အတိတ်သို.နောက်ပြန်သွားခြင်း (Part III )
သရ၀ဏ်(ပြည်)
ပြည်မြို.တွင် စစ်အုပ်ချုပ်ရေးရုပ်သိမ်းလိုက်သည်နှင်. လူတို.သည် ပြည်မြို. ဗိုလ်ချုပ်အောင်ဆန်းကျောက်ရုပ်အ၀ိုင်းကြီးတွင် စုမိ ကြပြီးနောက် လက်သီးလက်မောင်းတန်း၍ ကြွေးကြော်သံများကိုအော်ဟစ် ကြကာ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း ရွာဘဲရပ်ကွက် ဘက်ဆီသို. ချီတက်ခဲ. ကြပါသည် ။ ကျွန်တော်တို.သည် လမ်းတစ်လျှောက်လုံးတစ်ယာက်ကတိုင် တစ်ယောက်ကဖောက်ဖြင်. စိတ်ကူးပေါက်သမျှ အစိုးရဆန်.ကျင်ရေးစကားများကို ပြောဆိုရေရွတ်ကြွေးကြော်ကြပြီးတရွေ.ရွေ.နှင်. ရွာဘဲရပ်ကွက်ရှိ ပြည်မြို.နယ် ပါတီယူနစ်ရုံး (မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီရုံး ) ရှေ.သို.ရောက်လာကြပါသည် ။
ကျွန်တော် သည် သူများယောင်၍ လိုက်ယောင်ကာ
လူအုပ်နှင်.ရောလိုက်လာခြင်းဖြစ်ရာ
ဘာလုပ်မည်ဘာကိုင်မည်ဟူသောရည်ရွယ်ချက်မရှိပါ ။သို.သော် လူအုပ်ကြီး ဤ မ.ဆ.လ
ပါတီရုံးရှိရာသို.ချီတက်လာကြခြင်းမှာအကြောင်းမဲ.မဟုတ်
သူတို.အကြံနှင်.သူတို.ဖြစ်ကြောင်း မကြာခင် ကျွန်တော်သဘောပေါက်လာပါသည် ။
လူတို.သည် မ.ဆ.လ.ပါတီရုံးကိုဝိုင်းဝန်းဖျက်ဆီးကြတော.သည် ။ သရ၀ဏ်(ပြည်)
ပြည်မြို.တွင် စစ်အုပ်ချုပ်ရေးရုပ်သိမ်းလိုက်သည်နှင်. လူတို.သည် ပြည်မြို. ဗိုလ်ချုပ်အောင်ဆန်းကျောက်ရုပ်အ၀ိုင်းကြီးတွင် စုမိ ကြပြီးနောက် လက်သီးလက်မောင်းတန်း၍ ကြွေးကြော်သံများကိုအော်ဟစ် ကြကာ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း ရွာဘဲရပ်ကွက် ဘက်ဆီသို. ချီတက်ခဲ. ကြပါသည် ။ ကျွန်တော်တို.သည် လမ်းတစ်လျှောက်လုံးတစ်ယာက်ကတိုင် တစ်ယောက်ကဖောက်ဖြင်. စိတ်ကူးပေါက်သမျှ အစိုးရဆန်.ကျင်ရေးစကားများကို ပြောဆိုရေရွတ်ကြွေးကြော်ကြပြီးတရွေ.ရွေ.နှင်. ရွာဘဲရပ်ကွက်ရှိ ပြည်မြို.နယ် ပါတီယူနစ်ရုံး (မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီရုံး ) ရှေ.သို.ရောက်လာကြပါသည် ။
