Saturday, October 22, 2016

ဘယ်သူ သူရဲကောင်းအစစ်လဲ

Leave a Comment

ဘယ်သူ သူရဲကောင်းအစစ်လဲ

သရ၀ဏ်(ပြည်)

မကြာသေးမီရက်ပိုင်းက မောင်တောတိုက်ခိုက်မှုနှင့်ပါတ်သက်၍ဖေ.စ်ဘွတ်တွင်တက်လာသောနောက်ဆက်တွဲ အကြောင်းအရာတခုမှာစိတ်ဝင်စားဖို့ ကောင်းသည် ။ ၂၀၀၆ အောက်တိုဘာလ ၉ ရက် နေ့ နံနက်လင်းအားကြီးအချိန်က မောင်တောခရိုင်ငါးခူရစခန်းကို ဘင်္ဂလီအကြမ်းဖက်သမားများက ၀င်ရောက်စီနင်းတိုက်ခိုက်ရာ စခန်းမကျဆုံးရအောင် ရွပ်ရွပ်ချွန်ချွန်တညလုံးပြန်လည်ခုခံတိုက်ခိုက်ခဲ့သော ဒုရဲအုပ်အောင်ဆန်းထူး က ရေးသားထားခြင်းဖြစ်ရာ အသက်စွန့်တိုက်ခိုက်ခဲ့ရသော်လည်း ရာထူးတိုးပေးသော စာရင်းထွက်လာသောအခါ သူ့ နာမည်ပါမလာပဲ အခြား သူများရာထူးတိုးခံရကြောင်းကို ကာကယံရှင်က ဤသို့ ရေးသားထားလေ၏ ။

“ ပြည်ထဲရေးဝန်ကြီးနှင့် ရဲချုပ်သိစေရန်

၁၆.၁၀.၁၆
ကျွန်တော်(လ-၂၂၃၈၉၆)  ဒုရဲအုပ်အောင်ဆန်းထူးသည် (၉.၁၀.၁၆) နံနက် ၃ နာရီ ၅၀ မိနစ်တွင် မောင်းတောခရိုင် ငါးခူရနယ်မြေတွင်ဖြစ်ပွားသော RSO အကြမ်းဖက်သမားများ၏ ၀င်ရောက်အကြမ်းဖက်မှုတွင် ရှေ့ တန်းစစ်ကြောင်းစစ်ကြောင်း ရုံးဦးစီး ဒုရဲအုပ် အောင်ဆန်းထူးနှင့် တကက -ခင်မောင်အေး တို့မှ RSO အကြမ်းဖက်သမားများ အား အသေခံပြီးဗဟိုကင်းအား တစ်ညလုံးကာကွယ်ခုခံခဲ့၍ RSO အကြမ်းဖက်သမားများ ပြန်လည်ဆုတ်ခွာသွားပြီး RSO အကြမ်းဖက်သမား ၇ ယောက်ကိုအသေရခဲ့ပါသည် ။
ယခုအခါ ရာထူးတိုးပေးသောအခါ တစ်ညလုံးပျောက်နေပြီး နယ်မြေအေးချမ်းမှပြန်လာသော  အရာရှိနှစ်ယောက်ကို ရာထူးတိုးပေးထားပြီး အမှန်တကယ်အသေခံပြီး ဗဟိုကင်းအား ကာကွယ်ခုခံခဲ့သူ ဒုရဲအုပ် အောင်ဆန်းထူးမှာ ကြေးနန်းစာတွင် အမည်တစ်လုံးမျှမပါသည်ကိုသိရှိရ၍ ပြည်ထဲရေးဝန်ကြီး သိစေရန်တင်ပြအပ်ပါသည် ။
အခင်းဖြစ်သော တညလုံးတွင်ရှိသော လ၀က မှဝန်ထမ်းများလည်း တွေ့ မြင်သိရှိကြပါသည်။
နယ်မြေနဲ့ ဗဟိုကင်းကို စွန့် ခွာသူများကိုရာထူးပေးမယ်ဆိုရင် ကျွန်တော်တို့ လည်း ဆက်လက်လုပ်ချင်စိတ်မရှိတော့ပါ။
ယခုလည်း RSO အကြမ်းဖက်သမားများ၏အနီးဆုံး နေရာတွင်နေရ၍ ရင်မအေးသေးပါ။ ရာထူးတိုးပေးသောအခါ အမှန်ကန်လုပ်ဆောင်သူများမပါရှိ၍ ယခု၎င်းတပ်ဖွဲ့ ဝင်များ စိတ်ဓာတ်ကျနေကြပါသည်။ ဖြစ်စဉ်အမှန်သိရအောင်စိစစ်ပေးဖို့ တောင်းဆိုအပ်ပါတယ် “ ဟူ၍ဖြစ်သည် ။ဤရေးသားချက်ကိုထောက်ခံသည့်အနေဖြင့် လ.၀.က ၀န်ထမ်း (၈) ဦး၏အမည် ၊ကိုယ်ပိုင်အမှတ် ၊အဆင့်ရာထူး ၊လက်မှတ် များဖြင့် ဒုရဲအုပ်အောင်ဆန်းထူး၏ ထွက်ဆိုချက်မှန်ကန်ကြောင်းထောက်ခံရေးသားထားသော လက်ရေးစာတစ်စောင်ကိုလည်းဖော်ပြထားပါသည် ။ ကာကယံရှင်၏ရဲဝတ်စုံအပြည့်ဖြင့်ရိုက်ထားသောဓာတ်ပုံများလည်းပါပါသည် ။ ထို့ အပြင် ဖြစ်စဉ်ထွက်ဆိုချက်ဟူသော လက်မှတ်ရေးထိုးထားသည့်စာတစ်စောင်လည်းပါဝင်သေးရာ ထိုစာတွင် ဖြစ်စဉ်ကိုဤသို့အသေးစိတ်ဖော်ပြထားပါသည်  ။

