Sunday, February 19, 2017

“ဖြိုး”စက်သုံးဆီရောင်းဝယ်ရေးဆိုင်၏ မီးလောင်မှုဖြစ်စဉ်

Leave a Comment

“ဖြိုး”စက်သုံးဆီရောင်းဝယ်ရေးဆိုင်၏ မီးလောင်မှုဖြစ်စဉ်

ပေါက်ခေါင်း ဖေဖော်ဝါရီ(၁၉)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ပေါက်ခေါင်းမြို့၊သဖန်းချိုအုပ်စု၊
သဖန်းချိုကျေးရွာ၊ပြည်-ပေါက်ခေါင်းကားလမ်း မိုင်တိုင်အမှတ်(
၁၈/၃)အနီးရှိ “ဖြိုး”စက်သုံးဆီရောင်ဝယ်ရေးဆိုင်တွင် ဖေဖော်
ဝါရီ(၁၈)ရက်နေ့ ညနေ(၄)နာရီ(၂၀)အချိန်ခန့်၌ မီးလောင်မှုဖြစ်
ပွားကြောင်း သိရသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားရခြင်းမှာ ဖြိုးမင်းအောင်(ခ)ကိုဖြိုး(၃၇)နှစ်
(ဘ)ဦးမောင်အေး ၊ပေါက်ခေါင်းမြို့နေသူပိုင်ဆိုင်သော အလျား(၁၈)
ပေ၊အနံ(၁၂)ပေ၊အမြင့်(၁၀)ပေ၊သွပ်မိုး၊မြေစိုက်အမျိုးအစား “ဖြိုး”စက်
သုံးဆီရောင်ဝယ်ရေးဆိုင်အတွင်း အလုပ်သမားများဖြစ်ကြသည့် လှိုင်
ကြီး(ခ)လှိုင်ညီညီ၊အောင်ဇော်ဌေး ပေါက်ခေါင်းမြို့နေသူတို့သည် ဆိုင်
ထဲတွင်ရှိသော သုံးဘီးဆိုင်ကယ်ပေါ်ရှိ ဓါတ်ဆီပေပါ(၂)လုံးအတွင်းမှဓါ
တ်ဆီများအား ပလပ်စတစ်ပုံးအတွင်းသို့ လှယ်ထည့်နေစဉ် အပူလွန်ကဲ
ရာမှမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သိရ
သည်။
ထိုသို့ မီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာသို့ ပေါက်ခေါင်းမြို့နယ် မီးသတ်
ဦးစီးမှူး ဦးရဲမင်းသန်းနှင့်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ပြည်ခရိုင်မီးသတ်
ဦးစီးမှူးနှင့်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ၊ပေါက်ခေါင်းမြို့၊ ပေါင်းတလည်
မြို့၊ပြည်မြို့ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုရေးအသင်းအဖွဲ့များ
ပေါက်းခေါင်းမြို့ရှိပြည်သူလူထုများ ဝိုင်းဝန်း၍ စုပေါင်းမီးငြိမ်းသတ်ခဲ့သ
ဖြင့် ညနေ(၅)နာရီ(၂၀)အချိန်ခန့် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း။

အဆိုပါမီးလောင်ခဲ့မှုကြောင့် စက်သုံးဆီဆိုင်ဝန်းအတွင်းရှိ သုံပင်၊လေးပင်
သိပ်မိုး၊မြေစိုက်(၁)လုံး၊သုံးဘီးဆိုင်ကယ်(၁)စီးနှင့်ဓါတ်ဆီဂါလံ(၁၅၀)ခန့်
ပျက်ဆီးဆုံးရှုံးခဲ့ပြီး စုစုပေါင်းပျက်ဆီးဆုံးရှုံးမှုတန်ဘိုးမှာ(၁၅)သိန်းကျပ်ခန့်
ဖြစ်ပြီး အခြားနေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းခြင်းမရှိသော်လည်းမီး
လောင်မှုကြောင့် လှိုင်ကြီး(ခ)လှိုင်ညီညီတွင် ဝဲဘက်နှင့်ယာဘက်ခြေထော
က်မီးအပူလောင်ဒဏ်ရာရရှိခြင်း၊အောင်ဇော်ဌေးတွင် ဝဲဘက်ယာဘက်ခြေ
ကျင်းဝတ်မီးအပူလောင်ဒဏ်ရာ၊ယာဘက်လက်ကောက်ဝတ်မီးအေပူဒဏ်ရာ
များရရှိခဲ့ကြောင်းသိရသည်။
ထိုေ့ကြောင့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဖြိုးမင်းအောင်(ခ)ကိုဖြိုး၊လှိုင်ကြီး(ခ)လှိုင်
ညီညီနှင့်အောင်ဇော်ဌေးတို့ အရေးယူပေးပါရန် ဒုရဲအုပ်မျိုးမင်းသိန်းမှတရားလို
ပြုလုပ်တိုင်တန်းခဲ့သဖြင့် ပေါက်ခေါင်းမြို့မရဲစခန်း(ပ)၁၅၃/၂၀၁၇၊ရာဇသတ်ကြီး
ပုဒ်မ ၂၈၅/၃၃၈ ဖြင့်အမှုရေးဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

ပြည့်သဲမောင်(ပြည်)09-423671883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ





0 comments:

Post a Comment

Facebook Like Page