Sunday, December 13, 2015
ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသော အမျိုးသမီးထံမှ(၁၈)သိန်းခန့် ဆွဲကြိုးတစ်ကုံး ဖြုတ်ခိုးခံရ
ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသော အမျိုးသမီးထံမှ(၁၈)သိန်းခန့်
ဆွဲကြိုးတစ်ကုံး ဖြုတ်ခိုးခံရ
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ရွာဘဲရပ်ကွက်တွင်ဖြစ်ပွားသော ယာဉ်တိုက်မှုကြောင့်
ဒဏ်ရာရရှိသော အမျိုးသမီးထံမှ(၁၈)သိန်းခန့် ဆွဲကြိုးဖြုတ်ခိုးခံရမှုတရားခံအား
ဖမ်းဆီးအရေးယူပေးပါရန် ဒီဇင်ဘာ(၅)ရက်နေ့က အမှုဖွင့်ခဲ့ကြောင်းသိရသည်။
ဒီဇင်ဘာ(၃)ရက်နေ့ ပြည်မြို့၊ဗိုလ်ချုပ်လမ်းအတိုင်း ကိုးသောင်းမီးပွိုင့်ဘက်မှ
မြို့သစ်အဝေးပြေးကားဝန်းဘက်သို့ ဒေါ်မျိုးဝါ၀ါနိုင်(၃၇)နှစ်လ/ထကြီးကြပ်ရေးမှူး၊
ပြည်ခရိုင်တမွေးကုရုံး၊အခန်း(၃)၊ရွှေဟင်္သာတိုက်ခန်း၊ရွာဘဲရပ်ကွက်၊ပြည်မြို့နေ
သူမောင်နှင်လာသော ၄၃ယ/......အနက်ရောင်ဆိုင်ကယ်သည် တိမွေးကုရုံးရှေ့
အရောက်၊လမ်းတစ်ဖက်သို့ချိုးကွေ့လိုက်စဉ် အဝေးပြေးဘက်မှကိုးသောင်းမီးပွိုင့်
ဘက်သို့ အောင်ရန်ပိုင်စိုး(၂၀)နှစ်(၃/၁)လမ်း၊မြို့သစ်ရပ်ကွက်၊ပြည်မြို့နေသူမောင်း
နှင်လာသည့်၁၉ယ/...အနက်ရောင်ဆိုင်ကယ်နှင့်တိုက်မိ၍ ဒေါ်ဝါ၀ါနိုင်တွင် ဦးခေါင်း
မူးဝေနာကျင်ဒဏ်ရာ၊အပေါ်နုတ်ခမ်းပွန်းပြဲဒဏ်ရာ၊ယာခြေခုံပွန်းပြဲဒဏ်ရာ၊အောင်ရန်
ပိုင်စိုးတွင် ၀ဲပါး/၀ဲမျက်ခုံး/၀ဲဒူးပွန်းဒဏ်ရာများအသီးသီးရရှိခဲ့ကြပြီး ဒေါ်မျိုးဝါ၀ါနိုင်မှာ
ယာဉ်တိုက်မှုကြောင့် ဒဏ်ရာများဖြင့်လဲနေစဉ် အမည်မသိအမျိုးသားတစ်သီးမှ ဒေါ်မျိုး
ဝါ၀ါနိုင် အနားသို့ ကူညီမလိုရောက်လာကာ ဒေါ်မျိုးဝါ၀ါနိုင်၏လည်ပင်းတွင်ဆွဲထားသည့်
(၁၈)သိတ်းခန့်တန်ဘိုးရှိသော စိန်ပွင့်အသေး(၆၀)ကျော် ရွှေချိန်(၃)မတ်သား ကျော်ခန့်၊ ဆနွမ်းမကင်းပုံရွှေဆွဲသီးတတ်လျှက် ရွှေချိန်(၂)ကျပ်သား(၄)ရွေးခန့်ရှိ ကျစ်ဆံမြီးပုံ ရွှေဆွဲ
ကြိုး(၁)ကုံးအား ဖြုတ်ယူခိုးသွားကြောင်း ကာယကံရှင်၏အမျိုးသားထံမှသိရသည်။
အဆိုပါ ဒေါ်မျိုးဝါ၀ါနိုင်သည် အခင်းဖြစ်သည့်နေ့မှစ၍ ပြည်ဆေးရုံကြီးတွင် ဆေးရုံတက်
ရောက်ဆေးကုသမှုခံယူနေသဖြင့် ၄င်း၏ဆွဲကြိုးအားဖြုတ်ယူခိုးသွားသူ အမည်မသိအား
စုံစမ်းအရေးယူပေးပါရန် ပြည်မြို့မရဲစခန်းတွင် ၄င်း၏ခင်ပွန်းဖြစ်သူ ဦးခင်မောင်သန်း(၄၉)
နှစ်ရွှေဟင်္သာတိုက်ခန်း၊အမှတ်(၁၀)၊ရွာဘဲရပ်ကွက်နေသူက ပြည်မြို့မရဲစခန်းသို့ဒီဇင်ဘာ
(၅)ရက်နေ့တွင် အမှုဖွင့်တိုင်တန်းခဲ့သဖြင့် ပြည်မြို့မရဲစခန်း(ပ)၉၈၇/၂၀၁၅၊ပြစ်မှုပုဒ်မ-
၃၇၉ အရအမှုဖွင့်ထားပြီး အမှုအား ဒုရဲအုပ်လှိုင်မိုးဝေ ကလက်ခံစစ်ဆေးလျှက်ရှိကြောင်း
သိရသည်။
မှတ်ချက်။ ။အဆိုပါသတင်းသည်ဂျာနယ်သို့ပေးပို့ထားသဖြင့် ယခုမှဖော်ပြခြင်း
ဖြစ်ပါသည်။
ပြည့်သဲမောင်(ပြည်)09 4236 71883
0 comments:
Post a Comment