Sunday, October 9, 2016

ပရဟိတအကျိုးအမှန်သယ်ပိုး စင်စစ်ဧကန် မြတ်နိဗာန် ပြည့်သဲမောင်(ပြည်)09-4236 71883

Leave a Comment

ပရဟိတအကျိုးအမှန်သယ်ပိုး စင်စစ်ဧကန် မြတ်နိဗာန်

ကျွန်တော်တို့ပြည်မြို့တွင် ပရဟိတအဖွဲ့တွေ၊ လူမှုရေး
စောင့်ရှောက်မှု အဖွဲ့တွေ၊ နာရေးကူညီမှု အသင်းတွေ၊
စေတနာရှင်ပြည်သူတွေ ပရဟိတလုပ်ငန်းများကို ကိုယ်
ကျိုးမဖက် ဆောင်ရွက်နေကြတာကို ပြည်သူများအသိပင်
ဖြစ်ပါတယ်။ဒီလိုပရဟိတဆောင် ရွက်နေတဲ့သူတွေကို အ
ချို့သောသူများက တိုက်ခိုက်ခြင်းကိုလည်း ပရဟိတ ဆောင်
ရွက်သူတချို့ ခံနေရသည်မှာစိတ်မကောင်းဖွယ်ရာ ကြားသိမြင်
တွေ့နေရပါတယ်။

ဒါပေမဲ့လည်း ဘယ်လိုအတိုက်အခိုက်တွေဘဲရှိရှိ ရင်ထဲတွင်ရှိ
သော ပရဟိတစိတ်ထားကို ရှေ့တန်းတင်၍ ပရဟိတ လုပ်ငန်း
တွေ ဆက်လက်လုပ်ဆောင်နေကာ ယခုဆိုလျှင် ပြည်မြို့၊ နဂါး
လိန်လမ်းတွင် ပရဟိတပါရမီ လူမှုကူညီကယ်ဆယ်ရေးအသင်း
တစ်သင်း ထပ်မံပေါ်ပေါက်လာခဲ့ပြန်ပါတယ်။ အဆိုပါ လူမှုကူညီ
ကယ်ဆယ်ရေးအသင်းသည် ပြည်မြို့နယ်အတွင်း နှင့် ပြည်မြို့အ
နီးတ၀ိုက်ရှိ မြို့များတွင် သဘာဝဘေးအန္တရာယ်၊ ယာဉ်မတော်တ
ဆမှုအပြင် အခြားကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်သွား
မည်ဖြစ်ကြောင်း ပရဟိတပါရမီလူမှုကူညီကယ်ဆယ်ရေးအသင်း
တာဝန်ရှိသူထံမှ သိရသည်။

“ကျွန်တော်တို့ဒီအသင်းကို ရည်ရွယ်ချက်ကြီးစွာဖြင့် ဖွဲ့စည်းထား
တာပါ။ အသင်းထဲမှာဆိုရင် ရပ်ကွက်ပေါင်းစုံက လူငယ်တွေပါတ
ယ်။ အဓိကသဘာဝဘေးအန္တရာယ်နှင့်ယာဉ်မတော်တဆမှု ဖြစ်ပွား
တဲ့နေရာတွေကို အချိန်နှင့်တပြေးညီသွားရောက်ကာကူညီကယ်ဆ
ယ်မှုလုပ်ငန်းတွေ လုပ်ဆောင်ရန်ဖြစ်ပါတယ်။ လက်ရှိအသင်းက စ
တင်ဖွဲ့စည်းတာ မကြာသေးတဲ့အတွက် လိုအပ်ချက်တွေရှိတယ်။
လူနာတင်ယာဉ်ထွက်ဖို့အတွက် အသင်းသားတွေကပဲ ဆီဖိုးအတွ
က် အလှူငွေထည့်ပြီး အရေးပေါ်ကိစ္စပေါ်လာရင် ကားထွက်နိုင်ေ
အာင် ဆောင်ရွက်နေရတယ်လို့”ပရဟိတပါရမီ လူမှုကူညီ ကယ်ဆ
ယ်ရေးအသင်းမှ ဒုဥက္ကဋ္ဌ ကိုအောင်ထွန်း မှ ပြောသည်။

