Wednesday, May 20, 2015

သောက်သုံးရေးရှားပါးမှု့ကြောင့် လူရောတိရစ္ဆာန်တွေပါ ခက်ခဲနေ

Leave a Comment

သောက်သုံးရေးရှားပါးမှု့ကြောင့် လူရောတိရစ္ဆာန်တွေပါ ခက်ခဲနေ
ပြည် မေ ၁၈
ပဲခူးတိုင်းပြည်မြို့ ဧရာဝတီမြစ်အနောက်ဖက်ကမ်းဒေသတွေကကျေးရွာအချို့၊ရေကန်တွေ၊ခမ်းချောက်လာတာကြောင့်၊တိရစ္ဆန်တွေပါ ရေရနိုင်တဲ့ပတ်ဝန်းကျင်ကျေးရွာ တွေကို ပို့ထားရတဲ့အခြေအနေကိုရောက်နေတာကြောင့်၊ပြည်မြို့မှ ဒေသခံတွေ၊စုပေါင်းပြီး၊ရေလျူဒါန်းခဲ့ကြပါတယ်။
“ ရွာထဲမှာကြက် ဆိုရှိတောင်မရှိတော့ဘူး၊အရင်နှစ်တွေက၊နွားတွေတောင်သေတယ်၊၊ပေါင်ပုတ်လက်ပုတ် ရောဂါတွေတောင်ဖြစ်တယ်၊အခုနှစ်ဆို၊ရွာထဲမှာ၊ခိုင်းဖို့ နွားထီးပဲထားရဲတယ်၊နွားမတွေကို၊အခြားရွာတွေကိုပို့ထားရတယ်၊အခုနှစ်တော့၊သေတာမရှိသေးဘူး၊ရောဂါတွေတော့ဖြစ်ကြတယ်” ဟု မြေရွာကုန်းကျေးရွာနေသူ ဦးဖိုးမြိုင်မှပြောသည်။
ပြည်မြို့ က ပရဟိတအဖွဲ့တွေ စုပေါင်းပြီး၊ ပန်းတောင်းမြို့နယ်ထဲမှ ကျေးရွာ(၅)ရွာ ကို ငွေ ရှစ်သိန်းခွဲဖိုးရေလာလှူကြတာဖြစ်ပြီးစတုထ္ထအကြိမ်မြောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။
“ အရပ်ဖက်အဖွဲ့အစည်းတွေအားကောင်းလာလို့၊အခုလိုမျိုးတွေ၊အပြိုင်လှူနေကြလို့ လတ်တလောအစဉ်ပြေနေကြတာ၊ရေရှည်မှာမလွယ်ဘူး၊၊နိုင်ငံတော်ကဒီကိစ္စအတွက်တခုခုတော့၊လုပ်ပေးဖို့လိုအပ်နေပြီ” ဟုမိုးမေတ္တာ/သုခ ပရဟိတအဖွဲ့ မှ ဦးမျိုးငြိမ်းဇော် ကပြောသည်။
အဆိုပါ ပြည်မြို့တစ်ဖက်ကမ်း ပန်းတောင်းမြို့နယ်အတွင်းက ကျေးရွာအတော်များများတွင် ယခုလို မိုးခေါင် ရေရှားပြီး လူရော တိရစ္ဆာန်တွေပါ ရေရှားပါးမှု့ဘေးအန္တရာယ်များခံစားနေရသည့်ထဲမှ မိုးကလဲခေါင်၊ရွာမှာလူဦးရေတွေကလဲတိုးလာတာကြောင့်၊ကန်တွေ၊ရေမပြည့်တော့ဘဲအခုလို ရေဘေးဒုက္ခရောက်နေကြရကြောင်း ဒေသခံများထံမှသိရသည်။
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ထဲက၊မြေ၀ါကုန်း၊ပေပင်၊တောင်ဗို့ကြီး၊မှန်ကုန်း၊ ထုံးဘိုမြို့နယ်ထဲက။သပြေကုန်း၊ကြာအင်း၊သဲဖြူ၊ကံမမြို့နယ် ထဲက သက္ကယ်မြှောင်၊ပေပင်၊၊ စတဲ့ဒေသတွေ မှာ အခုလိုရေပြတ်တာက(၄)နှစ်ခန့်ရှိပြီး၊သရက်မြို့နယ်ထဲမှာလဲ၊အခုလိုရေခမ်းခြောက်တဲ့ကျေးရွာတွေရှိသေးတယ်လို့လဲသိရသည်။ ပဲခူးတိုင်းဒေသကြီးအတွင်း ကျေးရွာအုပ်စုပေါင်း ၁၄၂၃-အုပ်စုရှိပြီး ကျေးရွာပေါင်း ၆၅၆၄-ရွာတည်ရှိရာ မိုးစပါးဧကပေါင်း သိန်း ၃၀-ကျော်ထွက်ရှိပြီး နွေစပါးအနေဖြင့် ဧကပေါင်း ၄-သိန်းကျော်ထွက်ရှိသည်။ သောက်သုံးရေရှားပါးမှု့သည် ယခင်နှစ်ထက် ပိုမိုဆိုးရွားလာကြောင်းသိရသည်။
K3(pyay) (ခေါ်) ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

0 comments:

Post a Comment

Facebook Like Page