15 .10.2015 (သတင်းတို)
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင်
မဲရုံလုပ်ငန်းစဉ်များနှင့်ပတ်သတ်ပြီး ဆင့်ပွား အဆင့်(၃) သင်တန်းကို မဲရုံမှုး၊ ဒုမဲရုံမှုး၊ အဖွဲ့ဝင်များနှင့် ရပ်ကျေးကော်မရှင် ဥက္ကဌများအားသင်တန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို အောက်တိုဘာ ၁၄ရက်မှ၁၅ရက်ထိ နှစ်ရက်ပြုလုပ်ခဲ့ပြီး မဲပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို လည်းလက်တွေ့သရုပ်ပြ သင်တန်းပို့ချခဲ့သည်။
``ပညာရေးဝန်ထမ်းတွေများတယ်၊၊ ကျန်တဲ့ အရပ်ဘက်ကလူတွေလဲပါတယ်၊၊ မဲရုံလုပ်ငန်းစဉ်တွေကို ရှင်းပြ သင်ကြားပေး တယ်၊၊သူတို့ ကိုပြန်မေးတယ်၊၊ သူတို့ကလည်း မရှင်းတာတွေ ပြန်လည်မေးမြန်းကြပါတယ်။´´ ဟု ပြည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ပြည်မြို့နယ်အတွင်း မဲရုံပေါင်း ၁၈၅ရုံရှိပြီး မဲပေးနိုင်သူဦးရေ ၁၅၆၇၁၈ ဦးရှိကြောင်း မဲရုံများတွင် မဲပေးနိုင်သည့် အချိန်ကာလအတွင်း အချိန်မှီမဲပေးနိုင်ရန် စိုးရိမ်မှုများနှင့်ပတ်သတ်ပြီးမဲရုံများထပ်မံမတိုးချဲ့သော်လည်း မဲရုံတစ်ခုတွင် အဆိုင်းခွဲများထားရှိစီစဉ်လျှက်ရှိကြောင်း ပြည်မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှသိရသည်။
သတင်းအပြည့်အစုံဆက်လက်ဖော်ပြပါမည်။
ပြည်သတင်း
www.facebook.com/pyaynews
0 comments:
Post a Comment