Showing posts with label ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ. Show all posts
Showing posts with label ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ. Show all posts

Saturday, April 8, 2017

သမီးအရင်းနှင့်ဖောက်ပြန်နေသည်ဟုဆိုကာ အမေဖြစ်သူက၄င်း၏ နောက်အိမ်ထောင်အား တစ်လင်တစ်မယားကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ(၁၃)နှင့်အမှုဖွင့်ထား

Leave a Comment

သမီးအရင်းနှင့်ဖောက်ပြန်နေသည်ဟုဆိုကာ အမေဖြစ်သူက၄င်း၏
နောက်အိမ်ထောင်အား တစ်လင်တစ်မယားကျင့်သုံးခြင်းဆိုင်ရာ
ဥပဒေပုဒ်မ(၁၃)နှင့်အမှုဖွင့်ထား

ရွှေတောင် ဧပြီ (၇)ရက်နေ့
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင် ပြည်မြို့နယ်
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိတစ်ဦးအား ဇနီးဖြစ်
သူမှတစ်လင်တစ်မယားကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ(၁၃)ဖြင့်
ရွှေတောင်ရဲစခန်း၌လာရောက် အမှုဖွင့်ထားကြောင်းသိရသည်။

ဖြစ်စဉ်မှာဧပြီလ(၆)ရက်နေ့ နေ့လည်(၁)နာရီ(၃၀)အချိန်ခန့် ရွှေ
တောင်မြို့၊သရက်တောရပ်ကွက်၊ အောင်မြေသာနယ်မြေ၊ ၀န်ထမ်း
အိမ်ယာခွဲမှူး အရာရှိ လိုင်ခန်းနေထိုင်သူ ဒေါ်မာလာရီ (၅၄)နှစ်၊(ဘ)
ဦးမောင်ဝင်း၊ချည်မျှင်နှင့်အထည်စက်ရုံဝန်ထမ်းလုပ်ကိုင်သူသည် ပ
ထမခင်ပွန်းဖြစ်သူ ဦးဝင်းသိန်း နှင့် ၂၀၁၀ခုနှစ်၊နိုဝင်ဘာ(၂)ရက်နေ့
တွင်တရားဝင်ကွာရှင်းပြီးနောက် ပြည်မြို့နယ် ရွေးကောက်ပွဲကော်မ
ရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိဖြစ်သူ ဦးသန်းဆင့်(၆၀)နှစ်၊(ဘ)ဦးခင်မောင်
နှင့် လွန်ခဲ့သော(၇)နှစ်ခန့်က တရားဝင်ပေါင်းသင်း နေထိုင်ခဲ့ပြီး ရွှေေ
တာင်မြို့ချည်မျှင်စက်ရုံ ၊အရာရှိ အိမ်ယာလိုင်းခန်းတွင် နေထိုင်ခဲ့ကာ
၎င်း၏ခင်ပွန်းဟောင်း ဦးဝင်းသိန်း နှင့် ရရှိခဲ့သော သမီးဖြစ်သူ မ.....
(၂၂)နှစ်၊ (ဘ)ဦးဝင်းသိန်း ၊ချည်မျှင်နှင့်အထည်စက်ရုံဝန်းတွင်း အောင်
မြေသာနယ်မြေခွဲမှူး အိမ်ယာလိုင်းခန်းနေသူနှင့် အဆိုပါနေအိမ်လိုင်း
ခန်းတွင် အတူတကွနေထိုင်ခဲ့ကြသည်ဆို၏။

ထိုသို့အတူတကွနေထိုင်ခဲ့ပြီး ခင်ပွန်းဖြစ်သူ ဦးသန်းဆင့် နှင့်မ…...
ပထွေးနှင့် မယားပါသမီးတို့မှာ ဧပြီ(၆)ရက်နေ့(၆)ရက်နေ့ နေ့လည်
(၁)နာရီ(၃၀)အချိန်ခန့် အိမ်၏ အိပ်ခန်းထဲတွင် အ၀တ်အစားမရှိပဲ
အတူဖောက်ပြန်နေကြသည်ကို ကိုယ်တိုင်မြင်တွေ့ ခဲ့သဖြင့် ဧပြီ(၇)
ရက်နေ့ နေ့လည်(၂)နာရီ(၂၀)အချိန်ခန့် ရွှေတောင်မြို့မရဲစခန်းသို့လာ
ရောက်ကာ ဒေါ်မာလာရီ မှတရားလိုပြုလုပ်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း
ရဲတပ်ဖွဲ့မှသိရသည်။

“အမေလုပ်တဲ့သူက သမီးဖြစ်သူနဲ့ သူမ၏နောက်အိမ်ထောင်အမျိုးသား
တို့ ဖောက်ပြန်နေကြောင်း ဒါကြောင့်သူ၏ခင်ပွန်းဖြစ်သူ ဦးသန်းဆင့်
အား ဥပဒေအရအရေးယူပေးပါရန် ရဲစခန်းလာတိုင်လို့ ပုဒ်မ(၁၃)နဲ့အ
မှုဖွင့်ထားတာပါ။သမီးဖြစ်သူကို လက်ရှိမှာအမှုဖွင့်ထားတာမရှိသေးပါ
ဘူး”ဟု အမှုစစ် ဒုရဲအုပ် ဇော်သန်းထိုက်ကပြောသည်။

ထို့ကြောင့် ဒေါ်မာလာရီမှ တရားလိုပြုလုပ်တိုင်တန်းချက်အရ ပြည်မြို့
နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိဖြစ်သူ ဦးသန်းဆင့်
အား ရွှေတောင်မြို့မရဲစခန်း(ပ)၅၆၀/၁၇၊တစ်လင်တစ်မယားကျင့်သုံး
ခြင်းဆိုရာဥပဒေပုဒ်မ-၁၃ ဖြင့် အမှုဖွင့်ထားပြီး အမှုအားဒုရဲအုပ် ဇော်
သန်းထိုက် မှ စစ်ဆေးလျက်ရှိကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
Read More...

Thursday, April 6, 2017

ယာဉ်မောင်းနှင့်ယာဉ်မောင်းအကူ ဖော်ထုတ်လိုက်တဲ့ပြည်မြို့က လူသတ်မှု

Leave a Comment

ယာဉ်မောင်းနှင့်ယာဉ်မောင်းအကူ ဖော်ထုတ်လိုက်တဲ့ပြည်မြို့က လူသတ်မှု

ပြည် ဧပြီ (၆)ရက်နေ့
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ရန်ကုန်မြို့
သို့ကားအော်ဒါငှားသူ အမျိုးသမီးတစ်ဦး၏ပစ္စည်းများမှ
မသင်္ကာဖွယ်ဖြစ်ကြောင်း ယာဉ်မောင်းမှကားရပ်၍လှည့်
ကင်းရဲအဖွဲ့အား သတင်းပေး ပို့တိုင်ကြားရာမှ လူသတ်မှု
တစ်ခုပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှ ဧပြီ(၅)ရက်နေ့ ည(၁၁)နာရီ(၃၀)အချိန်ခန့်
တွင်ဆည်မြောင်းတည်ဆောက်ရေး(၂)၊ရွှေတံခါးရပ်
ကွက်ပြည်မြို့မှရန်ကုန်မြို့သို့ ယာဉ်မောင်ကိုကျော်စိုး
ဦးနှင့်ယာဉ်မောင်းအကူ ကိုသန့်ဇင်ထွန်းတို့ကားအော်
ဒါလိုက်ခဲ့ကြကြောင်းသိရသည်။

“ကျွန်တော်က ကိုးသောင်းရောက်မှကားပေါ်တက်လာ
တာ ကားပေါ်မှာ ပါလာတဲ့ ကားငှားသူအမျိုးသမီးရဲ့ပစ္စ
ည်းတွေကို မသင်္ကာဘူးလို့ကိုကျော်စိုးဦးကဖုန်းဆက်ေ
ပြာလို့ကျွန်တော်က ကားနောက်ခန်းကလိုက်ခဲ့တာအ
သမီးကရှေ့ခန်းလာထိုင်အတင်းပြောခဲ့တာ။ဒါပေမဲ့ကျွ
န်တော်ကနောက်ခန်းကထိုင်ပြီးအထုပ်ကြီးကိုကိုင်ကြည်
့တော့ သိပ်ပြီးဘဝင်မကျဖြစ်တာနဲ့ကိုကျော်စိုးဦးကို SM
ILE MOTEL ရှေ့ရောက်တော့ကားကိုရပ်ခိုင်းပြီးကား
ပေါ်ပါလာတဲ့ပစ္စည်းတွေကဘာတွေလဲမေးတော့သူလဲ
မသိဘူး သူကားပေါ်မတင်ရဘူးလို့ပြောတယ်။ဒါနဲ့အမ
ကျွန်တော်တို့ကားပေါ်ပါလာတဲ့ ပစ္စည်းတွေကဘာတွေ
လဲမေးတော့ အဲဒီအမျိုးသမီးက မဖြေဘူး အဲလိုမေးနေ
တုန်း ကျောက်ရုပ်ဘက်ကနေလှည့်ကင်းရဲကားလာ
တော့ တားပြီးတိုင်ခဲ့လို့ အခုလိုလူသတ်မှုပေါ်ပေါက်ခဲ့
တာ”ဟု ယာဉ်မောင်းအကူ ကိုသန့်ဇင်ထွန်းကပြော
သည်။

ထို့နောက် ရဲတပ်ဖွဲ့မှ အဆိုပါကားအား ငှားရမ်းလာ
သူအား၎င်းကားပေါ်တွင်ရှိသော ပစ္စည်းများနှင့်မေး
မြန်းခဲ့ရာ သေချာပြောပြဖြေကြားခြင်းမရှိသဖြင့် ရဲစ
ခန်းသို့ခေါ်ဆောင်လာကာထပ်မံစစ်ဆေးခဲ့ကြောင်း
ဆိုသည်။

“ကျွှန်တော်တို့လှည့်ကင်းအဖွဲ့ကကျောက်ရုပ်ဘက်က
နေ လှည့်ကင်းလှည့်လာတော့SMILE MOTEL ရှေ့မှာ
ကားအဖြူတစ်စီးကတားတော့ရပ်ပြီးဘာကူညီရမလဲေ
မးတယ်။ကားဆရာက သူ့ကားပေါ်ပါလာတဲ့ပစ္စည်းတွေ
ကိုမသင်္ကာလို့ စစ်ဆေးပေးဖို့ပြောလို့စခန်းခေါ်လာပြီး
စစ်ဆေးတော့အမျိုးသမီးအလောင်းကို တိပ်တွေနဲ့ ပတ်
ပြီး အိပ်ထဲထည့်လာတာကိုစစ်ဆေးတွေ့ရှိရတယ်အမျိုး
သမီးကတော့ အသက်မရှိတော့ဘူး”ဟုလှည့်ကင်းအဖွဲ့
ခေါင်းဆောင် ပြည်မြို့မရဲစခန်းမှ ဒုရဲအုပ်ကပြောသည်။

အဆိုပါကားငှားလာသူ အမျိုးသမီးမှာဒေါ်နေဝါစိုး(ခ)
ဒေါ်ဖြူခိုင်ဖြစ်ပြီးပဲခူးမြို့ အမှတ်(၁၅၈)၊ဗိုလ်မင်းသိမ်း
(၂)လမ်း၊ဟံသာဝတီရပ်ကွက်တွင်နေထိုင်သူဖြစ်ကြေ
ာင်းသိရပြီး လွန်ခဲ့သောတစ်နှစ်ခန့်က အိမ်ထောင်ကွဲနေ
သည့်ခင်ပွန်းဖြစ်သူ ဦးထွန်းမင်းဦးဦးစီးအရာရှိ၊ဆည်ေ
မြာင်းတည်ဆောက်ရေး(၂)၊ရွှေတံခါးရပ်ကွက်၊ပြည်မြို့
ရှိ ဌာနပိုင်နေအိမ် ဦးထွန်းမင်းဦး၏ နောက်အိမ်ထောင်
မသိင်္ဂီဝင်း၊ပြည်နည်းပညာတက္ကသိုလ်မှ စက်မှုဘာသာ
ရပ်ပြကျောင်းဆရာမ တစ်ဦးတည်းရှိနေစဉ် ဧပြီ(၅)ရက်
နေ့ ည(၁၀)နာရီအချိန်ခန့်သွားရောက်စကားပြောရာမှ
ဧည့် ခန်းတွင်လုံးထွေးသတ်ပုတ်ရန် ဖြစ်ကြပြီးအသင့်ေ
တွ့ရှိသောအရိုး(၉)လက်မခန့်ရှိတစ်မတ်လုံးသံရိုးတပ်တူ
ဖြင့်ဦးခေါင်းနောက်စေ့ယာဘက်အား တစ်ချက်ထု
ခဲ့ကြောင်း ထို့နောက်အလောင်းအားအစိမ်းရောင်တိပ်
များဖြင့် ပတ်ကာထုတ်ပိုးပြီး ကားကိုရန်ကုန်သို့ငှားကာ
ပစ္စည်းနှင့်အလောင်းအားတင်၍ထွက်ခဲ့စဉ်လှည့်ကင်းနှင့်
တွေ့ခဲ့ကြောင်းသတင်းရရှိသည်။

ထို့ကြောင့်ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်မြို့မရဲစခန်း
ဒုရဲမှူးစခန်းမှူးတင်ကိုမှ တရားလိုပြုလုပ်တိုင်တန်း
ချက်အရပြည်မြို့မရဲစခန်း(ပ)အမှတ် ၈၃၁/၂၀၁၇ ၊
ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁အရအမှုဖွင့်ဆောင်
ရွက်ထားရှိကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ



Read More...

