Saturday, January 9, 2016

ကံမမြို့နယ် ဇီးအိုင်ကျေးရွာတွင် ကလေးခိုးခံရသည်ဟူသော ကောလဟာလသတင်းများ ကြောင့်ပန်းတောင်းမြို့နယ်ရှိ ကျေးရွာအချို့မှဒေသခံများ ရပ်ရွာလုံခြုံရေးများဆောင်ရွက်ခဲ့

Leave a Comment

ကံမမြို့နယ် ဇီးအိုင်ကျေးရွာတွင် ကလေးခိုးခံရသည်ဟူသော ကောလဟာလသတင်းများ  ကြောင့်ပန်းတောင်းမြို့နယ်ရှိ
ကျေးရွာအချို့မှဒေသခံများ ရပ်ရွာလုံခြုံရေးများဆောင်ရွက်ခဲ့

ပြည် ဇန်န၀ါရီ ၁၀ ရက်
မကွေးတိုင်းဒေသကြီး ၊ ကံမမြို့နယ် ၊ ဇီးအိုင်ကျေးရွာတွင်
ကလေးခိုးခံရသည်ဟူသော ကောလဟာလ သတင်းများ
ကြောင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပန်တောင်းမြို့ရှိ
ကျေးရွာအချို့မှဒေသခံများ ရပ်ရွာ လုံခြုံရေးဆောင်ရွက်
ခဲ့ရကြောင်းသိရသည်။

ဇန်န၀ါရီလ(၉)ရက်နေ့တွင် ကံမမြို့နယ် ၊ဇီးအိုင်ကျေးရွာ
သို့ အမည်မသိအမျိုးသားနှစ်ဦးဆိုင်ကယ် ဖြင့်ရောက်ရှိ
လာပြီး နေအိမ်ပေါ်၍ အသက်(၁၀)နှစ်အရွယ်ခန့် ၊ကလေး
ငယ်အားခိုးယူရန်ကြံစည်ခဲ့ကြောင်း၊ထို့နောက်၎င်းအမည်မ
သိအမျိုးသားနှစ်ဦးမှာထွက်ပြေးသွားကြောင်း၊ကောလဟာလ
သတင်းများထွက်ခဲ့သဖြင့် ဒေသခံပြည်သူများ ရပ်ရွာလုံခြုံရေး
ဆောင်ရွက်ခဲ့ရကြောင်းသိရသည်။

“ဇီးအိုင်ကျေးရွာဘက်က ကလေးခိုးခံရတယ်ဆိုပြီးတော့ 
ဖုန်းဝင်လာတာဗျ။ပြီးတော့ ဒီဘက်ထွက်ပြေး သွား တယ်
ဆိုပြီးဖုန်းဆက်တာကြောင့်ရပ်ကွက်ကလူကြီးတွေကိုအ
ကြောင်းကြားပြီး လူငယ်တွေနဲ့ စောင့်နေကြတာ။နောက်
ဖုန်းထပ်ဝင်လာတယ် ကလေးတော့ပါမသွားဘူး ဒါပေမဲ့
ရွာ ကိုလာတဲ့ သူစိမ်း နှစ်ယောက်ကထွက်ပြေးသွားတယ်
ဆိုပြီးထပ်ဆက်တယ်။ဒါကြောင့်လူငယ်တွေနဲ့ ကိုယ့်ကျေး
ရွာလုံခြုံ ရေးအတွက် ကင်းစောင့်နေတာ”ဟု ရွှေဘုံသာ
ကျေးရွာ လူငယ်ခေါင်းဆောင် ကိုမောင်ကြည်ကပြော 
သည်။

