Friday, September 5, 2014

ဝက်ငရုပွချိုချဉ်

Leave a Comment
ဝက်ငရုပွချိုချဉ်
................

ပါဝင်သည့်အမယ်များ..........ဝက်ပေါင်သား ၁ပေါင်။ ခရုဆီ ၄ စားပွဲတင်ဇွန်း ၊ဂျင်းပေါင်းရည် ၂ စားပွဲတင် ဇွန်း ငရုတ်ဆီအချို ၃ စားပွဲတင်ဇွန်း။ သကြားအညီု ၁ စားပွဲတင်ဇွန်း၊ ဆီ ၂ စားပွဲတင်ဇွန်၊ ငရုတ်သီးမှုန့် (၁/၄) လက်ဖက်ရည်ဇွန်း ။ကြက်သွန်နီကြီး ၁ ဥ ကြက်သွန်ဖြူ ၂မွှာ ငရုတ်ပွသီး ၁ တောင့်

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ကြက်သွန် နီ ကို အလည်မှ ထက်ခြမ်းခြမ်းပြီး အကွင်းလိုက်လှီးပါ။
၂။ငရုပွသီးကို ပါးပါးလေးလှီးပါ အရမ်းအပါးကြီးတော့မလှီးပါနဲ့။
၃။ကြက်သွန်ဖြူတွေကို ဓါးပြားရိုက်သလို ဖိတဲ့အတုံးလေးနဲ့ဖိလိုက်ပါ။
၎။ဟင်းချက်ရာမှပါဝင်မယ့် ခရုဆီ ၊ဂျင်းပေါင်းရည် ငရုတ်ဆီ သကြား ကြက်သားမှုန်းပစ္စည်းအားလုံးကို ပန်းကန်လုံးတစ်လုံးထည့်ရောပြီး ရောပြီးနှံ့အောင် မွှေပေးပါ။
၅။ဝက်သားကို အချောင်းအပြားပုံစံလေးများလှီးပေးပါ။
၆။ဒယ်အိုးထဲသီု့ ဆီထည့်ပြီး လှီးထားသောကြက်သွန်နီနှင့် ငရုတ်ပွသီးတို့ကို ထည့်ပြီး သုံးမိနစ်လောက်ထားပါ။
၇။ကြက်သွန်နီနှင့် ငရုတ်ပွသီးတို့ ကိုဖက်ပြီးဆီအနည်းငယ်ထပ်ထည့်ပါ ထို့နောက်လှီးထားသောဝက်သားများကို ထည့်ပြီး ငါးမိနစ်ခန့် ထားပြီးကြက်သွန်နီနှင့် ငရုတ်ပွသီး တို့ပြန်ထည့်ပြီး မိနစ်ဝက်လောက်ထားပါ။
ပြီးရင် ဖျော်ထားသောဆော့စ်ကို လောင်းထည့်ပြီး ငါးမိနစ်ခန်းထားပါ ဆော့စ်များသည်ငရုတ်ပွသီးနှင့် ဝက်သားများထဲသို့ စိမ့်ဝင်ပြီး ဟင်းအနှစ် ပြစ်လာပါလိမ့်မည်။
၈။ဟင်းကို နှံ့အောင် မွှေပေးပါ။ပြီးနောက်အဆင့်သင့်စားသုံးနိုင်ပါပြီ။

တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)




0 comments:

Post a Comment

Facebook Like Page