Wednesday, June 15, 2016

ပြည်ခရိုင်အတွင်း ၂၀၀၄-ခုနှစ်မှ ၂၀၁၆-ခုနှစ်အထိ သွေးလွန်တုပ်ကွေးရောဂါ လူဦးရေ သုံးထောင်ကျော်ဖြစ်ပွားခဲ့ပြီး ၄၇-ဦးသေဆုံးခဲ့

Leave a Comment



ပြည်ခရိုင်အတွင်း ၂၀၀၄-ခုနှစ်မှ ၂၀၁၆-ခုနှစ်အထိ သွေးလွန်တုပ်ကွေးရောဂါ လူဦးရေ သုံးထောင်ကျော်ဖြစ်ပွားခဲ့ပြီး ၄၇-ဦးသေဆုံးခဲ့

 

ပြည်၊ဇွန်၊၁၅

 

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့၊ရွာဘဲရပ်-ရတနာမာရ်အောင်လမ်းအတွင်းရှိ ပြည်ခရိုင်-ကျန်းမာရေးဦးစီးဌာနရုံး-အစည်းအဝေးခန်းမတွင် ဇွန်-၁၅ ရက်နေ့ မနက် ၉-နာရီအချိန်မှာ ၂၀၁၆-ခုနှစ် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း အသိပညာပေးဆွေးနွေးပွဲအားကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 

ပြီးခဲ့သည့် ၂၀၁၅-ခုနှစ်တွင် မြန်မာနိုင်ငံအတွင်းရှိ စစ်ကိုင်းတိုင်း၊ဧရာဝတီတိုင်း နှင့် မန္တလေးတိုင်းတို့တွင် သွေးလွန်တုပ်ကွေးရောဂါအဖြစ်အများဆုံးဖြစ်ပေါ်ခဲ့ကြောင်းသိရပြီး ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်အတွင်းမှာ ၂၀၀၄-ခုနှစ်မှ ၂၀၁၆-ခုနှစ်အထိ ၃၁၉၃-ဦးသွေးလွန်တုပ်ကွေးရောဂါဖြစ်ပေါ်ခဲ့ပြီး ယင်းရောဂါကြောင့် သေဆုံးသူ ၄၇-ဦးရှိခဲ့ကြောင်းသိရသည်။

 

“ကမ္ဘာ့ကျန်းမာရေးအဖွဲ့စာရင်းအရ ကမ္ဘာပေါ်မှာ နှစ်စဉ်လူဦးရေသန်းငါးဆယ်ခန့်သွေးလွန်တုပ်ကွေးရောဂါခံစားနေရပြီး နှစ်သောင်းလေးထောင်ခန့်ဟာ သွေးလွန်တုပ်ကွေးရောဂါကြောင့် နှစ်စဉ်သေးဆုံးနေရတယ်။သွေးလွန်တုပ်ကွေးရောဂါဟာ အင်ဒိုနီးရှားနိုင်ငံ၊ထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံတွေမှာအဖြစ်အများဆုံးဖြစ်ပေါ်လျှက်ရှိနေတယ်။ဒီရောဂါအတွက် ကုသရေးကာကွယ်နှိပ်နင်းရေးလုပ်ငန်းအတွက်နည်းပညာအထောက်အပံ့ပစ္စည်းတွေသုတေသနလုပ်ငန်းဆောင်ရွက်ရန်အတွက်လိုအပ်ချက်တွေရှိနေသေးတယ်။ယခင်က မိုးရာသီမှာသာဖြစ်တဲ့သွေးလွန်တုပ်ကွေးဟာ ယခုဆိုလျှင် တစ်နှစ်ပတ်လုံးဖြစ်ပွားလာခဲ့ရာ ဇွန်လ၊ဇူလိုင်လနဲ့သြဂုတ်လတွေမှာပိုမိုဖြစ်ပေါ်လာခဲ့တယ်။ ၂၀၁၅-ခုနှစ်အတွင်း မြန်မာနိုင်ငံအတွင်းမှာ သွေးလွန်တုပ်ကွေးရောဂါ လူပေါင်း လေးသောင်းသုံးထောင်ရှစ်ရာ-ကျော်ဖြစ်ပေါ်ခဲ့ပြီး လူဦးရေ ၂၀၀-ကျော်သေဆုံးခဲ့တယ်။”ဟု ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဒုခရိုင်အုပ်ချုပ်ရေးမှူး-ဦးကိုကိုအောင်-ကပြောသည်။

