Showing posts with label အိမ်ရှင်မများအတွက်. Show all posts
Showing posts with label အိမ်ရှင်မများအတွက်. Show all posts

Monday, September 29, 2014

သကြားမုန်.ဖက်ထုပ် (၁၂ ထုပ်)

Leave a Comment

သကြားမုန်.ဖက်ထုပ် (၁၂ ထုပ်)
**********************
(ကျွန်မရဲ့ ဒုတိယမြောက်စာအုပ် (အစိမ်းရောင်) စာမျက်နှာ 114 - 115 မှာ ပါပြီးသားလေးပါ။)

**.. လိုအပ်သော မုန်.နှစ် စ လုပ်ကြရအောင်…

1. ကောက်ညင်းမှုန်. ၄ ခွက် (rice cooker တွင်ပါသောခွက်)
2. ရေ ၂ ခွက် (rice cooker တွင်ပါသောခွက်)

ကောက်ညင်းမှုန်. ထဲ ရေကို ဖြည်းဖြည်းချင်းထည့်ကာ အရမ်းမမာ၊ အရမ်းမပျော့ပဲ စေးစေးလေးဖြစ်အောင် နယ်ပါ။
(ကောက်ညင်းမှုန်.က အလေးချိန်နဲ. ချိန်ထည့်တာမဟုတ်ပဲ ခွက်နဲ. ချင်ထည့်တာမို. အချိုးအစား အရမ်းအတိအကျ မရနိုင်လို. ရေကိုဖြည်းဖြည်းချင်းထည့်ခိုင်းတာပါ။)

**.. လိုအပ်သော အုန်းယို ကျိုရအောင်…

1. ခြစ်ထားသော အုန်းသီး- တရုတ်ပန်းကန်လုံး ၂ လုံး
2. သကြား- ထမင်းစားဇွန်း ၁၂ ဇွန်း
3. ရေ- ထမင်းစားဇွန်း ၂ ဇွန်း (အုန်းသီးအခြောက်ကိုသုံးလျှင် ရေ – ထမင်းစားဇွန်း ၄ ဇွန်းခန်.ပိုထည့်ပေးပါ။)

မီးအေးအေးနှင့် ရောကြိုထားသော ရေ နှင့်သကြားပွက်လာလျှင် အုန်းသီးကို ထည့်မွှေပါ။

အရည်များ ထမင်းစားဇွန်း ၁ ဇွန်းခန့်ကျန်ပြီး အတော်လေးပျစ်လာလျှင် မီးဖိုမီးပိတ်ပါ။ (အုန်းသီးဖတ်များ အရမ်းခြောက်ကပ်သွားအောင် မလုပ်ပါနှင့်။)

အေးသွားမှလုံးလျှင် သကြားများခဲသွားသဖြင့် လက်ဖြင့်ကိုင်နိုင်သော အပူရှိန်ဖြစ်လာသည်နှင့် အလုံး ၁၂ လုံး လုံးထားပါ။ (ဖိပြီးဆုပ်နယ်မှ အလုံးလေးက ခပ်ကျစ်ကျစ်ဖြစ်ပါတယ်။)

မုန်.နှစ်ကိုလည်း ၁၂ လုံး လုံးထားပါ။

**.. မုန်.ဖက်ထုပ် စထုပ်ကြရအောင်…

ငှက်ပျောဖက်၏ ပြောင်နေသောဖက်ကို အပြင်ထားကာ အတွင်းဖက်တွင် ဆီသုတ်ပါ။ (ငှက်ပျောဖက်များကို မုန့်ထုတ်ချိန်၌ ပျော့နေအောင် microwave ထဲ ၁ မိနစ်ခန့်ထည့်ကာ အပူပေးထားပါ။)

လက်ကိုဆီသုတ်ပြီး လုံးထားသော မုန်.နှစ်ကိုပြားကာ အုန်းယိုလုံးကိုတင်ပြီး လုံအောင်ဖုံး၍ အလုံးပြန်လုံးပါ။

လုံးသွားပြီးနောက် အလုံးကို ဆီသုတ်ပေးပါ။

ထိုအလုံးကို ဆီသုတ်ထားသောဖက်၏ အလယ်မှာထားကာ ဖက်အနားနှစ်ဖက်ဖြင့် ဖုံးပါ။

ပြီးလျှင် ပုံတွင်ပြထားသကဲ့သို. ဆက်ထုပ်ပါ။

သွားကြားထိုးတံလေးနှင့် ပိတ်ပြီး ပေါင်းမည့်အိုးလေးထဲ ထည့်ပါ။

ရေတစ်ဝက်ခန်.ထည့်ကာ ဆူအောင်တည်ထားသည့် အိုးပေါ်တင်ကာ အဖုံး ဖုံးပြီး high heat နှင့် ၂၀ မိနစ်ပေါင်းလိုက်လျှင် အရသာရှိလှသော မုန်.ဖက်ထုပ်ပူပူနွေးနွေး စားရန် အသင့်ဖြစ်ပါပြီ။

အုန်းယို နှင့် ဒူရင်းယို ရောလုံးပြီး ဌာပနာရင်လည်း စားလို.ကောင်းလှပါ တယ်။

Shared from Chaw Su's Food Friends (FB)
တင်ဆက်/ပြည်သတင်းလူငယ်(ပြည်သတင်း)





Read More...

Sunday, September 28, 2014

မုန့် ကြာစေ့ - မုန့် ပိန္န္နဲစေ့

Leave a Comment
မုန့် ကြာစေ့ - မုန့် ပိန္န္နဲစေ့

နေ့ လည်ခင်းတွေမှာ အဆာပြေစားဖို့  အသည်လေးတွေ မုန့် အစုံ ဗန်းနဲ့ လာရောင်းတဲ့အခါ အမြဲစားဖြစ်တဲ့ မုန့် လေးပါ။ သာကူနဲ့ ရောပြီး စားကြပါတယ်။ ကဲကဲကတော့ သူ့ ချည်းသပ်သပ် စားရတာကို ပိုကြိုက်ပါတယ်။

မုန့် ပိန္န္နဲစေ့ လုပ်နည်းလေးကို share ပါမယ်ရှင်။

Ingredients:
ကောက်ညင်းမှုန့် ဆန်ချိန်ခွက် ၁ခွက်
ဆန်မှုန့် ဆန်ချိန်ခွက် ၁၀က်
ရေ ဆန်ချိန်ခွက် ၁၀က်
ဆား အနည်းငယ်
ထန်းညက်ခဲ ၂၀ခဲ
အုန်းသီး ၁လုံး

