Thursday, July 3, 2014

အာဏာရှင်ငါ.စကောနှင်. ခရိုနီအရည်းကြီးများ သရ၀ဏ်(ပြည်)

Leave a Comment
အာဏာရှင်ငါ.စကောနှင်. ခရိုနီအရည်းကြီးများ

သရ၀ဏ်(ပြည်)

မြန်မာနိုင်ငံရှိ ပျူရှေးဟောင်းသုံးမြို.ဖြစ်သည်.သရေခေတ္တရာ ဗိသနိုးနှင်.ဟန်လင်းရှေးဟောင်းမြို.သုံးမြို.ကို ကာတာနိုင်ငံဒိုဟာမြို.တွင်ကျင်းပသော(၃၈)ကြိမ်မြောက် ကမ္ဘာ.အမွေအနှစ်ကော်မတီ အစည်းအဝေးကြီးမှကမ္ဘာ.ရှေးဟောင်းအမွေအနှစ်ဒေသများအဖြစ်အသိအမှတ်ပြုလိုက်ကြောင်း ၂၃.၆.၂၀၁၄ နေ.တွင်သတင်းထွက်လာသောအခါ မြန်မာနိုင်ငံတစ်နိုင်ငံလုံး လှုပ်လှုပ်ရှားရှားဖြစ်သွား၏ ။ အချို.က သရေခေတ္တရာဆိုသည်မှာ ဘယ်နားမှာနည်း ၊ပြည်မြို.နှင်.ဘယ်လောက်ဝေးသနည်းမေးကြသည် ။အချို.က ဗိသနိုးမြို.ဟောင်းကိုဘယ်လိုသွားရသလဲ ၊ ဟန်လင်း ၊ဗိသနိုး၊သရေခေတ္တရာ သုံးမြို.ပါသော ခရီးစဉ်တစ်ခုကိုဘယ်လိုဆွဲမလဲစသည်ဖြင်.မေးကြသည် ။ ကျွန်တော်.ထံသို.ဖုန်းများစွာလာသည်။ မီဒီယာများ ၊ ခရီးသွားကုမ္မဏီများမှ ဖုန်းဆက်ပြီးမေးကြသည်များကို ဆက်တိုက်ဖြေကြားနေရပေသည် ။ ဆိုရလျင် သရေခေတ္တရာသည် ပျိုတိုင်းကြိုက်တဲ. နှင်းဆီခိုင်ဘ၀သို. ယခုအခါ နေ.ခြင်းညခြင်းရောက်ရှိလာခဲ.ခြင်းဖြစ်သည် ။

မြန်မာနိုင်ငံဝယ်ကြိုးနီစနစ်နှင်. ဗျူရိုကရေစီယန္တယားကြောင်. လုပ်ငန်းများသည်နှေးသည်.နေရာတွင် အလွန်နှေးကွေးသော်လည်း မြန်သည်.နေရာတွင်လည်းမည်သူမျှလိုက်မမှီနိုင်အောင်မြန်သော ကိစ္စများလည်းရှိပေ၏ ။ ယူနက်စကိုမှ ကမ္ဘာ.ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်လိုက်ပြီး ငါးရက်မျှသာရှိသေးသောအချိန်တွင် ရန်ကုန်မြို.မှ ခရီးသွားလုပ်ငန်းရှင်များ ၊ ဟိုတယ်လုပ်ငန်းရှင်များပါသော စီးပွားရေး သမားတစ်စုသည် ပြည်မြို.သို.ပေါက်ချလာပါ၏ ။ သူတို.နှင်.အတူ အာဏာပိုင် အဖွဲ.အစည်းမှ တာဝန်ရှိသူတွေလည်းတစ်ခါတည်းပါလာကြသည် ။ သူတို.လာကြသည်ကား ပျူလူမျိုးတို.၏ ရှေးဟောင်းယဉ်ကျေးမှုကိုချစ်မြတ်နိုးလွန်း၍လာကြခြင်းဟုတ်ဟန်မတူ ၊ အမဲသားကောင်၏ရနံ.ကိုရသော မုဆိုးတို.၏ အတတ်ပညာကြောင်.ရောက်လာကြခြင်းဖြစ်ဟန်တူပေသည် ။
ကျက်သရေရှိသောစိမ်းလန်းသည်.လယ်ကွင်းများဟု အဓိပ္ဖါယ်ရသည်. သရေခေတ္တရာ မြို.ဟောင်းသို.ခါတော်မီရောက်ရှိလာကြသော လူစိမ်းများသည် ရှေးဟောင်းဘုရားစေတီ များ ၊ သုတေသနတူးဖော်ကွက်များ ၊ ရွာခံတို.၏ ပျဉ်ထောင်အိမ်များ ၊မိုးဦးကျစ စိမ်းလန်းသောစပါးခင်းများ ဘေးဝယ်ရပ်တန်.ကာ သရေခေတ္တရာမြို.ဟောင်းကြီးတိုးတက်စည်ပင်ဝပြောရေးကိုဤသို.တိုင်ပင်နှီးနှောကြပေကုန်၏ ။

