Saturday, January 3, 2015

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်မြို့တွင်ဆန္ဒထုတ်ဖော် ပြည် ဇန်န၀ါရီ (၃)ရက် ပြည့်သဲမောင် (ပြည်)09 4236 71883

Leave a Comment





၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်မြို့တွင်ဆန္ဒထုတ်ဖော်
ပြည် ဇန်န၀ါရီ (၃)ရက်
ပြည့်သဲမောင် (ပြည်)09 4236 71883
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၉ (စ) ၄၃၆ နှင့် ပြင်ဆင် သင့်သောဥပဒေပေါင်း (၂၁၀) ပြင်ဆင်မှသာ လွတ်လပ်ရေးရပြီး  စစ်ကျွန်ဘ၀က လွတ်မြောက်မည်၊ မြန်မာ နိုင်ငံတော်ကြီးလွတ်လပ်၍ ငြိမ်းချမ်းပြီးဖွံ့ဖြိုး တိုးတက်ရေးကို ရည်ရွယ်၍ တကိုယ်တော်ကိုဝင်းလှိုင်မှ ဇန်န၀ါရီ (၃)ရက်နေ့ ညနေ (၄း၀၀)နာရီအချိန်ခန့် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ဆန္ဒထုတ်ဖော်ခဲ့သည်။

" ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်လာတော့မှာမို့ ပြည်သူ့အသံကို သိအောင်ဆန္ဒထုတ်ဖော်တာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် ကာချုပ်နဲ့တပ်မတော်မှာပိုပြီးတာဝန်ရှိတယ်။  ဒုတိယတာဝန်ရှိတာက ပြည်ခိုင်ဖြိုးအစိုးရ၊ ပြည်သူ့ရှေ့မှာ မားမားမတ်မတ်ရည်တည်ပါမယ်လို့ ပြောနေတဲ့ NLD နဲ့ ပွင့်လင်းအဖွဲ့တွေ လုပ်ဖို့လိုအပ်လာပြီ။ တိုင်းပြည်အတွက် ကောင်းမွန်တဲ့ဖွဲ့စည်းပုံဖြစ်ဖို့  မလုပ်ပေးတဲ့ဘယ်အစိုးရဖြစ်ဖြစ် ကျွန်တော်တို့က ဖြုတ်ချမှာပဲ" ဟု ဆန္ဒဖော်ထုတ်သူ ကိုဝင်းလှိုင်ကပြောသည်။

အဆိုပါဆန္ဒဖော်ထုတ်သူများသည် ဗိုလ်ချုပ်ကျောက်ရုပ်တွင်စုဝေးပြီး ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရန်အတွက် ဟောပြောခြင်း၊ ၄၃၆ ၊ ၅၉ (စ)၊ ဖွဲ့စည်းပုံပြင်ဆင်ရေး ဒို့အရေး ၊ ဖွဲ့စည်းပုံမပြင်ဆင်ချင်သော ကာချုပ်နှင့် တပ်မတော်ကိုယ်စားလှယ်များနှုတ်ထွက်ကြ၊ တပ်မတော်နှင့်ပြည်သူကို သွေးခွဲပြီး ရန်သူများဖြစ်အောင် လုပ်နေသော ကာချုပ်နှင့်ကိုယ်စားလှယ်များနှုတ်ထွက်ကြ ၊ ၄၃၆ ၊ ၅၉ (စ)၊ ဖွဲ့စည်းပုံမပြင်ဆင်ချင်သော ပြည်ခိုင်ဖြိုးအစိုးရ နှုတ်ထွက်ကြ၊ ၄၃၆ ၊ ၅၉ (စ)၊ ဖွဲ့စည်းပုံပြင်ဆင်ရေးသည် အမျိုးသားရေးတာဝန်ဖြစ်သည်။
၄၃၆ ၊ ၅၉ (စ)၊ ဖွဲ့စည်းပုံအသက်ပေးပြင်ဆင်ရေး အရေးတော်ပုံအောင်ရမည်" ဟု ကြွေးကြော်သံများ ကြွေးကြော်ခြင်း၊ ကမ္ဘာမကျေဘူးသီချင်းကိုသံပြိုင်သီဆိုကာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ဗိုလ်ချုပ်ကျောက်ရုပ် မှာပင် ငြိမ်းချမ်းစွာလူစုခွဲခဲ့ကြသည်။

" ဒီဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်မချင်း တစ်လတစ်ကြိမ် (၃)ရက်နေ့နဲ့ (၄)ရက်နေ့များမှာ လစဉ်ဆန္ဒထုတ်ဖော်သွားမှာပါ။ အခုဆန္ဒထုတ်ဖော်ဖို့ ခွင့်ပြုမိန့်ရပါတယ်။ အကယ်၍များ ဖွဲ့စည်းပုံမပြင်ဆင် ဘဲ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် (၄)လပိုင်း (၅)လပိုင်းလောက် လမ်းပေါ်တက် သပိတ်စခန်းဖွင့်မှာပါ။ ပြည်သူအတွက် အကျိုးမပြုတဲ့သူတွေကို လွှတ်တော်ထဲမှာမလိုချင်ဘူး။ ၅၉ (စ) ဆိုတာကလည်း တစ်ဦး တစ်ယောက်တည်း ရည်ရွယ်ပြီး ပြဋ္ဌာန်းထားလို့မလိုချင်တာပါ" ဟု ဆန္ဒထုတ်ဖော်သူ တစ်ဦးဖြစ်တဲ့ ကိုကျော်ကျော်ဦးမှပြောခဲ့သည်။

သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင် (ပြည်)09 4236 71883

0 comments:

Post a Comment

Facebook Like Page