Preparation Method:

၁) ကောက်ညှင်းမှုန့် ၊ဆန်မှုန့် ၊ဆားတို့ ကို ရေသုံးပုံ နှစ်ပုံ လောက်ထည့်ပြီး မုန့်အစေးပေါက်တဲ့ အထိ နှယ်ပါ။ အရေးကြီးတာကတော့ ရေကို ဖြေးဖြေးချင်း လောင်းထည့်ပါ၊ နယ်ရင်းနဲ့  လုံးလို့ ရပြီဆို ရေထည့်တာကို ရပ်ပါ။
၂) မုန့် သားနပ်သွားအောင် ၂နာရီလောက် ရေစိုပိတ်စ နဲ့ အုပ်ထားပေးပါ။
၃) ရေနွေးအိုးကို ပွက်ပွက်ဆူအောင် တည်ထားပါ။ အိုးက အ၀ကျယ်ဆို ပိုကောင်းပါတယ်။ ပြီးလျှင် မုန့် သားနည်းနည်းချင်းစီယူပြီး အလုံးတွေ လုံးပြီး အိုးဘေးတစောင်းကနေ ထည့်ပါ။ (အပူငွေ့  သတိထားပါ။)
မုန့် ကြာစေ့ဆို သေးသေးလုံးလုံးလေးတွေ လုံးပါ။ မုန့် ပိန္န္နဲစေ့ဆို သေးသေးလုံးလုံးလေးတွေ လုံးပြီး လက်နှင့် အသာလေးလှိမ့်လိုက်လျှင် ပိန္န္နဲစေ့ပုံစံ ရပါပြီ။
၎) မုန့် တွေ ကျက်ပြီဆိုလျှင် ရေပေါ်သို့ တက်လာပါတယ်။ ဆယ်ယူပြီး ရေအေးထဲ စိမ်ထားပါ။
၅) အုန်းသီးတခြမ်းကို ခြစ်ပြီး အုန်းနို့ ရည်ရအောင် ကျိုထားပါ။ ကျန်တခြမ်းကို အပေါ်မှဖြူးစားရန် ခြစ်ထားပါ။
၆) ထန်းညက်ရည်အတွက် ထန်းညက်ခဲတွေကို ရေအရင် စိမ်ထားပါ..ပြီးလျှင် ရေစစ်ဖြင့် စစ်ပြီး ဆား အနည်းငယ် ထည့်ကာ မပြစ်မကျဲ ကျိုထားပါ။
၇) ထန်းညက်ရည်အနေတော်ရပြီဆိုလျှင် ဆယ်ထားသော မုန့် လေးတွေထည့်ပါ။ (အုန်းနို့ ရည်ကို တခါတည်းထည့်လည်းရပါတယ်။ )

ပြင်ဆင်ပုံ
စားမယ့်ပန်းကန်လေးထဲ လိုသလောက်ထည့်ပြီး အုန်းနို့ ရည်ဆမ်းပါ။ အုန်းသီးခြစ်ကြိုက်လျှင် အပေါ်မှဖြူးပါ။

အချိုကြိုက်တဲ့သူတွေအတွက် ပူပူမွှေးမွှေး အဆာပြေစားစရာ မုန့် ပိန္န္နဲစေ့ ရပါပြီ။

*** ကောက်ညင်းမှုန့်၊ဆန်မှုန့် အမျိုးအစားပေါ် မူတည်ပြီး ရေကို ချိန်ဆထည့်ပါ။

p.s မြန်မာမုန့် တွေက ကောက်ညှင်းနဲ့ ဆန်ကို တညသိပ်ရေစိမ်၊ မုန့် ကြိတ်ဆုံမှာသွားကြိတ် ၊ ပြီးမှ အပေါ်ကအလေးတင်ပြီး ရေစစ်ထား မုန့် သားနပ်သွားမှ ကိုယ်လုပ်ချင်တဲ့ မုန့် ကို လုပ်စားရတာပါ။ မုန့် အမျိုးအစားပေါ် မူတည်ပြီး သုံးတဲ့ ဆန်၊ အချိုးအစားလည်း ကွာပါတယ်။

Shared from KaeKae's Food Palace (FB)

တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)



Read More...

Tuesday, September 23, 2014

ငှက်ပျောဖူး အစပ်ချက် (Spicy Banana Flower Stir Fry)

