Sunday, August 16, 2015

ပြည်ခရိုင်အတွင်းရှိ ကွေ့မရွာနှင့် သဲဖြူကျေးရွာအတွင်းရှိ ရေဘေးသင့် ပြည်သူ ၇၀၀-ခန့် အကူများလိုအပ်

Leave a Comment

ပြည်ခရိုင်အတွင်းရှိ ကွေ့မရွာနှင့် သဲဖြူကျေးရွာအတွင်းရှိ ရေဘေးသင့် ပြည်သူ ၇၀၀-ခန့် အကူများလိုအပ်


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်အတွင်းရှိ ကွေ့မကျေးရွာ နှင့် သဲဖြူကျေးရွာတွေမှာ မှုလတန်းစာသင်ကျောင်း၊ဘုန်းတော်ကြီးကျောင်းနှင့်နေအိမ်များ ရေကြီးရေနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့ပြီး ထိုကျေးရွာများအနီးတွင် ကမ်းပါးပြိုကျမှုများဖြစ်ပေါ်လျှက်ရှိသည်။ ရေပြန်ကျချိန်တွင် ကွေ့မ၊သဲဖြူ၊မကျီးထုံး၊ဥသျှစ်ပင်တို့အားဆက်သွယ်ဖောက်လုပ်ထားသည့် ကျေးရွာလမ်းများပျက်စီးခဲ့သဖြင့် အဆိုပါကျေးရွာနှင့်မြို့နယ်အတွင်းမှ ဒေသခံများ၊ကျောင်းသူကျောင်းသူများ သွားလာရေး၊ကျန်းမာရေး၊သောက်သုံးရေများလိုအပ်လျှက်ရှိကြောင်းသိရသည်။

အဆိုပါ ကွေ့မကျေးရွာ နှင့် သဲဖြူကျေးရွာ နှစ်ရွာပေါင်း လယ်ယာမြေဧက ၃၀၀-ကျော်ပျက်စီးခဲ့ပြီး ခြံထွက်ငှက်ပျောနှင့်နှမ်းအပါဝင်သီးပင်စားပင်အားလုံးပျက်စီးခဲ့သည်။ထိုကျေးရွာများအတွင်း ရေကြီးနစ်မြုစ်စဉ်ကနွား၊၀က်၊ကြက်တွေသေကုန်ခဲ့ပြီးကျန်းမာရေးစောင့်လျှောက်မှုများယနေ့ထိမရသေးကြောင်းသိရသည်။

“ကျွန်တော်တို့ရွာနဲ့ သဲဖြူ၊ဥသျှစ်ပင် ဆက်သွယ်ထားတဲ့ကျေးလက်လမ်းအကုန်လုံးနီးပါးပျက်စီးသွားခဲ့ရတယ်။ဝမ်းလျောဝမ်းပျက်မဖြစ်ဘူး။ပုံမှန်ဖျားနာတာ၁၅ယောက်လောက်ရှိပြီ။တိုက်နယ်ဆေးရုံဥသျှစ်ပင်ကိုသွားတက်ရတယ်။လမ်းတွေပျက်နေတော့အခက်ခဲရှိတယ်။လာလှူထားတဲ့စားသောက်စရာတွေနဲ့သောက်သုံးရေကနောက်၅ရက်ထိလောက်ရသေးတယ်။အစားအသောက်ထက်လမ်းကိုပြင်ပေးစေချင်တယ်။စာလာသင်ပေးတဲ့ မကျီးထုံးရွာကကျောင်းဆရာမတွေနဲ့ကျောင်းသားတွေရောရွာသားတွေပါမြောင်းထဲ၊လယ်ကွက်ထဲကဖြတ်နေရပါတယ်။ကျန်းမာရေးဌာနတွေတော့ခုထိမလာသေးပါဘူး။ စိုက်ပျိုးစရိတ်ချေးငွေနဲ့သမ၀ါယမချေးငွေတွေကြိုတင်ယူထားရပါတယ်။အကြွေးတွေဆပ်ဖို့ဘာဆက်လုပ်ရမယ်မသိတော့ဘူး။နွားရောင်းလည်းဆပ်ချိန်ပဲအဆင်ပြေမှာ ခိုင်းစရာနွားမရှိလို့လည်းမရဘူး။အစိုးရအနေနဲ့ စိုက်ပျိုးစရိတ်ချေးငွေကို စွန့်လွှတ်ပေးစေချင်တယ်။အရစ်ကျဆပ်ဆိုလည်းဖြစ်နိုင်ပါတယ်။” ဟု ကွေ့မကျေးရွာ တောင်သူ ဦးသိန်းဝင်းက သမဂ္ဂဂျာနယ်သို့ ပြောသည်။