“ ဒီနားမှာ ဟိုတယ်ဇုန်လုပ်ရမယ် “
“ ကျုပ်တော. ဒီအကွက်ကြိုက်တယ် “
“ ကျုပ်ဖို. ဒီနေရာမှာ ဟိုတယ်အကွက်ရိုက်ပေးဗျာ “
“ ကျုပ်ကတော.ဟိုနေရာလေးကြိုက်တယ် အဘ “
“ ဟိုတယ်ကို ဒီနေရာမှာထားရင် တိုးရစ်တွေအတွက် Buggy ကားတွေ ဒီနေရာကစထွက်တာပေါ. အဟီး “
“ လမ်းကောင်းဖို.လည်းလိုတယ်နော် “
“ မီးရဖို.လည်းစီစဉ်ပေးပါဦး “
“ ကြေးတိုင်နဲ.မြေစာရင်းက မြေပုံကြည်.ချင်တယ် ဘယ်နားလွတ်သေးလဲလို. “
“ နှစ်ရှည်ဂရံလျှောက်ယူရမှာပေါ. “
အနှီသို.တိုင်ပင်နှီးနှောသံကိုကြားသောအခါ ဒေသခံရွာသားများမှာကြောက်ဒူးတဆပ်ဆပ်တုန်ကြကုန်၏ ။ လယ်ပိုင်ယာပိုင်လယ်သမားဘ၀မှ နောင်လာလတံ.သော ဟိုတယ်ကြီးများတွင် လုံခြုံရေးဂိတ်ပေါက်စောင်.ဘ၀ ၊ စားသောက်ဆိုင်ကြီးများတွင် စားပွဲထိုးဘ၀သို.ပြောင်းလဲရောက်ရှိသွားသော အခြားဒေသများမှသာဓကများကိုသူတို.ကြားဖူး မြင်ဖူး တွေ.ဖူး ထားကြသည်မဟုတ်ပါလား ။ ရန်ကုန်မှရောက်လာသော လူစိမ်း လောဘသားများသာမဟုတ် မြို.ခံ အာဏာပိုင်အချို.နှင်. စီးပွားရေးသမားများမှာလည်းခြေပုန်းခုတ်နေကြချေ၏ ။ ယခုတလောတွင် အလုပ်အများဆုံးမှာပြည်မြို.ရှိ မြေစာရင်းရုံးပင်ဖြစ်ဟန်တူပေသည် ။ ပြည်မြေပုံကိုတောင်းကြည်.သူများသည် မြေစာရင်းရုံးဝယ်ခြေချင်းလိမ်နေကြပေ၏ ။ ငါးသလောက်ပေါင်းတစ်ကောင်ကိုပန်းကန်ထဲထည်.ကာ အတုံးကလေးတွေဖြစ်အောင်လှီးကြဖြတ်ကြသလို သရေခေတ္တရာပြည်မြို.ကြီးကိုလည်းပန်းကန်ထဲထည်.ကာ လှီးကြဖြတ်ကြ လယ်ယာမြေဝေချမ်းရေးလုပ်တော.မည်.ပုံပေါ်နေ၏ ။ မြန်မာတို.သည် ငါးပွက်ရာငါးစာချ ၊ကောက်ရိုးမီး တောက်လောင်သည်.နေရာတွင် ကမ္ဘာပေါ်၌ ပထမစွဲလောက်သည်.လူမျိုးဖြစ်ဟန်တူပေ၏ ။ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဟူသောအသံကြားသည်နှင်. သင်္ချိုင်းမြေပါမကျန် ထားဝယ်၌ အရောင်းအ၀ယ်ဖြစ်ကြ၏ ။ ဈေးတို.မတန်ဆတက်ကြ၏ ။ မြေလွတ်မြေရိုင်းတို.ကိုအလုအယက် လျှောက်လွှာတင်၍ ရယူကြ၏ ။ အာဏာရှိသူနှင်.စီးပွားရေးသမားများ သူတော်ချင်းချင်းသတင်းလွေ.လွေ.ပေါင်းဖက်တွေ.ကြ၏ ။ ထားဝယ်စီမံကိန်းပျက်သောအခါ မြေ၀ယ်၍ဈေးကစားသူများရရာဈေးဖြင်.ပြန်ရောင်းကာ သီလ၀ါ၊ကျောက်ဖြူစသည်.ဘက်သို.လှည်.ကြပြန်သည် ။