ပထမပိုင်းသတင်းတွင် ဇီးအိုင်ကျေးရွာမှ ကိုအုန်းမှုန့် 
ဒေါ်သန်းသန်း၏ကလေး (၁၀)နှစ်အရွယ်အား ညနေ
နေဝင်ရီရောအချိန်ခန့် နေအိမ်တက်၍ ခိုးရန်ကြံစဉ်ခဲ့
သည်ဟုသတင်းများ ထွက်ခဲ့ကြောင်း၊ထို ရွာသို့ဖုန်းများ
ဖြင့်ဆက်သွယ် မေးမြန်းခဲ့သော်လည်းဆက်သွယ်ရေးမ
မိသဖြင့်ဆက်သွယ်၍မရကြောင်း ၊ထိုကြောင့်အဆိုပါရွာ
နှင့် အနီးဆုံးဖြစ်တဲ့ ရွာသာယာရွာအားဆက်သွယ်မေး
မြန်းထားကြောင်း ၄င်းရပ် ရွာ လုံခြုံရေးဆောင်ရွက် 
သူများက ဆက်လက်ပြောကြားခဲ့သည်။
“ဦးတို့ရွာသာယာရောက်တော့ ဆိုင်ကယ်အဖြူရောင်နဲ့
လူငယ်နှစ်ယောက် အဲဒီဇီးအိုင်ဘက်တက်သွား တာမြင်
လိုက်တယ်လို့ပြောတယ်။နောက်ကတစ်ယောက်က ဆံ
ပင်နီကြောင်ကြောင်နဲ့တဲ့အဲဒါနဲ့ဦးတို့လဲ ကိုယ့်ရွာကိုယ်
ပြန်လာတယ်။နော်လူငယ်တွေစုစည်းပြီး လမ်းပိတ်ပြီး
အဝင်အထွက် ဆိုင်ကယ်ကားတွေ ကိုစစ်ဆေးတယ်”
ဟု ရွှေဘုံသာကျေးရွာ ရာအိမ်မှူး ဦးဇော်မြင့်ကပြော
သည်။

အဆိုပါကလေးခိုးသည်ဆိုသော သတင်းများသည် 
လူမှု့ကွန်ယက်စာမျက်နှာများနှင့်သတင်းမီဒီယာ 
များတွင်ဖော်ပြထားသည့်အတွက် ဒေသခံပြည်သူ
များ စိုးရိမ်နေရသဖြင့် မိမိကျေးရွာ လုံခြုံရေးအတွက် 
ရွာသစ်ကျေးရွာ၊စစ်တဝန်းကျေးရွာ၊လက္ပံကျေးရွာ၊
ရွှေဘုံသာကျေးရွာရှိဒေသခံများဇန်န၀ါရီ(၉)ရက်
နေ့ညတွင်ကျေးရွာရှိလူငယ်များ၊ရပ်မိရပ်ဖများ၊
အုပ်ချုပ်ရေးအဖွဲ့များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက
ကျေးရွာလုံခြုံဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်းသိရ
သည်။

ရွာသာယာရွာရှိဒေသခံအား စုံစမ်းမေးမြန်းကြည့်ရာ 
ညနေ(၅)နာရီခွဲလောက်က ဇီးအိုင်ကိုလူစိမ်း နှစ်
ယောက် ဆိုင်ကယ်နဲ့ရောက်လာကြောင်း၊ထို့ကြောင့်
ရွာက လူတွေကမသင်္ကာပြီးလိုက်ကြည့် တော့
ဆိုင်ကယ်ကမောင်းပြီးထွက်ပြေသွားကြောင်း၊
သူတို့ကံမဘက်မှာလဲ ကလေးခိုးတယ်ဆိုပြီး 
သတင်းတွေကြားနေရတော့ မသင်္ကာပြီးလိုက်
ကြည့်ခဲ့ကြောင်း၊ကလေးပါသွားတယ်ဆိုတာလဲ
မဟုတ် ကြောင်း၊ကလေး တက်ဆွဲတယ်ဆိုတာ
လဲမဟုတ်ကြောင်း ဇီးအိုင်ရွာကိုဖုန်းဆက်မေး
တော့ ပြန်လည် ဖြေကြားခဲ့ကြောင်း ရွာသာယာ
ရွာရှိဒေသခံတစ်ဦးကပြောသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ဒီသတင်းတိကျသည်ဖြစ်စေ 
မတိကျသည်ဖြစ်စေကျွန်တော်တို့ဘက်ကတော့ 
ပြည် သူတွေ နဲ့ပူးပေါင်းပြီး ရပ်ရွာအေးချမ်းသာ
ယာရေးအတွက်ဆောင်ရွက်နေတာပါ။ဒီသတင်း
ဖြစ်စဉ်မှန်/ မ မှန်ကိုတော့ ဇီးအိုင်ကျေးရွာကိုချိတ်
ဆက်နေပါတယ်”ဟု ရွှေဘုံသာကျေးရွာ ရဲကင်းမှူး 
ကိုရဲအောင် က ပြောကြားခဲ့သည်။

ပြည့်သဲမောင်(ပြည်)09-4236 71883


ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ







0 comments:

Post a Comment

Facebook Like Page