Thursday, September 18, 2014

(ကျောက်ပွင့်သုတ်) (ပြည်သတင်း/အိမ်ရှင်မများအတွက်)

Leave a Comment

(ကျောက်ပွင့်သုတ်) (ပြည်သတင်း/အိမ်ရှင်မများအတွက်)
************************************

လိုအပ်တဲ့ပစ္စည်းတွေကတော့

ကျောက်ပွင့်၊

ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊

သံပုရာသီး(ဖိလိပိုင်နိုင်ငံရဲကအချဉ်သီး ဖြစ်တဲ့ ကလမန်ဆီ အချဉ်သီးကို သုံးပါတယ်)

ငံပြာရည်၊ ဆား၊ အချိုမှုန့်၊ ငရုပ်သီးစိမ်း (သို့) ငရုတ်သီးအကျက်မှုန့်တို့ပဲပါ။
ကျောက်ပွင့်ကို ရေနွေး ကြက်သီးနွေးလေးနဲ့ စိမ်ထားပေးပါ။ ရေနှစ်ခါလောက်ဆေးပြီး အပွင့်လေးတွေကို လက်နဲ့ အသာလေးဖဲ့ပေးပါ။ ပြီးတော့ ရေစစ်ထားပါ။ ကြက်သွန်နီကို အခွံနွှာပြီး ပါးပါးလှီး၊ ပြီးရင် ရေဆေးပြီး စစ်ထားနော်။ ကြက်သွန်ဖြူကိုတော့ အခွံနွှာပြီး နုတ်နုတ်စင်းထားပါ။ သံပုရာသီးကို အစိပ်လေးတွေဖြစ်အောင်လှီးထားပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ပန်းကန်ခပ်ကြီးကြီးထဲ ကျောက်ပွင့်ပြည်ကြီးငါးနဲ့ ခုနက ပြင်ထားတဲ့ အဆာပလာတွေ အကုန်ထည့်ပါ။ ငံပြာရည်၊ ဆား၊ အချိုမှုန့်အနည်းငယ်၊ သံပုရာရည်လေးညှစ်ထည့်ပေးပါ။ ငရုပ်သီးစိမ်း (သို့) ငရုတ်သီးမှုန့်ကို ကိုယ်စားနိုင်မယ့် အနေအထားလေးထည့်ပါနော်။ ပြီးရင် အားလုံးကို သေသေချာချာနှံ့အောင် နယ်ပေးပါ။ အရသာအပေါ့အငံလေးကို မြည်းပြီး အဲ့ဒါဆိုရင်တော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ချဉ်ငံစပ်မွှေးကျောက်ပွင့်သုပ်လေးပါ သုံးဆောင်သွားကြပါနော်..

တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)

0 comments:

Post a Comment

Facebook Like Page