Thursday, January 7, 2016

ပန်းတောင်းမြို့နယ် နွားလားဥဿဖဘုရားရှိ ဆုထူးပန်စေတီ တွင်ထီးတင်ကုသိုလ်ယူ

Leave a Comment

ပန်းတောင်းမြို့နယ် နွားလားဥဿဖဘုရားရှိ ဆုထူးပန်စေတီ
တွင်ထီးတင်ကုသိုလ်ယူ



မိခင်ကြီး ဒေါ်တင်ကြည် အားအမှူးထား၍အလှူဒါယကာ
ဦးမြင့်နိုင်နှင့်အလှူဒါယကာမ ဒေါ်ညွန့်လှိုင် မိသားစုမှဇန်န
ဝါရီ(၆)ရက်နေ့ နံနက်(၁၀)ခန့်တွင် ပြည်ခရိုင်၊ပန်းတောင်း
မြို့နယ် ၊ နွားလားဥဿဖဘုရားရှိ ဆုထူးပန်စေတီအားထီး
တင်လှူခြင်း အလှူတော်ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆုထူးပန်စေတီတော် ထီးတင်လှူခြင်းအခမ်းအနား
အား ပြည်မြို့လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်
ကြီးမှဝါတွင်းနိဗ္ဗာန်ဆော်ငွေခရုအဖွဲ့သားများနှင့်ဓနသိဒ္ဓိသာ
နာပြု ရွှေထီးတော်တင်နှင့်ဗုဒ္ဓရောင်တော်ဖွင့်(ကုသိုလ်ဖြစ်)
မင်္ဂလာရှမ်းအိုးစဉ်အဖွဲ့သားများမှပါဝင်ကုသိုလ်ယူခဲ့ကြသ
ည်။
ရွှေထီးတော်တင်နှင့်ဗုဒ္ဓရောင်တော်ဖွင့်အဖွဲ့(စကားတောင်ရပ်)
(ကုသိုလ်ဖြစ်)ဓနသိဒ္ဓိသာသနာပြုရှမ်းအိုးစည်အဖွဲ့အားအလှူ
ရက်(၅)ရက်မတိုင်ခင် ဆက်သွယ်ခေါ်ယူနိုင်ပြီး အလှူရှင်များမှ
ရေတိုက်ရင်ရေသောက်တယ်၊မုန့်ဟင်းခါးကျွေးရင် မုန့်ဟင်းခါးစား
တယ် ၊ထမင်းကျွေးရင်ထမင်းစားတယ် ၊ငွေလှူရင် ငွေယူတယ်
(သက်မှတ်ချက်မရှိ)၊ကားလှူရင် ကားယူတယ် မမောင်တတ်ရင်
အဖွဲ့သားတွေတွန်းပြန်ပါတယ်ဆိုတဲ့အဖွဲ့ပါ။အရှင်များ၏ကုသိုလ်
ရေးတွင်တစ်ဖက်တစ်လမ်းမှ ပါဝင်ကုသိုလ်ယူဆောင်ရွက်သော
အဖွဲ့လဲဖြစ်ပါတယ်ခင်ဗျာ။
ဆက်သွယ်ခေါ်ယူလိုပါက
ကိုအေးမင်းထွန်း ...09 43006507
ကိုကြည်မြင့် ...09 31593100
ပြည့်သဲမောင်(ပြည်)09 4236 71883
ပြည်သတင်းလူငယ် 09 973970818


0 comments:

Post a Comment

Facebook Like Page