Thursday, June 2, 2016

ပေါင်းတလည်မြို့တွင် လမ်းဖြစ်ကူးသူအမျိုးသားတစ်ဦး ဆိုင်ကယ်တိုက်ခံရ၍ သေဆုံး ပြည့်သဲမောင်(ပြည်)09-4236 71883

Leave a Comment

ပေါင်းတလည်မြို့တွင် လမ်းဖြစ်ကူးသူအမျိုးသားတစ်ဦး ဆိုင်ကယ်တိုက်ခံရ၍
သေဆုံး
ပေါင်းတလည်မြို့ ဇွန်လ(၁)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင် ၊ပေါင်းတလည်မြို့၊ပြည်-ပေါက်ခေါင်း
ကားလမ်းမပေါ် တွင်ဇွန်လ(၁)ရက်နေ့ ည(၇)နာရီအချိန်ခန့်က လမ်း
ဖြတ်ကူးသူအမျိုးသားတစ်ဦးအား မီးရထားရဲတပ်ဖွဲ့ဝင်နှစ်ဦးစီးနှင်းလာ
သော ဆိုင်ကယ်မှဝင်ရောက်တိုက်မိသဖြင့် လမ်းဖြတ်ကူးသူ အမျိုးသား
တစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ၊ပေါင်းတလည်နယ်မြေရဲစခန်းအပိုင်၊အရှေ့ပိုင်းရပ်ကွက်၊ပြည်-
ပေါက်ခေါင်းကားလမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ
တာဝန်မှူး ဒုရဲအုပ်ထွန်းထွန်းဦးနှင့် အဖွဲ့သည်သွားရောက်စစ်ဆေးခဲ့သည်
ဆို၏။
ထိုသို့သွာရောက်စစ်ဆေးစဉ် ရဲတသကျော်ဇင်ထွေး(၂၄)နှစ်၊(ဘ)ဦးကျော်သန်း
လှိုင် ၊ပဲနွယ်ကုန်းမြို့၊ အမှတ်(၁၀)တပ်ခွဲ၊တပ်စု(၂)၊မီးရထားရဲတပ်ဖွဲ့ဝင် မောင်း
နှင်ပြီး နောက်မှ ရဲတပ်သား ဟိန်းလင်း ထိုက်(၂၄)နှစ်၊(ဘ)ဦးမြင့်ဦး၊အမှတ်(၁၀)
တပ်ခွဲ၊ တပ်စု(၂)၊ မီးရထားရဲတပ်ဖွဲ့ဝင်တို့ စီးနှင်းလာသော ၃၅ယ/........၊Yam
aha (နီ/နက်ကြား)ဆိုင်ကယ်မှာ ကညွတ်ကွင်းရဲစခန်းအပိုင် ၊ကွင်းချောင်းတံတား
တွင် လုံခြုံရေးဆောင်ရွက်နေစဉ် နေရပ်ဖြစ်သော ပန်းတောင်းမြို့သို့ ပြည် - ပေါက်
ခေါင်း - အုတ်တွင်း -တောင်ငူကားလမ်းအတိုင်း ပြန်လာစဉ်ပေါင်းတလည်မြို့ ၊ အရှေ့
ပိုင်းရပ်ကွက် ၊ ပြည်-ပေါက်ခေါင်းကားလမ်းမပေါ် မိုင်တိုင်အမှတ်၈/၅နှင့်၈/၆အနီးအေ
ရာက်လမ်းဖြတ်ကူးသူ ကိုမျိုးလွင်(၄၂)နှစ်၊(ဘ)ဦးမောင်ကြိုင် ၊ပေါင်းတလည်မြို့၊အရှေ့
ပိုင်းရပ်ကွက်နေသူအား ဝင်တိုက်မသဖြင့် ကိုမျိုးလွင်တွင် ဦးခေါင်းနောက်စေ့ကွဲ၊ ဝဲမျက်
ခုံးပွန်း၊ နှာခေါင်းသွေးထွက်၊ဝဲခြေသလုံးကျိုး၊ ဝဲလက်ကောက်ဝတ်ဖူးရောင်ဒဏ်ရာရရှိခဲ့ပြီး
ရဲတပ်သား ကျော်ဇင်ထွေးတွင် ယာနားသွေးထွက် ၊ယာညှပ်ရိုးကျိုး ၊ယာလက်ခုံပွန်း၊ ဦးေ
ခါင်းနောက်စေ့ ဖူးရောင်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ရဲမှတ်တမ်းအရသိရသည်။
ထို့ကြောင့် ဆိုင်ကယ်မောင်းနှင်သူ ရဲတပ်သား ကျော်ဇင်ထွေးအား ဥပဒေအရအရေးယူ
ပေးပါရန်ဒုရဲအုပ် ထွန်းထွန်းဦးမှတရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ပေါင်းတလည်နယ်မြေ
ရဲစခန်း ယာဉ်(ပ)၁၄/၂၀၁၆ ၊ ပြစ်မှုပုဒ်မ ၃၃၈ အရအမှုဖွင့်ဆောင်ရွက်ခဲ့ပြီး ဒဏ်ရာရှိသူ
ကိုမျိုးလွင်မှာ ပြည်ဆေးရုံကြီးမှ ရန်ကုန်ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန်သွားရောက်စဉ် ဇွန်လ(၂)ရက်နေ့နံနက်(၃)နာရီ အချိန်ခန့် လမ်းခရီး၌ သေဆုံးသွားခဲ့သဖြင့် ယခင်အမှုဖွင့်
ထားသော ပြစ်မှုပုဒ်မ- ၃၃၈မှ ၃၀၄ က သို့ ပြောင်းလဲအမှုဖွင့်ခဲ့ကြောင်း သတင်းရရှိသည်။
 
ပြည့်သဲမောင်(ပြည်)09-4236 71883
 
ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

0 comments:

Post a Comment

Facebook Like Page