ယခုလည်း သရေခေတ္တရာဟူသော မြို.နာမည်ကို စာလုံးပေါင်းခိုင်းလျင် မှန်အောင်မပေါင်းတတ်သူ များ ၊ ပျူ လူမျိုးဆိုသည် မှာ အိပ်နေရာမှခေါင်းပျူ ကြည်.သောလူမျိုးများဟုပင်ထင်မှတ်ဦးမည်.သူတို.သည် ကျွန်တော်တို.မြို.တွင် ခြေချင်းလိမ်ကာလှုပ်ရှားနေကြပေ၏ ။ သူတို.စိတ်ထဲတွင် ယူနက်စကိုမှ ရှေးဟောင်းနယ်မြေအဖြစ်ယနေ.သတ်မှတ်လိုက်သည်နှင်. မနက်ဖြန်တွင် နတ်တို.ဖန်ဆင်းလိုက်သလို စီးပွားရေးအကွက်အကွင်းများမျက်လှည်.ပြသလိုပေါ်လာကြတော.မည်ဟုထင်နေကြ၏ ။ ဟိုတယ်ကြီးတွေ ၊ စားသောက်ဆိုင်တွေ ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်တွေ ၊ ခရီးသွားကုမ္မဏီတွေ ချက်ခြင်း ဆောက်ကြတော.မည်ဟုတွေးကာမြေကွက်ရိုက်ရောင်းဖို.ကိုဇောကပ်နေကြ၏ ။ အမှန်စင်စစ် ယူနက်စကိုက ကမ္ဘာ.ယဉ်ကျေးမှုအမွေအနှစ်အဖြစ်လက်ခံအသိအမှတ်ပြုလိုက်မှုတွင် နောင်သောအခါ ၂၀၁၅ တွင်မည်ကဲ.သို.သောစံသတ်မှတ်ချက်များ နှင်.ပြည်.စုံရမည် ၊ ၂၀၁၆ တွင်မည်သည်.စံသတ်မှတ်ချက်များနှင်.ညီရမည်ဟု သတ်မှတ်ချက်များပါရှိပြီးဖြစ်သည်။ ထိုအချက်များနှင်.ညီမညီ နိုင်ငံတကာပညာရှင်များက လာစစ်ဦးမည်ဖြစ်သည် ။ ၂၀၁၅ တွင်လာစစ်သောအခါ နိုင်ငံတကာစံချိန်စံနှုန်းများနှင်.မညီပဲ စီးပွားရေးတစ်ခုကိုပဲကြည်.ပြီးထင်ရာစိုင်းထားသည်ဆိုလျင် ကမ္ဘာ.အမွေအနှစ်အဖြစ်သတ်မှတ်ထားခြင်းမှပြန်လည်ရုပ်သိမ်းနိုင်ပေသည် ။ ထိုအခါ စီးပွားရေးသမားများကဖုတ်ဖက်ခါကာ နောက်ပြန်ဆုတ်သွားကြမည်ဖြစ်ပြီး ဂုဏ်သိက္ခာကျရမည်က နိုင်ငံတော်နှင်. လူမျိုးတစ်မျိုးလုံးဖြစ်သည် ။
ပုဂံမြို.သည် မြန်မာနိုင်ငံ၏ရှေးဟောင်းမြို.တော်အစစ်အမှန်ဟုတ်ပင်ဟုတ်ငြားသော်လည်း သမိုင်းတန်ဖိုးကိုနားမလည်သောခရိုနီနှင်.စစ်ဗိုလ်ချုပ်များထင်ရာစိုင်းကာ ရှေးဟောင်းယဉ်ကျေးမှုဇုန်နယ်မြေထဲတွင် ဟိုတယ်များဆောက်ခြင်း ၊အဆောက်အဦများတိုးချဲ.ခြင်း ၊ ပုဂံခေတ်လက်ရာဘုရားများတွင်မပါရှိသော ထီးတင်ခြင်း ၊ ထီးလှူခြင်းများကိုအပြိုင်အဆိုင်ဆောင်ရွက်ကြခြင်း ၊ ဦးတေဇပိုင် Aureum Palace Resort ဟိုတယ်တွင် နန်းမြင်.မျှော်စင်ကြီးတည်ဆောက်ခြင်း ၊ မြို.ကွက်ရိုက်ခြင်း ၊မြို.သစ်တည်ခြင်း၊ ဘုရားအပျက်များကိုအသစ်ကဲ.သို.ပြန်လည်တည်ဆောက်ခြင်း ၊ လမ်းဖောက်ရန် ရှေးဟောင်းဘုရားများကိုဖယ်ရှားခြင်း ၊ စသည်.အမှားများကိုတသီတတန်းကြီးကျူးလွန်ခဲ.ကြသဖြင်. ပုဂံသည် မြန်မာ.ရှေးဟောင်းမြို.တော်မှန်ပေသော်လည်း ကမ္ဘာ.အလည်တွင် ရှေးဟောင်းအမွေအနှစ် World Heritage Site အဖြစ်အသိအမှတ်ပြုခံရဖို. ငြင်းပယ်ခံခဲ.ရသည် ။ ကမ္ဘာ.အမွေအနှစ်စာရင်းဝင်အဖြစ်မှလျောကျခဲ.ရပေသည် ။ ဤအဖြစ်ကိုရှေးဟောင်းသုတေသနပညာရှင်ဆရာကြီးဒေါက်တာသန်းထွန်းက ငလျင်ထက်ဆိုးသော လူတို.၏ဖျက်ဆီးမှု ဟုကင်ပွန်းတပ်ခဲ.သည် ။