Leave a Comment


ငှက်ပျောဖူး အစပ်ချက် (Spicy Banana Flower Stir Fry)
***************************************
နွေကျောင်းပိတ်လို့  မော်လမြိုင်ခြံကို အလည်သွားရင် အစ်မတွေ ခဏခဏချက်ကျွေးတဲ့ ဟင်းလေးပါ။ ခြံထဲမှာ သီးပင်စားပင် ပေါများတဲ့အတွက် အသီးအရွက်တွေကို ချက်ခါနီးမှ ခူးပါတယ်။ ကစားပြီးလို့ မောမောနဲ့  ပြန်လာတိုင်း မွှေးနေတဲ့ဟင်းနံ့ တွေက ပိုပြီး ထမင်းဆာလာပါတယ်။ ၀မ်းကွဲမောင်နှမတွေနဲ့  လုစားရတဲ့အရသာကလည်း ပိုပြီး စားကောင်းစေပါတယ်။
ထမင်းစားလို့ မြိန်တဲ့ ငှက်ပျောဖူး အစပ်ချက်နည်းလေးကို share ပါမယ်ရှင်။
Ingredients:
ငှက်ပျောဖူးအကြီး ၁ဖူး (အသေး ၂ဖူး)
ပုစွန်အနေတော် ၁၀ကောင်
ကြက်သွန်နီ ၂လုံး
ကြက်သွန်ဖြူ ၅မွှာ
ငရုတ်သီးအစိမ်းမှုန့်  ၂ဇွန်း
စပါးလင် ၂ပင်
ချင်း အနည်းငယ်
ပဲငံပြာရည်အကျဲ ၁ဇွန်း
ဆား အနည်းငယ်
ဆီ အနည်းငယ်
နနွင်းမှုန့်  အနည်းငယ်
Preparation Method:
၁) ပုစွန်တွေကို ခေါင်းဖြုတ်၊ အခွံခွာ၊ ကျောလယ်က အမည်းကြောင်းကို ထုတ်ပြီး ရေဆေးပါ။ နုတ်နုတ်စင်းပြီး ဆား နနွင်းတို့နှင့် နယ်ထားပါ။
ပုစွန်ခြောက်မှုန့် သုံးမည်ဆိုလျှင် ၃ဇွန်းထည့်ပါ။
၂) ငှက်ပျောဖူးအပြင်ဖက်က အကြမ်းဖတ်များကို ခွာပါ။ အထဲမှ ငှက်ပျောဖူးသီးဖူးပေါက်စတွေကို ဖယ်ပါ။ အတွင်းသားအနုလေးများကို ပါးပါးလှီးပြီး ငှက်ပျောဖူးတွေ မမဲသွားအောင်နဲ့  အစေးတွေ ထွက်သွားအောင် မန်ကျည်းရည်နဲ့ စိမ်ပါ။
၃) အဖန်လျှော့အောင် မန်ကျည်းရည်စိမ်ထားသော ငှက်ပျောဖူးတွေကို ပြုတ်ပြီး ရေစစ်ပါ။
၎) စပါးလင်အပြင်ခွံတွေကို ဖယ်ပြီး စပါးလင်အတွင်းသားကို ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးအစိမ်းမှုန့်  ချင်းအားလုံးနဲ့ ရောပြီး ညက်နေအောင် ရောထောင်းပါ။
၅) ဒယ်အိုးထဲ ဆီထည့်ပြီး ဆီဆူလာလျှင် ထောင်းထားသော အရောကို ဆီသတ်ပါ။ ပြီးလျှင် နုတ်နုတ်စင်းထားသော ပုစွန်တွေကိုထည့်ပါ။
၆) ငှက်ပျောဖူးတွေကိုထည့်ပါ။ ပဲငံပြာရည်အကျဲ နဲ့ ဆားအနည်းငယ်ထည့်ပါ။
၇) အရသာ စိတ်ကြိုက်ပြင်ပြီး ဆီပြန်လာလျှင် ငှက်ပျောဖူးအစပ်ချက် ရပါပြီ။
ပူပူစပ်စပ် အရသာနဲ့ ငှက်ပျောဖူးရဲ့ ဆိမ့်တဲ့အရသာ ပေါင်းထားတဲ့ ဒီဟင်းလေးက ထမင်းစားလို့ မြိန်စေမှာပါရှင်။
တင်ဆက်...ပြည်တင်းလူငယ်(ပြည်သတင်း)
Read More...

Saturday, September 20, 2014

(ချဉ်ပေါင်ဟင်းရည်၊ငါးခြောက်ကြော်၊ငရုပ်သီးကြော်ထောင်း)(ပြည်သတင်း/အိမ်ရှင်မများအတွက်)

Leave a Comment
(ချဉ်ပေါင်ဟင်းရည်၊ငါးခြောက်ကြော်၊ငရုပ်သီးကြော်ထောင်း)(ပြည်သတင်း/အိမ်ရှင်မများအတွက်)
************************************************************

ချဉ်ပေါင်ဟင်းရည်အတွက်..

ကြက်သွန်ဖြူ
ကြက်သွန်နီ
ငါးပိ
မို
ဆား၊ဟင်းချိုမှုန့် သင့်ရုံ

ချဉ်ပေါင်ရွက်ကိုအရင်ရေဆေးပြီးစစ်ထားပါ၊ကြက်သွန်ဖြူကိုနည်းနည်းထုပြီးချဉ်ပေါင်ထဲထည့်ပါ
ကြက်သွန်နီကိုပါးပါးလေးလှီးပြီးထည့်ပါ၊ငါးပိကိုလိုသလောက်ထည့်ပါ၊မို၊ ဆား၊ဟင်းချိုမှုန့် ကိုလည်း
သင့်ရုံထည့်ပြီးနှဲလိုက်ပါ၊ ပြီးမှမီးပူပေးလိုက်ပါ၊ ရေမထည့်ပဲအရင် ချဉ်ပေါင်ရွက်ဆီကထွက်လာတဲ့
ရေက်ုအရင်ခန်းအောင်ချက်လိုက်ပါ၊ ပြီးမှ လိုသလောက်ရေကိုထည့်ပြီးမီးပူပေးလိုက်ပါ။။
ချဉ်ပေါင်ဟင်းရည်ကိုချလိုက်တာနဲ့ ပင်စိမ်းရွက်ကိုရေဆေးပြီးအပေါ်ကနေထည့်လိုက်ပြီးအဖုံးကိုပိတ်
ထားပေးပါ..

ငရုပ်သီးကြော်ထောင်း

ကြက်သွန်ဖြူ
ဂျင်း
ဆား၊ဟင်းချိုမှုန့် သင့်ရုံ
သံပုရာသီး

ငါးကြော်...

ဒီသုံးမျိုးကချဉ်ပေါင်ဟင်းရည်နဲ့ အလွန်လိုက်ဖက်ပါတယ်..သုံးဆောင်ကြပါနော်..

အားလုံးကိုကျေးဇူးတင်လျက်....

တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)


Read More...

Friday, September 19, 2014

(ဝက်သား ဒညင်းသီးဆီပြန်ချက်)(ပြည်သတင်း/အိမ်ရှင်မများအတွက်)

Leave a Comment

(ဝက်သား ဒညင်းသီးဆီပြန်ချက်)(ပြည်သတင်း/အိမ်ရှင်မများအတွက်)
*********************************************

-ဝက်သား
-ဒညင်းသီး
-ဆီ
-ကြက်သွန်နီ
-က်ြသွန်ဖြူ
-ဆား
-ငံပြာရည်

----ဒညင်းသီးကိုအရင်ပြုတ်၍ အနည်းငယ်ပြားအောင်ထု
ထားပါ....ကြက်သွန်နီ၊ကြက်သွန်ဖြူကိုထောင်း၊အထက်ပါအတိုင်း
ထည့်ပြီးဝက်သားကိုချက်လိုက်ပါ..အသားနူး ခါနီး ထုပြားထားတဲ့
ဒညင်းသီးကိုထည့်ပြီး ရေခန်းအောင်ချက်လိုက်ပါ..ရေခန်းပြီး
ဆီပြန်လာလျှင် မီးဖိုမှချ၍ သုံးဆောင်နိုင်ပါသည်၊၊၊

အားလုံးကိုကျေးဇူးတင်လျက်....
တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)

Read More...

