Showing posts with label ပြည်​ခရိုင်​မူခင်းနှင့်​သတင်းစုံ. Show all posts
Showing posts with label ပြည်​ခရိုင်​မူခင်းနှင့်​သတင်းစုံ. Show all posts

Thursday, June 8, 2017

(၃)တန်းကျောင်းသားတစ်ဦး ရေနစ်သေဆုံး

Leave a Comment

(၃)တန်းကျောင်းသားတစ်ဦး ရေနစ်သေဆုံး

ပြည် ဇွန်လ (၈)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်
အနောက်ရွာသစ်ကျေးရွာအုပ်စု ပျဉ်းပင်ကိုင်း
ရွာစိုက်ပျိုးရေးသုံးရေကန်တွင် ဇွန်လ(၈)ရက်
နေ့ညနေ(၄)နာရီခွဲအချိန်ခန့် ရေဆင်းချိုးရာေ
ရနစ်သေဆုံးကြေင်းသိရသည်။

အဆိုပါရေနစ်သေဆုံးသူမှာ ပြည်မြို့ ပျဉ်ပင်ကိုင်း
အ.မ.ကကျောင်းတွင်(၃)တန်းတက်နေသောမောင်
အေးမင်းထွဠ် အသက်(၁၂)နှစ်(ဘ)ဦးဝင်းနိုင် ပျဉ်း
ပင်ကိုင်းရွာနေသူဖြစ်ကြောင်း သိရပြီး ပြည်မြို့မရဲ
စခန်းမှ ၄င်းသေဆုံးခြင်းနှင့်ပတ်သက်၍ ဓမ္မတာအ
တိုင်းသေဆုံးခြင်း ဟုတ်/မဟုတ်စစ်ဆေးလျှက်ရှိ
ကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-423671883

ပြည်သတင်း


Read More...

Sunday, April 2, 2017

ဖန်တီးရှင် လယ်ယာသုံးစက်ပစ္စည်းတင်ဆောင်ထားသည့်(၁၀)ဘီးကား နေအိမ်ထဲဝင်

Leave a Comment

ဖန်တီးရှင် လယ်ယာသုံးစက်ပစ္စည်းတင်ဆောင်ထားသည့်(၁၀)ဘီးကား
နေအိမ်ထဲဝင်
 
ရွှေတောင် ဧပြီ (၂)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ရွှေတောင်မြို့နယ်၊နွားမယံအုပ်စု၊
ပုရပိုဒ်တန်းရွာအနီးတွင် ရပ်ထားသော(၁၀)ဘီးယာဉ်တစ်စီးဂီယာ
ပြုတ်၍ ဧပြီ(၁)ရက်နေ့ နေ့လည်(၁)နာရီ (၃၀)မိနစ်အချိန်ခန့်နေ
အိမ်ထဲသို့ဝင်သွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ရွှေတောင်မြို့နယ်၊ရန်ကုန်-ပြည်ကားလမ်း၊မိုင်တိုင်
အမှတ်(၁၇၃/၄)နှင့်(၁၇၃/၅)အကြား၊နွားမယံအုပ်စု၊ပုရပိုဒ်တန်း
ရွာအနီးတွင် အောင်ကို(၂၄)နှစ်၊အင်းမကျေးရွာ၊ပန်းတနော်မြို့
နယ်နေသူမောင်းနှင်ပြီး ဝဏ္ဏ(၂၆)နှစ်၊ရွှေပြည်သာမြို့နယ်၊ရန်
ကုန်တိုင်းဒေသကြီးနေသူလိုက်ပါလာသော YGN 3B/………
နံပါတ်အနက်(ဖြူ/နီ)ရောင် (၁၀)ဘီးယာဉ်အား “ဖန်တီးရှင်”
လယ်ယာသုံစက်ပစ္စည်းတင်ဆောင်ပြီး ရန်ကုန်-ပြည်လမ်းမ
ကြီး အရှေ့ဘက်ခြမ်း ဖန်တီးရှင်(ယိုးဒယားလယ်ယာသုံးစက်
ပစ္စည်းအရောင်ဆိုင်ရှေ့တွင်ရပ်ထားခဲ့ပြီး ယာဉ်မောင်းနှင့်ယာ
ဉ်နောက်လိုက်တို့မှာ ဖန်တီးရှင်ဆိုင်ထဲသို့ဝင်ရောက်ကာ ကား
ခထုတ်ယူနေစဉ် ရပ်ထားသောကားမှာ ဂီယာပြုတ်၍ လမ်းအ
နောက်ဘက်ခြမ်းသို့ လိမ့်သွားပြီးလမ်းအနောက်ဘက်ခြမ်းရှိ
ဦးအောင်သောင်း ၊ပုရပိုဒ်တန်းကျေးရွာနေသူ၏ နေအိမ်ဈေး
ဆိုင်အားဝင်ရောက်တိုက်မိပြီး နေအိမ်ဈေးဆိုင် ပျက်ဆီးဆုံး
ရှုံးမှုတန်ဘိုး(၈) သိန်းခန့်နှင့်မော်တော်ယာဉ်မှာ(၅)သိန်းခန့်
ဆုံးရှုံးခဲ့ကြောင်းသိရသည်။