“ ဖြစ်စဉ်ထွက်ဆိုချက်

   ကျွန်တော်သည် ၉.၁၀၂၀၁၆ ရက်နေ့  နံနက် (၀၃:၃၀ ) ခန့် တွင် သေနတ်သံများ လူများ အော်ဟစ်နေသံများကြားရ၍ အခန်းအပြင်ထွက်ကြည့်ရာမွတ်ဆလင်ကုလားများမှသေနတ်များဖောက်ပြီး ငါးခူရနယ်မြေရုံးဝန်းအတွင်းသို့ အကြမ်းဖက်ရန်ဝင်ရောက်လာ၍ကျွန်တော်သည်စစ်ကြောင်းရုံးရှိ လူမျာအားနှိုးပြီး ကုလားများအရှေ့မလှမ်းမကမ်း ဗဟိုကင်းတွင်ထားရှိသောလက်နက်များတိုက်သို့  အမြန်ပြေးပြီးလက်နက်တိုက်အားသော့ဖွင့်၍ လက်နက်/ခဲယမ်းများအမြန်ထုတ်ပေး၍  ကာကွယ်ခုခံခဲ့ပါသည်။၎င်းအချိန် မွတ်ဆလင်ကုလားများမှာ ဗဟိုကင်းမလှမ်းမကမ်းတွင်ရောက်ရှိနေကြပါသည်။ ၎င်းနောက် ဗဟိုကင်းရှိတပ်ဖွဲ့ဝင်များအား လက်နက်/ခဲယမ်းများပေး၍ လိုက်လံပစ်ထုတ်ရာနောက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပါသည်။ စခန်းမှူးနေသောအခန်းကိုလည်း မွတ်ဆလင်ကုလားများဝင်ရောက်ဖျက်ဆီးပြီး စခန်းမှူးအားကုလားများခေါ်သွားကြသည်ဟု ညပိုင်းတွင်မတွေ့ ရှိ၍နယ်မြေရဲစခန်း တပ်ကြပ်ကြီးခင်မောင်အေးနှင့်အတူ ကျွန်တော်မှ ဗဟိုကင်းအားဦးစီးပြီး မိုးလင်းသည်အထိ ဗဟိုကင်းနှင့် နယ်မြေရုံးအားကာကွယ်ခုခံခဲ့ပါသည်။ မိုးလင်းကာစတွင်စခန်းမှူးသည် ဓားဒဏ်ရာများဖြင့် ကုလားများလက်မှလွတ်မြောက်လာခဲ့ပါသည် ။ထို့ နောက်နယ်မြေရုံးအတွင်း အိမ်ထောင်သည်မိန်းမများအား ဗဟိုကင်းသို့ ခေါ်ဆောင်ကာထိန်းသိမ်းခဲ့ပါသည် ။ဒုရဲအုပ်သိန်းကျော်ထိုက်နှင့် ရဲဒုတပ်ကြပ်ဇော်နိုင်ထွန်းတို့မှာဂိတ်ရှေ့ဝနေအိမ်အခန်းတွင် ကုလားများ၏လက်ချက် ဓားဒဏ်ရာများဖြင့်အသက်ပေးခဲ့ရပါသည် ။ ကျွန်တော်လည်းလက်နက်တိုက်သော့အားအမြန်ယူပြီး ကုလားများအရှေ့မှ ဗဟိုကင်းသို့ မရောက်ခဲ့လျှင်နယ်မြေတစ်ခုလုံး ကုလားများအုပ်စီးသွားမည်ဖြစ်ပါသည်။ ကုလားများအရှေ့မှဖြတ်ပြေးပြီး ဗဟိုကင်း၌ လက်နက်/ခဲယမ်းများဖြင့် တပ်ကြပ်ကြီးခင်မောင်အေးနှင့်အတူ ဗဟိုကင်းရှိတပ်ဖွဲ့ ဝင်များအား ဦးစီးပြီး အချိန်မီဗဟိုကင်းမှ ကာကွယ်ပြန်လည်ပစ်ခတ်၍ ကုလားများဆုတ်ခွာသွားကြပါသည်။ ညပိုင်းတွင်အခင်းဖြစ်ချိန်မှစ၍ကျွန်တော်ကိုယ်တိုင် နယ်မြေရုံး ဗဟိုကင်းအား ဦးစီးလုပ်ဆောင်ကာကွယ်ခဲ့ပါသည်။ ကုလား ၇ ယောက် အသေရခဲ့ပါသည်။ကျွန်တော်သာအချိန်မီလက်နက်တိုက်ကိုဖွင့်ခဲ့၍ငါးခူရနယ်မြေအား ကုလားများ၏အကြမ်းဖက်မှုရန်ကို ကာကွယ်နိုင်ခဲ့ပါသည်။
ထွက်ဆိုချက်မှန်ကန်ပါသည် ။
(လက်မှတ်)
ဒုရဲအုပ် အောင်ဆန်းထူး “