ဒီအသင်းက လူနာကိုကယ်ဆယ်တဲ့နေရာမှာလည်း သက်တောင့်
သက်သာနှင့် စနစ်တကျ အန္တရာယ်ကင်းရှင်းစွာ ဆေးကုသမှုခံယူ
မည့် နေရာရောက်အောင်အထူးဂရုစိုက် ဆောင်ရွက်နေတာကိုလဲ
စာရေးသူသတင်းယူသည့်အခါ မျက်မြင်ကိုယ်တွေ့ပါဘဲ။လူနာတ
င်ကား အသုံးပြုရာတွင်လည်း စနစ်တကျဖြစ်စေရန် လူနာအခြေအ
နေပေါ်မူတည်၍  ဥသြသံကို သတ်မှတ်ထားတဲ့အတိုင်း ဆောင်ရွက်
ပြီး ယာဉ်မောင်းရာတွင် ယာဉ်အန္တရာယ်မဖြစ်စေရေး အထူးကြပ်မတ်
ဆောင်ရွက်ထားတယ်ဆိုတာကိုလည်း ၄င်းအသင်းမှသိရှိခဲ့ရသည်။

“လူနာတွေကို သယ်ဆောင်ရာမှာ ရရှိထားသည့် ဒဏ်ရာနှင့်လိုက်၍
လူနာအသက်သာဆုံး ဖြစ်အောင် စနစ်တကျသယ်ဆောင်ရန် အသင်း
သား တွေကိုလည်း သင်တန်းပို့ချထားပြီးဖြစ်ပါတယ်။ ယာဉ်မတော်တ
ဆဖြစ်တဲ့ နေရာရောက်ရင်လည်း လူနာ၏ အသက်ကိုသာ အဓိကထား
ပြီး ယာဉ်ထိန်းတပ်ဖွဲ့ ရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ လူနာ
သယ်ဆောင်ခြင်းလုပ်ငန်းကို အမြန်ဆုံး ဆောင်ရွက်ခဲ့ပါတယ်။အသင်း
သားတွေကိုလည်း လူနာသယ်ဆောင်ခြင်းလူနာပြုစုခြင်း၊ယာဉ် အန္တရာ
ယ် ကင်းဝေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရက်တိုသင်တန်း
များ ပို့ချကာ ဆောင်ရွက်နေပါတယ်”လို့ သတင်းနှင့်ပြန်ကြားရေးတာဝန်
ခံ ကိုရာပြည့် ကပြောသည်။

ဒီအသင်းက ပြည်မြို့အတွက် တစ်ဖက်တစ်လမ်းကနေ ပြည်သူတွေရဲ့
အသက်တစ်ချောင်း လွယ် လွယ်လေးမဆုံးရှုံးရအောင် ကူညီကယ်ဆ
ယ် နေတဲ့အသင်းတစ်သင်းဆိုလဲ မမှားပါဘူး။ဒါ့ကြောင့်ပြည်သူတွေကို
ကူညီနေတဲ့အသင်းအတွက် တစ်ထောင့်တစ်နေရာကနေ ပြည်သူတွေ
က ပံ့ပိုးမှု့တွေပြုလုပ်ပေးမယ်ဆိုရင် အသင်းသားတွေ ဝမ်းသာပိတီဖြစ်
ရသလို ဒီထက်မက ပြည်သူတွေအသက်ကိုကယ်တင်နိုင်မှာ ဖြစ်ပါတ
ယ်လို့ အပြုသဘောဆောင်ကုသိုလ်ယူရင် ကျွန်တော်တတ်သလောက်
လေးနဲ့ ရေးသားဖော်ပြအပ်ပါသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ






0 comments:

Post a Comment

Facebook Like Page