Friday, February 17, 2017

ကားနောက်ဘီးဖြင့် ကြိတ်မိသဖြင့် (၂)နှစ်အရွှယ် ကလေးငယ်တစ်ဦး သေဆုံး

Leave a Comment

ကားနောက်ဘီးဖြင့် ကြိတ်မိသဖြင့် (၂)နှစ်အရွှယ်
ကလေးငယ်တစ်ဦး သေဆုံး

ပေါင်းတလည် ဖေဖော်ဝါရီ (၁၇)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတလည်နယ်မြေရဲစခန်း
အပိုင် ပြည်-ပေါက်ခေါင်းကားလမ်းတွင် ဖေဖော်ဝါရီ(၁၇)ရက်
နေ့ နံနက်(၈)နာရီ (၄၅)မိနစ်အချိန်ခန့် ယာဉ်မတော်တဆမှုဖြစ်
ပွားရာ (၂)နှစ်အရွှယ် ကလေးငယ်တစ်ဦးပွဲချင်းပြီး သေဆုံးခဲ့မှု
ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြည်-ပေါက်ခေါင်းကားလမ်း မိုင်တိုင်အမှတ်(၇/၇)နှင့်
(၈)အကြား ပေါင်းတလည်မြို့  အရှေ့ပိုင်းရပ်ကွက် စာတိုက်ရှေ့
တွင် မမိုးမိုးကြည်(၃၈)နှစ် လွန်တပတ်ကျေးရွာ ပေါက်ခေါင်းမြို့
နေသူမှ သမီးဖြစ်သူ မသက်ထက်အောင်(၂)နှစ် (ဘ) ဦးတင်ရှိန်
အားNORIKO အမျိုးအစား ကြက်သွေးရောင် မစီးစက်ဘီးလက်
ကိုင်တွင် ထိုင်ခုံချိတ်လျှက်တင်ပြီး ပေါက်ခေါင်းဘက်မှ ပြည်ဘက်
သို့ လမ်းယာဘက်ခြမ်းမှ စီးနင်းလာစဉ် လားရာတူနောက်မှ
ဦးတင်ထွဋ် မောင်းနှင်လာသော BGO 8A/.........CANTERအ
မျိုးအစား အဖြူရောင်ယာဉ်မှ ကျော်တက်မောင်းနှင်စဉ် မမိုးမိုး
ကြည် စီးနင်းလာသောစက်ဘီးမှာ မော်တော်ယာဉ်ဘက်သို့လဲ
ကျသွားခဲ့စဉ် ယာဉ်၏နောက်ဘီးဖြင့် ကြိတ်မိသဖြင့် မသက်ထ
က်အောင်တွင် ဦးခေါင်းနောက်စေ့ပွင့်ထွက်ကာ အခင်းဖြစ်နေ
ရာ၌ သေဆုံးခဲ့ပြီး မိခင်ဖြစ်သူ မမိုးမိုးကြည်တွင် ယာလက်မနှင့်
လက်ညိုးကြား ကွဲအက်ဒဏ်ရာရရှိသဖြင့် ဆေးရုံတက်ရောက်
ကုသမှုခံယူနေရကြောင်း ပေါင်းတလည်နယ်မြေရဲစခန်းမှ သိရ
သည်။
ထို့ကြောင့်ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ဦးတင်ထဋ်(၄၃)
နှစ်(ဘ)ဦးအောင်မြင့် ဘုရားလမ်း မြောက်ပိုင်းရပ်ကွက် ပေါင်း
တလည်မြို့နေသူအား ဥပဒေအရ အရေးယူပေးပါရန် ဒုရဲအုပ်
ထွန်းထွန်းဦးမှ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ပေါင်းတလည်
နယ်မြေရဲစခန်း ယာဉ်(ပ)၂/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ -၃၀၄-က/
၃၃၈ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့ပြီး အမှုအားရဲအုပ် ဇင်မင်းဦး
မှလက်ခံစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

ဓါတ်ပုံ တိုး ဝေဦး


0 comments:

Post a Comment

Facebook Like Page