ဟူသောထွက်ဆိုချက်ကိုရေးသားထားပါသည် ။နောက်ဆက်တွဲကြားသိရသည်မှာ ဤဖြစ်စဉ်သည်မှန်ကန်သဖြင့် ဒုရဲအုပ်အောင်ဆန်းထူးအား ၁၆.၁၀.၂၀၁၆ နေ့ တွင် ၀န်ကြီးအမိန့် ဖြင့် ရဲအုပ်ရာထူးသို့ တိုးမြှင့်ပေးလိုက်ပြီဖြစ်ကြောင်းသိရပေ၏ ။

            ဤအဖြစ်အပျက်များကိုကြားရသိရသောအခါ ၁၉၉၂ ခုနှစ်ကပေါ်ပေါက်ခဲ့သော  ဟောလီးဝုဒ်မှရုပ်ရှင်တကားကိုအမှတ်ရမိပါသည် ။ရုပ်ရှင်ကားအမည်က(Hero)  ဟီးရိုးဖြစ်ပါသည်။ ဒါရိုက်တာ Stephen Frears ရိုက်ကူးပြီး ဒပ်စတင်ဟော့မန်း ( Dustin Hoffman )၊ဂီနာဒေးဗစ်( Geena Davis) ၊ အန်ဒီဂါစီယာ ( Andy Garcia) တို့ပါဝင်သရုပ်ဆောင်ထားကြပါသည် ။ ဇာတ်လမ်းမှာ ဘာနေး ဆိုသူသည် ခါးပိုက်နှိုက်တယောက်ဖြစ်သည် ။ တညတွင် သူနေထိုင်ရာနေရာအနီးသို့ လေယာဉ်တစီးပျက်ကျပါသည် ။ သူသည် လေယာဉ်ပျက်ထဲမှ ခရီးသည်များ၏ ပိုက်ဆံအိပ်ကိုခါးပိုက်နှိုက်ရန်ရည်ရွယ်ချက်ဖြင့် လေယာဉ်ပျက်အတွင်းသို့ ဝင်သွားသော်လည်း စိတ်ကောင်းဝင်ကာ ဒဏ်ရာရနေသောခရီးသည်များအားတယောက်ပြီးတယောက်ကယ်ထုတ်ပေးပါသည် ။ ထိုအချိန်တွင်သူ့ မျက်နှာမှာ ရွံများပေးရေညစ်ပါတ်နေသဖြင့် ရုပ်ကိုသိပ်မှတ်မိဖို့မလွယ်ပါ ။လေယာဉ်အပျက်ထဲတွင် သူ့ ဖိနပ်တဖက်ကျွတ်ကျကျန်ခဲ့ပါသည် ။ ကျန်ဖိနပ်တဖက်ကိုပဲ ယူလာခဲ့ပြီးအိမ်ပြန်လာပါသည် ။ လမ်းတွင် အိမ်ခြေယာခြေမရှိသောဗီယက်နမ်စစ်ပြန်ကြီး ဂျွန်ဘပ်ဘာ နှင့် တွေ့သဖြင့် လေယာဉ်ပျက်မှလူများကိုကယ်ဆယ်ခဲ့ပုံကိုပြောပြပြီး သူ၏ဖိနပ်တဖက်အား စစ်ပြန်ကြီး ဘပ်ဘာကိုပေးခဲ့ပါသည် ။ ထိုအချိန်တွင် ပျက်ကျလေယာဉ် ဖလိုက်နံပါတ် ၁၀၄ မှခရီးသည်များကိုကူညီကယ်တင်ခဲ့သည် သူရဲကောင်းကြီးကို လူတွေကအသည်းအသန်လိုက်ရှာနေကြပါသည် ။ရုပ်သံလွှင့်ကုမ္မဏီတခုက ထိုသူရဲကောင်းကို ဒေါ်လာတသန်း ဆုချီးမြှင့်မည်ဟုကြေငြာလိုက်ပါသည် ။ ထိုငွေကို သူရဲကောင်းအစစ်ဖြစ်သော ဘာနေးမထုတ်ယူနိုင်ခဲ့ပါ ။အဘယ့်ကြောင့်ဆိုသော် လေယာဉ်ပျက်ထဲမှရခဲ့သော အကြွေးဝယ်ခရက်ဒစ်ကတ်ပြားများတရားမ၀င်အသုံးပြုမှုဖြင့် အဖမ်းခံရပြီး အချုပ်ခန်းထဲရောက်နေသောကြောင့်ဖြစ်သည် ။ ထိုအချိန်တွင်စစ်ပြန်ကြီးဘပ်ဘာ က သူ့ လက်ထဲတွင်ရှိနေသော ကျန်ရှိနေသည့်ဖိနပ်တဖက်ကိုပြကာ လူစွမ်းကောင်းကြီးလုပ်သွားပါသည် ။ ဘာနေးက ဘပ်ဘာမှာ လူစွမ်းကောင်းအတုဖြစ်ကြောင်း တွေ့ သမျှလူကိုလိုက်ရှင်းပြသည် ။သို့ သော်လူတွေက သူ့ စကားကိုမယုံပါ ။ အားလုံးက သူ့ ထက် ဘပ်ဘာကိုသာ လူစွမ်းကောင်းအဖြစ်ယုံကြည်ကြသည် ။