Thursday, September 18, 2014

အိမ်ရှင်မများအတွက် သတင်းလက်ဆောင်(ပြည်သတင်း)

Leave a Comment

အိမ်ရှင်မများအတွက် သတင်းလက်ဆောင်(ပြည်သတင်း)
****************************************

(၁) ပုရွက်ဆိတ်တွေကြောင့်စိတ်ညစ်နေပါသလား?
ပုရွက်ဆိတ်တွေက သခွားသီးကိုမုန်းတယ်လေ။ ဒါကြောင့် သခွားသီးအခွံ တွေကို ပုရွက်ဆိတ်အိမ်(အသိုက်အအုံ)နားမှာ ချထားပေးလိုက်ပါ။

(၂) ရေခဲရေ သန့် သန့် သောက်ချင်ပါသလား ?

ဦးစွာ ရေနွေးပွက်ပွက်ဆူအောင်ကြိုပါ။ ပြီးရင်အအေးခံပြီးတော့ သင့်တော်ရာ ပုလင်းထဲထဲ့ပြီး ရေသေတ္တာထဲ ထဲ့လိုက်တော့ ရေခဲရေသန့် သန့် ရပြီပေါ့။

(၃) မှန်တွေ ကြည်ကြည်လင်လင်ဖြစ်ချင်ပါသလား ?

Spriteအချိုရည်နဲ့  မှန်ကိုသုတ်ပေးလိုက်ပါ။

(၄) အ၀တ်အထည်တွေပေါ်မှာ ပီကေတွေကပ်နေလို့ ဖျက်ရခက်နေပါသလား ?

အဲဒီအ၀တ်အထည်ကို ရေခဲသေတ္တာတဲ ၁-နာရီ လောက်ထဲ့ပေးပြီးနောက်မှာတော့၊ ပီကေတွေခွာလို့ ရပါပြီ။

(၅)အ၀တ်ဖြူတွေကို ဖြူဖြူစင်စင်လေး ဖြစ်စေချင်ပါသလား?

ဇလုံတစ်ခုထဲမှာ နွေးပူပူထဲ့ပြီးရင် သံပုရာသီး တစ်စိပ်လောက် ညှစ်ထဲ့ပေးလိုက်ပါ။ အဲဒီဇလုံထဲကို အ၀တ်ဖြူ ၁၀-မိနစ်လောက်စိမ်ထားပြီးမှ ပုံမှန်အတိုင်းဆပ်ပြာတိုက် လျှော်ဖွတ်ပေးပါ။

(၆) ဆံသားတွေ တောက်ပြောင်ချင်ပါသလား ?

ရှာလကာရည် ၁-ဇွန်းလောက်ကို ဆံပင်အနှံ့ လိမ်းကျံပေးပြီးရင်၊ ရေအေးနဲ့  လျော်ချလိုက်ပါ။(ရေခဲရေ မဟုတ်ပါ)

(၇) သံပုရာသီးထဲကအရည်တွေ ကုန်စင်အောင်ညှစ်ယူချင်ပါသလား ?

ဦးစွာ သံပုရာသီးအလုံးလိုက်ကို ရေနွေးပူပူထဲမှာ တနာရီ လောက်စိမ်ပါ။ ပြီးမှ အရည်ညှစ်ယူပါ။

(၈) ဂေါ်ဖီထုပ်ဟင်းချက်တဲ့အခါ စိမ်းစော်နံနေတာကို ဘယ်လိုဖျောက်ရမလဲ ?

ဂေါ်ဖီထုပ်ချက်နေတဲ့ ဟင်းအိုးထဲကို ပေါင်မုန့်  အပိုင်းအစလေး ထဲ့ချက်လိုက်ရုံပါဘဲ။

(၉) ကြက်သွန်နီလှီးနေတုန်း မျက်ရည်မကျအောင် ဘယ်လိုလုပ်ရပါ့ ?

ပီကေ ၀ါးရင်း ကြက်သွန်နီ လှီးပေးပါ။

(၁၀) အာလူးပြုတ်တွေ မြန်မြန်နူးစေချင်ပါသလား ?

မပြုတ်ခင်မှာ အာလူးရဲ့ တဖက်တချက်စီကို အခွံနွှာပေးပါ။ (အကုန်အခွံနွှာ ရန်မလိုအပ်ပေ)

(၁၁) အ၀တ်ပေါ်က မှင်စက်အစွန်းအထင်းတွေ ဖယ်ရှားရခက်နေပါသလား?

မှင်ကွက်အစွန်းအထင်းပေါ် သွားတိုက်ဆေး များများအုံပြီးနောက်၊ အဲဒီသွားတိုက်ဆေးတွေ လုံးဝခြောက်သွေ့ တဲ့အခါမှ အ၀တ်လျှော်လိုက်ပါ။

(၁၂) ကန်စွန်းဥတွေ အခွံမြန်မြန်ခွာချင်ပါသလား ?

ပြုတ်ပြီးစ ကန်စွန်းဥပူပူကျစ်ကျစ်ကို အိုးထဲကဆယ်ယူပြီး၊ ရေအေးထဲ ချက် ချင်း နှစ်စိမ်ပေးလိုက်ပါ။ (ရေခဲရေမဟုတ်ပါ)

(၁၃)ကြွက်တွေကို ဘယ်လိုနှိမ်နင်းရပါ့ ?

ကြွက်တွေလာတတ်တဲ့နေရာကို ငြုပ်ကောင်းမှုန့် (အမဲရောင်) ဖြူးပေးထားရုံပါဘဲ။ ငြုပ်ကောင်းမှုန့် 
ရနံ့ ကြောင့် ကြွက်တွေထွက်ပြေးကုန်ပါလေရော။

(၁၄) နှလုံးရောဂါသည်တွေ ညအိပ်ယာမ၀င်ခင် ဘာလုပ်သင့်သလဲ ?

နှလုံးရောဂါသည်များ သောက်ရေအေး ၁-ခွက် (သို့ မ ဟုတ်) ၂-ခွက်သောက်ပြီးမှ ညအိပ်ယာဝင်ပါ။ ဒါဆို နံက်အိပ်ယာထ အမောမဖောက်စေတော့ပါဘူး (ရေခဲရေ မဟုတ်ပါ)

အိမ်ရှင်မများ ပြုံးပျော်နိုင်ကြပါစေရှင်။
ပေါက်ပေါက်
တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)

Read More...