Friday, March 31, 2017

နားတွေများဆွံ့အနေသလား ပြည်မြို့ကလူကြီးများ ----------------------------------------------------

Leave a Comment

နားတွေများဆွံ့အနေသလား ပြည်မြို့ကလူကြီးများ
----------------------------------------------------

ဒီကနေ့ ကျွန်တော်တို့ပြည်မြို့မှာ ဆိုင်ကယ်တွေ
အိပ်ဇောဖြုတ်မောင်းနေတာ ဘယ်လိုမှနားမခံသာ
အောင်ဖြစ်ရပါတယ်။ဒီအသံတွေကို ကျွန်တော်တို့
ပြည်မြို့ကလူကြီးဆိုသူတွေ မကြားတာလား နားေ
တွဆွံ့အနေတာလားဆိုတာ ပြည်မြို့သူ ပြည်မြို့သား
များလဲ သိချင်နေမှာပါ။

ဘာကြောင့်လဲဆိုရင် ညဘက် တက္ကသိုလ်ရှေ့ ရွှေ
တစ်ချောင်းလမ်းဘက်နှင့်ဗိုလ်ချုပ်လမ်းတွေမှာအိပ်
ဇောဖြုတ်ထားတဲ့ ဆိုင်ကယ်တွေကို အရှိန်မြှင့်မောင်
ပြီး ဆူဆူညံညံပတ်ဝန်းကျင်မခံနိုင်အောင်ဖြစ်နေရ
သည့် အခြေအနေမှာ ပြည်မြို့ကလူကြီးတွေ ဖမ်းဆီး
အရေးယူတာ ဘာတစ်ခုမလုပ်ဘဲဒီကနေ့အထိနေနိုင်
တာကိုလဲ စဉ်းစားစရာတစ်ခု ဖြစ်လာပါတယ်။

ဒါဆိုရင် ရေနံချောင်းတို့ ချောက်တို့ ရွှေဘိုတို့ အစရှိ
တဲ့မြို့က ရဲတပ်ဖွဲ့၊ယာဉ်ထိန်းတပ်ဖွဲ့၊စည်ပင်သာယာ
ရေးအဖွဲ့၊ခရိုင်အုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ်အုပ်ချုပ်ရေး
အဖွဲ့ဝန်ထမ်းတွေက ကျွန်တော်တို့ ပြည်မြို့မှာတာဝန်
ထမ်းဆောင်နေတဲ့ လူကြီးတွေထပ် လစာပိုရလို့ထင်
တယ်နော် သူတို့ကမြို့သူမြို့သားများ ဆူညံမှုအသံတွေ
ခံစားနေလို့ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ဥပဒေများ
အရ အရေးယူဆောင်ရွက်နေတာတွေ့ရပါတယ်။

ဒါကြောင့် ကျွန်တော်တို့ ပြည်မြို့မှာရှိတဲ့ ပြည်ခရိုင်အုပ်ချုပ်
ရေးမှူး ၊ ပြည်မြို့နယ်အုပ်ချုပ်ရေးမှူး ၊ ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး၊
ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၊ယာဉ်ကြီးကြပ်မှုကော်
မတီ ၊ယာဉ်ထိန်းရဲတပ်ဖွဲ့ ၊ပြည်မြို့နယ်စည်ပင်သာယာရေး
အဖွဲ့နှင့်ပြည်မြို့ရှိ ရပ်မိရပ်ဖများမှ စည်းကမ်းမဲ့ အိပ်ဇောဖြုတ်
မောင်းနှင်နေသော ဆိုင်ကယ်များအား ဖမ်းဆီးအရေးယူပေး
ပါရန် ပြည်မြို့သူ ပြည်မြို့သားများကိုယ်စား မေတ္တာရပ်ခံအပ်
ပါသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ




Read More...

Tuesday, March 21, 2017

ကားအငှားမောင်းခိုင်းထားတဲ့ယာဉ်မောင်းက အပိုင်ယူသွားလို့အမှုဖွင့်

Leave a Comment
ကားအငှားမောင်းခိုင်းထားတဲ့ယာဉ်မောင်းက အပိုင်ယူသွားလို့အမှုဖွင့်

ပြည် မတ်လ(၂၁)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ပြည်မြို့တွင် စွယ်တော်ဖူး၊ အဝေးပြေးလိုင်းကားအား
အငှားမောင်းခိုင်းထားသူယာဉ်မောင်းမှ မော်တော်ယာဉ်အား ပြန်လည်ပေးအပ်ခြင်း
မရှိဘဲ ယူဆောင်မောင်းနှင် ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ယာဉ်ပိုင်ရှင်မှအမှုဖွင့်
ထားကြောင်းသိရသည်။

ဖြစ်စဉ်မှာ မတ်(၁၁)ရက်နေ့ နေ့လည်(၃း၀၀)နာရီ အချိန်ခန့် ပြည်မြို့၊ မြို့သစ်ရပ်ကွက်၊
အဝေးပြေးဝန်း၊ စွယ်တော်ဖူးကားဂိတ်တွင် ကိုမြင့်ဇော်ဦး၊လက်ဘက်ရည်ဆိုင်လုပ်ငန်း၊
ဆေးရုံကြီးရှေ့၊ အောင်ဆန်းပြည်သာယာရပ်ကွက်၊ ပြည်မြို့၊ နေသူမှာ ၄င်းပိုင် KINGL
ONE အမျိုးအစား ၊ အဖြူရောင်၊ မှန်လုံယာဉ်ငယ် BGO 2K 3987 ကာလတန်ကြေးကျပ်
သိန်း(၂၄၀) တန်ဖိုးရှိ၊ စွယ်တော်ဖူး၊ အဝေးပြေးလိုင်းကားအား ခရီးသည်များတင်ဆောင်
၍ ပြင်ဦးလွင်ခရီးစဉ်ကို ထွက်ရန်ခေါက်ကြေး ဖြင့်ငှားရမ်း၍ ယာဉ်မောင်းခန့်ထားသူ ကို
ပေါက်စီ၊ ၆/၂ လမ်း၊ ခေတ္တရာမြို့သစ်ရပ်ကွက်၊ ပြည်မြို့တွင် အိမ်ငှားနေထိုင်သူအားကား
သော့နှင့် ကားအားပေးအပ်၍ မောင်းနှင်စေခဲ့ဆို၏။