     လေယာဉ်ပျက်ကျရာတွင်အသက်ရှင်ကျန်ခဲ့သောခရီးသည်တဦးဖြစ်သည့် ရုပ်သံသတင်းထောက်မလေးကလည်း ဘပ်ဘာကို သူရဲကောင်းအစစ်ထင်နေကာ ကျေးဇူးဆပ်သည့်အနေဖြင့် ဘပ်ဘာကိုနာမည်ကြီးလာအောင်သတင်းတွေထုတ်လွှင့်ပေးသည် ။ အိမ်ယာမဲ့ စစ်ပြန်ကြီးကို လူတလုံးသူတလုံးဖြစ်လာအောင်လုပ်ပေးသည် ။စစ်ပြန်ကြီးဘပ်ဘာ ကလည်း သူ့ ကိုယ်သူ လူကြီးလူကောင်းစတိုင်ဖြင့် ဆုကြေးငွေရသောပိုက်ဆံအချို့ ကို အိမ်ခြေယာခြေမဲ့ ကလေးများ ၊ ဆေးကုစားရိတ်လိုနေသောကလေးများကိုထောက်ပံ့ပေးခြင်းပြုကာ သူ့ ကိုယ်သူနာမည်ကြီးလာအောင်လုပ်သည် ။ သူတော်ကောင်းယောင်ဆောင်သည် ။ ကောင်မလေးက လူလိမ်ဘပ်ဘာကို ချစ်ကြိုက်မိမလိုပင်ဖြစ်လာသည် ။ ထိုအချိန်တွင် လူစွမ်းကောင်းအစစ်ဖြစ်သော ဘာနေးမှာ သူ့ ဇနီးဟောင်းနှင့် အခြေအနေဆိုးသထက်ဆိုးနေသည် ။သူ့ သားနှင်လည်းတွေ့ ခွင့်မရ ။သားဖြစ်သူကလည်း လူစွမ်းကောင်းအတု ဘပ်ဘာ၏ပရိသတ်ဖြစ်နေသည် ။ထိုအချိန်တွင် စုံထောက်တယောက်က သတင်းထောက်ကောင်မလေးအားပြောပြသည်မှာ ဘာနေးဆိုသော လူကိုရဲစခန်းတွင်ဖမ်းဆီးစစ်ဆေးစဉ်က သတင်းထောက်ကောင်မလေး၏ ခရက်ဒစ်ကတ်ကို ဘာနေးထံတွင်တွေ့ ရကြောင်းဖြစ်သည် ။ ထိုအခါကောင်မလေးက သူ့ ခရက်ဒစ်ကတ်ဘယ်လိုလုပ် ဘာနေး ထံတွင်ရှိနေသလဲ သိချင်သဖြင့် ဘာနေး၏အိမ်ကို တိတ်တိတ်ကလေး စုံထောက်နှင့်အတူဝင်ကြည့်ကြသည် ။ ထိုအခါလေယာဉ်ပျက်မကျမီတည က နယူးယောက်မြို့တွင် သူဆုရခဲ့သော ငွေဖြင့်ပြုလုပ်ထားသည့် မိုက်ကရိုဖုန်းတံဆိပ်ကလေးကို သွားတွေ့ သည် ။ ကောင်မလေးက မည်သို့ကောက်ချက်ချသနည်းဟူမူ လူစွမ်းကောင်းဘပ်ဘာသည် လေယာဉ်ထဲတွင် သူသတိလစ်မတတ်ဖြစ်နေချိန်တွင် သူ့ပိုက်ဆံအိတ်ကို ယူထားခဲ့မည် ။ထို့ နောက် ပိုက်ဆံအိတ်ကို ဘာနေးဆိုသူအားရောင်းချခဲ့မည် ။ ဘာနေးက ယခုအခါ လူစွမ်းကောင်းဖြစ်နေသူ ဘပ်ဘာကို ဤ ပစ္စည်းများပြ၍အကြပ်ကိုင်ခြိမ်းခြောက်ငွေညှစ်နေသည်ဟု ယူဆသည် ။

