Tuesday, March 21, 2017

ကားအငှားမောင်းခိုင်းထားတဲ့ယာဉ်မောင်းက အပိုင်ယူသွားလို့အမှုဖွင့်

Leave a Comment
ကားအငှားမောင်းခိုင်းထားတဲ့ယာဉ်မောင်းက အပိုင်ယူသွားလို့အမှုဖွင့်

ပြည် မတ်လ(၂၁)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ပြည်မြို့တွင် စွယ်တော်ဖူး၊ အဝေးပြေးလိုင်းကားအား
အငှားမောင်းခိုင်းထားသူယာဉ်မောင်းမှ မော်တော်ယာဉ်အား ပြန်လည်ပေးအပ်ခြင်း
မရှိဘဲ ယူဆောင်မောင်းနှင် ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ယာဉ်ပိုင်ရှင်မှအမှုဖွင့်
ထားကြောင်းသိရသည်။

ဖြစ်စဉ်မှာ မတ်(၁၁)ရက်နေ့ နေ့လည်(၃း၀၀)နာရီ အချိန်ခန့် ပြည်မြို့၊ မြို့သစ်ရပ်ကွက်၊
အဝေးပြေးဝန်း၊ စွယ်တော်ဖူးကားဂိတ်တွင် ကိုမြင့်ဇော်ဦး၊လက်ဘက်ရည်ဆိုင်လုပ်ငန်း၊
ဆေးရုံကြီးရှေ့၊ အောင်ဆန်းပြည်သာယာရပ်ကွက်၊ ပြည်မြို့၊ နေသူမှာ ၄င်းပိုင် KINGL
ONE အမျိုးအစား ၊ အဖြူရောင်၊ မှန်လုံယာဉ်ငယ် BGO 2K 3987 ကာလတန်ကြေးကျပ်
သိန်း(၂၄၀) တန်ဖိုးရှိ၊ စွယ်တော်ဖူး၊ အဝေးပြေးလိုင်းကားအား ခရီးသည်များတင်ဆောင်
၍ ပြင်ဦးလွင်ခရီးစဉ်ကို ထွက်ရန်ခေါက်ကြေး ဖြင့်ငှားရမ်း၍ ယာဉ်မောင်းခန့်ထားသူ ကို
ပေါက်စီ၊ ၆/၂ လမ်း၊ ခေတ္တရာမြို့သစ်ရပ်ကွက်၊ ပြည်မြို့တွင် အိမ်ငှားနေထိုင်သူအားကား
သော့နှင့် ကားအားပေးအပ်၍ မောင်းနှင်စေခဲ့ဆို၏။

ထိုသို့ကားအားမောင်းနှင်စေခိုင်းပြီးနောက် မတ်(၁၃)ကိုပေါက်စီမှ ပုဂံ၊ ညောင်ဦး၊ ခရီးစဉ်
အားအော်ဒါရ၍ လိုက်သွားကြောင်း ကိုမြင့်ဇော်ထံမှ မက်စေ့ ပေးပို့ခဲ့ပြီး ကားပြန်လည်ရော
က်ရှိရမည့် မတ်(၁၇)ရက်နေ့ နေ့လည်(၁၂း၀၀)အချိန် ထိကားပြန်လည်ရောက်ရှိမလာသ
ဖြင့် ကိုမြင့်ဇော်ဦးမှ ကိုပေါက်စီထံသို့ ဖုန်းဖြင့်ဆက်သွယ်ရာ ဖုန်းပိတ်ထား၍ ဆက်သွယ်မ
ရရှိကြောင်း ပြင်ဦးလွင်ဂိတ်သို့ ဆက်သွယ်မေးမြန်းရာတွင် မတ်(၁၂)ရက်နေ့ နေ့လည်(၁၂း
၀၀) အချိန်က ခရီးသည်များတင်ဆောင်၍ မကွေးခရီးစဉ်သို့ ပြန်လည်ထွက်ခွာသွားကြောင်း
စုံစမ်းသိရှိရသည်ဆို၏။

ထို့ကြောင့် ကိုပေါက်စီနေထိုင်သည့် မြို့သစ် ၆/၂ လမ်းသို့သွားရောက်စုံစမ်းရာ ကိုပေါက်စီ
ငှားရမ်းနေထိုင်သည့် အိမ်ရှင်မှာ ဦးအုန်းသွင်၊ကုန်းနန်းကြီးရွာ၊ ရွှေတောင်မြို့နယ်နေသူဖြစ်
ကြောင်း ကိုပေါက်စီ၏ ဇနီးနှင့် သားငယ်တစ်ဦးမှာ မတ်(၁၅) နေ့ကပြောင်းရွှေ့သွားသည်ဟု
ထပ်မံ စုံစမ်းသိရှိရကြောင်း တရားလိုကဆို၏။

ထို့ပြင် ကိုပေါက်စီနှင့်မောင်းနှင်သွားသည် BGO 2K 3987 ယာဉ်အားလိုက်လံစုံစမ်းရှာဖွေ
သော်လည်း သတင်းတစ်စုံတစ်ရာ မရရှိသောကြောင့် ယုံကြည်စိတ်ချစွာဖြင့် ခေါက်ကြေး
ပေး မောင်းနှင်စေခိုင်းခဲ့သော မော်တော်ယာဉ်အား ပြန်လည်ပေးအပ်ခြင်းမရှိဘဲ ယူဆောင်
မောင်းနှင် ထွက်ပြေးတိမ်းရှောင်သွားသူ ယာဉ်မောင်းကိုပေါက်စီအပေါ် ဥပဒေအရအရေး
ယူပေးပါရန် ကိုမြင့်ဇော်ဦးမှ မတ်(၁၉)ရက်နေ့ ရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့သဖြင့်
ပြည်မြို့မရဲစခန်း(ပ)၆၇၀/၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၀၆အရအမှုဖွင့် ဆောင်ရွက်
ထားရှိပြီး အမှုအား ရဲအုပ် မျိုးသိန်းမှ လက်ခံစစ်ဆေး၍ အမှုမှ ကိုပေါက်စီအား ဖမ်းဆီးရမိ
နိုင်ရေး ဆောင်ရွက်လျှက် ရှိကြောင်းသတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ
မှတ်ချက်။         ။အဆိုပါကားနှင့်ယာဉ်မောင်း ပေါက်စီအားတွေ့ရှိပါက
                      ပြည်မြို့မရဲစခန်း 053 -24182
                      အမှုစစ်အရာရှိ  09  -781102307
                      ယာဉ်ပိုင်ရှင်      09 -5360707




0 comments:

Post a Comment

Facebook Like Page