(ကျောက်ပွင့်သုတ်) (ပြည်သတင်း/အိမ်ရှင်မများအတွက်)

Leave a Comment

(ကျောက်ပွင့်သုတ်) (ပြည်သတင်း/အိမ်ရှင်မများအတွက်)
************************************

လိုအပ်တဲ့ပစ္စည်းတွေကတော့

ကျောက်ပွင့်၊

ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊

သံပုရာသီး(ဖိလိပိုင်နိုင်ငံရဲကအချဉ်သီး ဖြစ်တဲ့ ကလမန်ဆီ အချဉ်သီးကို သုံးပါတယ်)

ငံပြာရည်၊ ဆား၊ အချိုမှုန့်၊ ငရုပ်သီးစိမ်း (သို့) ငရုတ်သီးအကျက်မှုန့်တို့ပဲပါ။
ကျောက်ပွင့်ကို ရေနွေး ကြက်သီးနွေးလေးနဲ့ စိမ်ထားပေးပါ။ ရေနှစ်ခါလောက်ဆေးပြီး အပွင့်လေးတွေကို လက်နဲ့ အသာလေးဖဲ့ပေးပါ။ ပြီးတော့ ရေစစ်ထားပါ။ ကြက်သွန်နီကို အခွံနွှာပြီး ပါးပါးလှီး၊ ပြီးရင် ရေဆေးပြီး စစ်ထားနော်။ ကြက်သွန်ဖြူကိုတော့ အခွံနွှာပြီး နုတ်နုတ်စင်းထားပါ။ သံပုရာသီးကို အစိပ်လေးတွေဖြစ်အောင်လှီးထားပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ပန်းကန်ခပ်ကြီးကြီးထဲ ကျောက်ပွင့်ပြည်ကြီးငါးနဲ့ ခုနက ပြင်ထားတဲ့ အဆာပလာတွေ အကုန်ထည့်ပါ။ ငံပြာရည်၊ ဆား၊ အချိုမှုန့်အနည်းငယ်၊ သံပုရာရည်လေးညှစ်ထည့်ပေးပါ။ ငရုပ်သီးစိမ်း (သို့) ငရုတ်သီးမှုန့်ကို ကိုယ်စားနိုင်မယ့် အနေအထားလေးထည့်ပါနော်။ ပြီးရင် အားလုံးကို သေသေချာချာနှံ့အောင် နယ်ပေးပါ။ အရသာအပေါ့အငံလေးကို မြည်းပြီး အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ချဉ်ငံစပ်မွှေးကျောက်ပွင့်သုပ်လေးပါ သုံးဆောင်သွားကြပါနော်..

တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)

Read More...

ဆီချက်ခေါက်ဆွဲ(ပြည်သတင်း/အိမ်ရှင်မများအတွက်)

Leave a Comment

ဆီချက်ခေါက်ဆွဲ(ပြည်သတင်း/အိမ်ရှင်မများအတွက်)
**********************************

လိုအပ်သည့်ပစ္စည်းများ

ဂျုံခေါက်ဆွဲ ၂၅ ကျပ်သား
ဘဲသား ၁၅ ကျပ်သား
ဆီ ၁၅ ကျပ်သား
ကြက်သွန်ဖြူ ၂ ကျပ်ခွဲသား
တရုတ်ကြက်သွန်မြိတ် ၂ ပင်
ပဲငံပြာရည်၊အချိုမှုန့် သင့်ရုံ

ဘဲသား ၁၅ကျပ်သားကို အခြမ်းလိုက်ပင် ရေများများနှင့် ဂျင်းအနည်းငယ်ထည့်ပြုတ်ပါ။ ဘဲသားနုလျှင် ဆယ်ပြီး အသားချည်းယူထားပါ။ အရိုးကို ဘဲသားပြုတ်ရည်ထဲ ပြန်ထည့်ပြီးပြုတ်ထားရပါမည်။ အသားကို စဉ်းထားပါ။ ဒယ်အိုးတွင် ဆီထည့်ပြီး ဆီကျက်ပါက ကြက်သွန်ဖြူ ဓားပြားရိုက်၊ အခွံသင်ထားသည့်တို့ကိုထည့်ပါ။ ဆီချက်ချက်ပါ။

စားတော့မည်ဆိုလျှင် ခေါက်ဆွဲကို (ခြင်းမ တောင်းငယ်၊ကိုင်စရာပါအရိုးတပ်ထားသည့်)ဖြင့် ထည့်ပြီး၊ ရေနွေးပူပူထဲသို့ ခေါက်ဆွဲပျော့အောင် ခဏစိမ်ထားရမည်။
ခေါက်ဆွဲကျက်လျှင် အရည်စစ်စကာနှင့် ဆယ်ယူပါ။ ပြီးလျှင် ဇလုံတစ်လုံးထဲသို့ထည့်ပြီး ဆီချက်၊ ပဲငံပြာရည်အပျက်၊ အချိုမှုန့် အနည်းငယ်မျှသာထည့်ပါ။ ပြီးလျှင် တူတစ်စုံဖြင့် နှံ့အောင် မွေပေးပါ။

အားလုံးနှံ့စပ်ပါက စားပွဲပြင်မည့် ကြွေပန်ကန်တစ်လုံးထဲတွင် ခေါက်ဆွဲအပေါ်က ဘဲသားစဉ်းကောများနှင့် ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူကြော်များဖြူးထည့်ပြီး လှပအောင်ပြင်ပါ။

ဆီချက်ခေါက်ဆွဲကို ဟင်းချိုရည် ကြက်သွန်ချဉ်၊ ငရုတ်သီးစိမ်း အချဉ်တို့နှင့် တွဲစပ်ပြီး စားသုံးနိုင်ပါသည်။

ကျေးဇူးတင်ပါတယ်..........
တင်ဆက်...ပြည်သတင်းလူငယ်/ပြည်သတင်း)

Read More...

