Tuesday, December 30, 2014

ဒေါ်ခင်ဝင်း သေဆုံးမှုအတွက် ဖယောင်းတိုင်ထွန်းဆုတောင်းပွဲ ပြုလုပ်သူ သပိတ်စခန်းခေါင်းဆောင် အပါဝင်(၆)ဦးတရားစွဲခံရ ပြည့်သဲမောင်(ပြည်)

Leave a Comment


ဒေါ်ခင်ဝင်း သေဆုံးမှုအတွက် ဖယောင်းတိုင်ထွန်းဆုတောင်းပွဲ ပြုလုပ်သူ
သပိတ်စခန်းခေါင်းဆောင် အပါဝင်(၆)ဦးတရားစွဲခံရ

ပြည့်သဲမောင်(ပြည်) 09 4236 71883
ဦးမြင့်အေးနှင့် ကိုမျိုးသူထွဋ်၊ကို ကျော်ဆွေ၊ ကိုဝင်းလှိုင်၊ ကိုကျော်ကျော်ဦးနှင့်
ပြည်မြို့နယ်NLD ပါတီမှ ကျော်ကျော်ဥာဏ်ဝင်းတို့ (၆)ဦး ဆောင်းဘောက်ဖြင့်
တွဲထားသော မိုက်ကရိုဖုန်းဖြင့် လက်ပံတောင်းတောင် စီမံကိန်း အပြီးတိုင်ရပ်
စဲရေးအကြောင်းအရာများအား ဟောပြောခြင်း၊ ဖယောင်းတိုင်များ မီးထွန်းညှိ စိုက်ထူခြင်း၊နှင်းဆီပန်းများအား သပိတ်စခန်း၏ ၀ဲဘက် ပလက်ဖောင်းပေါ် တွင်
ဖြန့်ကျဲခြင်း၊ လက်ပံတောင်းတောင်ဒေသတွင် သေဆုံးသွားသော ဒေါ်ခင်ဝင်း
အတွက် ဆုတောင်းခြင်းများဆောင်ရွက်ခဲ့ကြသည်။

ထို့နောက်  အဆိုပါ(၆)ဦးမှ ဦးဆောင်သောအဖွဲ့သည် ဗိုလ်ချုပ်ကျောက်ရုပ်အနီး
သပိတ်စခန်းမှ လမ်းမတော်လမ်းမှတဆင့် လမ်းရှည်လမ်းအတိုင်း ဖယောင်းတိုင်နှင့်
 နှင်းဆီပန်း ကိုယ်စီကိုင်ဆောင်ကာ လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ရာလမ်းရှည်လမ်း တရုတ်တရုတ်တန်းလမ်းအတိုင်း ကမ်းနားလမ်းရှိ ကွမ်ရင်မယ်တော်ဘုံကျောင်းသို့
ဆက် လက်ထွက်ခွာခဲ့ရာ ဘုံကျောင်းရှေ့ ဘုံကျောင်းခြံစည်းရိုးအုတ်ခုံပေါ်တွင်မီးထွန်း
ထားသေည့် ဖယောင်းတိုင်များအား စိုက်ထူးခြင်း နှင်းဆီပန်း(အနီရောင်)များအားဘုံေ
ကျာင်း အတွင်း ပစ်ချခြင်းများ ဆောင်ရွက်ခဲ့ပြီး  ကမ်းနားလမ်းအတိုင်း ဗိုလ်ချုပ်ကျော
က်ရုပ် ဘက် သို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။

အဆိုပါအဖွဲ့သည် ကမ်းနားလမ်းမှတဆင့် စစ်ကဲလမ်း-လမ်းမတော်လမ်းများအတိုင်း ဆက်လက်ထွက်ခွာခဲ့ရာ ဗိုလ်ချုပ်ကျောက်ရုပ်သို့ ပြန်လည်ရောက်ရှိပြီး အေးချမ်းစွာ
လူစုခွဲကာ ဦးမြင့်အေးနှင့်ကိုမျိုသူထွဋ် တို့(၂)ဦးသည် ယာယီတဲရှေ့တွင် ထိုင်၍ ဆက်လက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဖြစ်စဉ်နှင့်ပက်သက်၍ ခွင်ပြုချက်တောင်းခံခြင်းမရှိဘဲ မြို့အတွင်းသို့ လမ်းလျှောက် လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့သည်ဟုဆိုကာ ဦးဆောင်ခဲ့ကြသော ဦးမြင့်အေးနှင့်ကိုမျိုး
 သူထွဋ် ၊ကို ကျော်ဆွေ၊ကိုဝင်းလှိုင်၊ကို ကျော်ကျော်ဦးနှင့်ပြည်မြို့နယ် NLD ပါတီ မှ
ကိုကျော်ကျော်ဥာဏ်ဝင်းတို့ (၆)ဦးအား အရေးယူပေးပါရန် ပြည်မြို့မရဲစခန်းမှူး
ဒုရဲမှူး မျိုးမြင့်မှ တရားလို ပြုလိုက်တိုင်တန်းသဖြင့် ပြည်မြို့မရဲစခန်း(ပ) ၁၀၆၁ /
၂၀၁၄၊ စုဝေး /  စီတန်းဥပဒေ ပုဒ်မ - ၁၈ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ခဲ့ပြီး အမှု
အားဒုရဲအုပ် မြတ်သူစိုးမှ လက်ခံစစ်ဆေးလျှက်ရှိကြောင်းသိရသည်။

မှတ်ချက်။ ။၎င်းပေးပို့သောစာမူသည်ကိုယ်တိုင်ရေးစာမူဖြစ်ပြီးစာမူနှင့်ပတ်
သက် လာမည့်ကိစ္စအဝဝကိုဖြေရှင်းသွားမည်ဖြစ်ကြောင်းဝန်ခံကတိပြုပါသည်။

သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်) 09 4236 71883



0 comments:

Post a Comment

Facebook Like Page