Thursday, January 8, 2015

ပြည်မြို့ ဗိုလ်ချုပ်ရာပြည့်အကြို ပွဲသို့ လာရောက်မည့်ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ရက်ရွှေ့ဆိုင်း ************************************

Leave a Comment


ပြည်မြို့ ဗိုလ်ချုပ်ရာပြည့်အကြို ပွဲသို့ လာရောက်မည့်ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ရက်ရွှေ့ဆိုင်း
************************************
ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့တွင် ဗိုလ်ချုပ်ရာပြည့်အကြိုလှုံ့ဆော်ပွဲပြုလုပ်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်ဆောင်ဆန်းစုကြည် ခရီးစဉ်အား မူလက ဇန်န၀ါရီလ(၁၁)ရက်နေ့အား သတ်မှတ်ထား သော်လည်း ယခုအခါ ရက်ပြန်လည်ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
အမျိုးသားဒီမိုကရေစီအချုပ်မှ ပြုလုပ်မည်ဖြစ်သော ပြည်ခရိုင်လုံးဆိုင်ရာ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့အကြို လှုံ့ဆော်ပွဲအား ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မည်ဖြစ်ပြီး အဖွဲ့ချုပ်ဗဟိုကော်မတီ အစည်း အဝေးဆုံးဖြတ်ချက်အရ သတ်မှတ်ထားသည့်ရက်တွင် မကျင်းပနိုင်တော့ပဲရက်ရွေ့ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်ခရိုင်အလုပ်မှုဆောင်အဖွဲ့မှ သိရသည်။
“ခရီးစဉ်ပျက်သွားတာ မဟုတ်ပါဘူး ရက်ရွှေ့ဆိုင်းလိုက်တာပါ။ ဒီလထဲကိုတော့လုပ်သွားမှာပါ ဒီရက်ပိုင်း ရက်ကျပ် တွေများနေလို့ရွေ့ဆိုင်းလိုက်တာပါ။”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်ခရိုင် အလုပ်မှုဆောင် အဖွဲ့ အတွင်းရေးမှူး ဦးမြင့်သန်းထွန်းက ပြောသည်။
မူလကျင်းပမည့်အစီအစဉ်များကို မပြောင်းလဲပဲ ကျင်းပမည့်ရက်သာရွေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သတ်မှတ် ရက်ကိုလည်း ထပ်မံကြေငြာသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဗိုလ်ချုပ်ရာပြည့်အကြိုလှုံဆော်ပွဲအား ပြည်မြို့ အ.ထ.(၁)ကျောင်းရှိ လွပ်လပ်ရေးကျောက်တိုင် အားကစားကွင်း အတွင်း ပြုလုပ်ရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးရုံးသို့ ဇန်န၀ါရီ(၁)ရက်နေ့တွင် တင်ပြထားပြီး ခွင့်ပြုချက်တစ်စုံတစ်ရာ အကြောင်းပြန်ခြင်းမရှိသေးကြောင်းသိရသည်။
ဒေါ်အောင်ဆန်းစုကြည်လာရောက်မည့်ခရီးစဉ်တွင် သရေခေတ္တရာမြို့ဟောင်းနှင့် ပြည်မြို့ ဧရာဝတီမြစ် တစ်ဖက် ကမ်းရှိ နာကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူ တည်ထားသည့် ပရဟိတတောင်းကုန်ပေါ်ရှိ စေတီပေါ်သို့သွားရောက်နိုင်ဖွယ်ရှိကြောင်းသိရသည်။
အဆိုပါ စေတီတွင် စိုက်ပျိုးထားသော ဗောဓိညောင်ပင်မှာ ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယ၀န်ကြီး ချုပ်ဟောင်းမန်မိုဟန်ဆင်းလက်ဆောင်ပေးထားသည့် ညောင်ပင်ဖြစ်ကြောင်း ပြည်ခရိုင်အလုပ်မှုဆောင် အဖွဲ့အတွင်းရေးမှူး ဦးမြင့်သန်းထွန်းထံမှ သိရသည်။

သီဟလွင် (မြစ်မခ)
ပြည် - ဇန်န၀ါရီ(၆)ရက်။

0 comments:

Post a Comment

Facebook Like Page