Monday, July 20, 2015

ထိန်တောတိုက်နယ်အတွင်းရာဇ၀တ်မှုများဖြစ်လျှက်ရရှိရာ အမှုမှန်များပေါ်ပေါက်ခြင်းမရှိ

Leave a Comment
ထိန်တောတိုက်နယ်အတွင်းရာဇ၀တ်မှုများဖြစ်လျှက်ရရှိရာ အမှုမှန်များပေါ်ပေါက်ခြင်းမရှိ



ပဲခူးတိုင်း၊သာယာဝတီခရိုင် မိုးညို မြို့နယ်၊ထိန်တောတိုက်နယ်၊မှာ၊ရာဇ၀တ်မှုတွေအဖြစ်များနေပြီး၊အဓိကတရားခံတွေကို၊ဖမ်းစီးအရေးယူနိုင်မှုမရှိတာကြောင့်ဒေသခံတွေ၊လုံခြုံမှုမရှိဖြစ်နေကြောင်းသိရသည်။ခလေးပျောက်မှု၊အုပ်စုဖွဲ့၊ဒါးခုတ်မှု၊အရွယ်မရောက်သေးတဲ့ခလေးအနိုင်ပြုကျင့်ခံရမှုတွေ၊အဖြစ်များနေပြီးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့တွေက၊အရေးယူဆောင်ရွက်မှု အားနည်းနေသောကြောင့်၊ယနေ့ထိအမှုတစ်ခုမှ၊ဖေါ်ထုတ်နိုင်ခြင်း၊တရားရုံးပို့နိုင်ခြင်းတွေမရှိ သောကြောင့် ကာယကံရှင် မိသားစုတွေမှ စိုးရိမ်ပှုပန်လျှက်ရှိကြောင်းသိရသည်။

အဆိုပါထိန်တောတိုက်နယ်အတွင်း ၂၀၁၂-ခုနှစ် ၃လပိုင်းတွင် တုတ်ဓားများဖြင့်အိမ်ဝင်ပြီးပစ္စည်းများဖျက်စီးခြင်း၊မ.ဆ.လခေတ် သိမ်းဆည်းခံလယ်ယာမြေကိစ္စအား နှစ်ဦးနှစ်ဖက်စစ်ဆေးမေးမြန်းခြင်းမရှိ ဦးစွာလာရောက်တိုင်ကြားသူအား ထိန်တောအုပ်စု အုပ်ချုပ်ရေးမှူးမှ အနိုင်ပေးလိုက်ခြင်း၊၂၀၁၄-ခုနှစ် ၁၀-လပိုင်း ထိန်တောတိုက်နယ် အဂါင်္ရပ်ကွက်နေ မောင်မင်းကို(၇)နှစ်သေဆုံးမှုမသင်္ကာစရာအထောက်ထားရှိသော်လည်းသေမှုသေခင်းအဖွင့်ခံရခြင်း၊၂၀၁၄-ခုနှစ် ၁၁-လပိုင် ထိန်တောအုပ်စု သက်ကယ်ကွင်းကျေးရွာ ၅-နှစ်ကျော်ခလေးမလေး စော်ကားခံရမှု့ တရားခံယခုထိလွတ်နေခြင်း၊၂၀၁၅-ခုနှစ် ၅-လပိုင်း ထိန်တောဆရာစံလမ်း ၁၄-နှစ်သမီးအားသွေးဆောင်ဖြားယောင်းမှု တရားခံလွတ်မြောက်နေခြင်းများ အပြင်အခြားကိစ္စများစွာလည်းရှိနေကြကြောင်းသိရသည်။

  “ကျမသမီးလေးက(၁၄) နှစ်ပဲရှိသေးတယ်။မိန်းမရှိတဲ့၊သက်ဝေဆိုတဲ့လူက ဆိုင်ကယ်နဲ့၊အတင်းဆွဲတင်သွားတာ၊မေလ(၈)ရက်နေ့ကထဲက၊ခလေးက အသက်ရှင်ရဲ့ရှိသေးလားလို့တောင်သံသယဖြစ်နေရတယ်။အခုလဲအမှုမလုပ်ပါဘူးလို့ လက်မှတ်ထိုးပေးရင်၊ခလေးကိုပြန်ပို့ပေးမယ်လို့၊အုပ်ချုပ်ရေးမှုးအိမ်မှာခေါ်ပြီးအပေးအယူ လုပ်နေတယ်”ဟု ကလေးမိခင် ဒေါ်မြမြ မှသမဂ္ဂဂျာနယ်သို့ပြောသည်။

