကားစပ်မိတုန်းကလည်း ဦးစောက
“ကျုပ်မှာ အာဏာရှိတဲ.အချိန်တုန်းကလည်း ဘာသာရေးကိုအလေးအနက် မပြုမိဘူး ။ ဘာသာရေးဟာကျုပ်အတွက် ဟန်ပြအဆောင်အယောင်တခုလောက်သာရှိခဲ.တယ်။ ကျုပ်ဆန္ဒမှာရှိတာက ကျုပ်အာဏာတည်မြဲရေး ၊ ကြီးပွားရေးနဲ.တိုင်းပြည်ကိုကျုပ်ကြိုက်တဲ.ပုံစံသွင်းချင်တာပဲကျုပ်မှာအဓိကဖြစ်ခဲ.တယ် ။အဲဒိအချိန်ကသာခုတွေ.ရတဲ.တရားတော်ကိုတွေ.လျှင်ခုလိုလည်းဖြစ်မယ်မထင်ဘူး “
လို.ပြောခဲ.တယ် ။ အဲဒိစကားဟာစာနဲ.ပေနဲ.ရေးထားတဲ.တရားဝင်မှတ်တမ်းမဟုတ်လို.မယုံဘူးဆိုလျှင်ရှိပါစေဦး ၊ အခိုင်မာဆုံးသက်သေကတော. ဦးစော မသေခင်သူ.သမီးမေသန်းစော(ခေါ်) ဘေဘီစော ထံကိုထောင်တွင်းကနောက်ဆုံးပေးစာမှာ ဦးစောလက်ရေးနဲ.ဒီလိုရေးသားခဲ.ပါတယ် ။
“ဒေါသနှင်. အာဃာတတရားများသည်ကောင်းကျိုးကိုမပေးပဲ ဆိုးကျိုးကိုသာပေးသည် ။ သူသည် (ဦးစောသည် ) ဒေါသမီးကိုရင်ဝယ်ပိုက်ပြီး အာဃာတတရားကြီးမားလွန်းခဲ.သဖြင်.သူ၏ဘ၀ကိုတိုတိုနှင်.ပိုင်းကာဇာတ်သိမ်းဆိုးခဲ.ရသည် ။အကယ်၍ဒေါသမီးကိုရင်ဝယ်မပိုက်ပဲ ငြိမ်းသတ်နိုင်ခဲ.ပြီး အာဃာတတရားကိုလည်းဖျောက်ဖျက်နိုင်ခဲ.မည်ဆိုပါလျင် ယခုလိုအသက်ငယ်ငယ်ရွယ်ရွယ်နှင်.ဘ၀ကိုတိုတိုပိုင်းရမည်မဟုတ်ချေ ။ သူမြတ်နိုးသောဇနီး ၊ သူချစ်သောသမီးတို.နှင်.လည်း အိုမင်းအောင်နေထိုင်ရပြီး တိုင်းပြည်အကျိုးကိုသယ်ပိုးထမ်းဆောင်နိုင်သွားမည်ဖြစ်သည် ။ ယခုမူကားလွန်ခဲ.လေပြီ ။ပြီးခဲ.လေပြီ။ သို.တစေလည်းဖခင်ဖြစ်သူ၏အမှားမျိုး ၊နောင်တမျိုး ၊သံဝေဃမျိုး ကိုသမီးဖြစ်သူမကြုံတွေ.ရလေအောင် ဖခင်၏ဘ၀သင်ခန်းစာကိုယူ၍ဒေါသမီးကိုရင်ဝယ်မပိုက်ထွေးပဲ ငြိမ်းသတ်ပစ်ပါ ။ မည်သူ.အပေါ်မှရန်ငြိုးဖွဲ.၊ ရန်ငြိုးမထားပဲ အာဃာတတရားကိုဖျောက်ဖျက်မေ.ပျောက်ပစ်ပါလေ ချစ်သမီး “