ထို့ကြောင့်ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း အောင်ကိုအား
အရေးယူပေးပါရန် ဒုရဲအုပ် ဇော်သန်းထိုက်က တရားလိုပြုလုပ်
တိုင်တန်းခဲ့သဖြင့် ရွှေတောင်မြို့မရဲစခန်းယာဉ်(ပ)၂၃/၂၀၁၇၊
ရာဇသတ်ကြီးပုဒ်မ ၂၇၉ ဖြင့်အမှုဖွင့်ဆောင်ရွက်ခဲ့ပြီး အမှုအား
ဒုရဲအုပ် ဇော်သန်းထိုက်မှလက်ခံစစ်ဆေးလျှက်ရှိကြောင်း သိရ
သည်။
ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ


Read More...

Wednesday, October 19, 2016

ပြည်မြို့တွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး ပြည့်သဲမောင်(ပြည်)09-4236 71883

Leave a Comment

ပြည်မြို့တွင် အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး

ပြည်  အောက်တိုဘာ(၁၉)ရက်နေ့
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့တွင်
အောက်တိုလာ(၁၈) နံနက်(၅း၀၀) နာရီအ
ချိန်ခန့် ပြည်မြို့မရဲစခန်း ရဲအုပ်သန်းထွန်း
အောင်သည် တာဝန်မှူးတာဝန်ဆောင်ရွက်
နေစဉ် ပြည်မြို့၊ဆံတော်ရပ်ကွက် ၊တရုတ်စု
ရပ် ၊ မီးရထားစက်ခေါင်းရုံးဝန်းအဟောင်းအ
နီး အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံးကြောင်း
သတင်းရရှိသဖြင့် သက်သေ ဆံတော်ရပ်ကွက်
အုပ်ချုပ်ရေးမှူး ဦးညွန့်နိုင်၊ ပုထိုးကြီးလမ်း၊ ဆံ
တော်ရပ်ကွက် ၊ ပြည်မြို့နေသူ နှင့် ရာအိမ်မှူး
ဦးတင်ဝင်း၊ရွှေသာလျောင်းလမ်း ၊ ဆံတော်ရပ်
ကွက် ၊ ပြည်မြို့နေသူတို့နှင့် အတူ သွားရောက်
စစ်ဆေးခဲ့သည်ဆို၏။

ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ မြို့မရဲစခန်း
မြောက်(၄)ဖာလုံခန့်၊ပြည်မြို့၊ ဆံတော်ရပ်
ကွက် ၊ တရုတ်စုရပ် ၊ မီးရထားစက်ခေါင်း
ရုံအဟောင်းအနီးနေထိုင်သူ ဦးဆဏ်းလွင်
(၄၈)နှစ် (ဘ) ဦးသိန်းမောင်၊ခဲပစ္စည်းပုံသွန်း
လောင်း အုန်းတောလမ်း ၊ တရုတ်စုရပ် ၊ ဆံ
တော်ရပ်ကွက် ၊ ပြည်မြို့နေသူ၏ ဇနီးဖြစ်သူ
ဒေါ်ဌေးကြည် (၄၈)နှစ် ၊ (ဘ) ဦးထွန်းရင်၊နေ
သူသည် နေအိမ်အောက်ထပ် လှေခါးအနီးတွင်
သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသဖြင့် စုံစမ်းမေး
မြန်းရာအောက် တိုဘာ(၁၈)ရက်နေ့ နံနက်(၂း
၃၀)အချိန် သားဖြစ်သူ အာကာစိုး (၂၂)နှစ်၊သည်
ဘောလုံးပွဲကြည့်ရာမှ နေအိမ်သို့အပြန် အပေါ့သွား
ရန်အတွက် အိမ်နောက်ဖက်သို့ထွက်စဉ် နေအိမ်ေ
အာက်ထပ် နောက်ဖေးခန်းအတွင် မိခင်ဖြစ်သူ ဒေါ်
ဌေးကြည်မှာ လည်ပင်းတွင်အ၀တ်စကို ပြုလုပ်ထား
သည့် (အ၀တ်စကြိုး) ကိုအသုံးပြုပြီး အမြင့်(၆)ပေရှိ
သစ်သားထုတ်တန်းတွင် ကြိုးဆွဲချလျှက်တွေ့ရှိခဲ့ကြောင်း
ထွက်ဆိုခဲ့သည်။
ထို့နောက် အိမ်အပေါ်ထပ်တွင် အိပ်နေသူ ဖခင်နှင့်မိသား
စုများ အားနှိုး၍ ပြောကြားရာ ဖခင်ဖြစ်သူ ဦးဆဏ်းလွင်မှ
ဆင်းလာပြီး ကြိုးအားဓါးဖြင့်ခုတ်ဖြတ် ၊ ဖြုတ်ချ၍လည်ပင်း
ရှိ ကြိုးအားဖြေပေးခဲ့ပြီး ဇနီးဖြစ်သူကို ၀ိုင်းဝန်းပြုစုသော်လည်း
ဇနီးဖြစ်သူမှာ သေဆုံးနေပြီဖြစ်ကြောင်း သိရသဖြင့် ဦးဆဏ်း
လွင်မှ ရဲစခန်းသို့ လာရောက်အကြောင်းကြား ခြင်းဖြစ်သည်ဟု
ရဲမှတ်တမ်းအရသိရသည်။

ဆက်လက်၍ သေဆုံးသူ ဒေါ်ဌေးကြည် သေဆုံးရခြင်းအား
မိသားစုများထံမေးမြန်ရာ သေဆုံးသူ ဒေါ်ဌေးကြည်မှာ မိသား
စု(၁၀)ဦးရှိပြီး စီးပွားရေးကြပ် တည်းကာ အမြဲတွေဝေစဉ်းစား
နေတတ်သည်ဟု မိသားစုများမှ ပြောပြသိရှိရသည်။

ထို့ကြောင့် ဒေါ်ဌေးကြည် သေဆုံးခြင်းနှင့် ပတ်သက်၍ ဓမ္မ
တာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးဆောင်ရွက်
နိုင်ရန်အတွက် တာဝန်မှူး ရဲအုပ်သန်းထွန်းအောင်၏ သတင်း
ပေးချက်အပေါ် ပြည်မြို့မရဲစခန်း သေမှုသေခင်း အမှတ်(၉/၂၀
၁၆)အရသေမှုသေခင်းရေး ဖွင့်ဆောင်ရွက်လျှက်ရှိကာ အမှုအား
ဒုရဲမှူးမျိုးမြင့်မှ လက်ခံစစ်ဆေးလျှက်ရှိကြောင်းသတင်း ရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
Read More...

Monday, October 17, 2016

ပြည်သူယုံကြည်မှု ကင်းမဲ့ခဲ့ရပြီ OPD ပြည့်​သဲ​မောင်​(ပြည်​)09423671883

Leave a Comment

ပြည်သူယုံကြည်မှု ကင်းမဲ့ခဲ့ရပြီ OPD

အောက်တိုဘာ(၁၇)ရက်နေ့
ပြည်မြို့ရှိ ပြည်သူ့ဆေးရုံကြီး အကြောင်း ပြည်မြို့သားတစ်
ဦးမှ ၄င်းတွေ့ကြုံရတဲ့ အကြောင်းကို ပြည်သတင်းမှာလာေ
ရာက်ပြောပြရင်ဖွင့်ကာ ယခုပြောပြချက်များ အပြည့်အဝတာ
ဝန်ယူကြောင်း ၄င်းကဆိုသည်။