ထိုအချိန်တွင် လူစွမ်းကောင်းကြီး ဘပ်ဘာသည် အလွန်မြင့်မားလှသောတိုက်ခေါင်မိုးပေါ်မှ ခုန်ချ၍ကိုယ့်ကိုယ်ကိုသတ်သေရန်ကြံစည်နေကြောင်း ရုပ်မြင်သံကြားသတင်းတွင်ပါလာသသည် ။ထိုနေရာသို့ သူတို့ သွားကြသည် ။ ဘာနေး၏ ဇနီးနှင့် သားလည်းထိုနေရာသို့ ရောက်လာကြသည် ။ ဘာနေးက သေကြာင်းကြံမည့် ဘပ်ဘာကို သွားရောက်ဖြောင်းဖျသည် ။ ဘာနေးကို ဘပ်ဘာကသူဇစ်မြစ်ကိုမဖော်ရန်တောင်းပန်သည် ။ဆုရတဲ့အထဲကငွေအနည်းငယ်လည်း လူမသိအောင်ပေးပါ့မယ်ဟုကမ်းလှမ်းသည်။ ထိုအချိန်တွင်ဘာနေးသည်မတော်တဆ ခြေချော်ကျသွားရာ ဘပ်ဘာကလက်ကိုဆွဲထားပြီးဆွဲတင်ပေးသောကြောင့်အများအမြင်တွင် (နောက်တကြိမ် )ဟီးရိုးဖြစ်သွားပြန်သည် ။ ဘာနေး၏မျက်နှာလည်းဖုံတွေနှင့်ညစ်ပတ်သွားရာထိုအခါမှ လေယာဉ်ပျက်ကျသောညက သူ့ကိုကယ်တင်ခဲ့သောသူ၏မျက်နှာကို သတင်းထောက်မလေးကပြန်လည်မှတ်မိသွားတော့သည် ။ ဟီးရိုးအစစ်မှာဘာနေးဖြစ်ကြောင်းကောင်မလေးသိသွားသည် ။ဘာနေးကို သူ့ ကိုကယ်ခဲ့တာရှင်မဟုတ်လားဟု တိုးတိုးတိတ်တိတ်မေးသည် ။ဘာနေးက မဟုတ်ပါ ၊ ဘပ်ဘာသည်သာ လူစွမ်းကောင်းပါဟုဖြေသည် ။ သို့သော်ကောင်မလေးကလက်မခခံ ။ပြန်ကာနီးတွင် သူ့ အသက်ကိုကယ်ခဲ့တဲ့အတွင်ကျေးဇူးတင်ပါတယ်ဟုထပ်ပြောသည် ။ဒီတခါတော့ဘာနေးက ရပါတယ် ကိစ္စမရှိပါဘူးဟုပြန်ပြောသည် (လူစွမ်းကောင်းကသူပါဆိုတာကို ၀န်ခံသည် ) ။ သတင်းထောက်မလေးကအကြံပေးသည်မှာ ဘယ်သူတွေယုံယုံမယုံယုံ သားဖြစ်သူကိုတော့အမှန်အတိုင်းပြောဖို့  ဖြစ်သည် ။ အများအမြင်မှာတော့ စစ်ပြန်ကြီးဘပ်ဘာကို သူရဲကောင်းဟုဆက်မြင်ချင်လဲမြင်ပါစေဟုဆုံးဖြတ်ကြသည် ။ သားကို တိရိစ္ဆာန်ရုံသို့ ခေါ်သွားပြီးအဖြစ်မှန်ကိုအစအဆုံးပြောပြသည် ။ဇာတ်လမ်းပြောအပြီးတွင် မိန်းမကြီးတယောက်က သူ့ သမီးခြင်္သေ့လှောင်အိမ်ထဲ သို့ ပြုတ်ကျသွားကြောင်းအလန့် တကြားထအော်သည် ။ ဘာနေး၏သားက သူ့ အဖေအား သွားကယ်ပါဟုတောင်းပန်သည် ။ဘာနေးက သက်ပြင်းချသည် ။ သူ့ ဖိနပ်နှစ်ဖက်ကိုချွတ်သည် ။ ပြီးတော့ခြင်္သေ့လှောင်အိမ်ရှိရာသို့ ထွက်သွားသည် ။ ထွက်မသွားခင်သားကိုစကားတစ်ခွန်းတော့မှာခဲ့သည် ။

