Sunday, January 11, 2015

တောင်ကမူမှမြေနီမြေသားပြိုကျပြီး မြေသယ်ကားအားပိမိပြီး ယာဉ်မောင်းတစ်ဦးသေဆုံး ပြည့်သဲမောင်(ပြည်)

Leave a Comment




တောင်ကမူမှမြေနီမြေသားပြိုကျပြီး မြေသယ်ကားအားပိမိပြီး
ယာဉ်မောင်းတစ်ဦးသေဆုံး
ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးဘေးရှိ စင်္ကြန်တောင်ဘုန်းကြီးကျောင်းတောင်ကမူမှ မြေနီမြေသား ပြိုကျပြီး မြေသယ်ကားအား ပိမိသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
 ဖြစ်စဉ်မှာ ဇန်န၀ါရီလ (၁၀)ရက်နေ့ နံနက် (၉း၀၀)နာရီအချိန်ခန့်တွင် ဦးဆန်းနိုင်ဦး (၄၂)နှစ်၊ ယာဉ်မောင်း ယာဉ်ပိုင်ရှင်၊ စည်တော်မင်္ဂလာရပ်၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့နေသူမောင်းနှင် ပြီး အလုပ်သမားများဖြစ်သည့် ဦးမောင်ရွှေ (၅၅)နှစ်၊ အင်ကြင်းမြောင်ရပ်၊ န၀ဒေးရပ် ကွက်၊ ပြည်မြို့၊ ချစ်ကိုဝင်း (၁၉)နှစ်၊ အင်ကြာင်းမြောင်ရပ်၊ န၀ဒေးရပ်ကွက်၊ ပြည်မြို့ ၊ ဦးမောင်ပြုံး  (၄၆)နှစ်၊ အပိုင်း (၃)၊ ရွှေတံခါးရပ်ကွက်၊ ပြည်မြို့၊
 မောင်လမင်း (၂၅)နှစ်၊ အောင်ရတနာရပ်၊ မြို့သစ်ရပ်ကွက်၊ ပြည်မြို့နေ
သူတို့ (၄)ဦးလိုက်ပါ လာသော ၈ဌ/…….. ဖောကားအပြာရောင်သည် စင်္ကြန်တောင် ဘုန်းကြီးကျောင်း အမြင့်ပေ (၄၀)ခန့်၊ အကျယ်ပေ (၂၀၀) ပတ်လည်ခန့်ရှိ မြေနီမြေသား တောင်ကမူတွင် ကားနောက်ပိုင်း ကပ်ကာ မြေများအားသယ်ယူပြီး ပြန်ထွက်ရန်ပြင်နေစဉ် တောင်ကမူမှ မြေသားနှင့်ကျောက်တုံးများ ပြိုကျခဲ့ရာ ယာဉ်နောက်ပိုင်းတွင်ရှိသောမြေတင် အလုပ် သမား (၄)ဦးမှ ချက်ချင်းထွက်ပြေးခဲ့သဖြင့် လွတ်မြောက်ခဲ့သော်လည်း ဦးခေါင်း ပိုင်းရှိ ယာဉ်မောင်းနေရာတွင်ရှိနေသော ဦးဆန်းနိုင်ဦးမှ ကားအားမောင်းထွက်ရန် ကြိုးစားစဉ်  ပြိုကျလာသောမြေသားများနှင့်  ကားတစ်စီးလုံးအား ပိကာ ဖုံးအုပ် နစ်မြှုပ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့၏မှတ်တမ်းများအရ သိရသည်။

ထိုသို့ မြေနီမြေသားများ ပိမိနေသော ဦးဆန်းနိုင်ဦးအား  အရပ်ဖက် အဖွဲ့ အစည်းများ၊ ရပ်ကွက်သားများ၊ ရဲတပ်ဖွဲ့ဝင်များက ၀ိုင်းဝန်းတူးဖော်ခဲ့ရာ (၁၂း၄၀)အချိန် မြေသားများအားဖယ်ရှားနိုင်ခဲ့ပြီး ယာဉ်ဦးခေါင်းပိုင်းမှ ဦးဆန်းနိုင်ဦးအား ဆွဲထုတ်နိုင်ခဲ့ သော်လည်း၎င်းမှာမျက်နှာတစ်ခု
လုံးဖူးရောင်ဒဏ်ရာ၊ပါးစပ်မှအမြုပ်ထွက် နှာခေါင်း သွေးထွက်၊၀ဲခြေခုံပေါက်
ပြဲဒဏ်ရာ၊၀ဲခြေမျက်စေ့ပေါက်ပြဲဒဏ်ရာများဖြင့်ဆေးရုံပို့စဉ်လမ်းတွင်သေ
ဆုံးသွား ခဲ့သဖြင့် ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊မဟုတ်ဒုရဲအုပ်မြတ်သူစိုး
မှ ပြည်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်၁/၂၀၁၅ဖြင့် ရေးဖွင့်စစ်ဆေးလျှက်ရှိကြောင်းသိရသည်။

သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်) 09 4236 71883

0 comments:

Post a Comment

Facebook Like Page