(ဖိုးပျော့) ပြည်သတင်း
ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင်
ယာဉ်စည်းကမ်း အကြောင်းပြဒဏ်ကြေးကောက်ခံမှုများကို သုံးရက်ဆက်တိုက်
ဆန္ဒပြခွင့်တောင်းခံထားရာ တစ်ရက်သာခွင့်ပြုပေးမည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး
ရဲမှူးမြင့်ဦးကပြောသည်။
“ခွင့်ပြုတာတော့ တစ်ရက်ဘဲခွင့်ပြုမယ်။
နောက်ရက်လိုချင်ရင်နောက်ပြန်လျှောက်ထားပေါ့။ ဒေသန္တရ
အမိန့်အရတော့တစ်ရက်ဘဲခွင့်ပြုလို့ရတယ်” ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး
ရဲမှူးမြင့်ဦးက ဆိုသည်။
ပြည်မြို့တွင် မော်တော်ယာဉ်များ ဖမ်းဆီးရာ၌
တရားရုံးဒဏ်ကြေး အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ စီမံခန့်ခွဲမှုဒဏ်ကြေး
ပါပေးသွင်းရသည့်အတွက် နိုင်ငံရေးတက်ကြွလှုတ်ရှားသူကို ၀င်းလှိုင်က ဆန္ဒပြခွင့်
လျှောက်ထားခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ ၁၈ ၊ ၁၉ ၊ ၂၀ ရက်နေ့များတွင် လူအင်အား ၂၀၀
ကျော်ဖြင့် မြို့တွင်းလမ်းများ အတိုင်း ချီတက်ဆန္ဒပြမည်ဖြစ်သည်။
09 430 47862
0 comments:
Post a Comment