ရေကြီးနစ်မြုပ်ခဲ့စဉ် ပျက်စီးသွားသည့် ကျေးလက်လမ်းမကြီးအား အမြန်ဆုံး ပြုပြင်ပေးစေလို
ပဲခူးတိုင်းဒေသကြီး
ပြည်ခရိုင် ပန်းတောင်းမြို့နယ်အတွင်းရှိ ကွေ့မကျေးရွာ နှင့် သဲဖြူကျေးရွာတွေမှာ မှုလတန်းစာသင်ကျောင်း၊ဘုန်းတော် ကြီးကျောင်းနှင့်နေအိမ်များ
ရေကြီးရေနစ်မြုပ်မှု ဖြစ်ပေါ်ခဲ့ပြီး ထိုကျေးရွာများအနီးတွင် ကမ်းပါးပြိုကျမှုများဖြစ်ပေါ်လျှ က်ရှိသည်။
ရေပြန်ကျချိန်တွင် ကွေ့မ၊သဲဖြူ၊မကျီးထုံး၊ဥသျှစ် ပင်တို့အားဆက်သွယ်ဖောက်လုပ်ထား သည့်
ကျေးရွာလမ်းများပျက်စီးခဲ့သြ ဖင့် အဆိုပါကျေးရွာနှင့်မြို့နယ်အတွ င်းမှ ဒေသခံများ၊ကျောင်းသူကျောင်းသူများ
သွားလာရေး၊ကျန်းမာရေး၊သောက်သုံး ရေများလိုအပ်လျှက်ရှိကြောင်းသိ ရသည်။
အဆိုပါ ကွေ့မကျေးရွာ
နှင့် သဲဖြူကျေးရွာ နှစ်ရွာပေါင်း လယ်ယာမြေဧက ၃၀၀-ကျော်ပျက်စီးခဲ့ပြီး ခြံထွက်ငှက်ပျောနှင့်နှမ်းအပါ ၀င်သီးပင်စားပင်အားလုံးပျက်စီး ခဲ့သည်။ထိုကျေးရွာများအတွင်း
ရေကြီးနစ်မြုစ်စဉ်ကနွား၊၀က်၊ ကြက်တွေသေကုန်ခဲ့ပြီးကျန်းမာရေး စောင့်လျှောက်မှုများယနေ့ထိမရသေး ကြောင်းသိရသည်။
“ကျွန်တော်တို့ရွာနဲ့
သဲဖြူ၊ဥသျှစ်ပင် ဆက်သွယ်ထားတဲ့ကျေးလက်လမ်းအကုန် လုံးနီးပါးပျက်စီးသွားခဲ့ရတယ်။ ၀မ်းလျောဝမ်းပျက်မဖြစ်ဘူး။ပုံမှ န်ဖျားနာတာ၁၅ယောက်လောက်ရှိပြီ။ တိုက်နယ်ဆေးရုံဥသျှစ်ပင်ကိုသွား တက်ရတယ်။လမ်းတွေပျက်နေတော့အခက် ခဲရှိတယ်။လာလှူထားတဲ့စားသောက် စရာတွေနဲ့သောက်သုံးရေကနောက်၅ရက် ထိလောက်ရသေးတယ်။အစားအသောက်ထက် လမ်းကိုပြင်ပေးစေချင်တယ်။စာလာ သင်ပေးတဲ့
မကျီးထုံးရွာကကျောင်းဆရာမတွေနဲ့ ကျောင်းသားတွေရောရွာသားတွေပြါေ မာင်းထဲ၊လယ်ကွက်ထဲကဖြတ်နေရပါတယ် ။ကျန်းမာရေးဌာနတွေတော့ခုထိမလာေ သးပါဘူး။
စိုက်ပျိုးစရိတ်ချေးငွေနဲ့သမ၀ါ ယမချေးငွေတွေကြိုတင်ယူထားရပါတယ် ။အကြွေးတွေဆပ်ဖို့ဘာဆက်လုပ်ရမယ် မသိတော့ဘူး။နွားရောင်းလည်းဆပ်ချိန်ပဲအဆင်ပြေမှာ
