Monday, October 24, 2016

စပါးရိတ်/ချွေရာတွင် ကူညီဆောင်ရွက်ပေးနေသူ အမျိုးသားတစ်ဦး ချိန်းကြိုးဘီးနှင့် ကြိတ်မိသေဆုံး ပြည့်သဲမောင်(ပြည်)09423671883

Leave a Comment




စပါးရိတ်/ချွေရာတွင် ကူညီဆောင်ရွက်ပေးနေသူ
အမျိုးသားတစ်ဦး ချိန်းကြိုးဘီးနှင့် ကြိတ်မိသေဆုံး
 
သဲကုန်း အောက်တိုဘာ(၂၃)ရက်နေ့
ပဲခူးတိုင်းဒေသကြီး(အနောက်)၊ပြည်ခရိုင်၊သဲကုန်းမြို့၊ရပ်ကွက်(၄)၊
တပ်ရွာမြောက်စုလမ်းအတွက် စပါးရိတ်/ချွေရာတွင် ကူညီလုပ်ကိုင်
ဆောင်ရွက်နေသူ အမျိုးသားတစ်ဦး အောက်တိုဘာ(၂၃)ရက်နေ့ ချိန်းကြိုးဘီးနှင့်ကြိတ်မိသေဆုံးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ(၂၃)ရက်နေ့ နေ့လည်(၂)နာရီ(၃၀)အချိန်
ခန့် သဲကုန်းမြို့မရဲစခန်းမှဒုရဲအုပ် အောင်ဘုန်းမြင့် သည် တာဝန်မှူးေ
ဆာင်ရွက်နေစဉ် ရဲစခန်းအနောက်မြောက်(၁)မိုင်သဲကုန်းမြို့၊ ရပ်ကွ
က်(၄)၊ တပ်ရွာမြောက်စုလမ်းအတွက် ကွင်းအမှတ်(၉၁၈)တွင် စပါး
ရိတ်ချွေစက်နင်းမိပြီး လူတစ်ဦးသေဆုံးကြောင်း သတင်းရရှိခဲ့သည်
ဆို၏။
 
ထိုသို့သတင်းရရှိသဖြင့် ရပ်ကွက်(၄)အုပ်ချုပ်ရေးမှူး ဦးသန်းအေး၊ရာ
အိမ်မှူး၊ ဦးသန်းမင်းထွန်း(ရာအိမ်မှူး) ရပ်ကွက်(၄) နေသူတို့နှင့်အတူ 
အခင်းဖြစ်ရပ်သွားရောက်စစ်ဆေးရာ ရပ်ကွက်(၄) တပ်ရွာကွင်းအမှ
တ်(၉၁၈) ရွာဘုံပိုင်လယ်ကွက်တွင် စက်မောင်း ပိုင်ဇင်ဦး(၂၄)နှစ် (
ဘ) ဦးမောင်မြင့် ၊စက်မှုလယ်ယာနေ့စားဝန်ထမ်း (မိတ္တီလာစက်မှုလ
ယ်ယာဗဟိုသင်တန်းကျောင်း စက်ကြီးမောင်း သင်တန်းဆင်းလက်မှ
တ်ရ) အင်ငါးခွရွာ/အုပ်စု၊ ပေါက်ခေါင်းမြို့နေသူမောင်းနှင်သော တရု
တ်နိုင်ငံလုပ် KUBOTA စပါးရိတ် ချွေစက်(ဖြူ/နီစပ်ရောင်) ပေါက်ခေါ
င်းမြို့၊ အမှတ်(၅၈)စက်မှု လယ်ယာ စခန်းပိုင် လယ်ယာသုံးစက်မှာ စ
ပါးရိတ်/ချွေရာတွင် ကူညီဆောင်ရွက်ပေးနေသူ ကျော်မင်းဦး (၄၄)နှစ်
(ဘ) ဦးတင်ငွေ၊ကျဘမ်းလုပ်ကိုင်၊တပ်ရွာ၊ ရပ်ကွက်(၄)၊ သဲကုန်းမြို့နေ
သူသည် ၄င်းစက်၏ နောက်တွင်ရှိနေစဉ် စက်မှာနောက်သို့ပြန်ဆုတ်ရာ
မှ ယာဘက်ချိန်းကြိုးဘီးနှင့် ကြိတ်မိခဲ့ကြောင်းစစ်ဆေးတွေ့ရှိရကြောင်း
ရဲမှတ်တမ်းအရသိရသည်။

ထိုသို့ စပါးရိတ်/ချွေစက် ချိန်းကြိုးဘီးနှင့်ကြိတ်မိခဲ့သဖြင့် ကျော်မင်းဦး
တွင် ဦးခေါင်းယာ ဘက်ခြမ်းကြေ မွပျက်စီးဒဏ်ရာ(၁)ချက်ရရှိကာအ
ခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။

ထို့ကြောင့် ဖြစ်စဉ်နှင့်ပတ်သက်၍ စပါးရိတ်/ချွေစက်အား မောင်းနှင်သူ 
ပိုင်ဇင်ဦး အား အရေးယူပေးပါရန် ဒုရဲအုပ် အောင်ဘုန်းမြင့် မှ တရားလို
ပြုလုပ်တိုင်တန်း သဖြင့် သဲကုန်းမြို့မရဲစခန်းယာဉ်(ပ) ၇/၂၀၁၆၊ ရာဇသ
တ်ကြီးပုဒ်မ-၃၁၄(က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ကာ အမှုအား ဒု
ရဲမှူး မြင့်လွင် (စခန်းမှူး) မှ လက်ခံစစ်ဆေးလျှက်ရှိကြောင်းသတင်းရရှိသ
ည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

0 comments:

Post a Comment

Facebook Like Page