Wednesday, October 19, 2016

ပြည်မြို့တွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး ပြည့်သဲမောင်(ပြည်)09-4236 71883

Leave a Comment

ပြည်မြို့တွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး

ပြည်  အောက်တိုဘာ(၁၉)ရက်နေ့
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့တွင်
အောက်တိုလာ(၁၈) နံနက်(၅း၀၀) နာရီအ
ချိန်ခန့် ပြည်မြို့မရဲစခန်း ရဲအုပ်သန်းထွန်း
အောင်သည် တာဝန်မှူးတာဝန်ဆောင်ရွက်
နေစဉ် ပြည်မြို့၊ဆံတော်ရပ်ကွက် ၊တရုတ်စု
ရပ် ၊ မီးရထားစက်ခေါင်းရုံးဝန်းအဟောင်းအ
နီး အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးကြောင်း
သတင်းရရှိသဖြင့် သက်သေ ဆံတော်ရပ်ကွက်
အုပ်ချုပ်ရေးမှူး ဦးညွန့်နိုင်၊ ပုထိုးကြီးလမ်း၊ ဆံ
တော်ရပ်ကွက် ၊ ပြည်မြို့နေသူ နှင့် ရာအိမ်မှူး
ဦးတင်ဝင်း၊ရွှေသာလျောင်းလမ်း ၊ ဆံတော်ရပ်
ကွက် ၊ ပြည်မြို့နေသူတို့နှင့် အတူ သွားရောက်
စစ်ဆေးခဲ့သည်ဆို၏။

ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ မြို့မရဲစခန်း
မြောက်(၄)ဖာလုံခန့်၊ပြည်မြို့၊ ဆံတော်ရပ်
ကွက် ၊ တရုတ်စုရပ် ၊ မီးရထားစက်ခေါင်း
ရုံအဟောင်းအနီးနေထိုင်သူ ဦးဆဏ်းလွင်
(၄၈)နှစ် (ဘ) ဦးသိန်းမောင်၊ခဲပစ္စည်းပုံသွန်း
လောင်း အုန်းတောလမ်း ၊ တရုတ်စုရပ် ၊ ဆံ
တော်ရပ်ကွက် ၊ ပြည်မြို့နေသူ၏ ဇနီးဖြစ်သူ
ဒေါ်ဌေးကြည် (၄၈)နှစ် ၊ (ဘ) ဦးထွန်းရင်၊နေ
သူသည် နေအိမ်အောက်ထပ် လှေခါးအနီးတွင်
သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသဖြင့် စုံစမ်းမေး
မြန်းရာအောက် တိုဘာ(၁၈)ရက်နေ့ နံနက်(၂း
၃၀)အချိန် သားဖြစ်သူ အာကာစိုး (၂၂)နှစ်၊သည်
ဘောလုံးပွဲကြည့်ရာမှ နေအိမ်သို့အပြန် အပေါ့သွား
ရန်အတွက် အိမ်နောက်ဖက်သို့ထွက်စဉ် နေအိမ်ေ
အာက်ထပ် နောက်ဖေးခန်းအတွင် မိခင်ဖြစ်သူ ဒေါ်
ဌေးကြည်မှာ လည်ပင်းတွင်အ၀တ်စကို ပြုလုပ်ထား
သည့် (အ၀တ်စကြိုး) ကိုအသုံးပြုပြီး အမြင့်(၆)ပေရှိ
သစ်သားထုတ်တန်းတွင် ကြိုးဆွဲချလျှက်တွေ့ရှိခဲ့ကြောင်း
ထွက်ဆိုခဲ့သည်။
ထို့နောက် အိမ်အပေါ်ထပ်တွင် အိပ်နေသူ ဖခင်နှင့်မိသား
စုများ အားနှိုး၍ ပြောကြားရာ ဖခင်ဖြစ်သူ ဦးဆဏ်းလွင်မှ
ဆင်းလာပြီး ကြိုးအားဓါးဖြင့်ခုတ်ဖြတ် ၊ ဖြုတ်ချ၍လည်ပင်း
ရှိ ကြိုးအားဖြေပေးခဲ့ပြီး ဇနီးဖြစ်သူကို ၀ိုင်းဝန်းပြုစုသော်လည်း
ဇနီးဖြစ်သူမှာ သေဆုံးနေပြီဖြစ်ကြောင်း သိရသဖြင့် ဦးဆဏ်း
လွင်မှ ရဲစခန်းသို့ လာရောက်အကြောင်းကြား ခြင်းဖြစ်သည်ဟု
ရဲမှတ်တမ်းအရသိရသည်။

ဆက်လက်၍ သေဆုံးသူ ဒေါ်ဌေးကြည် သေဆုံးရခြင်းအား
မိသားစုများထံမေးမြန်ရာ သေဆုံးသူ ဒေါ်ဌေးကြည်မှာ မိသား
စု(၁၀)ဦးရှိပြီး စီးပွားရေးကြပ် တည်းကာ အမြဲတွေဝေစဉ်းစား
နေတတ်သည်ဟု မိသားစုများမှ ပြောပြသိရှိရသည်။

ထို့ကြောင့် ဒေါ်ဌေးကြည် သေဆုံးခြင်းနှင့် ပတ်သက်၍ ဓမ္မ
တာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးဆောင်ရွက်
နိုင်ရန်အတွက် တာဝန်မှူး ရဲအုပ်သန်းထွန်းအောင်၏ သတင်း
ပေးချက်အပေါ် ပြည်မြို့မရဲစခန်း သေမှုသေခင်း အမှတ်(၉/၂၀
၁၆)အရသေမှုသေခင်းရေး ဖွင့်ဆောင်ရွက်လျှက်ရှိကာ အမှုအား
ဒုရဲမှူးမျိုးမြင့်မှ လက်ခံစစ်ဆေးလျှက်ရှိကြောင်းသတင်း ရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

0 comments:

Post a Comment

Facebook Like Page