ထိုသို့ကားအားမောင်းနှင်စေခိုင်းပြီးနောက် မတ်(၁၃)ကိုပေါက်စီမှ ပုဂံ၊ ညောင်ဦး၊ ခရီးစဉ်
အားအော်ဒါရ၍ လိုက်သွားကြောင်း ကိုမြင့်ဇော်ထံမှ မက်စေ့ ပေးပို့ခဲ့ပြီး ကားပြန်လည်ရော
က်ရှိရမည့် မတ်(၁၇)ရက်နေ့ နေ့လည်(၁၂း၀၀)အချိန် ထိကားပြန်လည်ရောက်ရှိမလာသ
ဖြင့် ကိုမြင့်ဇော်ဦးမှ ကိုပေါက်စီထံသို့ ဖုန်းဖြင့်ဆက်သွယ်ရာ ဖုန်းပိတ်ထား၍ ဆက်သွယ်မ
ရရှိကြောင်း ပြင်ဦးလွင်ဂိတ်သို့ ဆက်သွယ်မေးမြန်းရာတွင် မတ်(၁၂)ရက်နေ့ နေ့လည်(၁၂း
၀၀) အချိန်က ခရီးသည်များတင်ဆောင်၍ မကွေးခရီးစဉ်သို့ ပြန်လည်ထွက်ခွာသွားကြောင်း
စုံစမ်းသိရှိရသည်ဆို၏။

ထို့ကြောင့် ကိုပေါက်စီနေထိုင်သည့် မြို့သစ် ၆/၂ လမ်းသို့သွားရောက်စုံစမ်းရာ ကိုပေါက်စီ
ငှားရမ်းနေထိုင်သည့် အိမ်ရှင်မှာ ဦးအုန်းသွင်၊ကုန်းနန်းကြီးရွာ၊ ရွှေတောင်မြို့နယ်နေသူဖြစ်
ကြောင်း ကိုပေါက်စီ၏ ဇနီးနှင့် သားငယ်တစ်ဦးမှာ မတ်(၁၅) နေ့ကပြောင်းရွှေ့သွားသည်ဟု
ထပ်မံ စုံစမ်းသိရှိရကြောင်း တရားလိုကဆို၏။

ထို့ပြင် ကိုပေါက်စီနှင့်မောင်းနှင်သွားသည် BGO 2K 3987 ယာဉ်အားလိုက်လံစုံစမ်းရှာဖွေ
သော်လည်း သတင်းတစ်စုံတစ်ရာ မရရှိသောကြောင့် ယုံကြည်စိတ်ချစွာဖြင့် ခေါက်ကြေး
ပေး မောင်းနှင်စေခိုင်းခဲ့သော မော်တော်ယာဉ်အား ပြန်လည်ပေးအပ်ခြင်းမရှိဘဲ ယူဆောင်
မောင်းနှင် ထွက်ပြေးတိမ်းရှောင်သွားသူ ယာဉ်မောင်းကိုပေါက်စီအပေါ် ဥပဒေအရအရေး
ယူပေးပါရန် ကိုမြင့်ဇော်ဦးမှ မတ်(၁၉)ရက်နေ့ ရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့သဖြင့်
ပြည်မြို့မရဲစခန်း(ပ)၆၇၀/၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၀၆အရအမှုဖွင့် ဆောင်ရွက်
ထားရှိပြီး အမှုအား ရဲအုပ် မျိုးသိန်းမှ လက်ခံစစ်ဆေး၍ အမှုမှ ကိုပေါက်စီအား ဖမ်းဆီးရမိ
နိုင်ရေး ဆောင်ရွက်လျှက် ရှိကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
မှတ်ချက်။         ။အဆိုပါကားနှင့်ယာဉ်မောင်း ပေါက်စီအားတွေ့ရှိပါက
                      ပြည်မြို့မရဲစခန်း 053 -24182
                      အမှုစစ်အရာရှိ  09  -781102307
                      ယာဉ်ပိုင်ရှင်      09 -5360707




Read More...

Saturday, March 4, 2017

ရွှေဘုံသာစေတီတော်မြတ်ကြီး၏ အထွတ်သို့ စိန်ဖူးတော်၊ ငှက်မြတ်နားတော် မင်္ဂလာအထွဋ်တင် တပ်ဆင်ခြင်းအခမ်း အနားကျင်းပ

Leave a Comment

ရွှေဘုံသာစေတီတော်မြတ်ကြီး၏ အထွတ်သို့ စိန်ဖူးတော်၊
ငှက်မြတ်နားတော် မင်္ဂလာအထွဋ်တင် တပ်ဆင်ခြင်းအခမ်း
အနားကျင်းပ

ပန်းတောင်းမြို့ မတ်လ(၅) ရက်နေ့
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပန်းတောင်းမြို့၊ရွှေဘုံသာစေတီတော်
မြတ်ကြီး၏အထွတ်သို့ရတနာစိန်ဖူးတော်၊ရတနာငှက်မြတ်နားတော်
တို့အား စေတီတော်မြတ်ကြီးထီတော်သို့ ပင့်ဆောင်ပူဇော်တင်လှူပွဲကို 
မတ်လ(၅)ရက်နေ့ နံနက်(၉)နာရီအချိန်သန္တိသုခဓမ္မာရုံ ရွှေဘုံသာမုနိ
စေတီတော်မြတ်ကြီးရင်ပြင်တော်တွင် ကျပ်းပပြုလုပ်ခဲ့သည်။

အခမ်းအနားအား အစီအစဉ်နှစ်ပိုင်းခွဲ၍ ကျင်းပရာ အခမ်းအနားအစီ
အစဉ်အရ သြဝါဒစရိယ ဆရာတော်ကြီးများထံမှ စိန်ဖူးတော်နှင်ငှက်
မြတ်နားတော်တို့အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့စီမံကိန်းနှင့်ဘ
ဏ္ဍာရေးဝန်ကြီး၊ဒကစမှူးနှင့်အဖွဲ့တို့က အလှူခံရယူခြင်းနှင့်ရွှေဘုံသာ
မုနိစေတီတော်မြတ်ကြီးအားလက်ယာရစ်လှည့်လည်အပူဇော်ခံခြင်း၊
ရတနာစိန်ဖူးတော်နှင့်ရတနာငှက်မြတ်နားတော်တို့အား ပန်းရထား
ဖြင့်စေတီတော်မြတ်ကြီးထီးတော်သို့ပင့်ဆောင်ခြင်း၊သြဝါဒဆရာေ
တ်ာကြီးများက ရွှေဘုံသာမုနိစေတီတော်မှစိန်ဖူးတော်၊ငှက်မြတ်နား
တော်တို့အား အနေကဇာတင်ခြင်းနှင့်အခမ်းအနားကို ဗုဒ္ဓ-သာသနံ-
စိရံ တိဌတု(၃)ကြီမ်ရွတ်ဆို၍ အခမ်းအနားပြီးမြောက်ခြင်းတို့ဆောင်
ရွက်ခဲ့ ကြသည်။

အဆိုပါအခမ်းအနားသို့စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှဝန်ကြီး၊
ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှဒေသကွပ်ကဲရေးမှူး၊ပန်းတောင်းတပ်နယ်
မှတပ်မှူးနှင့်မိသားစုများ၊ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊မြို့နယ်အထွေ
ထွေအုပ်ချုပ်ရေးမှူးနှင့်အလှူရှင်များ၊ကျေးရွာသူ/ကျေးရွာသားများတက်
ရောက်ခဲ့ကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ






Read More...