အရင်ဦးဆုံး မြန်မာ.ဆိုရှယ်လစ်လမ်းစဉ်ပါတီ (ပြည်မြို.နယ် ) ဆိုသောဆိုင်းဘုတ်ကြီးကို အားလုံး ကရိုက်ချိုးဖျက်ဆီးပစ်လိုက်ကြသည် ။ ထို.နောက် အိမ်တံခါးကိုရိုက်ဖွင်.ကြကာ ပါတီရုံးချုပ်အတွင်းမှပစ္စည်းများကို စိမ်ပြေနပြေဖျက်ဆီးကြတော.သည် ။ကျွန်တော်.တွင် မြန်မာ.ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ပုဂ္ဂိုလ်ရေးအရနာကျဉ်းမုန်းတီးစရာ ဘာမှမရှိ ။ထို.အပြင် ရန်ကုန်တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်ပါလျက် လူအုပ်စုနှင်. အကြမ်းဖက်ဖျက်ဆီးသော အလုပ်မျိုးကိုမလုပ်ချင် ။မည်သည်.နည်းနှင်.မှမလုပ်လို ။ ထို.ကြောင်.ခနရပ်ကြည်.ပြီးကျွန်တော်အိမ်ပြန်လာခဲ.ပါသည် ။လူအုပ်ကြီးကတော. မ.ဆ.လ ပါတီရုံး ကိုတစ်စစီဖြစ်အောင် ထုကြနှက်ကြ ဆော်လဘန်တေကြတော.သည် ။ ၂၆ နှစ်လုံးလုံးတန်ခိုးထွားခဲ.သော မ.ဆ.လ ပါတီကား ရစရာမရှိတော.ပေ ။
ဤနေ.မှစကာ ပြည်မြို.တွင် ဒီမိုကရေစီရေးတောင်းဆိုဆန္ဒပြပွဲကြီး နေ.စဉ်ရက်ဆက်စတင်လေပြီ ။လူတို.သည် အောင်.အီးထားသမျှကို အတိုးချကာ နေ.စဉ်ရက်ဆက် မြို.ကိုလှည်.လည်ဆန္ဒ ပြကြသည် ။ သမဂ္ဂပေါင်းစုံကိုဖွဲ.ကြသည် ။ ကျွန်တော်လည်းနေ.စဉ်ရက်ဆက် ခင်ရာမင်ကြောင်းအဖွဲ.များနှင်. ရောလိုက်ကာ ဆန္ဒပြသည်.အထဲလှည်.လည် ရာတွင် မှန်မှန်ပါဝင်သည် ။ ပြည်မြို.မှ ရန်ကုန်တက္ကသိုလ်တွင်ကျောင်းသွားတက် ပြီး ပြည်မြို.သို.ပြန်ရောက် လာကြသူကျောင်းသူကျောင်းသားများကလည်းစုစည်းကာ ရန်ကုန်တက္ကသိုလ်ရောက် ပြည်ကျောင်းသားကျောင်းသူများဟုဆိုင်းဘုတ်ထောင်ကာလှည်.လည်သဖြင်. ကျွန်တော်လည်းသူတို.နှင်.အတူလိုက်ပါဆန္ဒပြမိသည် ။ မှန်ရာကိုဝန်ခံရလျင် ကျွန်တော်တို.သည် ငယ်လွန်းသေးသဖြင်. နိုင်ငံရေးဆိုတာကိုေ၇ေ၇လည်လည်နားလည်သည်မဟုတ်ပါ ။ ဆန္ဒပြရာတွင်လည်းအစိုးရကိုမကြေနပ်တာ ကတစ်ဝက် ၊ ကိုယ်.ကိုယ်ကိုယ် တက္ကသိုလ်ကျောင်းသားဟုသိစေချင်ကာ လမ်းပေါ်တက် လူလုံးပြချင်တာ တစ်ဝက်ဖြစ်နေလေသည် ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်သည် နေ.စဉ်ရက်ဆက် ဆန္ဒ ပြချီတက်ရာသို.ကားမှန်မှန်ကြီးလိုက်ပါနေမိလေသည် ။