Wednesday, September 17, 2014

သီးစုံထောပတ်ထမင်း (ဟိုတယ်ချက်)(ပြည်သတင်း/အိမ်ရှင်မများအတွက်)

Leave a Comment
သီးစုံထောပတ်ထမင်း (ဟိုတယ်ချက်)(ပြည်သတင်း/အိမ်ရှင်မများအတွက်)
****************************************************

လိုအပ်သည့် ပစ္စည်းများ

ငကျွဲဆန် ၁ပြည်
ထောပတ် ၁၀ သား
ဆီ ၅ကျပ်သား
စပျက်သီးခြောက် ၅ကျပ်သား
မုန်လာဥနီ ၁၀သား
ကြက်ဥပြုတ်ပြီး ၅လုံး
သစ်ကြံပိုး ၃ခေါက်
ကရဝေး ၅ရွက်
လေးညှင်း၊ ဖာလာ ၁၀ စေ့စီ
ပဲသီစိမ်း ၁ဗူး

မှတ်ချက်။ ။ ပဲသီစိမ်းဘူး မသုံးလိုလျှင် ပဲသီစိမ်းကို အစိမ်းရောင် မပျက်စေရန် ဆားနှင့်ထောပတ် အနည်းငယ်ထည့်၍ အစိမ်းနံ့ ပျောက်ရုံထည့်ပြီး ဆည်၍ ရေအေးတွင် စိမ်ထားပါ။

ဆန်ကို ရေစင်စင်ဆေး၍ ရေစစ်ထားပါ။ အမွှေးကြိုင်များ ဆီသတ်ပြီး ထောပတ်ထမင်းချက်သကဲ့သို့ ထမင်းကို ချက်ထားပါ။ ကျက်လျှင် ဘဲဥပန်းကန်ပြားတွင် ထည့်ပါ။

ထမင်းပေါ်မှ ပြုတ်ထားသော မုန်လာဥ၀ါအတုံးလေးများ၊ ပဲသီစိမ်း၊ စပျက်သီးခြောက်နှင့် အ၀ိုင်းလှီးထားသော ကြက်ဥပြုတ်များကို လှပစွာ ပြင်ဆင်၍ ထည့်ပါ။

ဒီလိုဆိုရင် အရသာရှိတဲ့ သီးစုံထောပတ်ထမင်းကို စားနိုင်ပါပြီ။

ကျေးဇူးတင်ပါတယ်......
တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)



Read More...

Monday, September 15, 2014

ဗီယက်နမ်စတိုင် ခရမ်းသီးနင့်ဝက်သားကြော်(ပြည်သတင်း/အိမ်ရှင်မတို့အတွက်)

Leave a Comment
ဗီယက်နမ်စတိုင် ခရမ်းသီးနင့်ဝက်သားကြော်(ပြည်သတင်း/အိမ်ရှင်မတို့အတွက်)
*******************************

ပါဝင်သည့်ပစ္စည်းများ..........
ခရမ်သီး ၂ လုံး ဝက်သား ၁၅၀ ဂရမ် ကြက်သွန်မြိန် နည်းနည်း ငါးငံပြာရည် ၂ စားပွဲတင်ဇွန်း ဆား လက်ဖက်ရည် ဇွန်း ၂ သကြား ၂ စားပွဲတင် ဇွန်း ၂ သံပုရာရည်အနည်းငယ် ကြက်သွန်ဖြူ အနည်းငယ် ငရုတ်သီးစိမ်း အနည်းငယ် ဆီ လက်ဖက်ရည်ဇွန်း ၂
ပြုလုပ်နည်းအဆင့်ဆင့်
၁။ ခရမ်းသီးကို ရေသန့်စင်ပြီးနောက် ၃လက်မ ခန့် အပိုင်းပိုင်းပေးပါ ရေးအေးထဲသို့ ဆားလက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်ထည့်ပြီးခရမ်းသီးအပိုင်းများထည့်ကာ ၁၅ မိနစ်ခန့် ဆားရည်စိပ်ပြီး ဆယ်သူအခြောက်ခံထားပါ။
၂။မကပ်တဲ့ဒယ်အိုးထဲကို ခရမ်းသီးအပိုင်းများကို သေချာ စီးထည့်ပြီး အိုးအဖုံးဖုံးကာ မီးအေးအေးနဲ့ ခရမ်းသီးများ ပျော့ပြောင်းလာတဲံအထိတည်ပါ။ပြီးနောက်အပုကိုနည်းနည်းလောက်မြင့်လောက်ပြီး ခရမ်းသီးအခွံများ အဝါရောက်သမ်းလာလျှင် မီးအပူရှိန်ကိုလျော့အအေးခံပြီး ခရမ်းသီးပြင်ခွံကိုခွာပါမယ်။
ဝက်သားကို ရေဆေးသန့်စင်ကာ ပါးပါးလွှာပြီး ဆားအနည်းငယ်ထည့်ကာ နယ်ထားပါ။ဆီအပူပေးပြီး ဝက်သားများကို ထည့်ကာ အညီုရောက်သမ်းလာသည့်အထိ ကြော်ပါ။မြန်မြန်ကျက်ရန်အတွက် အိုးအဖုံးအုပ်ပြိး ကြော်နိုင်တယ်။
၃။ကြက်သွန်မြိတ်ကို သန့်စင်ပြီး အပိုင်းသေးသေးလေးများပိုင်းပါ။ဆီကို လက်ဖက်ရည်ဇွန်း ၂ ဇွန်း ထည့်ပြီး မီးအေးအေးနဲ့ ကြက်သွန်မြိတ်ကို နပ်ထားပါ။အရမ်းကျက်လို့ မရဘူးနော်။
၎။ကြက်သွန်ဖြူ ငရုတ်သီးစိမ်းတို့ကို ညက်အောင်ထောင်းပါ။အချဉ်ပျော်မည့်ပန်းကန်လုံးထဲသို့ ငါးငံပြာရည် စားပွဲတင် ဇွန်း ၂ ဇွန်း ရေစားပွဲတင်ဇွန်း ၂ ဇွန်း ထည့်ပြီးသကြားအရည်ပျောတဲ့အထိမွှေပါ။သကြားအရည်ပျော်ရင် ထောင်းထားတဲံကြက်သွန်ဖြူ ငရုတ်သီးအနပ်တို့ကိုထည့်ပြီး သီးပုရာသီးထည့်ပါ။အရသာမိမိနှစ်သက်သလို ပြင်ဆင်ပါ။
၅။ခရမ်းသီးဝက်သားကြော် ပြင်ဆင်လို့ရပါပြီး။ပန်းကန်ပြားတစ်ခုယူပြီး ခရမ်းသီးကို ဖြန့်ထည့် ဝက်သားကြော်နဲ့ ကြက်သွန်မြိတ်တို့ကို အလယ်မှာထည့်ပြီး ချိုချဉ်အရသာရှိတဲ့ ဆော့စ်နဲ့ စားသုံးရင် ရပါပြီ။အားလုံးနှစ်သက်မယ်လို့ထင် ပါတယ်။...