Wednesday, March 1, 2017

ပထမနှစ်ကျောင်းသား ကြိုးဆွဲချသေဆုံးမှု ပြည်မြို့တွင် ဖြစ်ပွား

Leave a Comment

ပထမနှစ်ကျောင်းသား ကြိုးဆွဲချသေဆုံးမှု ပြည်မြို့တွင် ဖြစ်ပွား

ပြည်  မေလ       ၁   ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပြည်မြို့ ၊ရွာဘဲနယ်မြေ ၊ကိုးသောင်း
ပဒေသာရပ်တွင် မေလ(၁)ရက်နေ့ နံနက်(၉)နာရီ (၃၀) အချိန်ခန့်က
ပထမနှစ်ကျောင်းသား တစ်ဦးကြိုးဆွဲချသေဆုံးခဲ့ကြောင်း သတင်းရရှိ
သည်။

အဆိုပါ သေဆုံးသူမှာ ညီမင်းမြတ်(ခ)ဖိုးသား(၁၉)နှစ်၊(ဘ)ဦးယုဆွေ
ပြည်တက္ကသိုလ်မှ ပထမနှစ် ဓာတုဗေဒ၊DAY ကျောင်းသားတစ်ဦးဖြစ်ပြီး
၁ခ-၂၆၅ (၂)နှစ်ကျ အပြင်ဖြေ ကိုသောင်းပဒေသာရပ်တွင် နေထိုင်သူဖြစ်
ကြောင်းသိရပြီး ၄င်း၏နေအိမ် နှစ်ထပ်ပျဉ်ကာ၊ပျဉ်ခင်း၊သွပ်မိုး အပေါ်ထပ်
ထုတ်တန်း အရှည်(၃)ပေ၊(၇)လက်မခန့်ရှိ ရှုးဖိနပ်နိုင်လွန်ကြိုးစနှစ်ဖက်အား
ထုတ်တန်းတွင်ချည်နှေင်လျက် ခြေထောက်နှင့်ကြမ်းခင်း အနည်းငယ်ခန့်လွတ်
၍ ကြိုးဆွဲချသေဆုံးနေကြောင်း နေအိမ်ခေါင်းရင်းဘက်ကပ်လျက်နေသူ ထွန်း
မိုးမှ ၄င်း၏ဖုန်းပြုပြင်ရန် အကူအညီတောင်းခံရန်အတွက် နေအိမ်ပေါ်သို့တက်
လာစဉ်တွေ့ရှိရာ ရဲစခန်းသို့အကြောင်းကြားခဲ့သည်ဟု ဆို၏။

သေဆုံးရခြင်းနှင့်ပတ်သက်၍ စုံစမ်းရာ ညီမင်းမြတ်(ခ)ဖိုးသားသည် မိခင်ဖြစ်သူ
ဒေါ်ရီရီဝင်း၊ ညီမဖြစ်သူ  မ……၊မ……တို့နှင့်အတူနေထိုင်ပြီး ဖခင်ဖြစ်သူ ဦးယုဆွေ
မှ လွန်ခဲ့သော(၃)လခန့်က ကွယ်လွန်သွားခဲ့ပြီး စိတ်ထိခိုက်နေရခြင်း၊မိသားစုကိစ္စ
နှင့်ပတ်သက်၍ စိတ်ထိခိုက်နေရခြင်းတို့ရှိသည်ဟု စုံစမ်းသိရှိရသည်။

ထို့ကြောင့် ညီမင်းမြတ်(ခ)ဖိုးသား သေဆုံးရခြင်းနှင့် ပတ်သက်ပြီး ဓမ္မတာအတိုင်း
သေဆုံးခြင်း  ဟုတ်/မဟုတ်စစ်ဆေးပေးရန် ဒုရဲအုပ် ထူးသူရမောင်မှ တိုင်တန်းခဲ့
သဖြင့် သေမှုသေခင်းအမှတ်စဉ် ၃/၂၀၁၇ ဖြင့်အမှုဖွင့်ကာ အမှုအား ဒုရဲမှူး တင်ကို
မှလက်ခံစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883


ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

Read More...

Tuesday, February 28, 2017

ကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံး

Leave a Comment

ကျောင်းသားတစ်ဦး ကြိုးဆွဲချသေဆုံး

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ရွာဘဲနယ်မြေ
ကိုးသောင်းပဒေသာရပ်တွင် မောင်ဖိုးသား (ဘ)ဦးယု
ထွေး၏သားဖြစ်သူ ပထမနှစ်ကျောင်းသားသည် နေ
အိမ်၌ မတ်လ(၁)ရက်နေ့ နံနက်(၉း၃၀)နာရီအချိန်ခန့်
ကြိုးဆွဲချ သေဆုံးနေကြောင်းနှင့် မည်သည့်အတွက်
ကြောင့် မိမိကိုယ်ကိုကြိုးဆွဲချသေဆုံးသည်ကို ဆက်
လက်စစ်ဆေးလျှက်ရှိကြောင်းနှင့်နောက်ဆက်တွဲသ
တင်းအား ဆက်လက်ဖော်ပြပေးမည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ဓါတ်ပုံ ပုဂံလမ်းက အလွမ်းရှင်(အထူးသတင်းထောက်)


Read More...

Friday, February 24, 2017

မိချောင်းရဲကျေးရွာအနီးတောမီးလောင်

Leave a Comment

မိချောင်းရဲကျေးရွာအနီးတောမီးလောင်

ဆင်စုနယ်မြေ မိချောင်းရဲကျေးရွာတွင် ဖေဖော်ဝါရီ (၈)
နာရီ(၃၀)ဝန်းကျင်ခန့် တောမီးလောင်ကျွမ်းနေသဖြင့်နေ
အိမ်များသို့ မီးကူးဆက်လောင်ကျွမ်းခြင်းမရှိအောင် ဆံ
တော်အရန်မီးသတ်တပ်ဖွဲ့ ရွှေကူအရန်မီးသတ်တပ်ဖွဲ့
ကျောင်းကြီးအိုးတန်းအရန်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းမီး
ငြိမ်းသတ်လျှက်ရှိကြောင်းနှင့်အခြားအရန်မီးသတ်တပ်ဖွဲ့များ
ရောက်ရှိနေပြီဖြစ်ကြောင်း ကနဦးသတင်းရှိသည်။

ပြည့်သဲမောင်(ပြည်)09-423671883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ




Read More...

