Wednesday, August 31, 2016

ဒေါ်အောင်ဆန်းစုကြည်ကိုယုံသည် ၊ ကိုဖီအာနန်ကိုယုံသည် သရ၀ဏ်(ပြည်)

Leave a Comment

ဒေါ်အောင်ဆန်းစုကြည်ကိုယုံသည် ၊ ကိုဖီအာနန်ကိုယုံသည်
သရ၀ဏ်(ပြည်)
ကိစ္စတစ်ခု ၊ပြသနာတစ်ခုပေါ်ပေါက်လာသောအခါ ဖြေရှင်နည်းများစွာရှိသည် ။ ကလေးတစ်ယောက်သည် ကလေးတစ်ယာက်၏အမြင်နှင့်ဖြေရှင်းပေမည် ။ ရပ်ကွက်အဆင့်သည်ရပ်ကွက်အမြင်နှင့်ဖြေရှင်းမည် ။ မြို့၌နေသူသည်မြို့အမြင် ၊ တော၌နေသူသည်တောအမြင် ၊ခရိုနီအမြင်သည်ခရိုနီအမြင် ၊ စစ်ဗိုလ်ချုပ်အမြင်သည်စစ်ဗိုလ်ချုပ်အမြင်၊ မျက်ကန်းမျိုးချစ်အမြင်သည်မျက်ကန်းမျိုးချစ်အမြင်၊ နိုင်ငံတကာ၌ ၀င်ဆန့် သူသည် နိုင်ငံတကာအမြင် စသည်ဖြင့် ဖြေရှင်းနည်းအမျိုးမျိုးကွဲပြားကြပေမည် ။ ကြည့်ရုသောရှုထောင့်ကိုလိုက်၍ ဖြေရှင်းနည်းများကွဲပြားရခြင်းဖြစ်ပေသည် ။လူ့အခွင့်အရေးရုထောင့်ချည်းမှအမြဲကြည့်လို့မရသလို ၊လူမျိုးစွဲ အတ္တစွဲများဖြင့်ချည်းလည်းကြည့်၍မှန်မည်မဟုတ်ချေ ။ အသင့်တော်ဆုံးရှုထောင့်မှကြည့်ရမည် ။
ရခိုင်အရေးသည် အစိုးရအဆက်ဆက်အတွက် ဘေးကြပ်နံကြပ်အရေးကိစ္စဖြစ်သည် ။ ဖြေရှင်းရအတော်ခက်သောကိစ္စဖြစ်သည် ။ ရခိုင်အရေးကိစ္စဟုဆိုလျှင် ဒေသခံဌာနေ ဗုဒ္စဘာသာရခိုင်တိုင်းရင်းသားများရှိမည် ။ ကမန်ဟုခေါ်သောအစ္စလာမ်ဘာသာဝင် တိုင်းရင်းသားများရှိမည် ။ ဘင်္ဂလီများရှိမည် ။ ကမန်သည်ပြသနာမဟုတ် ။သို့ သော် ဘင်္ဂလီများသည်ပြသနာဖြစ်လာနေသည် ။ လူဦးရေအလွန်ထူထပ်သော မြန်မာ့အိမ်နီးချင်းဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ဆင်းရဲမွဲတေမှု၊ အလုပ်အကိုင်ရှားပါးမှုတို့ ကြောင့် မြန်မာ့မြေအတွင်းသို့ နယ်စပ်ကိုဖြတ်ကျော်လျက် တစိမ့်စိမ့်ဝင်ရောက်နေသည်မှာ နှစ်ပေါင်း များစွာကြာမြင့်ခဲ့ပေပြီ ။ ထိုဘင်္ဂလီများသည် မြန်မာနိုင်ငံအတွင်းသို့ ဝင်လာပြီးသောအခါ လူ့ သဘာဝအရ ရောက်ရှိနေသောနေရာသည်အဆင်ပြေသဖြင့် ပြန်မထွက်ချင်တော့ ။ ထိုနေရာတွင် အပိုင်နေရရန်အကြံထုတ်လာကြသည်။ ထိုအခါ ခိုးဝင်ဘင်္ဂလီများသည် သူတို့ ကိုယ်သူတို့ မြန်မာနိုင်ငံတွင်ဘိုးစဉ်ဘောင်ဆက်နေထိုင်လာခဲ့သော လူမျိုးတစ်မျိုးအဖြစ်ဖန်တီးပုံဖော်လိုက်ကြတော့သည် ။ သူတို့ ကိုယ်သူတို့  ရိုဟင်ဂျာ လူမျိုးဟုဘင်္ဂလီတို့ ကအမည်တတ်သည် ။ ရိုဟင်ဂျာဆိုသောလူမျိုးသည် မြန်မာတိုင်းရင်းသားလူမျိုးမဟုတ်ပဲဘင်္ဂလီတို့ အကြံအဖန်လုပ်ထားသောလူမျိုး ဖြစ်မှန်း မြန်မာတမျိုးသားလုံးသိကြသည် ။ ပြည်တွင်းမှာတော့လိမ်၍မရ ။ ဒါပေသည့် ဒါကအဓိကမကျ ။ ဘင်္ဂလီများသည် ၀ါဒဖြန့်ချီရေးတွင် အလွန်လျှင်မြန်သည် ။ ယခင်အစိုးရအဆက်ဆက် နှေးနှေးကွေးကွေးနှင့်ရခိုင်အရေးကိုတုန့် ပြန်နေသည့်အခိုက်တွင် ဘင်္ဂလီများ၏ မုသာဝါဒက ကမ္ဘာကိုလွှမ်းခြုံမိသွားသည် ။ ကမ္ဘာတွင်ရိုဟင်ဂျာဆိုသောလူမျိုးတစ်မျိုးကို အားလုံးသိသွားအောင်လုပ်နိုင်ခဲ့သည် ။ ဘယ်ကလာလို့ ဘယ်ကိုသွားသည်ဖြစ်စေ ပင်လယ်ထဲတွင် ပေါလောမျောပါနေသော ကုလားဟူသမျှ ရိုဟင်ဂျာဖြစ်အောင် တဖွဲ့ တနွဲ့ နှင့် ဇာတ်နာအောင်လုပ်နိုင်စွမ်းရှိလာကြသည် ။ ဘင်္ဂလီတို့ ၏၀ါဒဖြန့်လက်တံကရှည်လာသည် ။ဘင်္ဂလီသက်သက်သည် ထိုသို့ ထိထိရောက်ရောက် ငွေကုန်ကြေးကျခံကာ ကမ္ဘာသို့ ပေါက်အောင်ဝါဒဖြန့် ချိမှု ကိုမလုပ်နိုင် ။ ဘင်္ဂလီများသည် အစ္စလာမ်ဘာသာဝင်များဖြစ်သဖြင့် ကမ္ဘာ့အစ္စလာမ်နိုင်ငံများ ၊ OIC လိုအဖွဲ့ အစည်းမျိုး၏ ဘာသာတူချင်း အလုံးအရင်းနှင့်ငွေပုံပေး၍ ပံ့ပိုးကူညီမှုမလွဲမသွေရှိနိုင်သည် ။ ကမ္ဘာ့မီဒီယာများသို့  လက်တံရှည်ရှည်နှင့်ထိုးဖောက်ဝင်ရောက်သည် ။ ဘာအလုပ်မှမယ်မယ်ရရမရှိသော်လည်း ။လန်ဒန် ၊ပဲရစ် ၊ ၀ါရှင်တန် ၊ မြူးနစ် ၊ ကိုပင်ဟေဂင် ၊နယူးယောက်၊ ဘန်ကောက်စသောမြို့ ကြီးများတွင် ရိုဟင်ဂျာအရေးဆွေးနွေးပွဲမှန်သမျှ ၊သတင်းစာရှင်းလင်းပွဲမှန်သမျှ ။ဝါဒဖြန့်ချိပွဲမှန်သမျှ ။ ဆန္ဒပြပွဲမှန်သမျှ သံတမန်များအဆင့်အတန်းမျိုးနှင့် သံသမန်လောကနှင့် မီဒီယာလောကသို့ ဝင်ထွက်သွားလာ စားသောက် ပွဲတက်နေသော ရိုဟင်ဂျာလော်ဘီ (ဘင်္ဂလီ) များတကမ္ဘာလုံးတွင်ခြေချင်းလိမ်နေသည် ။ ထိုလူတွေ၏လစာနှင့်အသုံးစားရိတ်များ ၊ ပံ့ပိုးငွေများဘယ်ကရသနည်း ဘယ်သူမှမသိ ။ သေချာသည်ကား ပံ့ပိုးပေးနေသည့်အဖွဲ့ ရှိနေသလို ၊ ပံ့ပိုးမှုကိုလက်ခံကာတွင်ကျယ်နေသော ရိုဟင်ဂျာလော်ဘီများလည်း ကမ္ဘာမှာ ပျံ့ နှံ့ နေသည် ။ မျိုးချစ်စိတ်ဖြင့်တိုက်နေသော ရခိုင်တိုင်းရင်းသားများနှင့် မြန်မာနိုင်ငံသားများ၏အသံသည် ကမ္ဘာတွင် လော်ကယ်ရထားလို ချိနဲ့နဲ့နှင့် မနည်းခရီးနှင်နေရချိန်တွင် ဘင်္ဂလီလော်ဘီတို့ ၏အသံသည် ကာတာလေကြောင်းလိုင်းလို ၊ အမ်းမရိတ်လေကြောင်းလိုင်းလို အလွန်လျှင်မြန်စွာ ကမ္ဘာအနှံ့ ခရီးဆန့်နေသည် ။ အဆက်သွယ် မီဒီယာကွန်ယက်တွေကောင်းနေသည် ။ငွေကြေးအထောက်အပံ့တွေကောင်းနေသည် ။ထိုအခါ ကုလသမဂ္ဂမှာလည်း ရိုဟင်ဂျာ ၊ အီးယူမှာလည်းရိုဟင်ဂျာ ၊ OIC မှာလည်းရိုဟင်ဂျာ ၊လူ့ အခွင့်အရေးကော်မရှင်မှာလည်းရိုဟင်ဂျာ ၊ အာဆီယံမှာပင် ရိုဟင်ဂျာ ဆိုတာတွေဖြစ်နေလေသည် ။
ဒီအချိန်တွင်ကျွန်တော်တို့ ပြည်တွင်းဝယ်ဘာတွေလုပ်နေသနည်း ။ဦးဝီရသူသည် ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယန်ဟီးလီးကို လူပုံအလည်တွင်ကလော်တုတ်လိုက်၏ ။ ကုသမဂ္ဂအလိုမရှိကြောင်းရခိုင်တွင်ဆန္ဒပြကြ၏ ။ မြန်မာနိုင်ငံတွင်ရိုဟင်ဂျာမရှိကြောင်းဆန္ဒပြကြ၏ ။ ရခိုင်ပြည်နယ်မှ အစ္စလာမ်ဘာသာဝင်များဟု ဘင်္ဂလီများကိုခေါ်ခြင်းအားဆန့်ကျင်ကန့်ကွက်ဆန္ဒပြကြ၏ ။ ၁၉၈၂ နိုင်ငံသားဥပဒေနှင့်အညီ စစ်ဆေးရန် ဘင်္ဂလီများကို ခေါ်ယူစစ်ဆေးခြင်းကို ဆန့်ကျင်ကန့်ကွက်ကြ၏ ။ စစ်ဆေးခံမည့်သူများကို သက်သေခံလက်မှတ် ထုတ်ပေးခြင်းကို ဘင်္ဂလီများအားနိုင်ငံသားပြုခွင့်ကတ်များထုတ်ပေးနေပါပြီဟု အစိုးရကိုဆန္ဒပြကြ၏ ။ ဘင်္ဂလီအရေး ၊ရခိုင်အရေးသည် ပြည်တွင်းရေးသက်သက်သာဖြစ်သည်ဟုပြောကြ၏ ။ ထိုသို့ ပြောနေအော်နေသည့်တချိန်တည်းမှာပင် ဘင်္ဂလီတို့ ၏အသံမှာ ကမ္ဘာ့မီဒီယာကိုအုပ်စီးမိကာတွင်ကျယ်နေပြီဖြစ်သည် ။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ရခိုင်အရေးသည် ပြည်တွင်းရေးဖြစ်သည်ဟုအော်နေရုံနှင့် တန်ပြန်တိုက်စစ်မဆင်နိုင်တော့တာသေချာသည် ။ ထိုအချိန်တွင်နိုင်ငံတော်၏အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ရခိုင်အရေးနှင့်ပါတ်သက်၍လေ့လာဆန်းစစ်ရေးကော်မရှင်တစ်ရပ်ဖွဲ့ စည်းကြောင်းထုတ်ပြန်ကြေငြာလိုက်တော့ဝေဖန်သံတွေသောသောညံကြပြန်သည် ။ အဓိကထောက်ပြကြသည်က ကော်မရှင်တွင် နိုင်ငံခြားသားဖြစ်သော ကိုဖီအာနန်ဆိုသည့်လူကြီးက ဦးဆောင်နေလို့ တဲ့  ။ပြည်တွင်းရေးပြသနာကိုနိုင်ငံတကာပြသနာဖြစ်လာအောင် လုပ်သလိုဖြစ်နေလို့ တဲ့ စသည်ဖြင့် ဆိုကြပြန်၏ ။ အထူးအားဖြင့် NLD ကိုအမြဲကန့်လန့်တိုက်နေသော ပါတီတစ်ခုကစအော်သည် ။ထို့ နောက် ရွေးကောက်ပွဲတွင်အခြေမလှခဲ့သောပါတီနှစ်ခုကလည်း အကွက်ပေါ်ပြီဆိုပြီး NLD နှင့်ဒေါ်အောင်ဆန်းစုကြည်ကိုကြုံတုန်းဝင်တွယ်ကြသည် ။ သူတို့ ပြောသမျှအကျဉ်းချုပ်လိုက်လျှင် နိုင်ငံခြားသားပါဝင်လာမှုနှင့် နိုင်ငံတကာပြသနာဖြစ်အောင်လုပ်နေမှုဟူသော စွပ်စွဲချက်နှစ်ချက်ကိုတွေ့ ရမည်ဖြစ်သည် ။ ထိုနှစ်ချက်လုံးသည် အမြင်တိမ်တိမ်ဖြင့်ကြည့်၍ စွပ်စွဲနေခြင်းဖြစ်ကြောင်းပြောလိုသည် ။
နိုင်ငံခြားသားပါဝင်နေမှုဆိုရာ၌ ဤအရေးကိစ္စသည် မြန်မာပြည်ကွက်ကွက်မှာတင်ဖြစ်နေသောကိစ္စမဟုတ် ။ မြန်မာ့နယ်နိမိတ်ပြင်ပတွင်ပါ ဘင်္ဂလီများဖမ်းမိတိုင်း ရိုဟင်ဂျာဟု ၀ိုင်းဝန်းသမုတ်နေကြသောပြသနာရှိသည် ။ ဒုက္ခသည်စခန်းများတွင် မြန်မာနိုင်ငံမှမဟုတ်ပါပဲ ဟုတ်သယောင်လိမ်လည်ပြောကြားသဖြင့် နိုင်ငံတကာကအထင်မှားအမြင်မှာဖြစ်နေကြသောကိစ္စများစွာရှိသည် ။ နိုင်ငံတကာအဖွဲ့ အစည်းများနားသို့ ပေါက်အောင်ပြောရ၊ဆိုရ၊ဆောင်ရွက်ရတော့မည်ဖြစ်သည် ။ပွင့်ပွင့်လင်းလင်းပြောရလျှင် မြန်မာနိုင်ငံတွင် နိုင်ငံတကာသို့ လည်းပေါက်ပေါက်ရောက်ရောက်၇ှိကာ နိုင်ငံတကာမှလည်းလေးစားလက်ခံသောပုဂ္ဂိုလ်ဘယ်နှစ်ယောက်ရှိသနည်း ။ ဒေါ်အောင်ဆန်းစုကြည်မှတပါးတယောက်မှမရှိဆိုတာ ရိုးရိုးသားသားပြောရတော့မည် ။ ဒါဆို ဒီကော်မရှင်ကိုဒေါ်အောင်ဆန်းစုကြည်ဦးဆောင်လိုက်ပါလားဟုမေးလာပါက ဒေါ်အောင်ဆန်းစုကြည်ကော်မရှင်ဥက္ကဌ လုပ်လိုက်လျှင်ဘင်္ဂလီလော်ဘီတွေက မျှတမှုမရှိ ၊ ဒေါ်အောင်စုကြည်သည် ဗုဒ္စဘာသာဝင်ဖြစ်သဖြင့် ရခိုင်တွေဘက်လိုက်လိမ့်မည်ဟုထအော်လာနိုင်သည် ။ထို့ ကြောင့်ကမ္ဘာကလေးစားလက်ခံသောလူတစ်ဦးအဖြစ်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ၊ငြိမ်းချမ်းရေးနိုဗဲလ်ဆုရှင် ၊ ကိုဖီအာနန်ဖောင်ဒေးရှင်းတည်ထောင်သူ မစ္စတာ ကိုဖီအာနန်ကို စုံစမ်းရေးကော်မရှင်ဥက္ကအဖြစ် ရခိုင်အရေးလေ့လာခိုင်းခြင်း ၊ အချက်အလက်များအကြံပေးတင်ပြခိုင်းခြင်းသည်တစ်ချက်ခုတ်နှစ်ချက်ပြတ်ဆိုသလို ဘင်္ဂလီတွေကိုရော တကမ္ဘာလုံးကိုရော မဟုတ်တန်းတရားတွေဆက်လက်မစွပ်စွဲနိုင်အောင်ကြိုကာလိုက်ခြင်းဖြစ်သည် ။ကိုဖီအာနန်လိုပုဂ္ဂိုလ်မျိုးကို ဤအရှုပ်တော်ပုံတွင်ကိုယ့်ထမင်းကိုယ်စား လာလုပ်ပေးအောင်ပြောနိုင်တာပဲလွန်လှပြီဖြစ်သည် ။ ကိုဖီအာနန်သည်ဘက်လိုက်မည့်သူမဟုတ် ။ပြီးတော့သူသည် အစ္စလာမ်ဘာသာဝင်မဟုတ် ။ပရိုတက်စတင့် ခရစ်ယာန်တစ်ယောက်ဖြစ်သည် ။ကိုဖီအာနန်၏အခန်းကသည်အကြံပေးခြင်းသာပြုနိုင်ကြောင်း ကျန်သည့်ကိစ္စများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ၊ ၁၉၈၂ နိုင်ငံသားဥပဒေနှင့်အညီဆုံးဖြတ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးမှပြောကြားခဲ့ပြီးလည်းဖြစ်သည် ။ကိုဖီအာနန်တစ်ယောက်တည်းမဟုတ်ပဲ မြန်မာနိုင်င့အကြောင်းကျွမ်းကျင်သူ မြန်မာနိုင်ငံသားများလဲထိုကော်မရှင်ထဲမှာပါပါသည် ။ ဆိုလိုသည်မှာ စုံစမ်းရေးကော်မရှင်သည်အကြံပေးရုံသာပေးနိုင်ပြီးဆုံးဖြတ်ချက်ကိုအစိုးရနှင့်လွှတ်တော်ကချမှတ်မည်ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကမ္ဘာ့အမြင်နှင့်လုပ်ဆောင်နေခြင်းကို ရပ်ကွက်အမြင်လောက်ဖြင့်ကြည့်ပြီးမဆုံးဖြတ်ကြပါနှင့်ဟုပြောချင်ပါသည် ။ ။ခိုးဝင်ဘင်္ဂလီကိုကျွန်တော်တို့လည်းမနှစ်မြို့ ၊ ရိုဟင်ဂျာဆိုတာလည်းနာမည်ပင်မကြားချင် ။သို့ သော်ဒီအတိုင်းထိုင်ဆဲနေရုံနှင့်ပြသနာကပြေလည်မည်မဟုတ် ။ ပေါက်ပေါက်ရောက်ရောက်ရှိသူတစ်ယောက်ကိုခေါ်ပြီး ကမ္ဘာကိုသက်သေပြရမည် ။
ဒုတိယစွပ်စွဲချက်ဖြစ်သော ရခိုင်အရေး၊ဘင်္ဂလီကိစ္စသည်ပြည်တွင်းရေးပြသနာသာဖြစ်၍ ကိုဖီအာနန်ပါဝင်လာလျှင် ကမ္ဘာ့ပြသနာလိုလိုဖြစ်သွားမှာစိုးသည်ဆိုခြင်းမှာလည်းမဟုတ်မမှန်ချေ ။ နေမကောင်းလျှင် ဆေးရုံဆေးခန်းသို့ သွားပြရမည် ။ ကိုယ့်အိမ်မှာပဲကြိတ်ခံနေလိုက်မည် ။ဤကိစ္စသည်ဆေးခန်းနှင့်ဆိုင်သောပြသနာမဟုတ်ဟုကြိတ်ကုနေလျှင် ရောဂါမှာ လုံးပါးပါးပြီး အခြေအနေဆိုးကာသေကာနီးမှဆေးရုံပို့ ကာအသက်မမီသလိုဖြစ်လိမ့်မည် ။ ပွင့်ပွင့်လင်းလင်းပြောရလျှင် ဘင်္ဂလီကိစ္စ ( ကမ္ဘာကအခေါ်ရိုဟင်ဂျာကိစ္စ) သည် ကျွန်တော်တို့ လက်ခံသည်ဖြစ်စေ ၊ငြင်းဆန်သည်ဖြစ်စေ မြန်မာ့နယ်နိမိတ်ကိုကျော်လွန်၍ ကမ္ဘာကပြောနေဆိုနေ ၊ အစည်းအဝေးတွေလုပ်နေ ၊ ဆုံးဖြတ်ချက်တွေချနေရသော ကိစ္စတစ်ခုဖြစ်နေတာသေချာပါသည် ။ဒေါ်အောင်ဆန်းစုကြည်လုပ်၍ ကမ္ဘာ့ပြသနာဖြစ်သွားခြင်းမဟုတ် ၊ ကမ္ဘာ့ပြသနာဖြစ်လာနေသဖြင့် ဒေါ်အောင်ဆန်းစုကြည်က၀င်ရှင်းပေးနေခြင်းဖြစ်ကြောင်း နားလည်စေချင်ပါသည် ။ ကျွန်တော်တို့ ကတော့ ရခိုင်အရေးအတွက်ကော်မရှင်ဖွဲ့ပေးသော ဒေါ်အောင်ဆန်းစုကြည်နှင့် ကော်မရှင်ဥက္ကဌအဖြစ်ဆောင်ရွက်မည့် ဂါနာနိုင်ငံသားUN ခေါင်းဆောင်ဟောင်း မစ္စတာကိုဖီအာနန်ကို အပြည့်အ၀ယုံကြည်မှုရှိပါသည်။
သရ၀ဏ်(ပြည်)


0 comments:

Post a Comment

Facebook Like Page