သပိတ်စခန်းကို ပြည်မြို. ခေတ္တရာအားကစားရုံ (ကျွန်တော်တို. အခေါ်ယဉ်ကျေးမှုရုံ ) တွင် ဖွင်.လှစ်ထားလေသည် ။ ထိုဇာတ်ရုံကြီးထဲတွင် အသံချဲ.စက်များဆင်ကာ မည်သူမဆို တရားဟောပြောလိုပါက စာရင်းပေးနိုင်သည် ဆိုသဖြင်. ကျွန်တော်လည်း ပိုးထကာ သွားပြီးစာရင်းပေးလိုက်သည် ။ စာရင်းပေးပြီးမကြာမီ ကျွန်တော်.နာမည်ကိုကြေငြာလေရာကျွန်တော်လည်း ယောင်တောင်ပေါင်တောင်ဖြင်. ဘ၀ ၀ယ် ပထမဆုံးအကြိမ် စင်ပေါ်တက်ဖူးလေတော.သည် ။ စင်ပေါ်ရောက်၍ အောက်မှ လူအုပ်ကိုကြည်.လိုက်သောအခါ ကြောက်ဒူးတုန်လိုက်သည်မှာပြောဖွယ်ရာမရှိတော. ။ နောက်မှ ဟယ် ဖြစ်ချင်ရာဖြစ် ဟုသဘောထားကာ ရောက်ရာပေါက်ရာ စွတ်ဟောတော.သည် ။ကျွန်တော် သည်ထိုသို. ကဘောက်တိကဘောက်ချာ ပြောချင်တာတွေ ဆယ်မိနစ်လောပြောပြီး ဘာမှဆက်မပြောတတ်တော.သဖြင်.
“ အဲ ဒိတော. … ဒီတော်လှန်ရေးကြီးမှာ အသက်ပေးသွားတဲ.ရဲဘော်တွေကို ဒီမိုကရေစီမရမချင်း အမျှမဝေကြပါနဲ.ဦး၊ လွတ်လပ်မှ အမျှဝေကြဖို.ကျွန်တော်လေးနက်စွာတောင်းဆိုရင်းနိဂုံးချုပ်အပ်ပါတယ် “
ဟု ဆိုင်ဆိုင်မဆိုင်ဆိုင် စွတ်ကြိတ်လိုက်လေသည် ။ သူငယ်ချင်းများကားဆဲသူကဆဲ ၊ လက်ခုတ်တီးသူကတီး ဖြင်. အားပေးကြပေသည် ။ ဤ ကားကျွန်တော်.ဘ၀တွင် အသက် ၂၀ အရွယ်၌ ပထမဆုံး လေဖြင်. လုပ်စားခဲ.ရသော ပွဲပေတည်း ။ ကျွန်တော် ဟောခဲ.တာ ဟုတ်မဟုတ် အခုလို ၂၅ နှစ်ကြာမှ ပြန်စဉ်းစားမိသည် ။ ဒီမိုကရေစီရမှအမျှဝေပါဆိုလျင် သေသူတွေမှာ ဘယ်တော.မှ မကျွတ်မလွတ်ကြနှင်. ဟုပြောသလိုဖြစ်နေသည် ။ ဒီမိုကရေစီရပါပြီ ဟူသည်ကလည်း ဘာပေတံနှင်.တိုင်းမည်နည်း ။
