Tuesday, December 29, 2015

ထိုင်းလူမျိုးအကျဉ်းသားတွေရရှိသည့်အခွင့်အရေးတိုင်း မြန်မာနိုင်ငံသားနှစ်ဦးရရှိရန်လိုအပ်

Leave a Comment




ထိုင်းလူမျိုးအကျဉ်းသားတွေရရှိသည့်အခွင့်အရေးတိုင်း မြန်မာနိုင်ငံသားနှစ်ဦးရရှိရန်လိုအပ်

ပြည် ဒီဇင်ဘာ ၂၉


ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ရှိ မင်္ဂလာဂါးဒန်း ဟိုတယ်တွင် လူ့အခွင့်အရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲအား ဒီဇင်ဘာ၂၉ ရက်နေ့ နံနက် ၉-နာရီ ချိန်ခန့်က ကျင်းပပြုလုပ်သွားခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့မှ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မှုလအခွင့်အရေးအရေးများ မြှင့်တင်နိုင်ရန် နှင့် ကာကွယ်ရန်တို့အတွက်  ၂၄.၉.၂၀၁၄ ရက်နေ့မှာ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်းသိရသည်။


အဆိုပါ လူ့အခွင့်အရေးဆိုင်ရာအသိပညာ မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးအား MNHRC မှ သင်တန်းပို့ချ ဟောပြောခဲ့တာဖြစ်ပြီး ပြည်မြို့နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများ၊ပရဟိတအဖွဲ့အစည်းများ၊NGO အဖွဲ့အစည်းများ တက်ရောက်ဆွေးနွေးခဲ့ကြောင်းသိရသည်။

“၀န်ကြီးဌာနတွေ နဲ့ သက်ဆိုင်ရာဌနတွေအပါဝင် ပြည်သူတွေအထိ ဟောပြောပွဲပေါင်း ၅၈-ခုဟောပြောပြီးပါပြီ။ ၀န်ကြီးဌာနနဲ့ သက်ဆိုင်ရာဌာနတွေက လူ့အခွင့်အရေးသိတာ ပြည်သူလောက်ထိတွေ့မှုမရှိတော့ သိပ်မသိကြဘူး။ပြည်သူမှာအခြေခံလေးတွေသိထားကြတယ်။ထိုင်းနိုင်ငံမှာ သေဒဏ်အမိန့်ချမှတ်ခံရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးကိစ္စနဲ့ပတ်သက်ပြီး မနေ့က ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ဆီကို ကျွန်တော်တို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကနေ အကူညီတောင်းခံထားပါတယ်။ လူသားတိုင်းအသက်ရှင်သန်ခွင့်ရှိရမယ်။တန်းတူညီမျှခွင့်ရှိရမယ်။ ထိုင်းလူမျိုးအကျဉ်းသားတွေရရှိတဲ့အခွင့်အရေးကို မြန်မာနိုင်ငံသား နှစ်ယောက်လဲအပြည့်အ၀ရရှိစေဖို့လိုတယ်။ အဲဒိအခွင့်အရေးရရှိရင် သေဒဏ်ကလွတ်ရင်လွတ် မလွတ်ရင်တောင်မှ လျော့ပေါ့သွားမှာဖြစ်ပါတယ်။” ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဌ ဦးစစ်မြိုင် ကပြောသည်။



၎င်းဆွေးနွေးပွဲအား မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဌ ဦးစစ်မြိုင် မှလူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များအား ဦးဆောင်ဆွေးနွေးဟောပြော သင်တန်းပို့ချခဲ့ပြီး တက်ရောက်လာသူများမှလဲ အပြန်အလန်ဆွေးနွေးမှုများကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

“အရင်းက CSOတွေခုလိုအောက်ခြေအထိ ပြည်သူနဲ့ထိတွေ့ပြီး ခုလိုပညာပေးအစီစဉ်တွေမလုပ်ဆောင်ခဲ့ဘူး။အခုလုပ်ဆောင်လာပြီဆိုတောါ အရမ်းဝမ်းသာကြိုဆိုပါတယ်။ဒီပွဲမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့် လူအခွင့်အရေးအပြည့်အ၀ရတဲ့အတွက် အင်မတန်ကောင်းမွန်တဲ့ပွဲပါ။ တစ်ချို့က လူ့အခွင့်အရေးကာကွယ်တာတွေလုပ်နေပြီး လူ့အခွင့်အရေးတွေကိုယ်တိုင်ချိုးဖောက်တာတွေလဲရှိနေတယ်။ဒီလိုပွဲတွေများများလုပ်လေကောင်းလေပဲ။ ကိုယ်ရဲ့ရပိုင်ခွင့် အခွင့်အရေးကိ ကိုယ်ကိုယ်တိုင်သိမှ ကိုယ့်အခွင့်အရေးတွေသေချာ တောင်းဆိုနိုင်မှာဖြစ်ပါတယ်။” ပြည်မြို့ ဂရုဏာလက်များကွန်ယက် အတွင်းရေးမှူး ကိုပုည ကပြောသည်။




အဆိုပါ ဆွေးနွေးပွဲတွင် လူ့အခွင့်အရေး၏ အနှစ်သာရငါးချက်ဖြစ်သည့် ဂုဏ်သိက္ခာ၊လွတ်လပ်ခြင်း၊ခွဲခြားမှုမရှိခြင်း၊တန်းတူညီမျှခြင်း၊တစ်ပါးသူ၏ အခွင့်အရေးကိုလေးစားခြင်း စသည့် လူ့အခွင့်အရေးဆိုင်ရာ အနှစ်သာရများအား မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် မှတာဝန်ရှိသူများက ဆွေးနွေးဟောပြောခဲ့ကြောင်းသိရသည်။

၎င်းဆွေးနွေးပွဲအား ပြည်မြို့နယ်အတွင်းရှိ ဂရုဏာလက်များကွန်ယက်၊ရတနာ့မာန် ပညာဒါနကျောင်း၊မီးသတ်တပ်ဖွဲ့၊ကြက်ခြေနီတပ်ဖွဲ့၊ဒေသခံသတင်းထောက်များ၊အမျိုးသမီးရေးရာအဖွဲ့၊တယ်လီနောလိုင်း ဟော့ကာပညာရှင်များ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၊မိခင် နှင့် ကလေးစောင့်ရှောက်ရေး၊စစ်မှုထမ်းဟောင်းများအဖွဲ့၊ကွန်ပျူတာပညာရှင်များ၊HRDP(လူ့အခွင့်အရေး)အဖွဲ့ များတ စုစုပေါင်း အင်အား ၄၀-ကျော်တက်ရောက်ခဲ့ပြီးအဆိုပါ ဆွေးနွေးပွဲအား ညနေ ၄-နာရီထိ တစ်ရက်သင်တန်းပို့ချခဲ့ကြောင်းသိရသည်။

K3(pyay)

0 comments:

Post a Comment

Facebook Like Page