အချက်ပြမီးမပြဘဲချိုးကွေ့သည့်ကားနှင့် ယာဉ်နောက်ကိုကပ်လိုက်သည့်ဆိုင်ကယ်တို့ တိုက်မှုဖြစ်

Leave a Comment
အချက်ပြမီးမပြဘဲချိုးကွေ့သည့်ကားနှင့်

ယာဉ်နောက်ကိုကပ်လိုက်သည့်ဆိုင်ကယ်တို့ တိုက်မှုဖြစ်

ရွှေတောင် ဖေဖော်ဝါရီ(၂၄)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ရွှေတောင်မြို့နယ် ၊ရန်ကုန်-ပြည်
ကားလမ်းမပေါ် ပုရပိုဒ်တန်းရွာတွင် ဖေဖော်ဝါရီ(၂၃)ရက်နေ့ ညနေ
(၅)နာရီ (၃၀)အချိန်ခန့် ဆိုင်ကယ်နှင့်ကား ယာဉ်တိုက်မှုဖြစ်ပွားခဲ့
ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ရန်ကုန်-ပြည်ကားလမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွား
ကြောင်းသတင်းအရ ရွှေတောင်မြို့မရဲစခန်းမှ ဒုရဲအုပ်ဇော်သန်းထိုက်
နှင့်အဖွဲ့သည် သွားရောက်စစ်ဆေးခဲ့သည်ဆို၏။

ထိုသို့သွားရောက်စစ်ဆေးရာ ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်
အမှတ်(၁၇၂/၃)နှင့်(၁၇၂/၄)အကြား ပုရပိုဒ်တန်းရွာတွင် ပြည်
ဘက်မှရန်ကုန်ဘက်သို့ ဝေယံ(၂၃)နှစ်၊(ဘ)ဦးကျော်နိုင်ဝင်း ၊ပု
တီးကုန်းမြို့နေသူ မောင်းနှင်ပြီးယာဉ်ပေါ်တွင် သက်ကို၊အောင်
ဆွေဦး၊ကျော်မင်းထက် တို့လိုက်ပါလာသည့် YGN 1E……..နံ
ပါတ်ပြားပါ TOHKATSO အမျိုးအစား အပြာနုရောင်ယာဉ်မှာလမ်း
၏ ယာဘက်ခြမ်းသို့ အချပြမီးမပြဘဲ ရုတ်တရက်ချိုးကွေ့လိုက်စဉ်
နောက်မှ မောင်မောင်စိုး(၄၄)နှစ်၊(ဘ)ဦးငွေစိုး ပြည်မြို့နေသူ မောင်း
နှင်လာသည့် နံပါတ်ပြားမပါ Luojla-125 အနက်ရောင်ဆိုင်ကယ်
မှာ အရှိန်မထိန်းနိုင်ဘဲ ယာဉ်၏ဝဲဘက်ခြမ်းနောက်မြီးအား လမ်းမ
အလယ်တွင်ဝင်ရောက်တိုက်မိခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ မောင်
မောင်စိုးတွင် ဝဲဘက်ဒူးခေါင်း ပေါက်ပြဲဒဏ်ရာ ၊ဗိုက်အောင့်/ခေါင်း
မူးဒဏ်ရာ ၊ဝဲဘက်ပေါင်/ခါးနာကျင်ဒဏ်ရာများ ရရှိခဲ့ပြီး ယာဉ်ပေါ်ပါ
လာသူများမှာ ဒဏ်ရာရရှိမှုမရှိကြောင်းသိရရသည်။

ထိုသို့ ဆိုင်ကယ်နှင့်ယာဉ်တိုက်မှုဖြစ်ပွားပြီး TOHKATSO အမျိုးအစား
အပြာနုရောင်ယာဉ်မှာ လမ်း၏ ယာဘက်ခြမ်းရှိ KTV ဆိုင်ဝန်းထဲသို့
မောင်းနှင်ထွက်ပြေးခဲ့ပြီး ဆိုင်၏နောက်ခြံစည်းရိုးအနီးတွင် ကားအား
ရပ်တန့်ထားခဲ့ပြီး ကားမောင်နှင်သူမှာထွက်ပြေသွားခဲ့သည်။

ထို့ကြောင့်ဖြစ်စဉ်နှင့် ပတ်သက်၍ အချက်ပြမီးမပြဘဲ နောက်ယာဉ်ကြော
မရှင်းမီတစ်ဖက်ယာဉ်ကြောသို့ ချိုးကွေ့မောင်းနှင်သော မောင်ဝေယံနှင့် ဆိုင်ကယ်အားရှေ့ယာဉ်၏နောက်မှကပ်လျှက်မောင်းနှင်သူ မောင်မောင်စိုး 
တို့အား ဥပဒေအရအရေးယူပေးပါရန် ဒုရဲအုပ် ဇော်သန်းထိုက်မှတရားလို
ပြုလုပ်တိုင်တန်းသဖြင့် ရွှေတောင်မြို့မရဲစခန်း ယာဉ်(ပ)၁၇/၂၀၁၇ ၊ ရာဇ
သတ်ကြီးပုဒ်မ ၃၃၈/၂၀၂ ဖြင့်အမှုဖွင့်ခဲ့ပြီး အမှုအား ဒုရဲအုပ်သန်းထိုက်မှ
လက်ခံစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

မှတ်ချက်။ ။ 1 ….အဆိုပါကားသည် KTV ဆိုင်မှပိုင်သော ကားမဟုတ်
ခြင်း ၊ 2..KTV ဆိုင်ထဲမှထွက်လာပြီး ယာဉ်တိုက်မှုဖြစ်တာ မဟုတ်ခြင်း ၊ 3
… အမှုဖြစ်စဉ်သည်၎င်းကောင်းဆိုင်နှင့် မသက်ဆိုင်သည့်အတွက်သတင်း
ကျင့်ဝတ်အရ KTV ဟုသာဖော်ပြခြင်း ဖြစ်ပြီး ငွေကြေးတစ်စုံတစ်ရာရှိ၍ ဆိုင်
အမည်ဖျောက်ထားခြင်းမဟုတ်ကြောင်းနှင့်ကားနံပတ်မဖော်ပြခြင်းကိုလဲဂျာ
နယ်နှင့်နေ့စဉ်သတင်းစာ ဖတ်ဖူးသူတိုင်းနားလည်လိမ့်မည်ထင်ပါသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ



Read More...