 

အဆိုပါ ၂၀၁၆-ခုနှစ်သွေးလွန်တုပ်ကွေးရောဂါကာကွယ် နှိမ်နင်းရေးလုပ်ငန်း အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားအား အစီစဉ် ၆-ခုဖြင့်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင် မှအဖွင့်အမှာစကားပြောကြားခဲ့ပြီးပြည်မြို့အထွေထွေရောဂါကုဆေးရုံကြီး ကလေး-အထူးကုဆရာဝန်ကြီး ဒေါက်တာဝါ၀ါလွင် မှ သွေးလွန်တုပ်ကွေးရောဂါအကြောင်း ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။

 

“သွေးလွန်တုပ်ကွေးရောဂါဟာ ကိုယ်ပူနေချိန်ထက် ကိုယ်ပူကျချိန်မှာအထူးအရေးကြီးပါတယ်။ကိုယ်ပှုကျပြီးသုံးရက်ကျော်အထိသေချာစောင့်ကြည့်ဖို့လိုတယ်။ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းပါတယ်။သွေးလွန်တုပ်ကွေးရောဂါမဖြစ်အောင် အကျီလက်ရှည်နဲ့ဘောင်းဘီရှည်ဝတ်ဆင်ရမယ်။နေ့ညမပျက်ခြင်ထောင်နဲ့အိပ်ပါ။အိမ်တွင်း/ပြင် ပတ်ဝန်းကျင်မှာ ပိုးလောက်လန်းမပေါက်ပွားအောင် ဖုံး/သွန်၊လဲ/စစ်တွေကိုစနစ်တကျဆောင်ရွက်စေလိုပါတယ်။အဖျားရောဂါများလာတဲ့ရပ်ကွက်ကျေးရွာကဒေသခံတွေ သက်ဆိုင်ရာကျန်းမာရေးဌာနတွေကိုအချိန်မှီသတင်းပို့ပါ။သွေးလွန်တုပ်ကွေားရောဂါဖြစ်ပွားသူကို ဆေးရုံ/ဆေးခန်းအချိန်မှီအမြန်ဆုံးပို့ဆောင်ပါ။သွေးလွန်တုပ်ကွေးဟာ ကလေးငယ်တွေအဖြစ်များနေပါတယ်။”ဟု ပြည်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ဒေါက်တာအေးအေးမိုး-ကပြောသည်။

 

အဆိုပါ အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ပြည်ခရိုင်အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့၊ပြည်ခရိုင်စည်ပင်သာယာရေးအဖွဲ့၊ပြည်မြို့အထွေထွေရောဂါကုဆေးရုံအုပ်ကြီး၊ကြက်ခြေနီအဖွဲ့များ၊မိခင်နှင့်ကလေးစောင့်လျှောက်ကူညီရေး၊အမျိုးသမီးရေးရာအဖွဲ့၊ကျောင်းကျန်းမာရေးအဖွဲ့၊ခေတ္တရာလူငယ်များ-နာရေးကူညီမှုအသင်း၊ပြည်ခရိုင်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အင်အား ၁၀၀-ခန့်တက်ရောက်ခဲ့ပြီး ယင်းအခမ်းအနားအား ထိုနေ့ မနက် ၁၁း၃၀ အချိန်ခန့်တွင်အောင်မြင်စွာပြီးဆုံးသွားကြောင်းသိရသည်။

 

ဒီမိုကရေစီတူဒေးသတင်းစာ-K3(pyay)

ပြည်သတင်းလူငယ်-ပြည်သတင်း(၀၉-၂၅၃၃၁၁၀၁၉)




0 comments:

Post a Comment

Facebook Like Page