“ငါ့ဖိနပ်တွေသေသေချာချာကြည့်ထားဦသားရေ “

လောကကြီးတွင် တကယ်လုပ်ရသူကတယောက် ။အချောင်နာမည်ကြီးတာကတခြားဖြစ်လေ့ရှိသည်ကို မီးမောင်းထိုးပြထားသောရုပ်ရှင်ဖြစ်သည် ။ ဤလိုအဖြစ်မျိုးတွေလောကမှာ မကြာခနဖြစ်တတ်သည်ထင်သည် ။

       ကမ္ဘာကျော်တိုက်တန်းနစ်သင်္ဘောကြီး နစ်မြုပ်ခဲ့သည့်ညကလည်း သဘောင်္ပေါ်တွင်တဦးတည်ေးသာဂျပန်ခရီးသည်ဖြစ်သည့်   မာဆာဘူမီ ဟိုဆိုနို (Masabumi Hosono ) ဆိုသူလည်းပါလာ၏ ။ ထိုအကြောင်းကိုဆရာမောင်စိန်ဝင်း(ပုတီးကုန်း)လည်းဟောပြောပွဲများတွင်ဟောပြောဖူး၏ ။ အတိုချုပ်ပြောရလျှင် ဟိုဆိုနိုသည် တိုက်တန်းနစ်သဘောင်္မြုပ်ချိန်တွင် တတိယတန်းခရီးသည်ဖြစ်သည် ။ ၁၉၁၂ ခုနှစ် ဧပြီလ ၁၄ ရက်အလွန် ၁၅ ရက်နေ့အကူးညကြီးဖြစ်သည် ။သူသည် အိပ်ယာမှည၀တ်အင်္ကျီနှင့်ထပြေးလာသည် ။ လူတွေကသဘောင်္ပေါ်တွင်အော်ဟစ်ပြေးလွှားနေစဉ် အမျိုးသမီးနှင့်ကလေးများကိုဦးစားပေး၍ အသက်ကယ်လှေပေါ်သို့ တင်ဆောင်နေသည် ။အသက်ကယ်လှေ၁၀စီးခန့်တင်ပြီးသွားပြီဖြစ်သည်။ ထိုစဉ်အသက်ကယ်လှေတစင်းမှ “နှစ်ယောက်စာနေရာရဦးမယ် “ဟုအော်သံကြားသည် ။ လူတစ်ယောက်က လှေထဲသို့ ခုန်ချလိုက်သည် ။ ထိုအချိန်တွင်သူလဲအမျိုးသမီးများကိုတွန်းဖယ်ကာ အသက်ကယ်လှေထဲသို့ ခုန်ချလိုက်သည် ။ ညကလည်းမှောင် ၊ အသက်ကယ်လှေအကြီးအကဲဖြစ်သူလည်း သူ့ ကိုသေသေချာချာကြည့်မနေသဖြင့် သူယောက်ကျားလား မိန်းမလားဆိုတာ ဘယ်သူမှသတိမထားမိချေ ။ သူတို့ နှင့် ပေ ၂၀၀ အကွာတွင်တော့ နစ်မြုပ်စတိုက်တန်းနစ်သဘောင်္ကြီးပေါ်မှ ကလေးများ၊မိန်းမများ ၊ ယောင်္ကျားများ၏ အော်သံဟစ်သံ ငိုယိုသံ များကို ကမ္ဘာပျက်သလို ငရဲပွက်သလိုကြားနေရသည် ။တိုတိုပြောရလျှင် အိုဆိုနိုတို့အဖွဲ့ ၎င်းနေ့ မနက်(၈) နာရီတွင် RMS Carpathia ဆိုသောသဘောင်္မှ ကယ်ဆယ်ခြင်းခံရသည် ။ အမေရိကသို့ ရောက်သည် ။ထိုမှတဖန် သူဂျပန်သို့ ဘေးကင်းစွာပြန်ရောက်ခဲ့သည် ။ ဂျပန် သတင်းနှင့်စာနယ်ဇင်းဆရာများက ဖိုးကံကောင်းဂျပန်လေးဟုအမည်တပ်ကာ သူ့အကြောင်းရေးသားကြသည် ။သူကလည်းသူ့ အတွေ့ အကြုံများကို (မိန်းမယောင်ဆောင်ကာ အသက်ကယ်လှေထဲခုန်ချသည့်အကြောင်းမှလွဲ၍) ဆောင်းပါးများရေးသည် ။သတင်းစာများစွာကအင်တာဗျူးများလုပ်သည် ။ ထိုအချိန်တွင် သူသည် ဂျပန်တွင် လူစွမ်းကောင်း ကြီးဖြစ်နေတော့သည် ။

