ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက၊တားမြစ်ထားခဲ့ပေမဲ့၊သရေခေတ္တရာရှေးဟောင်းဇုံအတွင်း
ကတောင်တွေကို
စက်ကြီးတွေ နဲ့ ညနေဘက်လူခြေတိတ်ချိန်မှာတူးဖေါ်နေတာကို
တားမြစ်ဖမ်းစီးခဲ့ပါတယ်။
ပဲခူးတိုင်း၊ပြည်မြို့နယ်၊ကန်သုံးဆင့်တောင်ကြား၊ န၀ဒေးရပ်ကွပ်။အောင်မြင်ရွာ၊မင်းကြီးတောင်၊
စတဲ့ဒေသတွေက၊တောင်တွေ၊တောင်တန်းတွေ တောင်ကုန်းတွေ ကို စီးပွားရေးသမားများက
။ဘူဒိုစာ၊တောင်ဖြိုစက်၊မြေတူးစက်ကြီးတွေနဲ့ ဖြိုချကာ
မြေပြင်ညီဖြစ်အောင်လုပ်ပြီး၊အကွပ်ရိုက်ရောင်းခြင်း၊ဖို့မြေ ရောင်းစားခြင်း၊
ဟော်တယ်တွေဆောက်လုပ်ခြင်း၊ခြံရောင်းစားခြင်းတွေ၊၊ဖုံးတိုင်တွေစိုက်ထူခြင်းတွေ
နဲ့ စီးပွားရှာနေတာတွေ ကြောင့် ၊တောင်တွေ
ပျောက်ကွယ်ကုန်ကာ၊သဘာဝဘေးအန္တရယ်တွေ၊ဖြစ်ပွားလာမှာ၊နဲ့ ရှေးဟောင်းဇုံ က
သတ်မှတ်ချက်စည်းကမ်းတွေကို ဖေါက်ဖျက်ကျူးလွန်နေတာ ဖြစ်ပါတယ်။
ညနေပိုင်းလောက်မှာ သတင်းရလို့ သွားပြီးစောင့်ဖမ်းလိုက်တာ မြေသယ်ကားတွေ
ကိုဖမ်းမိတော့ သူတို့က ပြည်မြို့က
လူကြီးတယောက်ရဲ့အိမ်ကိုဖို့ပေးဖို့မြေသယ်တာဖြစ်တယ်၊လို့ပြောတယ်နောက်တော့
အမှတ်(၃)ရဲစခန်းမှုးကိုခေါ်ပြီး၊အပ်လိုက်တယ်လို့ ယဉ်ကျေးမှုဝန်ကြီးဋ္ဌာနက
(ရှေးဟောင်းဇုံလုံခြုံရေးတာဝန်ခံ)၀န်ထမ်းတယောက်ကပြောပြပါတယ်
အဲဒါတွေကိုတားထားတာသူတို့ဆက်လုပ်နေတာမသိဘူး၊ဒါဟာ
သဘာဝပတ်ဝန်းကျင်လဲထိခိုက်တယ်၊အချို့တောင်ထိပ်တွေအပေါ်မှာဆိုရင်၊လျှပ်စစ်မီးလိုင်းကြိုးကြီးတွေရှိတယ်၊တောင်တွေကိုအောက်ချေကနေတူးတော့၊အဲဒီတိုင်တွေပြိုလဲကျမှာလဲစိုးရိမ်ရတယ်၊အန္တရယ်လဲရှိတယ်ဒါကြောင့်တားထားတယ်လို့
မြို့နယ်အုပ်ချုပ်ရေးမှုးကပြောပြပါတယ်။
အဲဒီကိစ္စအတွက်ကိုရှေးဟောင်းကလာပြီးအမှုဖွင့်တာတော့မလုပ်ဘူး၊သူတို့မြို့နယ်အုပ်ချုပ်ရေးမှုးရုံးမှာညှိပြီးပြေလည်သွားတယ်၊ခံဝန်လုပ်ပြီးပြန်လွှတ်လိုက်တယ်လို့၊
အမှတ်(၃)ရဲစခန်း-စခန်းမှုးက ဖုန်းကတဆင့်ဖြေကြားပေးခဲ့ပါတယ်။
အဲဒီလိုလုပ်နေတာတွေကို ပြည်မြို့နယ်အုပ်ချုပ်ရေးမှုးက
သြဂုတ်လ(၁)ရက်နေ့ကစပြီး ပိုင်ရှင်အသီးသီးကို တရားဝင် ရပ်တံ့ဖို့အတွက်
အကြောင်းကြားစာတွေပေးပို့ထားခဲ့ပေမဲ့လည်း၊လူမြင်ကွင်းနေရာတွေကိုသာရပ်တံ့ခဲ့ပြီး၊
လူအရောက်အပေါက်နဲ့တဲ့ တောင်တွေ၊ကိုတော ညအချိန်တွေမှာ့ ဆက်လက်တူးဖေါ်နေ
ခဲ့ကြပြီး၊သရေခေတ္တရာရှေးဟောင်းဇုံနယ်မြေ(PZ)ဇုံ
အတွင်း၊လုလင်ကျော်တခါးအနီးမှာ တူးဖေါ်နေတာကို၊သတင်းရတာကြောင့်၊
ဒီဇင်ဘာလ(၂၇)ရက်နေ့က ရှေးဟောင်းယဉ်ကျေးမှုလုံခြုံရေးအဖွဲ့ဝင်တွေက
စောင့်ပြီးဖမ်းစီးပြီး၊ရဲလက်ကိုအပ်လိုက်တာဖြစ်ပေမဲ့၊မြို့နယ်အုပိချုပ်ရေးမှုးရုံးတွင်ညှိနှိုင်းပြီး၊အရေးမယူပဲပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။
မင်းညို (DVB)
0 comments:
Post a Comment