ဇူလိုင်လ ၃၁-ရက်နေ့မှစတင်ကာ အဆက်မပျက်ရွာသွန်းမိုး၊တောင်ကျရေ၊ချောင်းရေ၊ဖြစ်ရေများ ရွာအတွင်းသို့ဝင်ရောက်ကာ ကွေ့မရွာနှင့်သဲဖြူကျေးရွာအတွင်းရှိ အိမ်ခြေ ၂၀၀-ခန့်၊လူဦးရည် ၇၀၀-ခန့်မှ အကူညီများလိုအပ်လျှက်ရှိကြောင်းသိရသည်။အဆိုပါကျေးရွာနှစ်ရွာပေါင်း ၊လယ်ယာမြေဧကပေါင်း ၃၀၀-ကျော်ပျက်စီးဆုံရှုံး၍ ခြံထွက်သီးနှံများပျက်စီးဆုံးရှုံးသွားခဲ့ပြီး သြဂုတ် ၁၀-ရက်နေ့က အဆိုပါရေများ ပြန်လည်ကျဆင်းသွားကြောင်းသိရသည်

“အခုနောက်ပိုင်းတော့ဘာမှအကြောင်းမကြားဘူး။ရေကြီးခဲ့ချိန်ကတော့ကျွန်တော်သွာလှူခဲ့တယ်။တခြားကုမ္ပဏီတွေလည်းလည်းချိန်ဆက်ပြီးဆန်၊ဆီအ၀တ်အစုံလှူခဲ့တယ်။ဒါပေမယ့်ခုလိုဖြစ်နေတယ်ဆိုတာ သိရလို့ မနက်ဖြန် သက်ဆိုင်ရာဌာနတွေနဲ့ ကျေးလက်ဦးစီးဌာနတွေကို ခေါ်ပြီး ကျန်းမာရေးကိစ္စ၊လမ်းတွေကိစ္စနှင့်လိုအပ်တာတွေကူညီဖြေရှင်းသွားပါမယ်။ ”ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းဇော်က သမဂ္ဂဂျာနယ်သို့ ပြောသည်။


ပြည်ခရိုင်အတွင်း ဇူလိုင် ၂၈ရက်နေ့မှစတင်ကာ ပြည်၊ပေါင်းတည်၊ရွှေတောင်၊ပန်းတောင်း၊ဇီးကုန်း၊သဲကုန်း၊ဥသျှစ်ပင်၊ပေါင်းတလည်၊ပေါက်ခေါင်း ဒေသများအတွင်း ရေကြီးနစ်မြုပ်များဖြစ်ပေါ်ခဲ့ရာ ရွှေတောင်မြို့နှင့် ပန်းတောင်းမြို့အတွင်းရှိ ရပ်ကွက်ကျေးရွာများရေကြီးနစ်မြုပ်မှုစိုးရွားစွာကြုံတွေ့ခဲ့ရပြီး ပြည်မြို့ဧရာဝတီမြစ်ရေသည် စိုးရိမ်အမှတ် ၂၉၀၀-စင်တီမီတာအောက် ၆-ပေခန့်ကျဆင်းလျှက်ရှိပြီး ကယ်ဆယ်ရေးစခန်းတစ်ချို့မှရေကျသွားသည့်နေအိမ်များသို့အသီးသီးပြန်ပို့ခဲ့သည်။ရေကြီးနစ်မြုပ်ခဲ့စဉ် ရပ်ကွက်ကျေးရွာများအတွင်း ရေတွင်းရေကန်းများအတွင်းသို့မသန့်ရှင်းသည့်ရေများဝင်ရောက်ခဲ့သဖြင့် သောက်သုံးရေများလိုအပ်လျှက်ရှိကြောင်းသိရသည်။
                                                                         မောင်ပန်ကာ(ပြည်) သမဂ္ဂဂျာနယ်

0 comments:

Post a Comment

Facebook Like Page