Friday, August 9, 2013

မြန်မာ့တိုင်းရင်းသားဘာသာစကားများ ကချင်ဘာသာစကား

Leave a Comment

မြန်မာ့တိုင်းရင်းသားဘာသာစကားများ ကချင်ဘာသာစကား
**************************************
မြန်မာနိုင်ငံသည် ပြည်နယ် နှင့် တိုင်း (၁၄) ခုဖြင့်ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံတော်ကြီးဖြစ်၏
မြန်မာနိုင်ငံတော်ကြီးထဲတွင် ကချင်၊ကယား၊ကရင်၊ချင်း၊ဗမာ၊မွန်၊ရခိုင်၊ရှမ်း စသည့်တိုင်းရင်းသား
လူမျိုးများနှင့် အတူတကွ စုပေါင်းနေထိုင်လျှက်ရှိကြပါတယ်။ ထိုတိုင်းရင်းသား လူမျိုးများတွင် ကိုယ်
ပိုင်ဘာသာစကား အသီးသီးရှိကြသည်။ ယင်းဘာသာ စကားများကို ကျွန်တော် ပြည်သတင်း သည်
မိမိနားလည်သလောက် လေ့လာမိသလောက်လေးတွေကို ရိုးသားကြိုးစားစွာတင်ပြပေးချင်ခဲ့မိပါတယ်။
ထို့ကြောင့် ယခုလို တိုင်းရင်းသားဘာသာစကားများကို လေ့လာ မိသလောက်လေး တင်ပြပေးခွင့်ရတာကို
ကြေနပ်အားရ ၀မ်းသာမိပါတယ်လို့ ပြောကြားစေလိုပါတယ်.....(ပြည်သတင်း).....

ကချင်ဘာသာစကား
*************
ကချင်ဘာသာစကားပြောဆိုကြသည့် ကချင်တိုင်းရင်သား အများစုသည် ကချင်ပြည်နယ်တွင် နေထိုင်ကြသည်။ ကချင်ပြည်နယ်သည် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတွင်တည်ရှိပြီး တောတောင် ထူထပ်လှသည်။
တိဗက်ကုန်းမြင့်မှ ထိုထွက်လာသည့် တောင်တန်းတောင်စွယ်များသည် ကချင်ပြည်နယ်တွင် မြောက်ဘက်မှ တောင်ဘက်သို့ သွယ်တန်လျှက်ရှိသည်။ ကချင်ပြည်နယ်၏ အကျယ်အ၀န်းမှာ စတုရန်းမိုင်ပေါင်း ၃၄၃၇၉. ၂၂ ဖြစ်သည်။
ကချင်ဘာသာစကားသည် ရှေဟောင်း တိဗက် ဘာသာစကားမှ ဆင်းသက်ပေါက်ဖွားလာသည်ဟုဆိုသည်။ တဖန် ကချင်ဘာသာစကားသည် မြန်မာစကားနှင့်လည်း အလွန်နီးစပ်သည်။ ကချင်ဘာသာစကား၏ အခြေခံဝေါဟာရ ၄ ပုံ
၁ ပုံခန့်သည် မြန်မာဝေါဟာရများနှင့် ကိုက်ညီနေသည့်အပြင် ကချင်သဒ္ဒါမှာလည်း မြန်မာသဒ္ဒါအတိုင်းဖြစ်သည်။ ကချင်ဘာသာစကားသည် တိဗက်ပြေစကားနှင့် မြန်မာစကားကို ဆက်သွယ်ပေါင်းကူးပေးသည့် ဘာသာစကားတစ်ခုဟု
ဆိုနိုင်သည်။အခြေခံအားဖြင့် ကချင်ဘာသာစကားကို ဂျိန်ဖော့စကား၊ မရူစကား၊ရ၀မ်စကား၊လီဆူစကား ဟူ၍ ၄ မျိုး ခွဲနိုင်သည်။ဂျိန်းဖော့စကားသည် ကချင်ပြည်နယ်တွင် လူသုံးအများဆုံး စကားဖြစ်သည်။ စာအရေးအသားလည်းရှိသည်။
ကချင်မျိုးတို့၏ ဒုတိယ အသုံးအများဆုံး ဘာသာစကားမှာ မရူးစကားဖြစ်သည်။ ၀ါကျဖွဲစည်းပုံမှာလည်း မြန်မာစကားနှင့် နီးစပ်သည်။ ရ၀မ်စကာသည် သဒ္ဒါပိုင်တွင် ဂျိန်းဖော့၊မြန်မာတို့နှင့်တူသည်။ လီဆူစကားသည် ကချင်
ဘာသာစကားထဲတွင် အခက်ဆုံဘာသာစကား မျိုးဖြစ်သည်ဟုဆိုသည်။ လီဆူစကားတွင်လည်း မြန်မာစကား နှင့် တူသော ဝေါဟာရများစွာရှိပြီး ၀ါကျဖွဲ့စည်းပုံမှာလည်း မြန်မာနှင့်တူသည်။ ကချင်တိုင်းရင်းသားများ အသုံးပြုသည့် ကချင်
ဘာသာစကားသည် စကားသံပိုင်း ၊ သဒ္ဒါပိုင်း ၊ အသုံးနှုန်းပိုင်းတို့တွင် မြန်မာဘာသာစကား နှင့် တူညီမှု့များစွာ ရှိနေသည့်အတွက် ကချင် နှင့် မြန်မာ ဘာသာစကားတို့သည် မှုလက ဘာသာစကားမျိုးရိုးတစ်ခုတည်းမှ ဆင်းသက်လာခဲ့သည်
ဟု ကောက်ချက်ချနိုင်သည်။ မြန်မာရေးရာ စာအုပ်မှကောက်နုတ်ဖော်ပြသည်။ “(ပြည်သတင်း)”



0 comments:

Post a Comment

Facebook Like Page