Tuesday, February 14, 2017

ကိုယ့်ဘက်က တာဝန်မကျေဘူးလို့ခံစားရတဲ့ သတင်းမဟုတ်တဲ့......ပီတီဖြစ်စရာ စာတစ်ပုဒ်

Leave a Comment
ကိုယ့်ဘက်က တာဝန်မကျေဘူးလို့ခံစားရတဲ့
သတင်းမဟုတ်တဲ့......ပီတီဖြစ်စရာ စာတစ်ပုဒ်

ပဲခူးတိုင်းဒေသကြီး၊ပြည်မြို့မှာ လွန်ခဲ့တဲ့ရက် အနည်းငယ်က
အလွန်ဝမ်းသာပီတီဖြစ်စရာ သတင်းတစ်ပုဒ်ကို မတင်လိုက်ရ
တဲ့အတွက် ကို့ကိုယ်ကို တာဝန်မကျေဘူးလို့ ခံစားရတဲ့အတွက်
အခု ပြည်မြို့သူ/ပြည်မြို့သား ထပ်တူဝမ်းသာစေချင်လို့ ဖော်ပြ
လိုက်ပါတယ်။

အဲဒါကတော့ ဘာလဲဆိုရင် ပြည်မြို့ ဆံတော်ရပ်ကွက် ၊ဆံတော်
အရန်မီးသတ်တပ်ဖွဲ့ တပ်ခွဲ(၂) တပ်စု(၅)အတွက် မီးငြိမ်းသတ်
ယာဉ်တစ်စီးရောက်ရှိလာပါတယ်။ အလှူ ရှင်ကတော့ ရန်ကုန်-
ပြည် ကရဝိတ် သင်္ကန်းတိုက် မိသားစုမှ လှူ ဒါန်းခဲ့တာဖြစ်ပြီး ယ
ခင် မီးသတ်ယာဉ်မှာ အချိန်ကာလကြာမြင့်တာနဲ့အမျှ အင်ဂျင်ပိုင်း
ဆိုင်ရာများ ပျက်ဆီးလာခြင်း ၊ ခိုင်းလာခဲ့သည့် သက်တမ်းအလျှော
က်မီးလောင်ပြင်သို့ လက်ပူတိုက်ထွက်နေရသည့်အခြေအနေသို့
ရောက်ရှိနေပြီဖြစ်သည့်အတွက် ယခုလိုမီးသတ်ယာဉ်တစ်စီးအား
လှူ ဒါန်းရခြင်းဖြစ်ပါတယ်။

အလှူ ရှင်တွေအနေနဲ့ကတော့ အမှန်တကယ် ကိုယ်ကြိုးမဖက်ဘဲ
ရပ်ကွက်နေ ပြည်သူများအတွက် စေတနာ ၊ ဝါသနာ ၊အနစ်နာဆို
တဲ့ နာ(၃)နာကိုယ်လက်ကိုင်ထားဆောင်ရွက်နေတဲ့ အဖွဲ့အတွက်
လိုအပ်နေတဲ့ မီးသတ်ကားလှူ ဒါန်းမှုအပေါ် သတင်းပိုင်းမှာကျယ်
ကျယ်ပြန့်ပြန့် မဖြစ်စေချင်သော်လည်း စာရေးသူပြည်သားတစ်ေ
ယာက်အနေနဲ့ တာဝန်မကျေသလိုခံစားရသည်ကတစ်ကြောင်း၊
ကိုယ်ပိုင်ကားမစီးနိုင်ပေမဲ့ ကိုယ်ပိုင်ရသကဲ့ဝမ်းသာပီတီဖြစ်ရသည်
ကတစ်ကြောင်း ထိုသို့သော အကြောင်းကြောင်းလေးများကြောင့်
ယခုကဲ့သို့ရေးသားဖော်ပြသည့်အပေါ် အလှူ ရှင်များအနေဖြင့်တပ်
ဖွဲ့အပေါ် အမြင်မမှားစေရန် မေတ္တာရပ်ခံရင်း သတင်းမဟုတ်တဲ့
ပီတီဖြစ်စရာ စာတစ်ပုဒ်ကိုဖော်ပြလိုက်ရပါတယ်ခင်ဗျာ......

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ




0 comments:

Post a Comment

Facebook Like Page