Friday, February 24, 2017

အချက်ပြမီးမပြဘဲချိုးကွေ့သည့်ကားနှင့် ယာဉ်နောက်ကိုကပ်လိုက်သည့်ဆိုင်ကယ်တို့ တိုက်မှုဖြစ်

Leave a Comment
အချက်ပြမီးမပြဘဲချိုးကွေ့သည့်ကားနှင့်

ယာဉ်နောက်ကိုကပ်လိုက်သည့်ဆိုင်ကယ်တို့ တိုက်မှုဖြစ်

ရွှေတောင် ဖေဖော်ဝါရီ(၂၄)ရက်နေ့
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ရွှေတောင်မြို့နယ် ၊ရန်ကုန်-ပြည်
ကားလမ်းမပေါ် ပုရပိုဒ်တန်းရွာတွင် ဖေဖော်ဝါရီ(၂၃)ရက်နေ့ ညနေ
(၅)နာရီ (၃၀)အချိန်ခန့် ဆိုင်ကယ်နှင့်ကား ယာဉ်တိုက်မှုဖြစ်ပွားခဲ့
ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ရန်ကုန်-ပြည်ကားလမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွား
ကြောင်းသတင်းအရ ရွှေတောင်မြို့မရဲစခန်းမှ ဒုရဲအုပ်ဇော်သန်းထိုက်
နှင့်အဖွဲ့သည် သွားရောက်စစ်ဆေးခဲ့သည်ဆို၏။

ထိုသို့သွားရောက်စစ်ဆေးရာ ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်
အမှတ်(၁၇၂/၃)နှင့်(၁၇၂/၄)အကြား ပုရပိုဒ်တန်းရွာတွင် ပြည်
ဘက်မှရန်ကုန်ဘက်သို့ ဝေယံ(၂၃)နှစ်၊(ဘ)ဦးကျော်နိုင်ဝင်း ၊ပု
တီးကုန်းမြို့နေသူ မောင်းနှင်ပြီးယာဉ်ပေါ်တွင် သက်ကို၊အောင်
ဆွေဦး၊ကျော်မင်းထက် တို့လိုက်ပါလာသည့် YGN 1E……..နံ
ပါတ်ပြားပါ TOHKATSO အမျိုးအစား အပြာနုရောင်ယာဉ်မှာလမ်း
၏ ယာဘက်ခြမ်းသို့ အချပြမီးမပြဘဲ ရုတ်တရက်ချိုးကွေ့လိုက်စဉ်
နောက်မှ မောင်မောင်စိုး(၄၄)နှစ်၊(ဘ)ဦးငွေစိုး ပြည်မြို့နေသူ မောင်း
နှင်လာသည့် နံပါတ်ပြားမပါ Luojla-125 အနက်ရောင်ဆိုင်ကယ်
မှာ အရှိန်မထိန်းနိုင်ဘဲ ယာဉ်၏ဝဲဘက်ခြမ်းနောက်မြီးအား လမ်းမ
အလယ်တွင်ဝင်ရောက်တိုက်မိခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ မောင်
မောင်စိုးတွင် ဝဲဘက်ဒူးခေါင်း ပေါက်ပြဲဒဏ်ရာ ၊ဗိုက်အောင့်/ခေါင်း
မူးဒဏ်ရာ ၊ဝဲဘက်ပေါင်/ခါးနာကျင်ဒဏ်ရာများ ရရှိခဲ့ပြီး ယာဉ်ပေါ်ပါ
လာသူများမှာ ဒဏ်ရာရရှိမှုမရှိကြောင်းသိရရသည်။

ထိုသို့ ဆိုင်ကယ်နှင့်ယာဉ်တိုက်မှုဖြစ်ပွားပြီး TOHKATSO အမျိုးအစား
အပြာနုရောင်ယာဉ်မှာ လမ်း၏ ယာဘက်ခြမ်းရှိ KTV ဆိုင်ဝန်းထဲသို့
မောင်းနှင်ထွက်ပြေးခဲ့ပြီး ဆိုင်၏နောက်ခြံစည်းရိုးအနီးတွင် ကားအား
ရပ်တန့်ထားခဲ့ပြီး ကားမောင်နှင်သူမှာထွက်ပြေသွားခဲ့သည်။

ထို့ကြောင့်ဖြစ်စဉ်နှင့် ပတ်သက်၍ အချက်ပြမီးမပြဘဲ နောက်ယာဉ်ကြော
မရှင်းမီတစ်ဖက်ယာဉ်ကြောသို့ ချိုးကွေ့မောင်းနှင်သော မောင်ဝေယံနှင့် ဆိုင်ကယ်အားရှေ့ယာဉ်၏နောက်မှကပ်လျှက်မောင်းနှင်သူ မောင်မောင်စိုး 
တို့အား ဥပဒေအရအရေးယူပေးပါရန် ဒုရဲအုပ် ဇော်သန်းထိုက်မှတရားလို
ပြုလုပ်တိုင်တန်းသဖြင့် ရွှေတောင်မြို့မရဲစခန်း ယာဉ်(ပ)၁၇/၂၀၁၇ ၊ ရာဇ
သတ်ကြီးပုဒ်မ ၃၃၈/၂၀၂ ဖြင့်အမှုဖွင့်ခဲ့ပြီး အမှုအား ဒုရဲအုပ်သန်းထိုက်မှ
လက်ခံစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိသည်။

မှတ်ချက်။ ။ 1 ….အဆိုပါကားသည် KTV ဆိုင်မှပိုင်သော ကားမဟုတ်
ခြင်း ၊ 2..KTV ဆိုင်ထဲမှထွက်လာပြီး ယာဉ်တိုက်မှုဖြစ်တာ မဟုတ်ခြင်း ၊ 3
… အမှုဖြစ်စဉ်သည်၎င်းကောင်းဆိုင်နှင့် မသက်ဆိုင်သည့်အတွက်သတင်း
ကျင့်ဝတ်အရ KTV ဟုသာဖော်ပြခြင်း ဖြစ်ပြီး ငွေကြေးတစ်စုံတစ်ရာရှိ၍ ဆိုင်
အမည်ဖျောက်ထားခြင်းမဟုတ်ကြောင်းနှင့်ကားနံပတ်မဖော်ပြခြင်းကိုလဲဂျာ
နယ်နှင့်နေ့စဉ်သတင်းစာ ဖတ်ဖူးသူတိုင်းနားလည်လိမ့်မည်ထင်ပါသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883

ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ



0 comments:

Post a Comment

Facebook Like Page