Thursday, May 21, 2015

နတ်တလင်းမြို့မှာ ပြည်ခိုင်ဖြိုးပါတီမှ အင်အား(၁၀၀)ခန့်နူတ်ထွက်ခွင့်တောင်း

Leave a Comment

နတ်တလင်းမြို့မှာ ပြည်ခိုင်ဖြိုးပါတီမှ အင်အား(၁၀၀)ခန့်နူတ်ထွက်ခွင့်တောင်း



နတ်တလင်း မေ ၂၁

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊နတ္တလင်းမြို့နယ်အတွင်းက၊ဒမငယ်၊ဖလံပင်၊ကြို့ပင်သာ၊ ဆီဆုံကုန်း၊ စမ်းချောင်းအုပ်စု၊လက်ပံပင်စု ကျေးရွာအုပ်စု(၆)အုပ်စုမှ ကျေးရွာ(၁၀)ရွာအတွင်းက၊လယ်ယာမြေ(၁၀၀၀) ဧကကို ဋ္ဌာနဆိုင်ရာအသီးသီးက ၁၉၉၄-ခုနှစ်တွင်သိမ်းယူခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် လယ်ဆည်ဝန်ကြီးဋ္ဌာန၏ လမ်းညွှန်ချက်ဖြင့် ပြန်လည်ပေးအပ်ရန်လမ်းညွှန်ခဲ့သော်လည်း (၅၅၀)ဧကသာပြန်လည်ပေးအပ်ပြီး ကျန်ရှိသောဧက(၄၅၀)ကို ပြန်မပေးပဲ ခရိုင်အုပ်ချုပ်ရေး၊မြို့နယ်အုပ်ချုပ်ရေး ခရိုင်မြေစာရင်း၊မြို့နယ်မြေစာရင်းနှင့် ဋ္ဌာနဆိုင်ရာအသီးသီးတို့မှ သိမ်းဆည်းထားတာကြောင့်၊ ပြန်လည်ရရှိရေးအတွက် (၄)ကြိမ်မြောက်ဆန္ဒထုတ်ဖော်ခဲ့ရာ ယနေ့အထိ ထူးခြားမှုမရှိသဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ နတ်တ္တလင်းမြို့ လွှတ်တော်ကိုယ်စားလှယ်ရုံးရှေ့မှာ ယနေ့ မေ ၂၁ ရက်နေ့ မနက် ၉း၀၀ နာရီခန့်မှာ ပါတီမှအင်အား(၁၀၀)ကျော် နူတ်ထွက်ခဲ့ကြောင်းသိရသည်။



“ သိမ်းထားတဲ့လယ်တွေပြန်ရအောင် ပါတီကိုတင်ပြခဲ့တယ် ဘာမှထူးခြားမှုတခုမှမရှိဘူး ဒါ့ကြောင့် ဒီနေ့ ပါတီကဒ်ရပြီးသူ ရော ကဒ်မရသေးတဲ့ပါတီအဖွဲ့ဝင် ၁၀၀ ကျော် နူတ်ထွက်ဖို့လာရောက်တောင်းဆိုတာပါ ကျွန်တော်တို့ကိုလာရောက်စည်းရုံးတော့ ပြည်သူ့အတွက်အကျိုးရှိတာမှတ်န်သမျှ အကုန်ဆောင်ရွက်ပေးမယ်ပြောတယ် ကဒ်ရရှိပြီးသူ ကဒ်ပြနိုင်သူကိုပဲ ပါတီက ထွက်ခွင့်ပေးမယ်လို့ တာဝန်ရှိသူတွေကပြောပါတယ် “ ဟု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်ဖြစ်သူ ဦးမြင့်နိုင် စမ်းချောင်းအုပ်စုမှပြောသည်။



“ သိမ်းထားတဲ့လယ်တွေကို ပြည်ခိုင်ဖြိုးပါတီက ကူညီပေးလိမ့်မယ်လိုထင်မိတယ် ဆန္ဒပြတာတွေလည်းမနည်းဘူး ခုထိဘာမှမထူးခြားလို့  အဲဒါကြောင့် ဒီပြည်ခိုင်ဖြိုးပါတီက နူတ်ထွက်တာ ပြည်သူတွေအတွက်ဘာမှအကျိုးမပြုနိုင်လို့ ဒီပါတီက ကျွန်မတို့အားလုံးနူတ်ထွက်မှာ ” ဟုမမိုးမိုး ဖလံပင်ကျေးရွာ မှပြောသည်။



