Thursday, June 16, 2016

တံတားကျိုး၍တစ်ခြား လမ်းလွဲဘက်မှတိမ်းရှောင်မောင်းနှင်သောကားအစီးတစ်ရာကျော် လမ်းပိတ်စို့မှု ၆-နာရီကျော်ကြာဖြစ်ပွားခဲ့ရ

Leave a Comment



တံတားကျိုး၍တစ်ခြား လမ်းလွဲဘက်မှတိမ်းရှောင်မောင်းနှင်သောကားအစီးတစ်ရာကျော် လမ်းပိတ်စို့မှု ၆-နာရီကျော်ကြာဖြစ်ပွားခဲ့ရ

 

ကံမ၊ဇွန်၊၁၆

 

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့နယ်အတွင်းရှိ ပေပင်ကျေးရွာအနီးတွင် ဇွန်-၁၆ရက်နေ့ မနက် ၈-နာရီအချိန်ခန့်မှစတင်ကာ ပဲခူးတိုင်းအတွင်း နှင့် မကွေးတိုင်းအတွင်း ကံမလမ်းမကြီးပေါ်မှခရီးသွားကားအစီးရေ-တစ်ရာကျော် လမ်းပိတ်စို့မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

 

အဆိုပါ ကံမလမ်းယာဉ်ပိတ်ဆို့မှုမှာ ဇွန်-၁၅ရက်နေ့တွင် မကွေးတိုင်း၊ဧရာဝတီတိုင်း၊ပဲခူးတိုင်း နှင့် ခရိုင်ပြည်နယ်အတွင်းသို့သွားလာနိုင်သည့် ပန်းတောင်းမြို့နယ်၊တောင်ဘွေကျေးရွာအနီးမှ အလျှား-၆၅-ပေ အကျယ် ၃၅-ပေခန့်ကွန်ကရစ်တံတားတစ်စင်းပျက်စီးကျိုးကျခဲ့ရာ ယင်းလမ်းကိုအသုံးပြုသည့် ခရီးသည်ကားများ အများပြည်သူများ ဒေသခံများသွားလာရေးအခက်ခဲဖြစ်ပေါ်ခဲ့၍ ပဲခူးတိုင်းအတွင်းမှ ရခိုင်ပြည်နယ်၊မကွေးတိုင်း၊ဧရာဝတီတိုင်းသို့ သွားလာမည့်ကားများသည် ယင်းတံတားကျိုးကျပျက်စီးမှုကြောင့် ကံမလမ်းလမ်းလွဲမှ မောင်းနှင်ရာမှ တက်အဆင်းတစ်ခုတွင် ကားနှစ်စီးတိမ်းရှောင်ရာမှ ယခုလို လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့တာဖြစ်ကြောင်းသိရသည်။

 

“ဟိုဘက်ပန်းတောင်းလမ်းကတံတားကျိုးလို့ ဒီလမ်းကလာခဲ့တာ။လမ်းပျက်နေတာမနက်ကထဲကလို့ကြားတယ်။ကားနှစ်စီးရှောင်ရင်းကားလမ်းပျက်သွားတော့ နှစ်ဘက်ကားတွေသွားမရဖြစ်နေတာပါ။ရန်ကုန်တိုက်ကြီးကနေ ဘိတ်ရဲကိုသွားမှာ။ဒီမှာစောင့်နေတာ နှစ်နာရီလောက်ကျော်နေပြီ။လမ်းတွေကျဉ်းတာလဲပါတယ်။”ဟု တိုက်ကြီးမြို့နေထိုင်သူ ခရီးသွားပြည်သူ ဦးမျိုးမင်း-ကပြောသည်။

 

အဆိုပါ ကံမလမ်းခွဲတွင်ခရီးသွားယာဉ်ပေါင်း တစ်ရာကျော်ယာဉ်ပိတ်ဆို့မှုမှာ ပေပင်ကျေးရွာအနီးတွင်  ရွှေကံမခရီးသည်ယဉ် နှင့် ၂၂-ဘီးကုန်တင်ကားကြီးတို့သည် ကုန်းဆင်း ကုန်းတက်တစ်နေရာအတွင် တိမ်းရှောင်ရာမှ ကားကြီးမှာ ဘေးရွံ့ဗွက်အတွင်းသို့ရောက်ရှိသွားရာမှ ယခုလို နှစ်ဘက်အသွားအလာကားပေါင်း ၁၀၀-ကျော်ခန့် ယဉ်ပိတ်စို့မှုဖြစ်ပွားခဲ့တာဖြစ်ကြောင်းသိရသည်။

 

“သွားနေကျပုသိမ်မုံရွာလမ်း ပန်းတောင်းဘက်မှာ တံတားကျိုးတော့ ကုန်ကားတွေရော အခြားကားတွေရော ဒီလမ်းကို လမ်းလွဲအနေဖြင့်အသုံးပြုကြတယ်။ပုံမှန်ကဒီလမ်းပေါ်မှာဒီလောက်ကားမရှိဘူး။ပန်းတောင်းဘက်ကတံတားကျိုးလို့သာ ဒီလမ်းကို အသုံးပြုလာရင်း အရှောင်အတိမ်းကုန်းတက် တစ်ခုမှာ ကားကြီးကလမ်းလျှော်ပြီး ခုလိုပိတ်ကုန်တာပါ။လမ်းတံတား နဲ့ ဆောက်လုပ်ရေးသက်ဆိုင်ရာတွေအကုန်ပါတယ်။အချိန်မှီကျိုးစားပြီး ကားတွေသွားလာရအောင်လုပ်ဆောင်နေပါတယ်။”ဟု ကံမမြို့တာဝန်ခံ ဆောက်လုပ်ရေးဌာန SAE-ဒေါ်အေးအေးခိုင်-ကပြောသည်။

 

အဆိုပါ ကံမလမ်းယာဉ်ကျော်ပိတ်စို့မှုသည် ဇွန်-၁၆ရက် မနက် ၈နာရီအချိန်ခန့်မှစတင်ဖြစ်ပွားခဲ့ကာ ကံမမြို့နယ်အတွင်းရှိ ဆောက်လုပ်ရေးဌာန၊လမ်းတံတားအဖွဲ့၊သက်ဆိုင်ရာရဲတပ်ဖွဲ့များလာရောက်၍ ယာဉ်လမ်းရှင်းခြင်း၊လမ်းများပြန်လည်ပြုပြင်ခြင်းများဆောင်ရွက်ခဲ့ကြပြီး ရွံ့ဗွက်ထဲသို့ကျသွားသည့် ၂၂-ဘီးကားအား လမ်းမပေါ်သို့ပြန်လည်ဆွဲတင်ခဲ့ရာ ထိုနေ့ နေ့လည် ၂-နာရီအချိန်ခန့်တွင် ယင်းလမ်းအားအသုံးပြုနေသည့် ကားများပုံမှန်သွားလာလျှက်ရှိကြောင်းသိရသည်။

 

ဒီမိုကရေစီတူဒေးနေ့စဉ်သတင်းစာ-သတင်းနှင့်ဓါတ်ပုံ-K3(pyay)

 

ပြည်သတင်းလူငယ်-ပြည်သတင်း(၀၉-၂၅၃၃၁၁၀၁၉)

 



0 comments:

Post a Comment

Facebook Like Page