 သို့ သော် အမေရိကန်ပြည်ထောင်စုတွင်တော့ စာရေးဆရာ Archibald Gracie ရေးသောဝတ္တုတပုဒ်ကြောင့် အိုဆိုနို ကို လူတွေက ရွံရှာလာကြကာ အသက်ကယ်လှေပေါ်ခိုးလိုက်လာသည့်လူ ဟု စွပ်စွဲခေါ်ဝေါ်လာကြသည် ။အသက်ကယ် လှေ၏ဦးစီးခေါင်းဆောင်ဖြစ်သူ Edward Buley ကလည်း အမေရိကန်ပြည်ထောင်စု ဆီးနိတ်လွှတ်တော် စုံစမ်းရေးသို့ ပြောကြားရာတွင် ဟိုဆိုနိုနှင့်အခြားတယောက်သည် အသက်ကယ်လှေပေါ်သို့ မိန်းမယောင်ဆောင်၍တက်ခဲ့ဖွယ်ရှိကြောင်း ထွက်ဆိုခဲ့သည် ။ထိုထွက်ဆိုချက်ကြောင့် တိုက်တန်းနစ်သဘောင်္နစ်မြုပ်ရာတွင်အသက်ဆုံးခဲ့သော အမျိုးသမီး နှင့်ကလေးများ ကိုယ်စားသူတို့ကို တကမ္ဘာလုံးကရွံမုန်းကြသည် ။ ထိုသတင်းဂျပန်သို့ ရောက်လာသောအခါ အိုဆိုနိုမှာများစွာအရှက်ရပြန်သည် ။ ဆာမူရိုင်းတွေကလည်း ယောက်ျားကောင်းမပီသသောလုပ်ရပ်အဖြစ်အပြစ်တင်ကြသည် ။ အချို့ ကကိုယ့်ကိုယ်ကိုသတ်သေဖို့တောင်ဆိးုကြသည် ။ ဂျပန်နိုင်ငံကိုအရှက်ရစေသူဟုခေါ်ဝေါ်သမုတ်ကြသည်။  တချိန်က လူစွမ်းကောင်းကြီဖြစ်ခဲ့သူ ဟိုဆိုနိုမှာ အသက် ၆၈ နှစ်အရွယ်ကွယ်လွန်ချိန် ၁၉၃၉ အထိဂျပန်တွင်မည်သူ့ ကိုမျှထိုအကြောင်းမပြောပဲ မျက်နှာငယ်စွာနေရသည် ။

