Thursday, June 16, 2016

နတ္တလင်းမြို့နယ်အတွင်းရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း ၃၂-ရွာ တံတား ၂-စင်း လယ်ဧကပေါင်းသုံးထောင်ကျော်ပျက်စီးဆုံးရှုံးခဲ့ရ

Leave a Comment



နတ္တလင်းမြို့နယ်အတွင်းရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း ၃၂-ရွာ တံတား ၂-စင်း လယ်ဧကပေါင်းသုံးထောင်ကျော်ပျက်စီးဆုံးရှုံးခဲ့ရ

 

နတ္တလင်း၊ဇွန်၊၁၆

 

ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊နတ္တလင်းမြို့နယ်အတွင်းမှာ ပြီးခဲ့သည့် ခြောက်ရက်ခန့်မှ ဇွန်-၁၆-ရက်နေ့အထိ မိုးအဆက်မပျက်ရွာသွန်းမှု နှင့် တောင်ကျရေစီးဆင်းမှုတို့ကြောင့် ကျေးရွာပေါင်း ၃၂-ရွာရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး  တံတား ၂-စင်းကျိုးကျပျက်စီးသွားခဲ့ကြောင်းသိရသည်။

 

“ကျွန်တော်တို့ရွာကတာပွန်ကိုကျောင်သွားတက်ရတာ၊အခုလိုအခြေအနေနဲ့ဆိုလှေနဲ့(၅)မိုင်လောက်သွားရတော့မှာ၊ခလေးတွေတော်တော်ဒုက္ခရောက်နေရတယ်၊ကျမ်းမာရေးတွေပါတွေဖြစ်လာရင်တော်တော်ဆိုးမှာ၊ဒါကြောင့်ဒီပျက်သွားတဲ့တာလမ်းကိုအမြန်ပြန်လုပ်ပေးစေချင်တာပါ။ကျန်တဲ့လမ်းတွေတံတားတွေပျက်စီးရလို့ ကျွန်တော်တို့တွေအရမ်းဒုက္ခရောက်နေကြပါတယ်။”ဟု ချောင်းသုံးခွကျေးရွာ-အုပ်ချုပ်ရေးမှူး-ကပြောသည်။

 

အဆိုပါ နတ္တလင်းမြို့နယ်အတွင်းမှာ ဇွန်-၁၀ ရက်နေ့မှစတင်ကာရွာသွန်းခဲ့သည့်မိုးရေကြောင့် တာပွန်၊ကြို့ကုန်း၊သခွတ်ကုန်း၊ကြံတော၊အညာတန်း၊ကံလယ်၊လိပ်လွှတ်ကုန်း၊ဘုန်းစု၊ကြခတ်တန်း၊ကြီးပင်၊ဆင့်ဂေါင်း၊သာယာကုန်း၊မကျီးစု၊ကွတ်ကြီး၊ထိပ်ပိတ်၊ကျီပင်စာရေး၊ဂွေ့ကြီး၊ချောင်းသုံးခွ၊ညောင်ငုတ်တို၊ကံသာယာ၊ကထန်၊ကျွဲသေ၊ထန်းပင်ကုန်း၊ညောင်ဖြူ၊ကုက္ကိုပင်၊ထန်းတစ်ပင်၊ဥသျှစ်ကုန်း၊ကုန်းသာ၊ပေါက်မှော်၊မရမ်းပင်၊ကြို့လေးပင်၊ပျဉ်းမကုန်း၊မယ်ဇလီတန်း၊မြို့စိုး၊ကြွက်နယ်တော၊လယ်တောစု၊သဘွတ်ကြီးတော၊ရှားဖြူကုန်း၊ဖန်ခါးပင် စသည့်ကျေးရွာပေါင်း ၃၂-ရွာမှ လူနေအိမ် ၅၀၀၀-(ငါးထောင်)ကျော်ခန့်ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

 

 