Sunday, February 19, 2017

“ဖြိုး”စက်သုံးဆီရောင်းဝယ်ရေးဆိုင်၏ မီးလောင်မှုဖြစ်စဉ်

Leave a Comment

“ဖြိုး”စက်သုံးဆီရောင်းဝယ်ရေးဆိုင်၏ မီးလောင်မှုဖြစ်စဉ်

ပေါက်ခေါင်း ဖေဖော်ဝါရီ(၁၉)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ပေါက်ခေါင်းမြို့၊သဖန်းချိုအုပ်စု၊
သဖန်းချိုကျေးရွာ၊ပြည်-ပေါက်ခေါင်းကားလမ်း မိုင်တိုင်အမှတ်(
၁၈/၃)အနီးရှိ “ဖြိုး”စက်သုံးဆီရောင်ဝယ်ရေးဆိုင်တွင် ဖေဖော်
ဝါရီ(၁၈)ရက်နေ့ ညနေ(၄)နာရီ(၂၀)အချိန်ခန့်၌ မီးလောင်မှုဖြစ်
ပွားကြောင်း သိရသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားရခြင်းမှာ ဖြိုးမင်းအောင်(ခ)ကိုဖြိုး(၃၇)နှစ်
(ဘ)ဦးမောင်အေး ၊ပေါက်ခေါင်းမြို့နေသူပိုင်ဆိုင်သော အလျား(၁၈)
ပေ၊အနံ(၁၂)ပေ၊အမြင့်(၁၀)ပေ၊သွပ်မိုး၊မြေစိုက်အမျိုးအစား “ဖြိုး”စက်
သုံးဆီရောင်ဝယ်ရေးဆိုင်အတွင်း အလုပ်သမားများဖြစ်ကြသည့် လှိုင်
ကြီး(ခ)လှိုင်ညီညီ၊အောင်ဇော်ဌေး ပေါက်ခေါင်းမြို့နေသူတို့သည် ဆိုင်
ထဲတွင်ရှိသော သုံးဘီးဆိုင်ကယ်ပေါ်ရှိ ဓါတ်ဆီပေပါ(၂)လုံးအတွင်းမှဓါ
တ်ဆီများအား ပလပ်စတစ်ပုံးအတွင်းသို့ လှယ်ထည့်နေစဉ် အပူလွန်ကဲ
ရာမှမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သိရ
သည်။
ထိုသို့ မီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာသို့ ပေါက်ခေါင်းမြို့နယ် မီးသတ်
ဦးစီးမှူး ဦးရဲမင်းသန်းနှင့်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ပြည်ခရိုင်မီးသတ်
ဦးစီးမှူးနှင့်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ၊ပေါက်ခေါင်းမြို့၊ ပေါင်းတလည်
မြို့၊ပြည်မြို့ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုရေးအသင်းအဖွဲ့များ
ပေါက်းခေါင်းမြို့ရှိပြည်သူလူထုများ ဝိုင်းဝန်း၍ စုပေါင်းမီးငြိမ်းသတ်ခဲ့သ
ဖြင့် ညနေ(၅)နာရီ(၂၀)အချိန်ခန့် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း။

အဆိုပါမီးလောင်ခဲ့မှုကြောင့် စက်သုံးဆီဆိုင်ဝန်းအတွင်းရှိ သုံပင်၊လေးပင်
သိပ်မိုး၊မြေစိုက်(၁)လုံး၊သုံးဘီးဆိုင်ကယ်(၁)စီးနှင့်ဓါတ်ဆီဂါလံ(၁၅၀)ခန့်
ပျက်ဆီးဆုံးရှုံးခဲ့ပြီး စုစုပေါင်းပျက်ဆီးဆုံးရှုံးမှုတန်ဘိုးမှာ(၁၅)သိန်းကျပ်ခန့်
ဖြစ်ပြီး အခြားနေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းခြင်းမရှိသော်လည်းမီး
လောင်မှုကြောင့် လှိုင်ကြီး(ခ)လှိုင်ညီညီတွင် ဝဲဘက်နှင့်ယာဘက်ခြေထော
က်မီးအပူလောင်ဒဏ်ရာရရှိခြင်း၊အောင်ဇော်ဌေးတွင် ဝဲဘက်ယာဘက်ခြေ
ကျင်းဝတ်မီးအပူလောင်ဒဏ်ရာ၊ယာဘက်လက်ကောက်ဝတ်မီးအေပူဒဏ်ရာ
များရရှိခဲ့ကြောင်းသိရသည်။
ထိုေ့ကြောင့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဖြိုးမင်းအောင်(ခ)ကိုဖြိုး၊လှိုင်ကြီး(ခ)လှိုင်
ညီညီနှင့်အောင်ဇော်ဌေးတို့ အရေးယူပေးပါရန် ဒုရဲအုပ်မျိုးမင်းသိန်းမှတရားလို
ပြုလုပ်တိုင်တန်းခဲ့သဖြင့် ပေါက်ခေါင်းမြို့မရဲစခန်း(ပ)၁၅၃/၂၀၁၇၊ရာဇသတ်ကြီး
ပုဒ်မ ၂၈၅/၃၃၈ ဖြင့်အမှုရေးဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-423671883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ





Read More...

Friday, February 17, 2017

ကားနောက်ဘီးဖြင့် ကြိတ်မိသဖြင့် (၂)နှစ်အရွှယ် ကလေးငယ်တစ်ဦး သေဆုံး

Leave a Comment

ကားနောက်ဘီးဖြင့် ကြိတ်မိသဖြင့် (၂)နှစ်အရွှယ်
ကလေးငယ်တစ်ဦး သေဆုံး

ပေါင်းတလည် ဖေဖော်ဝါရီ (၁၇)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတလည်နယ်မြေရဲစခန်း
အပိုင် ပြည်-ပေါက်ခေါင်းကားလမ်းတွင် ဖေဖော်ဝါရီ(၁၇)ရက်
နေ့ နံနက်(၈)နာရီ (၄၅)မိနစ်အချိန်ခန့် ယာဉ်မတော်တဆမှုဖြစ်
ပွားရာ (၂)နှစ်အရွှယ် ကလေးငယ်တစ်ဦးပွဲချင်းပြီး သေဆုံးခဲ့မှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြည်-ပေါက်ခေါင်းကားလမ်း မိုင်တိုင်အမှတ်(၇/၇)နှင့်
(၈)အကြား ပေါင်းတလည်မြို့  အရှေ့ပိုင်းရပ်ကွက် စာတိုက်ရှေ့
တွင် မမိုးမိုးကြည်(၃၈)နှစ် လွန်တပတ်ကျေးရွာ ပေါက်ခေါင်းမြို့
နေသူမှ သမီးဖြစ်သူ မသက်ထက်အောင်(၂)နှစ် (ဘ) ဦးတင်ရှိန်
အားNORIKO အမျိုးအစား ကြက်သွေးရောင် မစီးစက်ဘီးလက်
ကိုင်တွင် ထိုင်ခုံချိတ်လျှက်တင်ပြီး ပေါက်ခေါင်းဘက်မှ ပြည်ဘက်
သို့ လမ်းယာဘက်ခြမ်းမှ စီးနင်းလာစဉ် လားရာတူနောက်မှ
ဦးတင်ထွဋ် မောင်းနှင်လာသော BGO 8A/.........CANTERအ
မျိုးအစား အဖြူရောင်ယာဉ်မှ ကျော်တက်မောင်းနှင်စဉ် မမိုးမိုး
ကြည် စီးနင်းလာသောစက်ဘီးမှာ မော်တော်ယာဉ်ဘက်သို့လဲ
ကျသွားခဲ့စဉ် ယာဉ်၏နောက်ဘီးဖြင့် ကြိတ်မိသဖြင့် မသက်ထ
က်အောင်တွင် ဦးခေါင်းနောက်စေ့ပွင့်ထွက်ကာ အခင်းဖြစ်နေ
ရာ၌ သေဆုံးခဲ့ပြီး မိခင်ဖြစ်သူ မမိုးမိုးကြည်တွင် ယာလက်မနှင့်
လက်ညိုးကြား ကွဲအက်ဒဏ်ရာရရှိသဖြင့် ဆေးရုံတက်ရောက်
ကုသမှုခံယူနေရကြောင်း ပေါင်းတလည်နယ်မြေရဲစခန်းမှ သိရ
သည်။
ထို့ကြောင့်ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ဦးတင်ထဋ်(၄၃)
နှစ်(ဘ)ဦးအောင်မြင့် ဘုရားလမ်း မြောက်ပိုင်းရပ်ကွက် ပေါင်း
တလည်မြို့နေသူအား ဥပဒေအရ အရေးယူပေးပါရန် ဒုရဲအုပ်
ထွန်းထွန်းဦးမှ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ပေါင်းတလည်
နယ်မြေရဲစခန်း ယာဉ်(ပ)၂/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ -၃၀၄-က/
၃၃၈ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့ပြီး အမှုအားရဲအုပ် ဇင်မင်းဦး
မှလက်ခံစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

ဓါတ်ပုံ တိုး ဝေဦး


Read More...