ပြည်သတင်းလူငယ်(ပြည်သတင်း)


Read More...

Friday, September 5, 2014

ဝက်ငရုပွချိုချဉ်

Leave a Comment
ဝက်ငရုပွချိုချဉ်
................

ပါဝင်သည့်အမယ်များ..........ဝက်ပေါင်သား ၁ပေါင်။ ခရုဆီ ၄ စားပွဲတင်ဇွန်း ၊ဂျင်းပေါင်းရည် ၂ စားပွဲတင် ဇွန်း ငရုတ်ဆီအချို ၃ စားပွဲတင်ဇွန်း။ သကြားအညီု ၁ စားပွဲတင်ဇွန်း၊ ဆီ ၂ စားပွဲတင်ဇွန်၊ ငရုတ်သီးမှုန့် (၁/၄) လက်ဖက်ရည်ဇွန်း ။ကြက်သွန်နီကြီး ၁ ဥ ကြက်သွန်ဖြူ ၂မွှာ ငရုတ်ပွသီး ၁ တောင့်

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ကြက်သွန် နီ ကို အလည်မှ ထက်ခြမ်းခြမ်းပြီး အကွင်းလိုက်လှီးပါ။
၂။ငရုပွသီးကို ပါးပါးလေးလှီးပါ အရမ်းအပါးကြီးတော့မလှီးပါနဲ့။
၃။ကြက်သွန်ဖြူတွေကို ဓါးပြားရိုက်သလို ဖိတဲ့အတုံးလေးနဲ့ဖိလိုက်ပါ။
၎။ဟင်းချက်ရာမှပါဝင်မယ့် ခရုဆီ ၊ဂျင်းပေါင်းရည် ငရုတ်ဆီ သကြား ကြက်သားမှုန်းပစ္စည်းအားလုံးကို ပန်းကန်လုံးတစ်လုံးထည့်ရောပြီး ရောပြီးနှံ့အောင် မွှေပေးပါ။
၅။ဝက်သားကို အချောင်းအပြားပုံစံလေးများလှီးပေးပါ။
၆။ဒယ်အိုးထဲသီု့ ဆီထည့်ပြီး လှီးထားသောကြက်သွန်နီနှင့် ငရုတ်ပွသီးတို့ကို ထည့်ပြီး သုံးမိနစ်လောက်ထားပါ။
၇။ကြက်သွန်နီနှင့် ငရုတ်ပွသီးတို့ ကိုဖက်ပြီးဆီအနည်းငယ်ထပ်ထည့်ပါ ထို့နောက်လှီးထားသောဝက်သားများကို ထည့်ပြီး ငါးမိနစ်ခန့် ထားပြီးကြက်သွန်နီနှင့် ငရုတ်ပွသီး တို့ပြန်ထည့်ပြီး မိနစ်ဝက်လောက်ထားပါ။
ပြီးရင် ဖျော်ထားသောဆော့စ်ကို လောင်းထည့်ပြီး ငါးမိနစ်ခန်းထားပါ ဆော့စ်များသည်ငရုတ်ပွသီးနှင့် ဝက်သားများထဲသို့ စိမ့်ဝင်ပြီး ဟင်းအနှစ် ပြစ်လာပါလိမ့်မည်။
၈။ဟင်းကို နှံ့အောင် မွှေပေးပါ။ပြီးနောက်အဆင့်သင့်စားသုံးနိုင်ပါပြီ။

တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)




Read More...

Wednesday, September 3, 2014

ချဉ်ငံစပ် ငါးပေါင်း

Leave a Comment
ချဉ်ငံစပ် ငါးပေါင်း
----------------------

(Steamed Fish with Spicy and Sour Soup)

ချဉ်ငံစပ်အရသာ ကြိက်နှစ်သက်တဲ့ သူငယ်ချင်းများအတွက် Sunday Special Menuလေး ပါရှင်။ Dietလုပ်ချင်တဲ့ သူငယ်ချင်းတွေအတွက်လည်း သင်တော်တဲ့ အစားအစာလေးပါ။

ကဲကဲရဲ့ ချဉ်ငံစပ် ငါးပေါင်းလုပ်နည်းလေးကို share ပါမယ်ရှင်။

ငါးပေါင်းအတွက် Ingredients:
ကကတစ်ငါးအနေတော် ၁ကောင်
နံနံပင်အရိုး ၂ခု
စပါးလင် ၂ပင်
ကြက်သွန်ဖြူ ၂မွှာ
တရုတ်နံနံပင် အနည်းငယ်
ငါးငံပြာရည် ထမင်းစားဇွန်း ၂ဇွန်း
ချင်း အနည်းငယ်
ဆား အနည်းငယ်
နနွင်းအနည်းငယ် (optional)

ချဉ်ငံစပ်sauce အတွက် Ingredients:
သံပုရာရည် ထမင်းစားဇွန်း ၂ဇွန်း
ကြက်သွန်ဖြူ ၃မွှာ
ငရုတ်သီးစိမ်း ၅တောင့်
ချင်းအနည်းငယ်
ဆား အနည်းငယ်
သကြား ထမင်းစားဇွန်း ၁ဇွန်း
နံနံပင် အနည်းငယ်
ငါးငံပြာရည် ထမင်းစားဇွန်း ၂ဇွန်း
တရုတ်နံနံပင်(optional)