“သဘာဝဘေးအန္တရယ်တွေကျွန်တော်တို့ဆီမှာအရမ်းခံစားနေရတယ်၊ရေကျသွားရင်လဲလယ်တွေပြန်စိုက်ဖို့ကိုအများစုကမတတ်နိုင်ကြတော့ဘူး၊ပထမရေနစ်စဉ်မှာ၊စိုက်ပြီးသားတွေအကုန်ပါသွားတာ၊အခုစိုက်ဘဏ်ချေးငွေတွေပြန်စပ်ဖို့တောင်မလွယ်တော့ဘူး။”ဟု နတ္တလင်းမြို့နယ်၊ညောင်ငုတ်တိုကျေးရွာ၊ကိုထွန်းထွန်းဦး-ကပြောသည်။

 

အဆိုပါ နတ္တလင်းမြို့နယ်အတွင်းမှာရေကြီးရေလျှံမှုများကြောင့် မင်းလှ၊နတ္တလင်း၊ရွှေတောင်စသည့်မြို့များနှင့်ဆက်သွယ်ထားသည့် မဟာဗျူဟာလမ်းမကြီးကြီးပေါ်က တံတားနှစ်စင်းဟာ ကျိုးကျပျက်စီးသွားခဲ့ရ၍ လတ်တစ်လော ယာယီတံတားများဖြင့် သွားလာနေရကြောင်းသိရသည်။

 

“ဒီဗျူဟာလမ်းကြီးကလဲ၊(၁)မိုင်လောက်ပျက်သွားတယ်၊တာပွန်ကိုကျောင်းလာတက်တဲ့ကျောင်းသားတွေကျောင်တက်လို့မရတော့ဘူး၊ပျက်စီးတဲ့လယ်တွေကတော့၊အခုမြင်တဲ့တိုင်းပဲ၊အကုန်စိုက်ပြီးသားတွေ၊ဒီကိစ္စအတွက်၊အရင်ရက်ကပဲမြို့နယ်ထွေအုပ်နဲ့၊ကျေးလက်ဦးစီးဋ္ဌာနတွေကိုလဲခေါ်ပြီးပြပြီးသွားပြီ၊လုပ်ရမှာကသူတို့တာဝန်ဖြစ်တယ်၊ကျွန်တော်တို့အနေနဲ့က လွှတ်တော်ကိုတင်ပြပေးသွားမှာပါ။”ဟု နတ္တလင်းမြို့နယ်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ဦးမောင်မောင်ဦး-ကပြောသည်။

 

အဆိုပါ နတ္တလင်းမြို့နယ်အတွင်းမှ ကျေးရွာပေါင်း ၃၂-ရွာရေကြီးရေလျှံမှုများ နှင့် တာပွန်-ချင်းကုန်းကန် လမ်းပေါ်မှ အရှည်ပေ(၅၀၀)ခန့်တံတား ရေတိုက်စားသွား၍ ကျိုးကျပျက်စီးခဲ့ပြီး ချောင်းသုံးခွအုပ်စု နှင့် ညောင်ငုတ်တိုကျေးရွာကြားမှ အရှည်(၁၅)ပေခန်ရှိသည့် ကွန်ကရစ်သစ်သားခင်းတံတားရေထဲမျောပါ သွားခဲ့ပြီး စိုက်ပျိုးပြီးလယ်ဧကပေါင်း-၃၀၀၀(သုံးထောင်)ကျော် နှင့် ပျိုးခင်းများ အခြားသီးနှံပင်များ ပျက်စီးဆုံးရှုံးသွားခဲ့ရကြောင်းဒေသခံများထံကသိရပြီး ထိုပျက်စီးဆုံးရှုံးမှုများကြောင့် ဒေသခံများ စာဝတ်နေရေး နှင့် သွားလာရေးဒုက္ခများအားခံစားနေကြရကြောင်းသိရသည်။

 

ဒီမိုကရေစီတူဒေးနေ့စဉ်သတင်းစာ-သတင်းနှင့်ဓါတ်ပုံ-K3(pyay)

ပြည်သတင်းလူငယ်-ပြည်သတင်း(၀၉-၂၅၃၃၁၁၀၁၉)








0 comments:

Post a Comment

Facebook Like Page