ယနေ.ခေတ်ကိုပဲကြည်.ပါ ။အချို.က မြန်မာနိုင်ငံတွင် ဒီမိုကရေစီရှိလာပြီ ဟုဆိုကြသည် ။ ရွေးကောက်ခံအစိုးရ တက်လာပြီး ၊ လွှတ်တော်တွေဘာတွေ ရှိ လာသောကြောင်.ပြောကြခြင်းဖြစ်သည် ။အချို.ကလည်း ဒီမိုကရေစီ မရသေးဘူးဟုဆိုကြသည် ။ အစိုးရအဖွဲ.ထဲတွင် ၊လွှတ်တော်ထဲတွင် စစ်တပ်က ၂၅ ရာခိုင်နှုန်း ဇွတ်နေရာဝင်ယူထားသောကြောင်.ဖြစ်သည် ။ ရှစ်လေးလုံးအရေးတော်ပုံတွင်ကျဆုံးသွားသော ဆယ်တန်းကျောင်းသူလေး မ၀င်းမော်ဦးကလည်း စစ်တပ်ကပစ်ခတ်သဖြင်. ဒဏ်ရာရကာမသေဆုံးခင် ကျွန်တော်ပြောခဲ.သလိုပင် ဒီမိုကရေစီရမှ အမျှဝေပါဟုပြောသွားလေသည် ။ သူ.မိဘ နှစ်ပါးကိုမေးကြည်.ရာ ဒီမိုကရေစီတင်းပြည်.ကြပ်ပြည်.ရပြီဟုမယူဆသေးသဖြင်. သူ.သမီးနာမည်ကိုခေါ်၍ အမျှမဝေသေးကြောင်း သတင်းစာများအားပြောပြပါသည် ။
ကျွန်တော် ကလည်း ထင်မိထင်ရာပြောခဲ.ခြင်းဖြစ်ရာ အခုအထိ ဒီမိုကရေမရသေးဘူးဟုအချိန်ဆွဲထားလျှင်လည်း ၈၈ အရေးတော်ပုံတပ်သားများ အပေါ် ကုသိုလ်ရေး မလုပ်ရသဖြင်. ကျွန်တော်ဝဋ်လိုက်မှာလည်းကြောက်ရသေးသည် ။
ထို.ကြောင်. တတ်သလောက်မှတ်သလောက် မဟုတ်ကဟုတ်ကအကြံ ပေးရလျင် ကျဆုံးသွားသောရဲဘော် များကို အမျှဝေ ရန် သံဃာတော်ကိုးပါး ၊ကိုရင်လေးနှစ်ပါးဖိတ်မည် ။ စာရင်းထဲတွင်တော. သံဃာတော် ဆယ်ပါးဖိတ်ပါသည် ဟုသတ်မှတ်မည် ။ ယခုမြန်မာ.ဒီမိုကရေစီမှာ ၇၅ ရာခိုင်နှုန်း ဒီမိုကရေစီဖြစ်သဖြင်. ပင်.သံဃာ (၁၀ )ပါး ၏ ၇၅ ရာခိုင်နှုန်း ဖြစ်သော သံဃာ ခုနစ်ပါးခွဲ ( သံဃာ ခုနစ်ပါး နှင်. ကိုရင်လေးတစ်ပါး ) ကို ပရိတ်ရွတ်စေပြီး ကျဆုံးသွားသော ရဲဘော်ရဲဘက်များကိုအမျှဝေမည် ။ ဒါဆိုလျှင် ၁၀၀ ရာခိုင်နှုန်းအပြည်.မဟုတ်သဖြင်. ကျွန်တော်တို.လည်းဝိနည်းလွတ်သည် ။ ကွယ်လွန်သူတွေလဲ အမျှရကြမည် ။ဘယ်လောက်နိပ်ပါသနည်း ။ ကျန်သော ၂၅ ရာခိုင်နှုန်းဖြစ်သော သံဃာ တော် နှစ်ပါးနှင်. ကိုရင်လေးတစ်ပါးကိုတော. ကျောင်းသို.ပြန်ခိုင်းလိုက်မည် ။ ဤကားကျွန်ပ်၏မဟာစိတ်ကူးကြီးတည်း ။
နှစ်သက်သူများအကောင်အထည်ဖော်တော်မူကြပါကုန် ။
