Saturday, January 3, 2015

ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့် မွေးနေ့၊ သြ၀ါဒ ဆရာတော်ကြီးများ၏ အဆုံးအမ ခံယူပွဲကျင်းပ ပြည့်သဲမောင် (ပြည်)09 4236 71883

Leave a Comment


ဗိုလ်ချုပ်အောင်ဆန်း နှစ်(၁၀၀)ပြည့် မွေးနေ့၊ သြ၀ါဒ ဆရာတော်ကြီးများ၏ အဆုံးအမ
ခံယူပွဲကျင်းပ 
ပြည့်သဲမောင် (ပြည်)09 4236 71883
ပြည်မြို့နယ်လုံးဆိုင်ရာ ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀)ပြည့်မွေးနေ့ သြ၀ါဒဆရာတော်ကြီးများ၏ အဆုံးအမခံယူပွဲ အခမ်းအနားကို ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ဆွေးနွေးဘုရားတွင် ဇန်န၀ါရီ (၄)ရက်နေ့ နံနက် (၁၀း ၃၀) အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတသ (၃)ကြိမ်ရွက်ဆို ဖွင့်လှစ်ခြင်း၊ သြ၀ါဒဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ်(၁၀၀)ပြည့် သြ၀ါဒဆရာတော်ကြီးများ၏
 အဆုံးအမ ခံယူရခြင်းအား ဆရာဦးအေးလွင်မှ လျှောက်ထားတင်ပြခြင်း၊ ကြွရောက်လာသော
 သြ၀ါဒ စရိယဆရာတော်ကြီးများ၏ ကိုယ်စား ဆရာတော် တစ်ပါးမှ ဗိုလ်ချုပ်မွေးနေ့နှစ်(၁၀၀)
ပြည့်နှင့် ပက်သက်၍ လမ်းညွှန်သြ၀ါဒမိန့်ကြားခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ခြင်းနှင့်
လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခြင်းများ ပြုလုပ်ခဲ့ပြီး အခမ်းအနားအား
ဗုဒ္ဒသာသနံ စီရံ တိဋ္ဌတု (၃)ကြိမ်ရွက်ဆို ပိတ်သိမ်းခဲ့ပြီး သြ၀ါဒဆရာတော်ကြီးများအား
 နေ့ဆွမ်းဆပ်ကပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ပြည်မြို့နယ် ၈၈ပွင့်လင်းအဖွဲ့များ ၊ပြည်မြို့နယ် NLDပါတီဝင်များ ၊
လူမှုရေးအဖွဲ့အစည်းများ ၊လူဘောင်သစ်အဖွဲ့များ ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ၊ပြည်
ခရိုင်နိုင်ငံရေးအင်အားစုများနှင့်ဖိတ်ကြားထားသောဧည့်သည်တော်များတက်ရောက်ခဲ့ကြောင်း
သိရသည်။
သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်) 09 4236 71883




0 comments:

Post a Comment

Facebook Like Page