ခိုင်းစရာနွားမရှိလို့လည်းမရဘူး ။အစိုးရအနေနဲ့ စိုက်ပျိုးစရိတ်ချေးငွေကို စွန့်လွှတ်ပေးစေချင်တယ်။အရစ်ကျ ဆပ်ဆိုလည်းဖြစ်နိုင်ပါတယ်။”
ဟု ကွေ့မကျေးရွာ တောင်သူ ဦးသိန်းဝင်းက သမဂ္ဂဂျာနယ်သို့ ပြောသည်။
ဇူလိုင်လ
၃၁-ရက်နေ့မှစတင်ကာ အဆက်မပျက်ရွာသွန်းမိုး၊တောင်ကျေ ရ၊ချောင်းရေ၊ဖြစ်ရေများ ရွာအတွင်းသို့ဝင်ရောက်ကာ
ကွေ့မရွာနှင့်သဲဖြူကျေးရွာအတွင်းရှိ အိမ်ခြေ ၂၀၀-ခန့်၊လူဦးရည် ၇၀၀-ခန့်မှ အကူညီများလိုအပ်လျှက်ရှိကြောင်း သိရသည်။အဆိုပါကျေးရွာနှစ်ရွာပေါ င်း
၊လယ်ယာမြေဧကပေါင်း ၃၀၀-ကျော်ပျက်စီးဆုံရှုံး၍ ခြံထွက်သီးနှံများပျက်စီးဆုံးရှုံးသွားခဲ့ပြီး
သြဂုတ် ၁၀-ရက်နေ့က အဆိုပါရေများ ပြန်လည်ကျဆင်းသွားကြောင်းသိရသည် ။
“အခုနောက်ပိုင်းတော့ဘာမှအကြောင်းမကြားဘူး။ရေကြီးခဲ့ချိန်ကတော့ ကျွန်တော်သွာလှူခဲ့တယ်။တခြားကု မ္ပဏီတွေလည်းလည်းချိန်ဆက်ပြီးဆန် ၊ဆီအ၀တ်အစုံလှူခဲ့တယ်။ဒါပေမယ့် ခုလိုဖြစ်နေတယ်ဆိုတာ
သိရလို့ မနက်ဖြန် သက်ဆိုင်ရာဌာနတွေနဲ့ ကျေးလက်ဦးစီးဌာနတွေကို ခေါ်ပြီး ကျန်းမာရေးကိစ္စ၊လမ်းတွေကိစ္စနှင့် လိုအပ်တာတွေကူညီဖြေရှင်းသွားပါ မယ်။
”ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးသန်းဇော်က သမဂ္ဂဂျာနယ်သို့ ပြောသည်။
ပြည်ခရိုင်အတွင်း
ဇူလိုင် ၂၈ရက်နေ့မှစတင်ကာ ပြည်၊ပေါင်းတည်၊ရွှေတောင်၊ပန်းေ တာင်း၊ဇီးကုန်း၊သဲကုန်း၊ဥသျှစ် ပင်၊ပေါင်းတလည်၊ပေါက်ခေါင်း
ဒေသများအတွင်း ရေကြီးနစ်မြုပ်များဖြစ်ပေါ်ခဲ့ရာ ရွှေတောင်မြို့နှင့် ပန်းတောင်းမြို့အတွင်းရှိ
ရပ်ကွက်ကျေးရွာများရေကြီးနစ်မြု ပ်မှုစိုးရွားစွာကြုံတွေ့ခဲ့ရပြီး ပြည်မြို့ဧရာဝတီမြစ်ရေသည်
စိုးရိမ်အမှတ် ၂၉၀၀-စင်တီမီတာအောက် ၆-ပေခန့်ကျဆင်းလျှက်ရှိပြီး ကယ်ဆယ်ရေးစခန်းတစ်ချို့မှရေကျသွားသည့်နေအိမ်များသို့အသီးသီြး ပန်ပို့ခဲ့သည်။ရေကြီးနစ်မြုပ်ခဲ့ စဉ်
ရပ်ကွက်ကျေးရွာများအတွင်း ရေတွင်းရေကန်းများအတွင်းသို့ မသန့်ရှင်းသည့်ရေများဝင်ရောက် ခဲ့သဖြင့်
သောက်သုံးရေများလိုအပ်လျှက်ရှိေ ကြာင်းသိရသည်။
0 comments:
Post a Comment