အဆိုပါအမှုတွေအပြင် ဆိုင်ကယ် မတော်တစ်ဆမှု့တွေများပါဝင်ကူညီဖြေရှင်းပေးသူ ဒေခံပြည်သူတစ်ဦးမှ သက်ဆိုင်ရာဌာနများသို့ဖြေရှင်းမပေးကြောင်း တိုင်စာများပေးပို့ခဲ့သည်ကိုသိရှိသွားခဲ့ကြလို့ ၄င်းအား ၀တ္တရားနှောင့်ယှက်မှုဟုဆိုကာ အရေးယူထားကြောင်းသိရသည်။

“ဆိုင်ကယ် accident ဖြစ်တာတွေ၊ဆိုင်ကယ်သိမ်းပစ်တာတွေ၊ခလေးငယ်အသတ်ခံရတာတွေ၊ကြိုးစွဲချသေတာတွေ၊မတရားသဖြစ်တွေလုပ်နေလို့၊ ဒီထိန်တောမှာတော့ အမှုပေါင်းအများကြီးပဲ။ထိန်တောအုပ်စုမှာ အုပ်ချူပ်ရေးမှူးက ဒီထိန်တောမှာအကြီးဆုံးဆိုပြီးလုပ်ချင်တိုင်းလုပ်နေတယ်။ဒါတွေကို ရဲကလည်းဖြေရှင်းမပေးဘူး။အဲဒါကြောင့်ကျွန်မတို့ သက်ဆိုင်ရာဌာနကလူကြီးတွေသိအောင်တိုင်စာပို့တယ်။တိုင်ကြားလိုက်လို့၊ကျွန်မတို့လင်မယား(၂)ယောက်ကို ၀တ္တရားနှောက်ယှက်မှု နဲ့ဆိုပြီး တရားစွဲထားလို့အခု အမှုရင်ဆိုင်နေရတယ်။”ဟု မဇင်ဇင်ထွဋ်(တိုင်ကြားပေးလို့၊အရေးယူခံရသူ) မှသမဂ္ဂဂျာနယ်သို့ပြောသည်။

 “မိန်းခလေးအခိုးခံရတဲ့ကိစ္စကတရားခံမမိသေးဘူး။စုံစမ်းနေဆဲပဲ။တရားခံကို ရန်ကုန်ထိ တက်ရှာဖွေ ပြီးပါပြီ။ အခြား နယ်တွေက ရဲစခန်းတွေကို လည်းဆက်သွယ်ပြီး ရှာဖွေနေဆဲပဲဖြစ်တာကြောင့်၊တရားခံ မမိသေးတာကြောင့်၊တရားရုံးကိုတော့ဒီအမှုက မတင်ရသေးပါဘူး။ ၊အခြား အမှုတွေကတော့၊မရှိပါဘူး။ရှိလည်း ဥပဒေတိုင်းဖြေရှင်းဆောင်ရွက်ပါတယ်။”ဟု ထိန်တောရဲစခန်းမှူး ရဲအုပ်မောင်မောင်ဌေး မှသမဂ္ဂဂျာနယ်သို့ပြောသည်။

      ထိန်တောတိုက်နယ်အတွင်းမှာ၊မတော်တဆဖြစ်တဲ့ ဆိုင်ကယ်တွေ၊ကို အပြီးသိမ်းဆည်းမှု့နှင့် (၁၀)နှစ်သားခလေးငယ် အသတ်ခံရမှု့ကို ကြိုးဆွဲချသေဆုံးမှု့ဟုဆရာဝန်က ဆေးစာထုတ်ပေးခဲ့မှုများအပြင် မိန်ခလေးငယ်တယောက် ခိုးခံရမှု၊အုပ်စုဖွဲ့၍အိမ်ထဲဝင်ပြီး၊ဓါးတွေ နဲ့ဝိုင်းခုတ်မှုတွေ ဖြစ်ပွားခဲ့ပြီး၊အရေးယူဆောင်ရွက်မှုတွေအားနည်းသောကြောင့် တိုင်ကြားခဲ့ပေမဲ့ တိုင်ကြားသူ တွေကိုပဲ၊အရေးယူဆောင်ရွက်ထားတာတွေ လုပ်နေခဲ့သောကြောင့်၊ဒေသတွင်းနေထိုင်သူတွေ၊တရားဥပဒေရဲ့အကာကွယ်ပေးမှု မဲ့နေသလို ခံစားနေရကြရဇူလိုင်လ-၁၇ရက်နေ့ထိတိုင်အောင်ထူးခြားမှုမရှိသေးကြောင်းသိရသည်။

မောင်ပန်ကာ(ပြည်)သမဂ္ဂဂျာနယ်..
တင်ဆက်..ပြည်သတင်းလူငယ်(09253311019)

0 comments:

Post a Comment

Facebook Like Page