Tuesday, February 14, 2017

ကိုယ့်ဘက်က တာဝန်မကျေဘူးလို့ခံစားရတဲ့ သတင်းမဟုတ်တဲ့......ပီတီဖြစ်စရာ စာတစ်ပုဒ်

Leave a Comment
ကိုယ့်ဘက်က တာဝန်မကျေဘူးလို့ခံစားရတဲ့
သတင်းမဟုတ်တဲ့......ပီတီဖြစ်စရာ စာတစ်ပုဒ်

ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့မှာ လွန်ခဲ့တဲ့ရက် အနည်းငယ်က
အလွန်ဝမ်းသာပီတီဖြစ်စရာ သတင်းတစ်ပုဒ်ကို မတင်လိုက်ရ
တဲ့အတွက် ကို့ကိုယ်ကို တာဝန်မကျေဘူးလို့ ခံစားရတဲ့အတွက်
အခု ပြည်မြို့သူ/ပြည်မြို့သား ထပ်တူဝမ်းသာစေချင်လို့ ဖော်ပြ
လိုက်ပါတယ်။

အဲဒါကတော့ ဘာလဲဆိုရင် ပြည်မြို့ ဆံတော်ရပ်ကွက် ၊ဆံတော်
အရန်မီးသတ်တပ်ဖွဲ့ တပ်ခွဲ(၂) တပ်စု(၅)အတွက် မီးငြိမ်းသတ်
ယာဉ်တစ်စီးရောက်ရှိလာပါတယ်။ အလှူ ရှင်ကတော့ ရန်ကုန်-
ပြည် ကရဝိတ် သင်္ကန်းတိုက် မိသားစုမှ လှူ ဒါန်းခဲ့တာဖြစ်ပြီး ယ
ခင် မီးသတ်ယာဉ်မှာ အချိန်ကာလကြာမြင့်တာနဲ့အမျှ အင်ဂျင်ပိုင်း
ဆိုင်ရာများ ပျက်ဆီးလာခြင်း ၊ ခိုင်းလာခဲ့သည့် သက်တမ်းအလျှော
က်မီးလောင်ပြင်သို့ လက်ပူတိုက်ထွက်နေရသည့်အခြေအနေသို့
ရောက်ရှိနေပြီဖြစ်သည့်အတွက် ယခုလိုမီးသတ်ယာဉ်တစ်စီးအား
လှူ ဒါန်းရခြင်းဖြစ်ပါတယ်။

အလှူ ရှင်တွေအနေနဲ့ကတော့ အမှန်တကယ် ကိုယ်ကြိုးမဖက်ဘဲ
ရပ်ကွက်နေ ပြည်သူများအတွက် စေတနာ ၊ ဝါသနာ ၊အနစ်နာဆို
တဲ့ နာ(၃)နာကိုယ်လက်ကိုင်ထားဆောင်ရွက်နေတဲ့ အဖွဲ့အတွက်
လိုအပ်နေတဲ့ မီးသတ်ကားလှူ ဒါန်းမှုအပေါ် သတင်းပိုင်းမှာကျယ်
ကျယ်ပြန့်ပြန့် မဖြစ်စေချင်သော်လည်း စာရေးသူပြည်သားတစ်ေ
ယာက်အနေနဲ့ တာဝန်မကျေသလိုခံစားရသည်ကတစ်ကြောင်း၊
ကိုယ်ပိုင်ကားမစီးနိုင်ပေမဲ့ ကိုယ်ပိုင်ရသကဲ့ဝမ်းသာပီတီဖြစ်ရသည်
ကတစ်ကြောင်း ထိုသို့သော အကြောင်းကြောင်းလေးများကြောင့်
ယခုကဲ့သို့ရေးသားဖော်ပြသည့်အပေါ် အလှူ ရှင်များအနေဖြင့်တပ်
ဖွဲ့အပေါ် အမြင်မမှားစေရန် မေတ္တာရပ်ခံရင်း သတင်းမဟုတ်တဲ့
ပီတီဖြစ်စရာ စာတစ်ပုဒ်ကိုဖော်ပြလိုက်ရပါတယ်ခင်ဗျာ......

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ




Read More...

Thursday, February 9, 2017

အားကစားကွင်းဖွင့်ပွဲနှင့်ပြည်ထောင်စုနေ့အကြို အားကစားပြိုင်ပွဲကျင်းပ

Leave a Comment

အားကစားကွင်းဖွင့်ပွဲနှင့်ပြည်ထောင်စုနေ့အကြို
အားကစားပြိုင်ပွဲကျင်းပ

ပြည် ဖေဖော်ဝါရီ (၁၀)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ပြည်မြို့နယ်၊နဝဒေးရပ်ကွက်၊
တွင် ဖေဖော်ဝါရီ(၉)ရက်နေ့ နံနက်(၉)နာရီအချိန်ခန့် နဝဒေး
ရပ်ကွက် ကိုယ်စားပြု "နိကြောဓဘုန်းတော်ကြီးကျောင်း"အား
ကစားကွင်းဖွင့်ပွဲနှင့် နှစ်(၇၀)ပြည့် ပြည်ထောင်စုနေ့အကြိုဖူ
ဆယ် ဘောလုံးပြိုင်ပွဲနှင့်ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲ အခမ်းအ
နား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်၊
ခရိုင်အား/ကာလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာဝင်း၊
ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးပန်းကြည်တို့မှ ဖွင့်ပွဲအထိမ်းအမှတ်
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲသို့ ဘောလုံးအသင်း(၅)သင်းနှင့် ပိုက်ကျော်ခြင်း
အသင်း(၅)သင်းတို့ရှင်ပြိုင်ဖြစ်ကြောင်းသိရပြီး ဖွင့်ပွဲအခမ်းအ
နားသို့ နဝဒေးရပ်မိရပ်ဖများ၊ရပ်ကွက်နေပြည်သူများတက်ရော
က်အားပေးခဲ့ကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)094236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ






Read More...

Facebook Like Page