Saturday, January 10, 2015

၁၅ ရက်သပိတ်စခမ်းအား သပိတ်လှန်ပိတ်သိမ်းခြင်းမဟုတ်ဘဲ ခေတ္တရပ်နား

Leave a Comment




လက်ပံတောင်းဒေသတွင် လယ်သူမဒေါ်ခင်ဝင်းအား သေနတ်ဖြင့်ပစ်သတ်ခံရခြင်းကိစ္စနှင့်ပတ်သက် ၍မကျေနပ်သဖြင့် ပြည်မြို့၊ဗိုလ်ချုပ်မြင်းစီးရုပ်အနီးတွင် သပိတ်စခမ်းဖွင့်၍ တရားခံအားဖော်ထုတ်ပေးရေးအ တွက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများမှ ၁၅ ရက်တိုင်တောင်းဆိုခဲ့ရာ ဇန်န၀ါရီ ၉ ရက်နေ့ ည ၉ နာရီအချိန် ၌သပိတ်လှန်ခြင်းမဟုတ်ဘဲ သပိတ်မှောက်စခန်းအား ရက်ပြည့်သည့်အတွက် ခေတ္တရပ်နားခြင်းဖြစ်ကြောင်း ဦးဆောင်သူကပြောသည်။

“ဒေါ်ခင်ဝင်းသေဆုံးမှုကို အမြန်ဆုံးဖော်ထုတ်ပေးဖို့တောင်းဆို သပိတ်မှောက်ခဲ့တာပါ၊သပိတ်မှောက် တာက ၁၅ ရက်ပြည့်လို့ ခဏရပ်နားတာဖြစ်တယ်၊သပိတ်လှန်တာမဟုတ်ပါဘူး၊ဖယောင်းတိုင်မီးထွန်းပြီးတော့ ရွှေဆံတော်ဘုရားကို ချီတက်ဆုတောင်းမယ်၊သေနတ်နဲ့ပစ်တဲ့သူနဲ့ အမိန့်ပေးတဲ့သူကို အရေးယူဖော်ထုတ်မ ပေးရင် သပိတ်စခမ်းပြန်ဖွင့်ပြီး ဆန္ဒဖော်ထုတ်သွားမှာပါ” ဦးဆောင်သူ ရှေ့နေဦးမြင့်အေးကပြောသည်။

ဆန္ဒဖော်ထုတ်သူအင်အား(၅၀)ခန့်သည် “လယ်သူမကြီးဒေါ်ခင်ဝင်းအား ရက်စက်စွာသတ်ဖြတ်ခဲ့သည့် အစိုးရအလိုမရှိ၊ဦးပိုင်ကုမ္ပဏီနှင့်တရုတ်ဝမ်ပေါင်ကုမ္ပဏီ အလိုမရှိ”စာသားပါ တီရှပ်အဖြူရောင်များကိုဝတ်ဆင်၍ အမှုမှန်ပေါ်ပေါက်ရေး၊၀မ်ပေါင်ကုမ္ပဏီထွက်သွား၊တရားဥပဒေစိုးမိုးရေး၊လက်ပတောင်းတောင် အဓမ္မလူသတ်မှု အတွက်ရှုံ့ချဆန္ဒပြပွဲ ဟူသောကြွေးကြော်သံများ ၊ဗီနိုင်းပိုစတာနှင့်ဖယောင်းတိုင်မီးထွန်း ကိုင်ဆောင်လျှက်၊ သပိတ်စခမ်းမှ ဗိုလ်ချုပ်လမ်းအတိုင်း ၊အသွားအပြန်ချီတက်၍ ရွှေဆံတော်စေတီတော် အနောက်မုဒ်တွင် ဆုတောင်းပြီး၊ည(၁၀)နာရီအချိန်၌ ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်တွင် ပြီဆုံးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဆန္ဒဖော်ထုတ်ဆုတောင်းပွဲနှင့်ပတ်သက်၍ “ခုဆန္ဒဖော်ထုတ်တာကို အထက်ကိုတင်ပြထား ဆဲဖြစ်ပါတယ်၊အရေးယူဖို့ညွှန်ကြားလာရင်တော့ ဦးဆောင်သူတွေကို အရေးယူဆောင်ရွက်သွားမှာပါ” ဟုမြို့မ ရဲစခန်းမှူး ဒုရဲမှူးမျိုးမြင့် ကပြောသည်။

ကိုရဲ(ပြည်)

0 comments:

Post a Comment

Facebook Like Page