Tuesday, December 30, 2014

ပြည်ခရိုင်နိုင်ငံရေးအင်အားစုမှ ဒေါ်ခင်ဝင်း သေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရရှိသူများ အတွက်တရားမျှတမှု ကုစားခွင့်ရရှိစေရေး ဆန္ဒထုတ်ဖော်သူများကို တရားစွဲထား ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment




ပြည်ခရိုင်နိုင်ငံရေးအင်အားစုမှ ဒေါ်ခင်ဝင်း သေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရရှိသူများ
အတွက်တရားမျှတမှု ကုစားခွင့်ရရှိစေရေး ဆန္ဒထုတ်ဖော်သူများကို တရားစွဲထား

ပြည့်သဲမောင်(ပြည်) 09 4236 71883
ပြည်မြို့တွင်၊ ပြည်ခရိုင်နိုင်ငံရေး အင်အားစုများမှဒီဇင်ဘာ (၂၆)ရက်နေ့
နံနက် (၉း၀၀)နာရီတွင် လက်ပံတောင်းတောင်ဒေသတွင် အကြမ်းဖက်
ဖြိုခွင်းခံရ၍ သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများအတွက် တရား
မျှတမှုနှင့်ကုစားခွင့်ရရှိစေရေး ဒေသခံများ၏လက်ရှိနစ်နာ မှုများကို အကျေ
အလည်မဖြေရှင်းနိုင်မီ ၀မ်ပေါင်ကုမ္ပဏီ၏ ကြေးနီစီမံကိန်းကိုရပ်
ဆိုင်းထားရေး (သို့မဟုတ်) အပြီးအပိုင်ဖျက်သိမ်းရေး စသည့်ရည်ရွယ်ချက်
ဖြင့်ဆန္ဒထုတ်ဖော်ခဲ့ကျသူ ဦးကျော်ဆန်း ပါ (၁၀)ဦးအား ပြည်မြို့မရဲစခန်းတွင်
အမှုဖွင့်ထားကြောင်းသိရသည်။

ခွင့်ပြုမိန့်တွင် တားမြစ်ထားသည့် ရွှေတစ်ချောင်းလမ်းအား လှည့်လည်ဆန္ဒဖော်
ထုတ်ခြင်း၊ ခွင့်ပြုမိန့်တောင်းခံစဉ် တင်ပြထားခြင်းမရှိသည့် ဗီနိုင်း / ကတ္ထူစက္ကူပို
စတာများအား ကိုင်ဆောင်ကာ ၀မ်ပေါင်+ဦးပိုင် စာသားပါ စာရွက်များအား မီးရှို့
ခြင်းများ ပြုလုပ်ခဲ့သည့် အတွက် အရေးယူထားခြင်းဖြစ်ကြောင်း ပြည်မြို့မရဲစခန်းမှ
သိရသည်။

ဖြစ်စဉ်နှင့်ပက်သက်၍ဦးကျော်ဆန်း ပါ (၁၀)ဦးအား အရေးယူပေးပါရန် ပြည်မြို့မ
ရဲစခန်းမှူး ဒုရဲမှူး မျိုးမြင့် မှ  စုဝေး / စီတန်းဥပေဒေ ပုဒ်မ-၁၉ ဖြင့် အမှုရေးဖွင့်ဆောင်
ရွက်ခဲ့ပြီး အမှုအား  ဒုရဲအုပ် ဇော်မင်းမှ လက်ခံစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း
သိရသည်။
သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်) 09 4236 71883

0 comments:

Post a Comment

Facebook Like Page