Wednesday, June 15, 2016

ငါးရက်ခန့်မိုးသည်းထန်ရွာသွန်းမှု နှင့် တောင်ကျရေစီးဆင်းမှုကြောင့် တိုင်း နှင့် ပြည်နယ် ၄-ခုကိုဆက်သွယ်ထားသည့်တံတားပြိုကျပျက်စီး

Leave a Comment



ငါးရက်ခန့်မိုးသည်းထန်ရွာသွန်းမှု နှင့် တောင်ကျရေစီးဆင်းမှုကြောင့် တိုင်း နှင့် ပြည်နယ် ၄-ခုကိုဆက်သွယ်ထားသည့်တံတားပြိုကျပျက်စီး

 

ပန်းတောင်း၊ဇွန်၊၁၅

 

ပဲခူးတိုင်းဒေသကြီး၊ပန်းတောင်းမြို့နယ်၊တောင်ဘွေကျေးရွာအနီးမှာ ၅-ရက်ခန့် မိုးသည်းထန်စွာရွာသွန်းခဲ့မှု နှင့် တောင်ကျရေစီးဆင်းမှုတို့ကြောင့် ဇွန်-၁၅ ရက်နေ့ ညနေ ၃-နာရီကျော်အချိန်ခန့်မှာ အလျှား-ပေ ၆၅-ပေ အကျယ် ၃၅-ပေခန့်ရှိသည့် တောင်ဘွေတံတား-တစ်စင်းကျိုးကျပျက်စီးခဲ့မှုကြောင့် ခရီးသွားကားများ နှင့် ဒေသခံပြည်သူများ သွားလာရေးအခက်ခဲများဖြစ်ပေါ်လျှက်ရှိကြောင်းသိရသည်။

 

အဆိုပါ ပန်းတောင်းမြို့နယ် အတွင်း တောင်ဘွေကျေးရွာအနီးရှိ ကွန်ကရစ်ဖြင့် မဆလခေတ်ကာလ-လွန်ခဲ့သည့် နှစ်ပေါင်း ၄၀-ကျော်ခန့်မှတည်ဆောက်ထားရှိသည့် တောင်ဘွေတံတားမှာ ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊မကွေးတိုင်း၊ရခိုင်ပြည်နယ်များသို့ ဆက်သွယ်ဖောက်လုပ်ထားသည့် တံတားတစ်စင်းဖြစ်ပြီး ယခုလိုတံတားကျိုးကျပျက်စီးသွားရသည့်အတွက် ခရီးသွားပြည်သူများ၊ကုန်ကားများ၊ဒေသခံပြည်သူများသွားလာရေးအခက်ခဲများဖြစ်ပေါ်လျှက်ရှိနေကြောင်းသိရသည်။

 

“တံတားက မဆလခေတ်ကတည်းကတည်ဆောက်လာတာ။အရှည်က ၆၅-ပေလောက်ရှိမယ်။ကျွန်တော်တို့ကလမ်းအတွက်ရောက်လာတာ။အရေးပေါ်ယာယီဖြတ်သန်းသွားနိုင်အောင် ဘေလီတံတားတစ်စင်း ခုညတွင်းချင်းထိုးပေးမယ်။နောက်တစ်နေ့ဖြတ်လို့ရမယ်မရဘူးတော့ ကျိန်းသေပြောမရဘူး။ဆောက်လုပ်ရေးကိုတော့ အကူညီတောင်းထားပါတယ်။”ဟု ယင်းလမ်းများကိုတာဝန်ယူတည်ဆောက်ပေးနေသည့် နေလသစ္စာကုပ္မဏီ လမ်းတံတားဆောက်လုပ်ရေး တာဝန်ရှိသူ ကိုပေါက်-ကပြောသည်။

 

အဆိုပါတောင်ဘွေတံတားကျိုးပျက်သွားသည့်အတွက် ပဲခူးတိုင်း-ပြည်မြို့ဘက်မှလာသည့် ခရီးသည်တင်ကားများ နှင့် ခရီးသွားပြည်သူများအား ပြည်န၀ဒေးတံတားလမ်းခွဲ ကံမမြို့ဘက်မှ လမ်းလွဲမောင်းနှင်စေပြီး ရခိုင်ပြည်နယ်၊ဧရာဝတီတိုင်း၊မကွေးတိုင်း၊ပုသိမ် နှင့် မုံရွာ စသည့်ဒေသများဘက်မှာလာရောက်သည့် ခရီးသည်တင်ကားများ နှင့် ခရီးသွားပြည်သူများအား ပုသိမ်/မုံရွာလမ်းဘက်မှ ကံမမြို့ဘက်သို့ မောင်းနှင်လမ်းလွဲမှုများကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့များမှတာဝန်ယူဖြေရှင်းပေးလျှက်ရှိကြောင်း ပန်းတောင်းမြို့နယ်ရဲတပ်ဖွဲ့မှူးထံကသိရသည်။

 

“ကျွန်တော်တို့တောင်းဆိုချင်တာ အခုလောလောဆယ် ယာယီဘေလီတံတားတစ်စင်းအမြန်ဆုံးထိုးပေးစေချင်တယ်။ကျွန်တ်ာတို့က ကုန်စိမ်းတင်တဲ့ကားတွေဖြစ်လို့ ကုန်တွေမပုတ်မသိုးအောင်တာဝန်ယူထားရတဲ့အတွက် ကုန်ချိန် ၃၅၀၀-သို့မဟုတ် ၄၀၀၀-ခံနိုင်ဝန်အင်အားရှိတဲ့ ယာယီဘေလီတံတားတစ်စင်းလောက်လိုချင်တာပါ။ခရီးသည်တွေနဲ့ကုန်တင်ကားတွေအပါဝင် အကုန်လုံးသွားလာရေးအခက်အခဲအခဲတွေရှိနေသလို ကျောင်းသား/သူတွေအတွက်သွားလာရေးစိုးရိမ်စရာရှိပါတယ်။”ဟု ပြည်၊ပန်းတောင်း၊ဥသျှစ်ပင်သို့ ယာဉ်လိုင်းပြေးဆွဲနေသူ ဦးမောင်မောင်တင်-ကပြောသည်။

 

အဆိုပါတံတား ကျိုးကျပျက်စီးခဲ့မှုကြောင်း ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ ယင်းတံတားကျိုးကျပျက်စီးချိန်မှာ ပန်းတောင်းမြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့များ၊မီးသတ်များ၊ကြက်ခြေနီများ၊လူမှုကယ်ဆယ်ရေးအဖွဲ့များ၊လမ်းတံတားဆောက်လုပ်ရေးအဖွဲ့များ၊ခခန-၉၂-စစ်တပ်မှ အရာရှိများ နှင့် ရဲဘော်များ၊နေလသစ္စာကုပ္မဏီမှတာဝန်ရှိသူများရောက်ရှိလာကြပြီး ယာယီဘေလီတံတားတည်ဆောက်ခြင်း၊ခရီးသွားပြည်သူများအား တစ်ဘက်ကမ်းသို့ပြန်လည်ပို့ဆောင်ကူညီမှုများအားအားလုံးပှုးပေါင်းဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

 

ဒီမိုကရေစီတူဒေးသတင်းစာ-K3(pyay)

ပြည်သတင်းလူငယ်-ပြည်သတင်း(၀၉-၂၅၃၃၁၁၀၁၉)







0 comments:

Post a Comment

Facebook Like Page