~ ပြည်သူတွေသာ သမ္မတကြီးဖြစ်ခဲ့ရင် ~
*ရေးသူ- ကျော်သူ*
ကျွန်တော်သည် စာရေးဆရာ တစ်ဦးမဟုတ် လွန်ခဲ့ပြီးသော အချိန်ကာလများတုန်းက ရုပ်ရှင်သရုပ်ဆောင် ဘဝဖြင့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်နေချိန်တွင် ကျွန်တော်၏သမီးငယ် မြင့်မိုရ်ဦး လူ့လောကထဲ သို့ရောက်ရှိသည့် (၂) ရက်မြောက်နေ့တွင် နိုင်ငံတော်၏ တပ်မတော်နေ့ ဇာတ်ကားအဖြစ် ထိုအချိန်က အနက် ရောင်နယ်မြေဟု သတ်မှတ်ထားသော ကချင်ပြည်နယ် မြစ်ကြီးနား၊ ဖားကန့်၊ လုံးခင်း ဒေသများသို့ ရုပ်မြင်သံကြား သွားရောက် ရိုက်ကူးရန်အတွက် ဖြစ်ပေါ်လာသည်။ အနုပညာသမားတစ်ယောက် မငြိမ်းချမ်းသော ပြည်နယ် တစ်ခုတွင် လက်နက်ဆွဲကိုင်ကာ ကျည်ဆံ၊ ဗုံးဆံများကြားထဲ၌ ရုန်ကန်လှုပ်ရှားပေးဆပ်ခဲ့ရသည်။ အချိန်ကာလ အားဖြင့် တစ်လနီးပါးကြာခဲ့သည်။
ရိုက်ကူးရေးပြီးဆုံးသွား၍ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသော အချိန်တွင် ကျွန်တော်သည် တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး ဆိုသလို စိတ်ကြမ်း၊ လူကြမ်း၊ စရိုက်ကြမ်းများ ဖြစ်ပေါ်ခဲ့ရသည်။ ကျွန်တော့်၏ နေအိမ်အတွင်းသို့ ပြန်လည်ရောက်ရှိသောအခါ ပုခက်ငယ်အတွင်း၌ ကျွန်တော်၏ ချစ်စရာသမီးငယ်လေးအား မြင်တွေ့ မိသောအခါတွင် ကျွန်တော်၏ စိတ်ရိုင်း စရိုက်ကြမ်းများ လျော့ပါးသွားမှုကို ပေါ့ပါးစွာဖြင့် ခံစားမိတော့သည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ ကျွန်တော်စာရေးချင်စိတ် ပေါ်ပေါက်လာ ခဲ့တော့သည်။ ထိုစဉ်အခါက ကျွန်တော်ရေးသားလိုက်သော ဆောင်းပါးအား ယခင်က ရုပ်ရှင်အမြုတေ ဟုခေါ်သော ယခု ရွှေအမြုတေ ရုပ်ရှင်မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးဝင်းငြိမ်းမှ ထည့်သွင်းဖော်ပြခြင်းကို ခံခဲ့ရသည်။ ဆောင်းပါးအမည်ကား “လက်ရဲဇက်ရဲနဲ့ ပုခက်လွှဲတဲ့လက်” ဟု၍ဖြစ်တော့သည်။
ထိုစဉ်အခါက ကျွန်တော်ရေးသား ဖြစ်ခဲ့သော ဆောင်းပါးများအား တတ်သိနားလည်သော စာရေးဆရာ ကြီးများအား ပြသအကူအညီတောင်း၍ တည်းဖြတ်မှုများ ပြင်ဆင်မှုများပြုလုပ် ပေးစေခဲ့သည်။ ယခုပရဟိတ လူမှုရေးသမားအဖြစ် ရောက်ရှိခဲ့သောအချိန်တွင် နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝ ဘေး၊ စစ်ဘေး စသည့် လူမှုလိုအပ်ချက်များအား ကူညီဖေးမလုပ်ကိုင်ရန် ကျွန်တော်၏ စိတ်တို့သည် ပြည်သူ/ သားတို့နှင့် ထပ်တူထပ်မျှခံစားခဲ့ရတော့သည်။
