Tuesday, October 18, 2016

ရှေးဟောင်းသမိုင်းဝင်ဘောဘောကြီးဘုရားတွင်ပန်း/ဆီမီး/နံ့သာ လှူဒါန်းမှုပြုလုပ်ခဲ့

Leave a Comment

ရှေးဟောင်းသမိုင်းဝင်ဘောဘောကြီးဘုရားတွင်ပန်း/ဆီမီး/နံ့သာ
လှူဒါန်းမှုပြုလုပ်ခဲ့

အောက်တိုဘာ(၂)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင်၊ပြည်မြို့နယ် ၊မှော်ဇာကျေးရွာ
ရှေးဟောင်းဇုန်ထဲတွင် တည်ရှိသော ရှေးဟောင်းသမိုင်းဝင်
ဘောဘောကြီးဘုရားတွင် ၁၃၇၈ ခုနှစ် သတင်းကျွတ်လပြ
ည့်ကျော် (၁)ရက်နေ့ ညကပန်းတစ်ထောင်၊ဆီမီးတစ်ထောင်၊
နံ့သာတစ်ထောင် ကပ်လှူပူဇော်သည့်အပြင် မုန့်ဟင်းခါးအချိန်
တစ်ရာ စတုဒိသာကျွေးမွေးလှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါ ရှေးဟောင်းသမိုင်းဝင်ဘောဘောကြီးဘုရားအား ပန်း၊ ဆီမီး၊နံ့သာဆပ်ကပ်လှူဒါန်းခြင်းနှင့်မုန့်ဟင်းခါးကျွေးမွေးသည့်
အလှူရှင်မှာ ပြည်မြို့ ခေတ္တရာမြို့သစ်(၇/၇)လမ်းနေ ဦးခင်မောင်
ကျော် မိသားစု မှကျွေးမွေးလှူဒါန်းခြင်းဖြစ်ကြောင်းသိရသည်။

ထိုသို့ နေ့ထူးနေ့မြတ်အချိန်အခါတွင် ပြည်မြို့၏ကျက်သရေဆောင်
ရှေးဟောင်းဘုရားများအား လှူဒါန်းရခြင်းကြောင့် အလှူရှင်မိသား
စုသည် စိတ်ချမ်းသာကိုယ်အေး လိုလေသေးမရှိ ပြီးပြည့်စုံသော
မိသားစုဖြစ်ပါစေ၊ လိုတိုင်းရပြီး ရတိုင်းလဲ အလှူရေစက်လက်နဲ့မ
ကွာ လှူဒါန်းနိုင်ပါစေ ၊စည်းပွားလာဘ်လာဘများလဲ ဒီရေအလား
တိုးတက်ကြီးပွားပါစေ ၊အသက်ရှည်ခြင်း ဥာဏ်ပညာကြီးမားခြင်း
ကြံစည်တိုင်းအောင်မြင်သော မိသားစုများဖြစ်ကြပါစေလို့ ပြည်မြို့
သူ/ပြည်မြို့သားများကိုယ်စား ပြည်သတင်းအဖွဲ့မှဆုမွန်ကောင်းများ
ပို့သအပ်ပြီး သာဓု သာဓု သာဓု ခေါ်ဆိုပါသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ









0 comments:

Post a Comment

Facebook Like Page