“ဦးအမည်က ဦးခင်မောင်ကျော် လွန်ခဲ့တဲ့လ(၃၀)ရက်နေ့က
မြို့သစ်မှာကားဝင်တိုက်ခံရတယ်။ဒဏ်ရာရတော့ ပြည်သူ့ေ
ဆးရုံကြီးကို သွားရောက်ဆေးကုသမှုခံခဲ့တယ်။ဦးရဲ့ဒဏ်ရာ
ကညာခြေထောက်ခြေချင်းဝတ်မှဒဏ်ရာရတယ် ။ညိုသကြီး
မှာတော့အနည်းငယ်ဒဏ်ရသွားတယ်။အဲဒါကို ပြည်ဆေးရုံ
ကြီးက ဆရာဝန်တွေ ဆရာမတွေက ကျောက်ပတ်တီးဆီးေ
ပးတော့ ကြွက်သားကိုကျောက်ပတ်တီးဆီးပေးတယ်။အမှန်
က ညာခြေချင်းဝတ်ကိုဆီးရမှာလေ”ဟု ဒဏ်ရာရတဲ့ ဦးခင်
မောင်ကျော်ကပြောသည်။

ပထမပိုင်းတော့ မသိသေးဘဲနောက်ရက်အနည်းငယ်ကြာမှ
မသင်္ကာဖြစ်ကာကျောက်ပတ်တီးခွာကြည့်တော့မှသိကြောင်း၊
အခုနောက်ကျောက်ပတ်တီး အသစ်ဆီးပြီးကြောင်း၊အကယ်၍
အမှတ်တမဲ့နေခဲ့ရင် ခြေထောက်ဖြတ်ရလောက်ကြောင်းနှင့်၎င်း
ကဲ့သို့အခြားသောပြည်သူလူနာများ မကြုံတွေ့ရအောင် ဆေးရုံကို
လုံးဝယုံကြည်မရကြောင်း ၄င်းကဆက်လက်ပြောကြားခဲ့သည်။

ယခုဆိုလျှင် ပြည်မြို့တွင် ယာဉ်မတော်တဆမှုများကြောင့်ပြည်သူ့
ဆေးရုံကြီးတွင် ဆေးရုံတက်ရောက်ကုသမှုခံယူနေသူတွေများအ
များအပြားရှိကြောင်းနှင့်ယာဉ်မတော်တဆမှုကြောင့်ရောက်လာ
သော လူနားများကို ပြည်မြို့ ပြည်သူ့ဆေးရုံကြီးက တာဝန်ကျ ဆရာ
ဆရာမများနှင့်အလှည့်ကျဆရာဝန်များက နွေးထွေးစွာ ဆက်ဆံမှုမရှိ
သည့်အပြင် လူနားများကို အသက်ကယ်ဆယ်ရေးအဓိကမထားဘဲ
ဆေးရုံလာလျှင် လူနာရှင်နှင့်ရဲဆေးစာကိုသာ အဓိကထားစောင့်၍
ဆောင်ရွက်နေသည်ကိုတွေ့မြင်နေရကြောင်း၊အမှန်တကယ် လူတစ်
ယောက်၏အသက်ကို ဦးစွာကယ်ဆယ်သင့်ကြောင်းနှင့်ယခုလို အော
က်ခြေအဆင့်ဝန်ထမ်းများ၏ ပေါ့ဆမှုများအား အထက်အဆင့်ဆင့်ရှိ
ကျန်းမာရေးဝန်းကြီးနှင့် တိုင်ကျန်းမာရေး ၊ခရိုင်ကျန်းမာရေးဦးစီးဌာနမှ
နိုင်ငံတော်လစာစား လူကြီးမင်းများသိရှိအောင် ဦးခင်မောင်ကျော်၏ဖြစ်
စဉ်အား ကိုးကားရင်းအပြုသဘောဆောင်ကာ ရေးသားဖော်ပြအပ်ပါသ
ည်။

ပြည့်သဲမောင်(ပြည်)094236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ






Read More...

Facebook Like Page