Thursday, September 18, 2014

ဆီချက်ခေါက်ဆွဲ(ပြည်သတင်း/အိမ်ရှင်မများအတွက်)

Leave a Comment

ဆီချက်ခေါက်ဆွဲ(ပြည်သတင်း/အိမ်ရှင်မများအတွက်)
**********************************

လိုအပ်သည့်ပစ္စည်းများ

ဂျုံခေါက်ဆွဲ ၂၅ ကျပ်သား
ဘဲသား ၁၅ ကျပ်သား
ဆီ ၁၅ ကျပ်သား
ကြက်သွန်ဖြူ ၂ ကျပ်ခွဲသား
တရုတ်ကြက်သွန်မြိတ် ၂ ပင်
ပဲငံပြာရည်၊အချိုမှုန့် သင့်ရုံ

ဘဲသား ၁၅ကျပ်သားကို အခြမ်းလိုက်ပင် ရေများများနှင့် ဂျင်းအနည်းငယ်ထည့်ပြုတ်ပါ။ ဘဲသားနုလျှင် ဆယ်ပြီး အသားချည်းယူထားပါ။ အရိုးကို ဘဲသားပြုတ်ရည်ထဲ ပြန်ထည့်ပြီးပြုတ်ထားရပါမည်။ အသားကို စဉ်းထားပါ။ ဒယ်အိုးတွင် ဆီထည့်ပြီး ဆီကျက်ပါက ကြက်သွန်ဖြူ ဓားပြားရိုက်၊ အခွံသင်ထားသည့်တို့ကိုထည့်ပါ။ ဆီချက်ချက်ပါ။

စားတော့မည်ဆိုလျှင် ခေါက်ဆွဲကို (ခြင်းမ တောင်းငယ်၊ကိုင်စရာပါအရိုးတပ်ထားသည့်)ဖြင့် ထည့်ပြီး၊ ရေနွေးပူပူထဲသို့ ခေါက်ဆွဲပျော့အောင် ခဏစိမ်ထားရမည်။
ခေါက်ဆွဲကျက်လျှင် အရည်စစ်စကာနှင့် ဆယ်ယူပါ။ ပြီးလျှင် ဇလုံတစ်လုံးထဲသို့ထည့်ပြီး ဆီချက်၊ ပဲငံပြာရည်အပျက်၊ အချိုမှုန့် အနည်းငယ်မျှသာထည့်ပါ။ ပြီးလျှင် တူတစ်စုံဖြင့် နှံ့အောင် မွေပေးပါ။

အားလုံးနှံ့စပ်ပါက စားပွဲပြင်မည့် ကြွေပန်ကန်တစ်လုံးထဲတွင် ခေါက်ဆွဲအပေါ်က ဘဲသားစဉ်းကောများနှင့် ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူကြော်များဖြူးထည့်ပြီး လှပအောင်ပြင်ပါ။

ဆီချက်ခေါက်ဆွဲကို ဟင်းချိုရည် ကြက်သွန်ချဉ်၊ ငရုတ်သီးစိမ်း အချဉ်တို့နှင့် တွဲစပ်ပြီး စားသုံးနိုင်ပါသည်။

ကျေးဇူးတင်ပါတယ်..........
တင်ဆက်...ပြည်သတင်းလူငယ်/ပြည်သတင်း)

0 comments:

Post a Comment

Facebook Like Page