ပုဂံခေတ်မြန်မာအင်ပါယာကြီးသည် တရုတ်ပြေးမင်းလက်ထက်တွင်လာရောက်တိုက်ခိုက်သော ကူဗလိုင်ခန်၏ မွန်ဂိုစစ်သည်များကြောင်.ပျက်စီးခဲ.ရသည် ။ ထိုသို.ပျက်ဆီးပြီး အနှစ် ရှစ်ရာခန်.ကြာသောအခါ န၀တ ၊ နအဖ အစိုးရ ၏ဖျက်ဆီးမှုကြောင်. ဒုတိယအကြိမ်ပျက်စီးခဲ.ရပေ၏ ။ အရည်းကြီးတို.ကြောင်.ပင်မပျက်စီးခဲ.သောဘုရားစေတီများသည် ယခုအခါ ဟိုတယ် အုတ်တံတိုင်းထဲဝယ်ရောက်ရှိနေကြ၏ ။ ဘုရားအချို.သည်ေ၇ှးဘုရားလော ခေတ်သစ်လက်ရာလောဟုဝေခွဲမရအောင်သစ်သစ်လွင်လွင်ဖြစ်နေကြ၏ ။ ဒေသခံများပိုင်ဆိုင်သောမြေများကိုခရိုနီများက အာဏာပိုင်တို.နှင်.ပေါင်းကာမတရားခွဲဝေယူထားကြ၏ ။ ဟိုတယ်တစ်ခု၏ အလွန်မြင်.မားလှသောမျှော်စင်ကြီးတစ်ခုသည်ရှေးဟောင်းနယ်မြေနှင်.မလိုက်အောင် အရုပ်ဆိုးစွာတည်ရှိ၏ ။

သရေခေတ္တရာပြည်မြို.တွင်လည်းပုဂံလိုအမှားမျိုးထပ်မံကျူးလွန်ကြမည်ကိုစိုးရိမ်မိပါသည် ။ဒွတ္တပေါင်မင်းကြီးနှင်.ပျူတို.ဌာနေသရေခေတ္တရာ နိုင်ငံတော်ကြီးသည်ဒဏ္ဍာရီထဲဝယ် ငါ.စကောဟူသော စစ်တပ်ကြီး ချီတက်လာသည်ဟူသောကောလဟလကြောင်. ပျက်ဆီးခဲ.ရသည်ဟု ရှေးရိုးစဉ်ဆက်ပြောစမှတ်ပြုကြ၏ ။သို.သော်လက်တွေ.တွင်မူကား ဘုရားကျောင်းကန် စေတီပုထိုး ၊မြို.ရိုး ၊ ဂူသင်္ချိုင်းများ ၊ ၊ သံတိုမယ်န များ ၊ပန်းပုလက်ရာများ ၊ ပုတီးစေ.များ ၊ မဟာယာနနှင်.ထေရ၀ါဒဆိုင်ရာ ဗုဒ္စတရားတော်များ ၊ ဗိသုကာလက်ရာများ ၊လယ်ယာမြေများသည် နဂိုရည်မပျက်အနည်းဆုံးနှစ်ပေါင်းတစ်ထောင်.လေးရာကျော်လာသည်.အချိန်အထိမပျက်မစီးတည်ရှိနေဆဲဖြစ်သည် ။ သို.ရာတွင် ငါ.စကောတပ်ကြီးဖျက်ဆီး၍မပျက်စီးခဲ.သော သရေခေတ္တရာသည်ယခုခေတ်တွင်မှ ပေါ်ပေါက်လာသော ခေတ်သစ်အဖျက်သမားများဖြစ်သည်. အာဏာရှင်ငါ.စကောနှင်.ခရိုနီအရည်းကြီးများလက်ချက်ကြောင်.မရှုမလှပျက်စီးနိုင်သည်.ဘေးအန္တရာယ်သည် ထပ်ချပ်မကွာရှိနေပါကြောင်း တင်ပြအပ်ပါသည် ။

သရ၀ဏ်(ပြည်)

0 comments:

Post a Comment

Facebook Like Page