ထိုသို.နေ.စဉ်ရက်ဆက် ဟောလိုက်ပြောလိုက်ဆန္ဒပြရလုပ်ရသည် မှာ အတော်အရသာရှိ၏။ ၁၉၈၈ အရေးအခင်းကာလသည် န.၀.တ ၊ န.အ.ဖ ခေတ် သတင်းစာများကစွတ်စွဲဝါဒဖြန်.သလို ပြည်သူများတထိတ်ထိတ် တလန်.လန်.ဖြင်.ကျီးလန်.စာစားဖြစ်နေရသည် ဆိုခြင်းမှာ မဟုတ်မမှန် ။ သင်သည် မြန်မာ.ဆိုရှယ်လစ် လမ်းစဉ် ပါတီမှ အရေးပါသောခေါင်းဆောင်တစ်ယောက်မဟုတ်လျင် ၊ သင်သာ ပါတီ ကောင်စီမှ အုပ်ချုပ်ရေးအာဏာပိုင်တစ်ယောက်မဟုတ်ခဲ.လျင် ဘာမှကျီးလန်.စာစားဖြစ်စရာမလို ၊ သာမန်ပြည်သူတွေ လို အေးအေးလူလူနေနိုင်ပါ၏ ။ မည်သူ.ကိုမည်သူကမျှ အလကားသတ်ဖြတ်နေကြခြင်း မရှိပါ ။ အားလုံးမှာ တပျော်တပါး မ.ဆ.လ အစိုးရကိုဆန်.ကျင်ကာညီညီညွတ်ညွတ်ဖြင်.ရဟန်းရှင် လူ ၊ တပ်မတော်သားအချို.ပါ ပါဝင်၍ ဆန္ဒပြနေကြခြင်းဖြစ်သည် ။ စစ်တပ်မှ အာဏာပိုင်များနှင်. ကွန်မြူနစ်တစ္ဆေအခြောက်ခံနေရဆဲ စစ်ဗိုလ်ချုပ်အချို.ကသာ ယခုအချိန်အထ ကွန်မြူနစ်ကို အပစ်ပုံချနေကြခြင်းဖြစ်သည် ။
အမှန်စင်စစ် လူတို.သည် ဦးနေ၀င်းနှင်.တစ်ပါတီအာဏာရှင်စနစ်ကို မုန်းတီး၍ လမ်းပေါ်ထွင်ဆန္ဒပြနေကြခြင်းဖြစ်သည် ။
ပြည်မြို.တွင် နေ.စဉ်ရက်ဆက်ဆန္ဒပြနေကြသော်လည်း လူတို.သည် အဓိကအားဖြင်. ရန်ကုန်သတင်းကိုသာ နားစွင်.နေရခြင်းဖြစ်သည် ။ ရန်ကုန်သည် ထိုအချိန် (၁၉၈၈ သြဂုတ် ၊ စက်တင်ဘာ ) ၌ အခြေအနေများမှာရှုပ်ထွေးနေသည် ။ ဒေါ်အောင်ဆန်းစုကြည်ဆိုသည်. ဗိုလ်ချုပ်အောင်ဆန်း၏သမီးသည် ပထမဆုံးအကြိမ်အဖြစ် သြဂုတ်လ ၂၆ ရက်နေ.တွင် ရွှေတိဂုံစေတီတော်အနောက်ဖက်မုခ် ၌ လူထုကိုစတင်မိန်.ခွန်းပြောပြီး ၈၈ အရေးအခင်းတွင်ပါဝင်လာသည် ။ သမ္မတဒေါက်တာမောင်မောင်က သုံးလအတွင်းရွေးကောက်ပွဲကျင်းပပေးပါမည် ၊ကျောင်းသားသမဂ္ဂအဆောက်အဦပြန်ဆောက်ပေးမည်ဟူသောကမ်းလှမ်းချက်ကို ကျောင်းသားခေါင်းဆောင်များနှင်. ဒေါ်အောင်ဆန်းစုကြည် သည် ပါယ်ချလိုက်၏ ။
အကယ်၍ သာ ဒေါက်တာမောင်မောင်၏ကမ်းလှမ်းချက်ကိုသာ အမိအရ ဆုပ်ကိုင်နိုင်ခဲ.လျင် မ.ဆ.လ ပါတီလည်းထွက်ပေါက် (ဂယ်ပေါက် )ရကာ ဆန္ဒပြသူများလည်း နိုင် ၊ မ.ဆ.လ လည်းမရှုံးသော Win –Win situation ဆီသို.ဦးတည်သွားကောင်းသွာနိုင်ပေလိမ်.မည် ။ ယခုတော.ကျွန်တော်တို. သည် ငါနိုင် -သူရှုံး ( I win –you lose ) အခြေအနေဖြစ်သော ကြားဖြတ်အစိုးရကိုသာ တစိုက်မတ်မတ်တောင်းဆိုခဲ.