         Hero ရုပ်ရှင်နှင့် ဟိုဆိုနို ဇာတ်လမ်းနှစ်ပုဒ်တွင် လူစွမ်းကောင်းတွေပါဝင်နေသည် ။သို့ သော် လူစွမ်းကောင်းတကယ်မဟုတ်သူ စစ်ပြန်ကြီးဘပ်ဘာက သူများဆီမှရသောဖိနပ်တဖက် ၊နားစွန်နားဖျားကြားခဲ့သောဇာတ်လမ်းတပုဒ်ဖြင့် တကယ့် အသက်စွန့် ကူညီသူကိုဘေးဖယ်ကာ လူစွမ်းကောင်းဟီးရိုးကြီးဝင်လုပ်နေသည် ။ မိန်းမတွေနှင့် ကလေးတွေကိုဘေးသို့ တွန်းဖယ်ကာ အသက်ကယ်လှေထဲသို့ တကိုယ်ကောင်းစိတ်ဖြင့် ခုန်ချခဲ့သော ဟိုဆိုနိုမှာလည်း သူ့ ဇာတ်လမ်းအမှန်ကိုလူတွေမသိခင်အချိန်အထိ တကယ်စွန့် လွှတ်စွန့် စားပြီးသင်္ဘောပေါ်မှလွတ်မြောက်လာသလိုလို ဖြင့် သူရဲကောင်းကြီးလုပ်ခဲ့သည် ။ မသိသူတွေကြားတွင် လူစွမ်းကောင်းကြီးဖြစ်ခဲ့သည် ။ မည်သို့ ပင်ရှိစေ ဟိုဆိုနိုရော စစ်ပြန်ကြီးဘပ်ဘာရော ကိုယ့်လိပ်ပြာကိုတော့ ကိုယ်လိမ်၍ရမည်မဟုတ်ပေ ။ဟိုဆိုနို၏လုပ်ရပ်ကြောင့် သူ၏ သားသမီး မြေးမြစ်လက်ထက်သို့ တိုင်အောင် အရှက်ရစရာတွေဖြစ်ခဲ့ရလေသည် ။

      ယခုလည်း မောင်တောနယ်မြေ ငါးခူရရဲစခန်းကိုင်္ဂလီအကြမ်းဖက်သမားများတိုက်ခိုက်ခံရသောညကအဖြစ်အပျက်များနှင့်ပါတ်သက်၍ ဇာတ်လမ်းလေးတပုဒ်ပေါ်ထွက်ခဲ့ပြီဖြစ်သည် ။ ထိုအဖြစ်အပျက်တွင် အချို့ ကအထက်လူကြီးများ၏ အသိအမှတ်ပြု ရာထူးတိုးခြင်းများကိုခံရပြီဖြစ်သည် ။နာမည်ကောင်းလက်မှတ်များ ၊ ဘွဲ့ တံဆိပ်များ ပင်ချီးမြင့်ခံရကောင်း ခံရတော့မည်ဖြစ်သည် ။ အချို့ သူများမှာမူကား ဟီးရိုးရုပ်ရှင်ထဲမှ ဘာနေးလို ကိုယ်ကျိုးစွန့် ဆောင်ရွက်ခဲ့ပါလျက်လူတွေ၏အသိအမှတ်ပြုမှုကိုမရတာလည်းကြုံရနိုင်ပေမည် ။ ဒုရဲအုပ်အောင်ဆန်းထူးလို တိုင်းပြည်အတွက်ကိုယ်ကျိုးစွန့် ခဲ့သော လူစွမ်းကောင်းတယောက်ကို အချိန်အနည်းငယ်နောက်ကျသော်လည်းနောက်ဆုံးတွင်နိုင်ငံတော်က အသိအမှတ်ပြု ရာထူးတိုးပေးလိုက်သဖြင့်ဝမ်းသာပါသည် ။

သူ့ လိုအနစ်နာခံခဲ့ပြီး အသိအမှတ်ပြုမခံရသူများလည်းနယ်ပယ်အသီးသီးတွင်ရှိနိုင်ပါသည် ။ ဤလောက၌ ကောင်းတာလုပ်လျှင်ကောင်းတာဖြစ်သည် ဟူသော ဗုဒ္စဘုရားရှင်၏တရားတော်များမှန်ကန်ကြောင်းသက်သေပြဖို့ ကောင်းတာလုပ်သောလူများကောင်းကျိုးခံစားရဖို့ ဝိုင်းဝန်းကူညီရေးသည် လူသားအားလုံး၏တာဝန်သာဖြစ်ပါကြောင်း။

သရ၀ဏ်(ပြည်)

စောင့်ကြည့်ဂျာနယ်
၂၁.၁၀.၂၀၁၆


0 comments:

Post a Comment

Facebook Like Page