Preparation Method:
၁) ငါးကို အကြေးခွံခွာ၊ ကလီစာတွေကို ထုတ်ပြီး ရေဆေးပါ။ အရသာဝင်ရန် ငါးအသားကို ဓားဖြင့် သုံးချက်လောက် မွှန်းပါ။ ဆား နနွင်းအနည်းငယ်တို့နှင့် နယ်ပြီး နာရီဝက်ခန့် နှပ်ထားပါ။
၂) စပါးလင်ကို ထုထောင်းပြီး ထုံးထားပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်၊နံနံပင်အရိုးကို ထု၊ တရုတ်နံနံပင်နဲ့ ချင်းကို နုတ်နုတ်စင်းပြီး ပြုတ်မည့်အိုးထဲသို့  ထည့်ပါ။ ငါးငံပြာရည်နဲ့ ဆား အနည်းငယ်တည့်ပါ။
၃) ရေကို ငါးမြုပ်လောက်တဲ့ ပမာဏထည့်ပြီး ပွက်ပွက်ဆူအောင်တည်ပါ။ ဆူလာလျွှင် ငါးကို ထည့်ပါ။ ၅မိခန့် ထားပြီးလျှင် ငါးကို နောက်တဖက် ပြောင်းပေးပါ။ နောက် ၅မိခန့်  ဆက်တည်ပြီး မီးပိတ်ပါ။
၎) ငါးမပြုတ်ခင် sauce ကို အရင်ပြင်ဆင်ထားပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး နုတ်နုတ်စင်းပါ။ချင်းကို ပါးပါးလှီးပါ။ ငရုတ်သီးစိမ်းနဲ့ နံနံပင်ကို ပါးပါးလှီးပါ။
၅) ပန်းကန်လုံးထဲသို့  sauce အတွက် အစာပလာအားလုံးကို ရောမွှေထားပါ။ ငါးပြုတ်ရည်ဆူဆူ ပန်းကန်လုံးတလုံးစာကို လောင်းထည့်ပြီး ရောမွှေပါ။ မြည်းကြည့်ြ့ပီး အရသာ စိတ်ကြိုက်ပြင်ပါ။
၆) ပြင်ဆင်မယ့် ပန်းကန်ထဲသို့  ငါးကို ဆယ်ထည့်ပြီး အပေါ်မှ ချဉ်ငံစပ်sauce ကို လောင်းထည့်ပါ။ ငါးပြုတ်ရည် အနည်းငယ် ထပ်ထည့်ပါ။

ဟင်းရည် ချဉ်ငံစပ် ရှူးရှဲလေးနဲ့  ငါးအသားချိုချိုလေးကို သုံးဆောင်လို့ ရပါပြီရှင်။

**ချဉ်ငံစပ် ငါးပေါင်းအတွက် အသင့်တော်ဆုံးငါးက ကကတစ်ငါးပါ။




Read More...

Monday, September 1, 2014

ကြက်သားလုံးကြော်.................

Leave a Comment
ပြည်သတင်း ဖတ်၇ှုသူမိဘပြည်သူ ညီကိုမောင်နှမများအတွက် ပြည်သတင်းမှ ကြိုးစားတင်ပြသောအနေဖြင့် ဟင်းချက်နည်းလေးများကိုပါ မျှဝေပေးလိုက်ပါတယ်ခင်ဗျာ......ပြည်သတင်းလူငယ်(ပြည်သတင်း)

ကြက်သားလုံးကြော်.................

ပါဝင်သည့်အမယ်များ.............

ကြက်သားအသားသီးသန့် ၂၀ ကျပ်သား၊ တရုတ်နံနင်ပင်(သို့) ကြက်သွန်မြိတ် ၁ပင်၊ငရုတ်သီးစိမ်းတောင့် ၅ တောင့် ၊ ပြောင်းမူန့်အကြမ်းပန်ကန် ၁ လုံးစာ ၊ သကြားစားပွဲတင်ဇွန်း ၁ ဇွန်း ၊ဆားလက်ဖက်ရည်ဇွန်း ၁ ဇွန်း ၊ ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း ။ ဆန်အရက် အကြမ်း ပန်ကန်လုံး တစ်ဝက် ၊ ဗနီကာအကြမ်းပန်ကန်လုံးတစ်ဝက်၊ ကြက်ဥဘဲဥ အကာ ၃ လုံး ၊ ဆီ ကြက်သားလုံးမြုပ်အောင် ဆီများများ ၊ မုန့်ကြွပ်မုန့် (နှစ်သက်လျှင်) ကြက်သားကြော်လျှင် အပေါ်မှကပ်သော မုန့်ကြွပ်မုန့်..................

ပြုလုပ်နည်းအဆင့်ဆင့်.............

၁။ကြက်သားကို တစ်လက်မခန့်အတုံးလေးများတုံးထားပါ။ပြီးလျှင် ပဲငံပြာရည်၊ဆား၊ သကြား၊ဆန်အရက်နှင့်ဗင်နီကာရည်တို့ကို ရောထည့်ပြီး နာရီဝက်ခန့် နှပ်ထားပါ။

၂။ငရုတ်သီးစိမ်းတောင့်နှင့် တရုတ်နံနံပင်တို့ကို ပါးပါးလေးလှီးထားပါ။

၃။ကြက်ဥ ဘဲဥ အကာကို cream ပွပွလေးဖြစ်သည့်အထိ ခပ်နာနာခေါက်ထားပါ။ပွနိုင်သလောက်ပွအောင် နာနာခေါက်ပါ။

၎။ကြက်ဥအကာ cream ထဲသို့ ငရုတ်သီးစိမ်းတောင့်နှင့် တရုတ်နံနံလှီးထားတာကို ထည့်ပြီး ခေါက်ပါ။

၅။ကြက်သားကို နာရီဝက်ခန့်နှပ်ထားပြီးလျှင် ကြက်သားကို အရည်စစ်အောင် လုပ်ထားပါ။

၆။ရေစစ်ထားသောကြက်သားကို ပြောင်းမှုန့်ထည့်ပြီးလူးပါ။ အဆင့်(၄)တွင်ပြုလုပ်ထားသော cream ထဲသို့ ထည့်ပြီးလူးပါ၊။

၇။အားလုံးအဆင့်သင့်ဖြစ်ပြီးဆိုလျှင် ဆီအိုးတင်ပါ။ ဆီပူလာလျှင် ကြက်ဥ cream ထဲမှ ကြက်သားတုံးတွေကို စားပွဲတင် ဇွန်းတစ်ဇွန်းစာ ခပ်ယူပြီး အလုံးလေးများပြုလုပ်ပြီး တစ်ခုနှင့်တစ်ခု မကပ်အောင် သတိထားပြီးကြော်ပါ။

၈။နှစ်သက်လျှင် မုန့်ကြွပ်မုန့်ကို အပြင်မှကပ်ပြီးလျှင် ကြော်နိုင်ပါသည်။မုန့်ကြွပ်မုန့်ထည့်ပြီးကြော်လျှင် စားလျှင် ကြွပ်ကြွပ်ရွရွလေး ပိုပြီးစားလို့ကောင်းတာပေါ့။

၉။ကြက်သားလုံးများအညီုရောင်သမ်းလာပြီးဆိုလျှင် အိုးထဲမှ ဆယ်ယူပြီး ဆီစစ်ပြီးပူပူလေ သုံးဆောင်နိုင်ပါပြီခင်ဗျာ.

ပြည်သတင်းလူငယ်(ပြည်သတင်း)








Read More...

Facebook Like Page