ကြသည် ။ ရန်သူကို ဆုတ်ခွာစရာထွက်ပေါက်မပေးခဲ.ပေ ။ လက်နက်ကိုင်တပ်ဖွဲ. ကိုယ်.ဘက်မှာမရှိပဲ ရန်သူကိုအပြုတ်တိုက်ရန် ချောင်ပိတ် ခဲ.ကြသည် ။ တော်လှန်ရေး အမြင်မရှိခဲ.ကြခြင်းပေလောဟုတွေးမိပါသည် ။ မကြာမီ စက်တင်ဘာလ (၉)ရက်တွင် ၀န်ကြီးချုပ်ဟောင်းဦးနုကနိုင်ငံတော်သို.ကြေငြာချက်ထုတ်သည် ၁၉၆၂ တွင် သူဝန်ကြီးချုပ်ရာထူးတွင် တရားဝင်တာဝန်ထမ်းဆောင်နေစဉ် ဗိုလ်ချုပ်နေ၀င်းက အာဏာ လုယက်ယူငင်ကာ သူ .ကိုမတရားဖမ်းဆီးထောင်ချခဲ.သည် ။ ထို.ကြောင်. သူသည် ယခုအချိန်အထိ ( ၁၉၄၇ အခြေခံဥပဒေအရ )တရားဝင် ၀န်ကြီးချုပ်နေရာမှာပင်ရှိသေးသည် ။ ထို.ကြောင်.သူ.အစိုးရအဖွဲ.ကို တရားဝင်ပြန်လည် ကြေငြာသည် ဟု စင်ပြိုင်အစိုးရထောင်လိုက်လေသည် ။ ဦးနုသည် နိုင်ငံရေးအတွေ.အကြုံ မြင်.မားသူဖြစ်သည် ။ ယခုလိုအကျဉ်းအကြပ်အချိန်မျိုးတွင် မ.ဆ.လ ပါတီကိုနောက်ဆုံး ပွဲသိမ်းလက်သီး ဖြင်. နောက်ကောက်ဘယ်လိုချရမလဲဆိုတာကောင်းကောင်းသိသူဖြစ်သည် ။ ထိုအချိန်ကသာ ဦးနု၏စင်ပြိုင်အစိုးရကို ၀ိုင်းဝန်းထောက်ခံလိုက်လျင် နိုင်ငံတကာအသိအမှတ်ပြု မှု ၊ ပြည်တွင်းမှ အထွေထွေသပိတ်ကြီးဖြင်.အစိုးရ ယန္နယားကြီးရပ်ဆိုင်းနေမှုတို.ကြောင်. အလွယ်တကူအောင်ပွဲခံနိုင်မည်ဖြစ်သည် ။ ပြီးမှ ဦးနုထံမှ အာဏာကို ဒီမိုကရေစီ ဘက်တော်သားများကပြန်လည် တောင်းယူလျင် စစ်အစိုးရထံမှ အနှစ်အစိတ်ကျော် သွေးတို.ဖြင်.စတေးကာတောင်းရသည်ထက် ပိုမိုလွယ်ကူညင်သာပေလိမ်.မည် ။
ဤ တစ်ချီတွင်လည်း မြန်မာခေါင်းဆောင်များမှားခဲ.ကြပြန်လေသည် ။ တစ်နိုင်ငံလုံးက၀ိုင်း၍ ပြစ်တင်၇ှုတ်ချလိုက်သည် မှာ ဦးနုကြီးတို.အဖွဲ.လည်းရစရာတစ်စက်မှမရှိတော.ပေ ။ ကျောင်းသားတွေ၏ အလောင်းပေါ်တက်ရပ်ကာအမြတ်ထုတ်သည်တို. ၊ ငါတို.သွေးနှင်.ရင်းထားတာကိုအချောင်အာဏာဝင်ယူသည်တို. ဝေဖန်သံများကြွက်ကြွက် ညံသွားကြပေသည် ။ နိုင်ငံေ၇းအမြင်တိမ်ကြခြင်းပေတည်း ။
ဆက်ရန်
သရ၀ဏ်(ပြည်)
0 comments:
Post a Comment