အဆိုပါ ပြည်ခိုင်ဖြိုးပါတီမှနူတ်ထွက်ရန်တောင်းဆိုမှုကို ကျေးရွာ ၁၀-စုပေါင်းပြီး နူတ်ထွက်ခဲ့ကြတာဖြစ်ပါတယ်ယခု  ၅-လပိုင်းမှာနူတ်ထွက်ခွင့် တောင်းဆိုမှုပြုလုပ်ခဲ့ပြီး ကျေးရွာတစ်ချို့တွင်ကျန်ရှိနေတဲ့ ပါတီဝင်များကလည်း ၁၀-လပိုင်းခန့်တွင် ထပ်မံနူတ်ထွက်တောင်းဆိုမှုများပြုလုပ်သွားမည် ဟု  ဓမငယ်ကျေးရွာနေထိုင်သူ ကိုထက်ဇော်လင်းထံမှသိရသည်။

ပြည်ခိုင်ဖြိုးပါတီမှ နူတ်ထွက်ခွင့် အင်အား(၁၀၀)ကျော်နှင့်ပက်သတ်ပြီး နတ်တ္တလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ လွတ်တော်ကိုယ်စားလှယ်ရုံးမှ  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြစိုး မှ “ တောင်သူတွေတင်ပြထားတဲ့ လယ်မြေကိစ္စကို ဥပဒေနှင့်အညီဆောင်ရွက်ပေးပြီးဖြစ်ပါတယ် တောင်သူတွေက လုပ်ထုံးလုပ်နည်းဆောင်ရွက်ပုံတွေက လမ်းကြောင်းလွဲနေတယ် လွှတ်တော်ကိုယ်စားလှယ်ဆိုတာ တင်ပြလာတာတွေကို ညှိနိုင်းဆောင်ရွက်တာပဲလုပ်နိုင်သဖြင့် တင်ပြလာတဲ့လယ်ယာမြေကိစ္စဟာ လုပ်ထုံးလုပ်နည်းနှင့်မညီလို့ ပါတီအနေနဲ့ ဘယ်လိုမှဆောင်ရွက်မပေးနိုင်တာပါ “ ၄င်းကဆက်လက်ပြောသည်။



ဖော်ပြပါ နူတ်ထွက်ခွင့်တောင်းသည့် ကျေးရွာများမှ မေ (၂၀)ရက်နေ့တွင် ပါတီစည်းကမ်းနှင့်အကိုက်ညီသောကြောင့် ပါတီဝင်(၁၀)ဦးအား ကြိုတင်ထုတ်ပယ်ထားခဲ့တာဖြစ်ပြီး ယနေ့နူတ်ထွက်ခွင့် လာတောင်းသူများထဲမှ ပါတီကဒ်ရှိသူ (၃၁)ယောက်ကို နူတ်ထွက်ခွင့်ပြုလိုက်ကြောင်း

ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ လွတ်တော်ကိုယ်စားလှယ်ရုံးမှတာဝန်ရှိသူများထံမှသိရသည်။ပြည်ခိုင်ဖြိုးပါတီမှ ယနေ့နူတ်ထွက်ခွင့်တောင်းဆိုမှုများအပြီးတွင် အင်တာဗျုးတောင်းခံခဲ့ရာ သတင်းထောက်ကဒ်ပါရှိပြီး ဓါတ်ပုံနှင့်မှတ်ပုံတင်အမှတ်မပါရှိလို့ သတင်းယူခွင့် မရပဲ အပြင်မှာ ထိုင်စောင့်နေရသော သတင်းထောက်တချို့လည်းရှိခဲ့ပြီး နေ့လည် ၁၂-နာရီခန့်တွင် လူစုခွဲလိုက်ကြပြီး တားစီးပိတ်ပင်မှုများမရှိကြောင်းသိရသည်။

သတင်းနှင့်ဓါတ်ပုံ တင်ဆက် ပြည်သတင်းလူငယ်(ပြည်သတင်း)
(ခ)   K3(pyay)
09253311019


0 comments:

Post a Comment

Facebook Like Page