လို.ရေးသားထားပါတယ် ။ ဦးစောကိုယ်တိုင်ရေးခဲ.တဲ.စာကိုဖတ်ကြည်.ပြီးရင် ဗိုလ်ချုပ်အောင်ဆန်းတို.ကို လုပ်ကြံခဲ.တာဘာ.ကြောင်.လဲဆိုတာရှင်းနေပါတယ် ။သူဝန်ခံထားသလို ဒေါသ နဲ. အာဃာတ ကြောင်. လုပ်ကြံခဲ.တာပါ ။ ပင်လုံစာချုပ်နဲ.ဘာမှမဆိုင်သလို ၊ နိုင်ငံအတွက်လုပ်ခဲ.တာလည်းမဟုတ်ပါဘူး ။
သမိုင်းဆိုတာလိမ်လို.တော.မရဘူး ။ဒါပေမယ်.လိမ်ဖို.ကြိုးစားလို.တော.ရတယ်လို.ပြောရမလိုဖြစ်နေပါပြီ ။ ဗိုလ်ချုပ်အောင်ဆန်း ဟာ ၀န်ကြီးများရုံးပေါ်မှာ စတင်းဂန်းကိုင်ဆောင်ထားတဲ. ဂဠုန်ဦးစောနောက်လိုက်နောက်ပါတွေလက်ချက်နဲ. အသက်စွန်.ခဲ.ရပြီး ၆၉ နှစ်အကြာမှာ အင်တာနက်လူမှုကွန်ယက် ဖေ.စ်ဘွတ်စာမျက်နှာတွေပေါ်ကမသမာသူလူတစုရဲ. ၀ါဒဖြန်.လုပ်ကြံမှုကိုနောက်တခါခံခဲ.ရတာပါ ။ ၁၉၄၇ ဇူလိုင် ၁၉ မှာလုပ်ကြံခံခဲ.ရစဉ်က ဦးစောဟာ သူ.တပည်.တွေကို ယောက်ကျားပီပီ ဗိုလ်ချုပ်အောင်ဆန်းကို မျက်နှာချင်းဆိုင်ပြီး သေနတ်နဲ.ပစ်ခိုင်းခဲ.တာပါ ။ ဘာပဲပြောပြာ ဦးစောဟာ မျက်နှာချင်းဆိုင်ပြီးမှဗြောင်လုပ်ကြံခဲ.တယ်လို.ကြံဖန်ချီးမွမ်းလို.ရပါသေးတယ် ။ အင်တာနက်မှာ ဒုတိယအကြိမ်လုပ်ကြံသူတွေကတော. သမိုင်းကိုလိမ်ဖို.ကြိုးစားရင်း သေသွားတဲ.လူနောက်ကျောကို ဓားနဲ.အလစ်မှာ ချောင်းပြီးစိုက်တာမို. သူတို.ဆရာဦးစောလောက်တောင် အဆင်.အတန်းနဲ. သတ္တိမရှိတဲ.ခပ်ညံ.ညံ.လူတစုလို.ပြောရမှာပါ။ ဒီလိုအနှစ်မရှိတဲ. စွပ်စွဲချက်မို. ရှိပြီးသား သမိုင်းဟာဘာမှပြောင်းလဲသွားမှာမဟုတ်ပါဘူး ။ ၀ံပုလွေတွေဟာလမင်းကြီးကိုကြည်.ပြီး အူလေ. ဟောင်လေ.ရှိပါတယ် ။ဒါပေမယ်. လမင်းကြီးကတော. ၀ံပုတွေကြောင်.အလင်းရောက်လျော.သွားတယ်ဆိုတာမျိုးမရှိကြောင်းပါခင်ဗျား ။
သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ် ၂၄.၆.၂၀၁၆
ကိုးကား
https://en.wikipedia.org/wiki/U_Saw
http://global.britannica.com/biography/U-Saw
သန်းဝင်းလှိုင် ( ဂဠုန်ဦးစော၏နောက်ဆုံးနေ.များ )
ဂဠုန်ဦးစော ( ဂျာပန်လမ်းညွှန် ။ သူရိယသတင်းစာတိုက် )
Read More...
Facebook Like Page