ထိုခံစားချက်များအား စာမျက်နှာပေါ်တွင် ရေးချခဲ့ကာ ကျွန်တော်၏ Facebook ပေါ်တွင်တင်ပြခဲ့သည်။
ပရဟိတ လူမှုရေးသမားစာပေများအား ကျွန်တော်တို့နှင့်အတူ လက်တွဲ၍ ပရဟိတလုပ်ငန်းများအား လုပ်ကိုင်ပေးနေသူ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်အား ပြသ၍ တည်းဖြတ် အကြံပေးမှုများအား ရယူခဲ့ရပြန်သည်။ ၂ဝဝ၇ စက်တင်ဘာ သံဃာ့အရေးအခင်းနောက်ပိုင်း ကျွန်တော်အနုပညာ လုပ်ငန်းများ လုပ်ခြင်းများကို ပိတ်ပင်တားစီးခံခဲ့ရတော့သည်။ ရုပ်ရှင်ပိတ်ကားတွင်သာမက စာမျက်နှာများ (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ဗီနိုင်းကားချပ်)တို့ပေါ်တွင် ကျော်သူဓါတ်ပုံမသုံးရ၊ ကျော်သူ့ပန်ချီးမပြရ၊ ကျော်သူ့
ဆောင်းပါးမသုံးရ ကျော်သူ ဟူသော နာမည်ပါ တင်ပြခွင့်မရှိခဲ့။
ကျွန်တော်၏ ဆရာကြီးဖြစ်သူ ဆရာမင်းသိင်္ခ ကွယ်လွန်စဉ်က ဝမ်းနည်းဆုံးရှုံး မှုဖြစ်ရကြောင်းနှင့် ကျွန်တော်၏သမီး မင်္ဂလာပွဲအခမ်းအနား ကြေငြာခြင်းတို့ ဖြစ်သော (နာရေး၊ သာရေး) ကိစ္စရပ်များကိုပင် (ကျော်သူ)ဟူသော အမည်ပါ၍ သတင်းစာထဲတွင် ကြေငြာထည့်ခွင့်ပင်မရခဲ့ချေ။ ထို့ကြောင့် ကျွန်တော်သည် လူသားအကျိုးပြုလုပ်ငန်းများ လုပ်ကိုင်ရင်း တွေ့ကြုံခံစားခဲ့ရသော အဖြစ်အပျက်များ ခံစားချက်များအား ကျွန်တော်၏ Facebook ပေါ်တွင် လွတ်လပ်စွာ ရေးသားရင်ဖွင့်ခြင်းကို တစ်ကိုယ်တော် ပြုလုပ်ခဲ့တော့သည်။
ကျွန်တော်၏ ခံစားမှုဆောင်းပါးများ၊ ကဗျာများအား ဖတ်ရှုမိသူ၊ သတိပြုမိသူ၊ စုဆောင်းထားခဲ့သူ ပညာရှင်တစ်ဦးပေါ်ပေါက်လာခဲ့သည်။ ထိုသူသည် ပြည်ပနိုင်ငံတွင် နိုင်ငံတကာဆက်ဆံရေးဘွဲ့ကို ဆွတ်ခူးခဲ့သူ အလင်းဆက် (IR) ပင်ဖြစ်တော့သည်။ အလင်းဆက် (IR)သည် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိသောအခါ ကျွန်တော်နှင့် တွေ့ဆုံ ရင်းနှီးခဲ့ပြီး ကျွန်တော်၏ ဆောင်းပါးများအား စာအုပ်ထုတ်ဝေရန် တိုက်တွန်းခဲ့သည်။ သူ၏ တိုက်တွန်းမှုနှင့်အတူ ထုတ်ဝေသူ ဦးအောင်သူ (မန္တလေးမြို့ ထွန်းဦးစာပေတိုက်၊ ပဉ္စဂံစာပေတိုက်ပိုင်ရှင်)အား ကျွန်တော့်ဆီ အရောက် ခေါ်လာခဲ့တော့သည်။
ထိုထိုသော အကြောင်းအရပ်များ ပေါင်းစည်းပြီးသကာလ ကျွန်တော်၏ “ကျွန်တော်သာ သမ္မတကြီးဖြစ်ခဲ့ရင်” ဟူသော စာအုပ်ထွက်ပေါ်လာခဲ့တော့သည်။ ထိုသို့ ကျွန်တော်၏ လူ့သက်တမ်းတွင် မှတ်တိုင် တစ်တိုင်အဖြစ် ထပ်မံစိုက်ထူပေးခဲ့သော အလင်းဆက် (IR)၊ စာရေးဆရာ ဟိန်းလတ်၊ ဦးထွန်းဦး၊ ဦးအောင်သူ (ထွန်းဦး စာပေ)

0 comments:
Post a Comment