Sunday, October 23, 2016

ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့်အနုပညာသမား ဟာသညီအစ်ကိုများအလှူ

Leave a Comment
ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့်အနုပညာသမား
ဟာသညီအစ်ကိုများအလှူ

ပြည် အောက်တိုဘာ(၂၃)ရက်နေ့
ယခုလသည် ဗုဒ္ဓဘာသာ ဗမာလူမျိုးများ၏ တစ်နှစ်မှာတစ်လ
တစ်လမှာတစ်ရက်တစ်ရက်မှာတစ်ကျောင်းသာ ပြုလုပ်ခွင့်ရေ
သာ သံဃာတော်အရှင်သူမြတ်တို့အတွက် ဒါတဗ္ဗဝတ္ထုအစုစုတို့
ကို ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း ပြုလုပ်သောလဖြစ်
ပါတယ်။

ထို့ကြောင့် ပဲခူးတိုင်းဒေသကြီး ၊ ပြည်မြို့၊ရွာဘဲနယ်မြေ၊မြကန်သာ
ရပ်ကွက်“ကြောင်ပန်းကျောင်းတိုက်”အတွင်း၌ ပုရိမဝါမှ ထတော်မူ
ကြကုန်သော သံဃာတော် အရှင်သူမြတ်တို့အား ဖြူစင်စိတ်ထားမုဒိ
တာပွားပျုမိသားစု ပရဟိတအဖွဲ့နှင့်စေတနာရှင်များမှစုပေါင်း၍ က
ထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း ပင့်သံဃာအရှင်သူမြတ်(၁၀၈)
ပါးတို့အား ဒါတဗ္ဗဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခြင်း ၊ကြောင်ပန်းေ
ကျာင်းတိုက်ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တကုသလနှင့်ဘဒ္ဒန္တက
ဝိသာရ အရှင်သူမြတ်နှစ်ပါးတို့အား မိဘများဦးထိပ်ထား၍ ပြည်မြို့ ပြည်
တော်သာရပ်ကွက်နေ ကိုမြင့်ဦး+မဥမ္မာ(ရွှေမြင့်မိုရ်)မိသားစုတို့မှ ပုနော
ပသမ္မဒကံထပ်ခြင်း မင်္ဂလာနှင့်အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခြင်းအား
အဆိုပါကြောင်ပန်းကျောင်း၌ပြုလုပ်ခဲ့ကျပါတယ်။

အဆိုပါအလှူတော်ပွဲတွင် ရုပ်ရှင် ၊ဂီတ၊ဟာသ ညီအကိုများဖြစ်သော မင်္ဂ
လာပါအလင်္ကာဟားအဖွဲ့မှ MD ချစ်ပန်း၊ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် စိစိ၊ရွှေစတား(၆)ဆုရှင် အောင်ချစ်၊ဟာသမင်းသား ပိုင်ကျော် ၊ရွှေတံ
ဆိပ်ဆုရှင် ဗီဒီယိုသရုပ်ဆောင် ပိုပိုချစ်၊တေးသံရှင် သူရိန်(အသံ ၅-
မျိုး)ပိုင်ရှင်တို့ ဖျော်ဖြေတင်ဆက်ခဲ့ကျပြီး အဆိုပါပွဲမှရသော အနုပညာ
ကြေးများထဲမှ ငွေကျပ်(၅၀သောင်းကျပ်တိတိကို “ပရဟိတ ပါရမိအဖွဲ့ လူမှုကယ်ဆယ်ရေးအသင်း”သို့အလှူငွေလှူဒါန်းခဲ့ကျပြီး ထိုအနုပညာရှင် ဟာသညီကိုများသည် ပြည်မြို့နယ် မြောင်းငယ်လှဆရာတော်ဘုရား ဦး
ဝိမလ၏ “ဖြူစင်စိတ်ထား မုဒိတာပွားအဖွဲ့”မှအသင်းသား ပရဟိတသမား
ဖြစ်ကြောင်းနှင့် ပရဟိစိတ်ဓာတ်အမှန်တကယ်ထားခြင်းဖြင့် ဗုဒ္ဓဘာသာ
ဝင်တို့၏ နေ့ထူးနေ့မြတ်များတွင် ကုသိုလ်ယူရင်း လူ့ဘဝခရီးပျော်ပျော်ကြီး
ဖြတ်သန်းကျပါစို့လို့ တတ်စွမ်းသမျှပညာလေးဖြင့် နိဗ္ဗာန်အကျိုးမျှော်ကာကု
သိုလ်ယူရေးသားဖော်ပြအပ်ပါသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
 








0 comments:

Post a Comment

Facebook Like Page